iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူကို ေပ်ာ္ရႊင္မႈအျပည့္ေပးႏိုင္တဲ့ ေယာက္်ားေကာင္းေတြလည္း ရွိိပါတယ္။ အခ်စ္ေရးဟာ အဆင္ေျပေနရင္ ကမာၻေလာကႀကီးကလည္း အလုိလို လွပေနပါတယ္။ သင့္ခ်စ္သူက ဒါေတြ လုပ္ေပးရင္ေတာ့ သင့္ေလာက္ကံေကာင္းတဲ့မိန္းကေလး ကမာၻေပၚမွာ မရွိေတာ့ပါဘူး။

၁။ သင္က ပထမဦးစားေပးပဲ

သင္ဟာ သူ႔ဘဝရဲ႕ အေရးအပါဆံုး အစိတ္အပိုင္းတစ္ခုျဖစ္တယ္။ (အေရးပါဆံုးထဲမွာ ပါတယ္) ။ ဒါကို သင္သိေအာင္လည္း သူသက္ေသျပတယ္။ သင္ ေပ်ာ္ရႊင္က်န္းမာေနေစဖို႔ သူအတတ္ႏိုင္ဆံုး ႀကိဳးစားတယ္။ သူ႔အတြက္ဆုိ သင္လည္း အဲဒီလုိလုပ္ေပးမယ္ဆုိတာ သူသိတယ္။ တစ္ခုခုနဲ႔ ႏႈိင္းယွဥ္လာခ်ိန္မွာ သင့္ကို ဦးစားေပးလိုက္ဖုိ႔ သူႏွစ္ခါျပန္မေတြးဘူး။

၂။ သင္ေျပာတာေတြကို နားေထာင္ေပးတယ္

သင္မေက်မနပ္ဆုိလာတဲ့ ရင္ဖြင့္စကားေတြကို နားေထာင္ခ်င္ေယာင္ေဆာင္တာမ်ဳိးမဟုတ္ဘူး။ သင္ေျပာခ်င္တာကို ေသခ်ာနားေထာင္ေပးၿပီး သင့္အတြက္ အေကာင္းဆံုး အၾကံဉာဏ္ေတြ ေပးတယ္။ သင္ေျပာလာတဲ့အထိ မေစာင့္ဘဲ သင့္စိတ္ထဲမွာ ဘာျဖစ္ေနလဲဆုိတာ ဂ႐ုတစိုက္ေမးတယ္။

၃။ သူသာလွ်င္ သင့္ကို အျမဲအားေပးသူျဖစ္တယ္

သင္က စိတ္ဓာတ္ၾကံ့ခုိင္တဲ့မိန္းကေလးျဖစ္ေကာင္းျဖစ္မွာပါ။ ဒါေပမဲ့ ဘယ္ေလာက္ပဲ စိတ္မာတယ္ပဲေျပာေျပာ တစ္ခါတေလမွာ အားေပးမႈနည္းနည္းေတာ့ လိုအပ္ပါတယ္။ အဲဒီလို သင္လုိအပ္ခ်ိန္မွာ သူက အျမဲတမ္း လုိလုိခ်င္ခ်င္အနားမွာ ရွိေပးတယ္။ ဒါဟာ သင့္ရဲ႕အားနည္းခ်က္လုိ႔ သူက မျမင္ဘူး။ သူ႔ကို သင့္ရဲ႕အားနည္းခ်က္ေတြ ထုတ္ျပဖုိ႔ သင္ဝန္မေလးတဲ့အတြက္ သူက ဂုဏ္ေတာင္ယူေနပါေသးတယ္။

၄။ သင္ စိတ္ဓာတ္က်ေနခ်ိန္မွာ စိတ္ျပန္လည္တက္ၾကြေပးဖုိ႔ သူအစြမ္းကုန္ႀကိဳးစားတယ္

သင္ဟာ ကိုယ့္ဘာသာရပ္တည္ႏုိင္ၿပီး အရာရာကို စီမံခန္႔ခြဲႏုိင္သူ ျဖစ္ေကာင္းျဖစ္ႏုိင္ေပမဲ့ တစ္ခါတေလမွာ ပင္ပန္းႏြမ္းနယ္မွာပါပဲ။ ဒါေပမဲ့ အဲဒီလုိအခ်ိန္မ်ဳိးမွာ သင့္ခ်စ္သူက သင့္ကို ျပန္လည္လန္းဆန္းလာေအာင္လုပ္ေပးဖုိ႔ အင္အားအျပည့္နဲ႔ ေစာင့္ေနသူပါ။ သင့္ဘာသာသင္လည္း လဲက်ရာကေန ျပန္ထလာႏိုင္တယ္ဆုိတာ သူသိေပမဲ့ သင့္ကို ကူညီရတာကို ေပ်ာ္ရႊင္ေနတဲ့သူမ်ဳိးျဖစ္တယ္။

