iMyanmarHouse.com - Best Property Website for Myanmar
×

ဒီလိုအေျခအေနကို သမီးရည္းစားစံုတြဲတိုင္းၾကံဳဖူးမွာပါ။ စခ်စ္ကာစ၊ ႀကိဳက္ကာစကလို အရမ္းဂရုစိုက္ၾကင္နာတာမ်ိဳးေတြ၊ အရိပ္တၾကည့္ၾကည့္နဲ႕ အျမဲအတူတူရွိေနေပးတာေတြ မရွိေတာ့တဲ့သကာလ ေအးတိေအးစက္လည္းႏိုင္လာတဲ့အခါ စိတ္မေကာင္း၊ ၀မ္းနည္းျပီး စိုးရိမ္ပူပန္လာရတာ ဓမၼတာပါပဲ။ ဒါဆိုရင္ အဲ့လိုအေျခအေနမ်ိဳးမွာ ဘယ္လိုအခ်က္ေတြကို ၾကိဳေတြးျပီး ျပင္ဆင္ထားသင့္လဲ။

၁။ ၿငီးေငြ႔လာတာ

လူဆိုတာ အျမဲေတြ႕ရျမင္ရျပီး ကိုယ့္ဆီမွာအခ်ိန္ၾကာၾကာရွိေနတဲ့အရာေတြအေပၚ ပ်င္းလာတတ္တာသဘာ၀ပါ။ သူကိုယ့္အေပၚကို ႐ိုးၿပီးၿငီးေငြ႔လာတဲ့အေပၚမွာ စဥ္းစားျပင္ဆင္ထားဖို႔လိုတာကေတာ့ အရင္က ကိုယ္ကအေနေအးရင္ နည္းနည္းစိတ္လႈပ္ရွား၊ ေပ်ာ္ရႊင္စရာေကာင္းတဲ့ Surprise ေလးေတြ၊ စကားေလးေတြနဲ႕ အစီအစဥ္ေလးေတြ လုပ္ႏုိင္ဖို႕ လိုပါတယ္။

၂။ အသစ္ေတြ႕တာ

ဒါလည္းျဖစ္ေလ့ျဖစ္ထရွိပါတယ္။ အသစ္တစ္ေယာက္ေတြ႕ျပီး အဲ့ဒီ့အသစ္အေပၚ စိတ္ပါလာလို႕ ကိုယ့္အေပၚေအးတိေအးစက္ႏိုင္လာတာပါ။ ဒါဆိုရင္ေတာ့ ႏွစ္မ်ိဳးျပင္ဆင္ဖို႕လိုပါျပီ။ ပထမတစ္မ်ိဳးက ကိုယ့္ကိုယ္ကိုယ္ အရင္ကထက္ အမ်ားၾကီးေျပာင္းလဲလွပေအာင္ မျပင္ဆင္လိုက္ရင္ေတာင္ အရင္ကထက္ ပိုတည္ျငိမ္ရင့္က်က္တာ၊ ပိုၾကည့္ေကာင္းျပီးဆြဲေဆာင္မႈရွိလာတာ၊ ပိုခ်စ္စရာေကာင္းျပီးအလိုက္သိလာတာေတြကို သူသိလာေအာင္ ျပပါ။ သူ႕အသစ္ထက္ ကိုယ္က သာတဲ့အခ်က္ေတြရွိေနတာကိုလည္း သူသိပါေစ။ ေနာက္တစ္မ်ိဳးျပင္ဆင္ရမွာကေတာ့ လႊတ္ထားေပးတာပါ။ နာက်င္ခက္ခဲမွာေသခ်ာေပမယ့္ တစ္ခ်ိဳ႕ကိစၥေတြက လႊတ္ထားေပးလိုက္မွ အမွားသိျပီး အမွန္ျပင္လာတာေတြရွိပါတယ္။

၃။ စိတ္ဓါတ္က်တာ

တစ္ခါတစ္ေလမွာ သူ႕ဘာသာစိတ္ညစ္စိတ္ဓါတ္က်ေနရာကေန ကိုယ့္အေပၚပါ ေအးစက္စက္ျဖစ္လာတာမ်ိဳးေတြလည္း ရွိတတ္ပါတယ္။ ဒါဆိုရင္ေတာ့ သူ႕ကိုအခ်ိန္ေပးလိုက္တာ အေကာင္းဆံုးပါပဲ။ ျဖစ္ႏိုင္ရင္ေတာ့ သူနဲ႕စကားေသေသခ်ာခ်ာေျပာျပီး သူ႔အခက္အခဲကို ကူညီေျဖရွင္းေပးခြင့္ရရင္ေတာ့ အဆင္ေျပတာေပါ့။

