iMyanmarHouse.com - Best Property Website for Myanmar
×

မိမိတို႔၏ မ်က္စိမ်ားကို အႏၲရာယ္က်ေရာက္ေစႏုိင္ေသာ ေန႔ စဥ္ျပဳလုပ္ေလ့ရိွသည့္ အေလ့အထမ်ားကို သိရိွသူအနည္းငယ္သာရိွ ၿပီး ေကာင္းမြန္ေသာ အျမင္အာ႐ံုၾကာရွည္ခံေအာင္ ေရွာင္ရွားသင့္ သည့္အရာမ်ားကုိ ေဖာ္ျပေပးလုိက္ပါသည္။

အစိမ္းေရာင္ဟင္းသီးဟင္းရြက္မ်ားသည္ လူတစ္ဦး၏ အလံုး စံုက်န္းမာေရးအတြက္ အလြန္ေကာင္းၿပီး အထူးသျဖင့္ မ်က္စိမ်ား ကုိ က်န္းမာေရးေကာင္းေစသည္။ အစိမ္းေရာင္ဟင္းသီးဟင္းရြက္ မ်ားသာမဟုတ္ဘဲ မုန္လာဥနီႏွင့္ ငါးႀကီးဆီတုိ႔မွာလည္း မ်က္စိက်န္း မာေရးအတြက္ အထူးေကာင္းမြန္သည္။ ဟင္းသီးဟင္းရြက္စားသံုး မႈနည္းပါးျခင္းမွာ မ်က္စိကုိ အႏၲရာယ္ျဖစ္ေစႏုိင္သည္။

ကြန္ပ်ဴတာ (သုိ႔မဟုတ္) တီဗီဖန္သားျပင္တုိ႔ကုိ အၿမဲမျပတ္ ၾကည့္ေနျခင္းေၾကာင့္လည္း အျမင္အာ႐ံုကုိ ထိခိုက္ေစႏုိင္သည္။ ယင္းအျပဳအမူက မ်က္စိမ်ားကုိ အလြန္ေညာင္းညာေစေသာေၾကာင့္၁၀ စကၠန္႔ၾကာတုိင္း မ်က္ေတာင္ခတ္ေပးေသာနည္းသည္ ဖန္သားျပင္ကုိ ၾကည့္ေနရျခင္းေၾကာင့္ျဖစ္ေပၚလာႏုိင္သည့္ ထိခိုက္မႈမ်ားကုိ ေရွာင္ရွားရန္ အ႐ုိးရွင္းဆံုးနည္းျဖစ္သည္။ မ်က္ေတာင္ခတ္ျခင္း ေၾကာင့္ မ်က္စိမ်ားကုိ စိုစြတ္ေနေစသည္။ အေ၀းတစ္ေနရာသုိ႔ ၾကည့္ၿပီးမွ မ်က္ႏွာျပင္ကုိ တစ္ခါျပန္ၾကည့္ျခင္းျဖင့္လည္း အေထာက္အကူ ျပဳႏုိင္သည္။

မိတ္ကပ္မ်ားႏွင့္ မ်က္ခံုးဆုိးေဆးမ်ား လိမ္းၿပီး မဖ်က္ဘဲ အိပ္ ျခင္းေၾကာင့္လည္း မ်က္စိမ်ားကို ထိခိုက္ေစႏုိင္သည္။

ေဆးလိပ္ေသာက္ျခင္းေၾကာင့္ က်န္းမာေရးအႏၲရာယ္မ်ားစြာ ျဖစ္ေပၚႏုိင္ၿပီး မ်က္စိအျမင္အာ႐ံုကုိ အဆင့္ေလ်ာ့က်ေစႏုိင္သည္။