၅။ သင္ ေျပာစရာမလိုဘဲ သူ႔ဘာသာလုပ္တယ္

တစ္ခါတေလမွာ သူ႔ကို ဘာလုပ္ေပးပါလို႔ သင္က ေတာင္းဆုိစရာမလုိဘဲ သူ႔အသိစိတ္နဲ႔သူ လုပ္ႏွင့္ေနၿပီးသား ျဖစ္ေနတတ္ပါတယ္။ သူက သင့္ရဲ႕လိုအပ္ခ်က္ေတြကို သင္မေျပာဘဲလည္း သိသူျဖစ္တယ္။

၆။ အေသးအဖြဲေလးေတြကအစ မွတ္မိတယ္

သူက သင္ေျပာသမွ်ကို ေသခ်ာနားေထာင္တဲ့အတြက္ သင္ဘယ္လုိအေရာင္ ဘယ္လိုအဝတ္အစား ဘာေကာ္ဖီကို ႀကိဳက္တယ္ဆုိတာ သူမွတ္မိေနပါတယ္။ ပထမတစ္ခါ ေျပာကတည္းက ေသခ်ာမွတ္သားထားတတ္သူျဖစ္လို႔ ေမးခြန္းတစ္ခုကို ထပ္ခါထပ္ခါ ျပန္ေမးတတ္သူမ်ဳိး မဟုတ္ဘူး။

၇။ သူလုိခ်င္တာ သင္တစ္ေယာက္တည္းဆုိတာ သင့္ကို ခံစားမိေစတယ္

တခ်ဳိ႕အခ်စ္ေရးေတြက လူေတြအျမင္မွာ အဆင္ေျပေနတယ္လို႔ ထင္ရေပမဲ့ သံသယအနည္းနဲ႔အမ်ား ရွိေနတတ္ၾကပါတယ္။ ဒါေပမဲ့ ဒီလိုေယာက္်ားမ်ဳိးကေတာ့ အဲဒီလို အျဖစ္ခံမွာမဟုတ္ဘူး။ သူက သင္နဲ႔အတူရွိခ်ိန္မွာ တျခားမိန္းကေလးကို တစ္ခ်က္ေတာင္မၾကည့္ဘူး။ သင္ဟာ သူ႔အတြက္ အရာရာျပည့္စံုေနသူျဖစ္ေနမွေတာ့ ဘာလို႔ တျခားေနရာေတြၾကည့္ၿပီး အခ်ိန္ျဖဳန္းေတာ့မွာလဲ။

၈။ သင့္ခႏၶာကိုယ္မွာ သင္မုန္းတဲ့ အစိတ္အပိုင္းေတြကိုလည္း သူက ခ်စ္တယ္

သူက သင့္ရဲ႕လွပတဲ့ ႏႈတ္ခမ္းေလး၊ အသားအေရေလး ဒါမွမဟုတ္္ သြယ္လ်တဲ့ ေပါင္တံေလးစတဲ့ အားသာခ်က္ေတြကိုသာခ်စ္တဲ့သူ မဟုတ္ဘူး။ သူက သင့္ကို ဘယ္လိုပဲျဖစ္ျဖစ္ခ်စ္ႏုိင္သူျဖစ္လုိ႔ သင္ ခါးတုတ္ဗုိက္ပူေနတာေလးကိုပဲ သူက ခ်စ္စရာေလးလို႔ ထင္ေနမယ့္သူမ်ဳိးပါ။

