iMyanmarHouse.com - Best Property Website for Myanmar
×

ဖက္ရွင္ေရစီးေၾကာင္းဆိုတာ အျမဲတစ္ပတ္လည္ စီးဆင္းေနတာပါ။ ဟိုးအရင္က ေခတ္စားခဲ့တဲ့ Dress ေတြနဲ႕ Sneaker ဖိနပ္ေတြတြဲ၀တ္ျပီးဆင္ျမန္းတဲ့ ဖက္ရွင္က ခုလည္း တစ္ပတ္ျပန္လည္လာပါျပီ။ အရင္က Avril Lavigne နာမည္ၾကီးခ်ိန္ ဂါ၀န္အကားေလးေတြ၊ Dress ေလးေတြနဲ႕ All Star Sneaker ေတြ တြဲျပီး ဆင္ျမန္းတာ မွတ္မိၾကဦးမယ္ထင္ပါတယ္။ ျမန္မာႏိုင္ငံမွာဆုိ ခ်စ္သုေ၀တုိ႕၊ ခင္ဘုဏ္း စတဲ့အဆိုေတာ္ေတြကလည္း Dress ေတြ၊ ဂါ၀န္အကားေလးေတြနဲ႕ Sneaker ေတြ အျမဲ တြဲျပီးဆင္ျမန္းခဲ့တာ မွတ္မိေနပါေသးတယ္။ ဒါကို Luxe athletic trend လို႕ ေခၚပါတယ္။


ခုေနာက္ပိုင္းမွာ  dress ေလးေတြနဲ႕ ကိုယ္ၾကိဳက္တဲ့ Sneaker ေတြ တြဲဖက္ဆင္ျမန္းျခင္းဟာ ေပ်ာက္မသြားပဲ ဒီေရစီးဟာ ပိုလို႕ေတာင္ စီးဆင္းလာခဲ့ျပီေလ။ ဂါ၀န္ေတြ၊ Dress ေတြ ၀တ္ထားလို႕ ေအာက္က ဖိနပ္ဟာ Heel ေတြ Sandal ေတြ ျဖစ္ေနစရာမလိုပဲ ကိုယ့္အၾကိဳက္ဆံုး sneaker ဖိနပ္တစ္ရံနဲ႕တင္ အလုပ္ဘယ္ေလာက္ျဖစ္တယ္ဆုိတာ ေအာက္ကပံုေလးေတြ ၾကည့္ရင္ သိသြားပါလိမ့္မယ္။ ဒါ့အျပင္ Dress နဲ႕ Sneaker တြဲဖက္၀တ္ဆင္ျခင္းက ထသြားထလာအတြက္တင္မကပဲ ကုမၸဏိ၊ အလုပ္ သြားဖုိ႕အထိေတာင္ အဆင္ေျပပါတယ္ေနာ္။

တြဲစပ္မႈေတြကိုေတာ့ အထူးတလည္ ေျပာေနစရာမလိုေတာ့ပါဘူး။ ေပါင္တစ္၀က္ေလာက္ရွိတဲ့ Dress ေလးေတြ၊ Tight skirt၊ Pencil skirt ဒါမွမဟုတ္ tennis skirt ၊ jean skirt စတာေတြနဲ႕ sneaker ေတြ တြဲဖက္ဆင္ျမန္းႏိုင္ပါတယ္။ တကယ္လုိ႕ ကိုယ္က ဒူးေလာက္အရွည္ေတြပဲ ၀တ္တယ္ဆုိ၇င္လည္း အလုပ္ျဖစ္ပါေသးတယ္ေနာ္။

Credit :trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဖက်ရှင်ရေစီးကြောင်းဆိုတာ အမြဲတစ်ပတ်လည် စီးဆင်းနေတာပါ။ ဟိုးအရင်က ခေတ်စားခဲ့တဲ့ Dress တွေနဲ့ Sneaker ဖိနပ်တွေတွဲဝတ်ပြီးဆင်မြန်းတဲ့ ဖက်ရှင်က ခုလည်း တစ်ပတ်ပြန်လည်လာပါပြီ။ အရင်က Avril Lavigne နာမည်ကြီးချိန် ဂါဝန်အကားလေးတွေ၊ Dress လေးတွေနဲ့ All Star Sneaker တွေ တွဲပြီး ဆင်မြန်းတာ မှတ်မိကြဦးမယ်ထင်ပါတယ်။ မြန်မာနိုင်ငံမှာဆို ချစ်သုဝေတို့၊ ခင်ဘုဏ်း စတဲ့အဆိုတော်တွေကလည်း Dress တွေ၊ ဂါဝန်အကားလေးတွေနဲ့ Sneaker တွေ အမြဲ တွဲပြီးဆင်မြန်းခဲ့တာ မှတ်မိနေပါသေးတယ်။ ဒါကို Luxe athletic trend လို့ ခေါ်ပါတယ်။

ခုနောက်ပိုင်းမှာ  dress လေးတွေနဲ့ ကိုယ်ကြိုက်တဲ့ Sneaker တွေ တွဲဖက်ဆင်မြန်းခြင်းဟာ ပျောက်မသွားပဲ ဒီရေစီးဟာ ပိုလို့တောင် စီးဆင်းလာခဲ့ပြီလေ။ ဂါဝန်တွေ၊ Dress တွေ ဝတ်ထားလို့ အောက်က ဖိနပ်ဟာ Heel တွေ Sandal တွေ ဖြစ်နေစရာမလိုပဲ ကိုယ့်အကြိုက်ဆုံး sneaker ဖိနပ်တစ်ရံနဲ့တင် အလုပ်ဘယ်လောက်ဖြစ်တယ်ဆိုတာ အောက်ကပုံလေးတွေ ကြည့်ရင် သိသွားပါလိမ့်မယ်။ ဒါ့အပြင် Dress နဲ့ Sneaker တွဲဖက်ဝတ်ဆင်ခြင်းက ထသွားထလာအတွက်တင်မကပဲ ကုမ္ပဏိ၊ အလုပ် သွားဖို့အထိတောင် အဆင်ပြေပါတယ်နော်။

တွဲစပ်မှုတွေကိုတော့ အထူးတလည် ပြောနေစရာမလိုတော့ပါဘူး။ ပေါင်တစ်ဝက်လောက်ရှိတဲ့ Dress လေးတွေ၊ Tight skirt၊ Pencil skirt ဒါမှမဟုတ် tennis skirt ၊ jean skirt စတာတွေနဲ့ sneaker တွေ တွဲဖက်ဆင်မြန်းနိုင်ပါတယ်။ တကယ်လို့ ကိုယ်က ဒူးလောက်အရှည်တွေပဲ ဝတ်တယ်ဆို၇င်လည်း အလုပ်ဖြစ်ပါသေးတယ်နော်။

Credit :trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top