၄။ အျပစ္ရွာခ်င္တာ

တစ္ခ်ိဳ႕ကရွိပါတယ္။ အျပစ္ရွာဖို႔ကို တိုက္ရိုက္မလုပ္ခ်င္ေတာ့ အလိုလိုစိတ္ပ်က္သြားမလားဆိုျပီး တမင္သက္သက္ ေအးစက္စက္ေနျပတာပါ။ အဲ့လိုအေျခအေနမ်ိဳးမွာေတာ့ အေကာင္းဆံုးက တန္ျပန္တိုက္စစ္ဆင္တာပါပဲ။ ကိုယ္လည္းဂရုသိပ္မစိုက္ဘဲ ေနလိုက္ပါ။ သူ႕ဘက္ကသာ တကယ္ခ်စ္ရင္ ျပန္လည္လာမွာေသခ်ာပါတယ္။

၅။ လမ္းခြဲဖို႕

အျပစ္ရွာခ်င္တာနဲ႔ ခပ္ဆင္ဆင္တူပါတယ္။ လမ္းခြဲခ်င္လာလို႕ ေအးတိေအးစက္ေနျပလိုက္တာပါ။ အဲ့လိုျဖစ္လာရင္ေတာ့ ပထမဆံုးသူနဲ႕ ေသေသခ်ာခ်ာအေၾကာင္းစံုသိရေအာင္ စကားေျပာသင့္ပါတယ္။ ကိုယ့္ဘက္ကဘာေတြအလြန္ရွိလဲ၊ ဘာေတြမွားခဲ့လဲဆိုတာကို ေမးပါ။ အဲ့လိုမွမဟုတ္ဘဲ ကိုယ့္ကိုယ္ျပင္ဆင္ခြင့္လည္းမေပး၊ ကိုယ္မွားခဲ့တာလည္းမဟုတ္ဘဲ အတင္းကို လမ္းခြဲခ်င္ေနတာဆိုရင္ေတာ့လည္း လမ္းခြဲေပးလိုက္တာအေကာင္းဆံုးပါပဲ။ ကိုယ့္ကိုမခ်စ္ေတာ့တဲ့လူတစ္ေယာက္ကို ဆြဲထားတာဟာ ပိုဆုိးရြားတဲ့အေျခအေနေတြ ျဖစ္လာဖို႔ပဲရွိပါတယ္။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဒီလိုအခြေအနေကို သမီးရည်းစားစုံတွဲတိုင်းကြုံဖူးမှာပါ။ စချစ်ကာစ၊ ကြိုက်ကာစကလို အရမ်းဂရုစိုက်ကြင်နာတာမျိုးတွေ၊ အရိပ်တကြည့်ကြည့်နဲ့ အမြဲအတူတူရှိနေပေးတာတွေ မရှိတော့တဲ့သကာလ အေးတိအေးစက်လည်းနိုင်လာတဲ့အခါ စိတ်မကောင်း၊ ဝမ်းနည်းပြီး စိုးရိမ်ပူပန်လာရတာ ဓမ္မတာပါပဲ။ ဒါဆိုရင် အဲ့လိုအခြေအနေမျိုးမှာ ဘယ်လိုအချက်တွေကို ကြိုတွေးပြီး ပြင်ဆင်ထားသင့်လဲ။

၁။ ငြီးငွေ့လာတာ

လူဆိုတာ အမြဲတွေ့ရမြင်ရပြီး ကိုယ့်ဆီမှာအချိန်ကြာကြာရှိနေတဲ့အရာတွေအပေါ် ပျင်းလာတတ်တာသဘာဝပါ။ သူကိုယ့်အပေါ်ကို ရိုးပြီးငြီးငွေ့လာတဲ့အပေါ်မှာ စဉ်းစားပြင်ဆင်ထားဖို့လိုတာကတော့ အရင်က ကိုယ်ကအနေအေးရင် နည်းနည်းစိတ်လှုပ်ရှား၊ ပျော်ရွှင်စရာကောင်းတဲ့ Surprise လေးတွေ၊ စကားလေးတွေနဲ့ အစီအစဉ်လေးတွေ လုပ်နိုင်ဖို့ လိုပါတယ်။