၉။ သူ႔ဘဝရဲ႕အေရးပါတဲ့ အခ်ိန္တုိင္းမွာ သင့္ကို အနားမွာ ရွိေနေစခ်င္တယ္

သင္တုိ႔ ႏွစ္ေယာက္အတူမရွိတဲ့အခ်ိန္မွာ သူဘာျဖစ္သြားလဲ သင္မသိလိုက္ရတာမ်ဳိး မရွိပါဘူး။ သူ႔မွာ အေရးပါတဲ့အရာတစ္ခုခု ျဖစ္လာၿပီဆုိရင္ သူပထမဆံုးေျပာျပတဲ့သူက သင္ပဲျဖစ္တယ္။

Credit: duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

ချစ်သူကို ပျော်ရွှင်မှုအပြည့်ပေးနိုင်တဲ့ ယောက်ျားကောင်းတွေလည်း ရှိပါတယ်။ အချစ်ရေးဟာ အဆင်ပြေနေရင် ကမ္ဘာလောကကြီးကလည်း အလိုလို လှပနေပါတယ်။ သင့်ချစ်သူက ဒါတွေ လုပ်ပေးရင်တော့ သင့်လောက်ကံကောင်းတဲ့မိန်းကလေး ကမ္ဘာပေါ်မှာ မရှိတော့ပါဘူး။

၁။ သင်က ပထမဦးစားပေးပဲ

သင်ဟာ သူ့ဘဝရဲ့ အရေးအပါဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ (အရေးပါဆုံးထဲမှာ ပါတယ်) ။ ဒါကို သင်သိအောင်လည်း သူသက်သေပြတယ်။ သင် ပျော်ရွှင်ကျန်းမာနေစေဖို့ သူအတတ်နိုင်ဆုံး ကြိုးစားတယ်။ သူ့အတွက်ဆို သင်လည်း အဲဒီလိုလုပ်ပေးမယ်ဆိုတာ သူသိတယ်။ တစ်ခုခုနဲ့ နှိုင်းယှဉ်လာချိန်မှာ သင့်ကို ဦးစားပေးလိုက်ဖို့ သူနှစ်ခါပြန်မတွေးဘူး။

၂။ သင်ပြောတာတွေကို နားထောင်ပေးတယ်

သင်မကျေမနပ်ဆိုလာတဲ့ ရင်ဖွင့်စကားတွေကို နားထောင်ချင်ယောင်ဆောင်တာမျိုးမဟုတ်ဘူး။ သင်ပြောချင်တာကို သေချာနားထောင်ပေးပြီး သင့်အတွက် အကောင်းဆုံး အကြံဉာဏ်တွေ ပေးတယ်။ သင်ပြောလာတဲ့အထိ မစောင့်ဘဲ သင့်စိတ်ထဲမှာ ဘာဖြစ်နေလဲဆိုတာ ဂရုတစိုက်မေးတယ်။

၃။ သူသာလျှင် သင့်ကို အမြဲအားပေးသူဖြစ်တယ်

သင်က စိတ်ဓာတ်ကြံ့ခိုင်တဲ့မိန်းကလေးဖြစ်ကောင်းဖြစ်မှာပါ။ ဒါပေမဲ့ ဘယ်လောက်ပဲ စိတ်မာတယ်ပဲပြောပြော တစ်ခါတလေမှာ အားပေးမှုနည်းနည်းတော့ လိုအပ်ပါတယ်။ အဲဒီလို သင်လိုအပ်ချိန်မှာ သူက အမြဲတမ်း လိုလိုချင်ချင်အနားမှာ ရှိပေးတယ်။ ဒါဟာ သင့်ရဲ့အားနည်းချက်လို့ သူက မမြင်ဘူး။ သူ့ကို သင့်ရဲ့အားနည်းချက်တွေ ထုတ်ပြဖို့ သင်ဝန်မလေးတဲ့အတွက် သူက ဂုဏ်တောင်ယူနေပါသေးတယ်။