မွန္ကန္သင့္ေတာ္ေသာ မ်က္မွန္ကုိ မတပ္ဆင္ျခင္းေၾကာင့္ လည္း မ်က္စိမ်ားကို ထိခိုက္ေစႏုိင္သည္။ ေနကာမ်က္မွန္မ်ားျဖင့္ မ်က္စိကို ေနေရာင္မွကာကြယ္ေပးသင့္ၿပီး ခရမ္းလြန္ေရာင္ျခည္ကုိ ကာကြယ္ႏုိင္သည့္ မ်က္မွန္အမ်ိဳးအစားကုိ ေရြးခ်ယ္၀ယ္ယူသင့္ သည္။

Credit : 7Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိမိတို့၏ မျက်စိများကို အန္တရာယ်ကျရောက်စေနိုင်သော နေ့ စဉ်ပြုလုပ်လေ့ရှိသည့် အလေ့အထများကို သိရှိသူအနည်းငယ်သာရှိ ပြီး ကောင်းမွန်သော အမြင်အာရုံကြာရှည်ခံအောင် ရှောင်ရှားသင့် သည့်အရာများကို ဖော်ပြပေးလိုက်ပါသည်။

အစိမ်းရောင်ဟင်းသီးဟင်းရွက်များသည် လူတစ်ဦး၏ အလုံး စုံကျန်းမာရေးအတွက် အလွန်ကောင်းပြီး အထူးသဖြင့် မျက်စိများ ကို ကျန်းမာရေးကောင်းစေသည်။ အစိမ်းရောင်ဟင်းသီးဟင်းရွက် များသာမဟုတ်ဘဲ မုန်လာဥနီနှင့် ငါးကြီးဆီတို့မှာလည်း မျက်စိကျန်း မာရေးအတွက် အထူးကောင်းမွန်သည်။ ဟင်းသီးဟင်းရွက်စားသုံး မှုနည်းပါးခြင်းမှာ မျက်စိကို အန္တရာယ်ဖြစ်စေနိုင်သည်။

ကွန်ပျူတာ (သို့မဟုတ်) တီဗီဖန်သားပြင်တို့ကို အမြဲမပြတ် ကြည့်နေခြင်းကြောင့်လည်း အမြင်အာရုံကို ထိခိုက်စေနိုင်သည်။ ယင်းအပြုအမူက မျက်စိများကို အလွန်ညောင်းညာစေသောကြောင့်၁၀ စက္ကန့်ကြာတိုင်း မျက်တောင်ခတ်ပေးသောနည်းသည် ဖန်သားပြင်ကို ကြည့်နေရခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုများကို ရှောင်ရှားရန် အရိုးရှင်းဆုံးနည်းဖြစ်သည်။ မျက်တောင်ခတ်ခြင်း ကြောင့် မျက်စိများကို စိုစွတ်နေစေသည်။ အဝေးတစ်နေရာသို့ ကြည့်ပြီးမှ မျက်နှာပြင်ကို တစ်ခါပြန်ကြည့်ခြင်းဖြင့်လည်း အထောက်အကူ ပြုနိုင်သည်။

မိတ်ကပ်များနှင့် မျက်ခုံးဆိုးဆေးများ လိမ်းပြီး မဖျက်ဘဲ အိပ် ခြင်းကြောင့်လည်း မျက်စိများကို ထိခိုက်စေနိုင်သည်။

ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးအန္တရာယ်များစွာ ဖြစ်ပေါ်နိုင်ပြီး မျက်စိအမြင်အာရုံကို အဆင့်လျော့ကျစေနိုင်သည်။

မှန်ကန်သင့်တော်သော မျက်မှန်ကို မတပ်ဆင်ခြင်းကြောင့် လည်း မျက်စိများကို ထိခိုက်စေနိုင်သည်။ နေကာမျက်မှန်များဖြင့် မျက်စိကို နေရောင်မှကာကွယ်ပေးသင့်ပြီး ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်သည့် မျက်မှန်အမျိုးအစားကို ရွေးချယ်ဝယ်ယူသင့် သည်။

Credit : 7Day Daily



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top