iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Duwun
ပို့သပေးပါတယ်။
Unicode Version
တစ်စုံတစ်ယောက်နဲ့ ချစ်သူသက်တမ်းစတင်လိုက်ခြင်းဟာ ဘဝအတွက် အရေးပါတဲ့အချိုးအကွေ့တစ်ခု၊ အလှည့်ပြောင်းတစ်ခု ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ အမျိုးသားတွေဘက်ကလည်း ဘဝတစ်သက်တာ တကယ်လက်တွဲချင်တဲ့ မိန်းကလေးမျိုးနဲ့ အပျော်တွဲတဲ့ မိန်းကလေးမျိုးကို ဆက်ဆံပြုမူပုံခြင်း မတူကြပါဘူး။
အမျိုးသမီးတွေဘက်ကလည်း ဒီလိုပါပဲ။ အမျိုးသမီးတစ်ယောက်က သင့်ကို အပျော်တွဲတာလား တစ်သက်တာ ရည်ရွယ်ပြီးတွဲတာလား ဆိုတာ ဒီအချက်တွေနဲ့ တိုက်ဆိုင်ဆုံးဖြတ်နိုင်ပါတယ်။
၁။ သင့်ကို သူမရဲ့ မိဘဆွေမျိုးနဲ့ အပေါင်းအသင်းတွေကြားထဲ ခေါ်မသွားချင်ဘူး။
၂။ အရေးကြီးတဲ့ အရာတွေထက် သူမရဲ့ လက်သည်းအလှပျက်မှာ၊ ဆံပင်ပုံပျက်မှာကို အမြဲစိုးရိမ်ပူပန်နေတတ်တယ်။ သူမလှဖို့ဟာ သင်နဲ့အဆင်ပြေဖို့ထက် ပိုအရေးကြီးတယ်လို့ ခံယူထားတယ်။
၃။ သူမရဲ့ အမြင်ကိုပဲ ထည့်တွက်တယ်။ သင့်ဘက်က ဘယ်လိုထင်မြင်လဲ၊ ဘယ်လိုခံစားလည်းဆိုတာကို ဘယ်တော့မှ မတွေးကြည့်ပေးဘူး။
၄။ သင့်ဆီက တန်ဖိုးကြီးလက်ဆောင်တွေနဲ့ ငွေကြေးထောက်ပံ့မှုကို အမြဲတမ်း တောင့်တနေမယ်။ သူမတကယ်လိုချင်တဲ့ ပစ္စည်းမဟုတ်ရင်တောင် သင့်ဆီက ဘာရနိုင်မလဲ အမြဲကြည့်နေမယ်။
၅။ သူ့ကိုယ်သူ အကုန်သိတယ်လို့ထင်တယ်။ (သင့်ရဲ့ အတွေ့အကြုံနဲ့ ပညာကို လေးစားမှု မပြဘူး)
၆။ လူတိုင်းမှာ လျှို့ဝှက်ချက် ရှိပါတယ်။ ဒါပေမယ့် သူမဟာ သင်နဲ့ပတ်သတ်လာရင် သိပ်လျှို့ဝှက်တယ်။ သင့်ကို အမြဲပဲ တစ်ခုခု လျှို့ဝှက်နေမယ်။
၇။ သင်နဲ့ပတ်သတ်လို့သူမထံမှာ စိုးရိမ်ပူပန်မှုမရှိဘူး။ သင်ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာကို လုံးလုံးစိတ်မဝင်စားဘူး။
၈။ သင့်ကို ပြောင်းလဲ ဖို့ကြိုးစားမယ်။ သူ့ရဲ့ အဆက်ဟောင်းနဲ့ အမြဲနှိုင်းမယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top