၄။ သင် စိတ်ဓာတ်ကျနေချိန်မှာ စိတ်ပြန်လည်တက်ကြွပေးဖို့ သူအစွမ်းကုန်ကြိုးစားတယ်

သင်ဟာ ကိုယ့်ဘာသာရပ်တည်နိုင်ပြီး အရာရာကို စီမံခန့်ခွဲနိုင်သူ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ တစ်ခါတလေမှာ ပင်ပန်းနွမ်းနယ်မှာပါပဲ။ ဒါပေမဲ့ အဲဒီလိုအချိန်မျိုးမှာ သင့်ချစ်သူက သင့်ကို ပြန်လည်လန်းဆန်းလာအောင်လုပ်ပေးဖို့ အင်အားအပြည့်နဲ့ စောင့်နေသူပါ။ သင့်ဘာသာသင်လည်း လဲကျရာကနေ ပြန်ထလာနိုင်တယ်ဆိုတာ သူသိပေမဲ့ သင့်ကို ကူညီရတာကို ပျော်ရွှင်နေတဲ့သူမျိုးဖြစ်တယ်။

၅။ သင် ပြောစရာမလိုဘဲ သူ့ဘာသာလုပ်တယ်

တစ်ခါတလေမှာ သူ့ကို ဘာလုပ်ပေးပါလို့ သင်က တောင်းဆိုစရာမလိုဘဲ သူ့အသိစိတ်နဲ့သူ လုပ်နှင့်နေပြီးသား ဖြစ်နေတတ်ပါတယ်။ သူက သင့်ရဲ့လိုအပ်ချက်တွေကို သင်မပြောဘဲလည်း သိသူဖြစ်တယ်။

၆။ အသေးအဖွဲလေးတွေကအစ မှတ်မိတယ်

သူက သင်ပြောသမျှကို သေချာနားထောင်တဲ့အတွက် သင်ဘယ်လိုအရောင် ဘယ်လိုအဝတ်အစား ဘာကော်ဖီကို ကြိုက်တယ်ဆိုတာ သူမှတ်မိနေပါတယ်။ ပထမတစ်ခါ ပြောကတည်းက သေချာမှတ်သားထားတတ်သူဖြစ်လို့ မေးခွန်းတစ်ခုကို ထပ်ခါထပ်ခါ ပြန်မေးတတ်သူမျိုး မဟုတ်ဘူး။

၇။ သူလိုချင်တာ သင်တစ်ယောက်တည်းဆိုတာ သင့်ကို ခံစားမိစေတယ်

တချို့အချစ်ရေးတွေက လူတွေအမြင်မှာ အဆင်ပြေနေတယ်လို့ ထင်ရပေမဲ့ သံသယအနည်းနဲ့အများ ရှိနေတတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုယောက်ျားမျိုးကတော့ အဲဒီလို အဖြစ်ခံမှာမဟုတ်ဘူး။ သူက သင်နဲ့အတူရှိချိန်မှာ တခြားမိန်းကလေးကို တစ်ချက်တောင်မကြည့်ဘူး။ သင်ဟာ သူ့အတွက် အရာရာပြည့်စုံနေသူဖြစ်နေမှတော့ ဘာလို့ တခြားနေရာတွေကြည့်ပြီး အချိန်ဖြုန်းတော့မှာလဲ။

၈။ သင့်ခန္ဓာကိုယ်မှာ သင်မုန်းတဲ့ အစိတ်အပိုင်းတွေကိုလည်း သူက ချစ်တယ်

သူက သင့်ရဲ့လှပတဲ့ နှုတ်ခမ်းလေး၊ အသားအရေလေး ဒါမှမဟုတ် သွယ်လျတဲ့ ပေါင်တံလေးစတဲ့ အားသာချက်တွေကိုသာချစ်တဲ့သူ မဟုတ်ဘူး။ သူက သင့်ကို ဘယ်လိုပဲဖြစ်ဖြစ်ချစ်နိုင်သူဖြစ်လို့ သင် ခါးတုတ်ဗိုက်ပူနေတာလေးကိုပဲ သူက ချစ်စရာလေးလို့ ထင်နေမယ့်သူမျိုးပါ။

၉။ သူ့ဘဝရဲ့အရေးပါတဲ့ အချိန်တိုင်းမှာ သင့်ကို အနားမှာ ရှိနေစေချင်တယ်

သင်တို့ နှစ်ယောက်အတူမရှိတဲ့အချိန်မှာ သူဘာဖြစ်သွားလဲ သင်မသိလိုက်ရတာမျိုး မရှိပါဘူး။ သူ့မှာ အရေးပါတဲ့အရာတစ်ခုခု ဖြစ်လာပြီဆိုရင် သူပထမဆုံးပြောပြတဲ့သူက သင်ပဲဖြစ်တယ်။

Credit: duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top