၂။ အသစ်တွေ့တာ

ဒါလည်းဖြစ်လေ့ဖြစ်ထရှိပါတယ်။ အသစ်တစ်ယောက်တွေ့ပြီး အဲ့ဒီ့အသစ်အပေါ် စိတ်ပါလာလို့ ကိုယ့်အပေါ်အေးတိအေးစက်နိုင်လာတာပါ။ ဒါဆိုရင်တော့ နှစ်မျိုးပြင်ဆင်ဖို့လိုပါပြီ။ ပထမတစ်မျိုးက ကိုယ့်ကိုယ်ကိုယ် အရင်ကထက် အများကြီးပြောင်းလဲလှပအောင် မပြင်ဆင်လိုက်ရင်တောင် အရင်ကထက် ပိုတည်ငြိမ်ရင့်ကျက်တာ၊ ပိုကြည့်ကောင်းပြီးဆွဲဆောင်မှုရှိလာတာ၊ ပိုချစ်စရာကောင်းပြီးအလိုက်သိလာတာတွေကို သူသိလာအောင် ပြပါ။ သူ့အသစ်ထက် ကိုယ်က သာတဲ့အချက်တွေရှိနေတာကိုလည်း သူသိပါစေ။ နောက်တစ်မျိုးပြင်ဆင်ရမှာကတော့ လွှတ်ထားပေးတာပါ။ နာကျင်ခက်ခဲမှာသေချာပေမယ့် တစ်ချို့ကိစ္စတွေက လွှတ်ထားပေးလိုက်မှ အမှားသိပြီး အမှန်ပြင်လာတာတွေရှိပါတယ်။

၃။ စိတ်ဓါတ်ကျတာ

တစ်ခါတစ်လေမှာ သူ့ဘာသာစိတ်ညစ်စိတ်ဓါတ်ကျနေရာကနေ ကိုယ့်အပေါ်ပါ အေးစက်စက်ဖြစ်လာတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါဆိုရင်တော့ သူ့ကိုအချိန်ပေးလိုက်တာ အကောင်းဆုံးပါပဲ။ ဖြစ်နိုင်ရင်တော့ သူနဲ့စကားသေသေချာချာပြောပြီး သူ့အခက်အခဲကို ကူညီဖြေရှင်းပေးခွင့်ရရင်တော့ အဆင်ပြေတာပေါ့။

၄။ အပြစ်ရှာချင်တာ

တစ်ချို့ကရှိပါတယ်။ အပြစ်ရှာဖို့ကို တိုက်ရိုက်မလုပ်ချင်တော့ အလိုလိုစိတ်ပျက်သွားမလားဆိုပြီး တမင်သက်သက် အေးစက်စက်နေပြတာပါ။ အဲ့လိုအခြေအနေမျိုးမှာတော့ အကောင်းဆုံးက တန်ပြန်တိုက်စစ်ဆင်တာပါပဲ။ ကိုယ်လည်းဂရုသိပ်မစိုက်ဘဲ နေလိုက်ပါ။ သူ့ဘက်ကသာ တကယ်ချစ်ရင် ပြန်လည်လာမှာသေချာပါတယ်။

၅။ လမ်းခွဲဖို့

အပြစ်ရှာချင်တာနဲ့ ခပ်ဆင်ဆင်တူပါတယ်။ လမ်းခွဲချင်လာလို့ အေးတိအေးစက်နေပြလိုက်တာပါ။ အဲ့လိုဖြစ်လာရင်တော့ ပထမဆုံးသူနဲ့ သေသေချာချာအကြောင်းစုံသိရအောင် စကားပြောသင့်ပါတယ်။ ကိုယ့်ဘက်ကဘာတွေအလွန်ရှိလဲ၊ ဘာတွေမှားခဲ့လဲဆိုတာကို မေးပါ။ အဲ့လိုမှမဟုတ်ဘဲ ကိုယ့်ကိုယ်ပြင်ဆင်ခွင့်လည်းမပေး၊ ကိုယ်မှားခဲ့တာလည်းမဟုတ်ဘဲ အတင်းကို လမ်းခွဲချင်နေတာဆိုရင်တော့လည်း လမ်းခွဲပေးလိုက်တာအကောင်းဆုံးပါပဲ။ ကိုယ့်ကိုမချစ်တော့တဲ့လူတစ်ယောက်ကို ဆွဲထားတာဟာ ပိုဆိုးရွားတဲ့အခြေအနေတွေ ဖြစ်လာဖို့ပဲရှိပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top