iMyanmarHouse.com - Best Property Website for Myanmar
×





Credit:Duwun



Unicode Version

သိပ္ပံဆန်းကြယ်နဲ့ သည်းထိတ်ရင်ဖိုအခန်းတွေပါဝင်တဲ့ Passenger ဇာတ်ကား နမူနာဗီဒီယိုကို Sony Picture က ဖြန့်ချိလိုက်ပါတယ်။ အဓိကသရုပ်ဆောင်နှစ်ဦးလုံးက သိပ္ပံနဲ့အက်ရှင်တွေမှာ ပါဝင်နေကြဆိုတော့ ဒီဇာတ်ရုပ်တွေနဲ့လည်း လိုက်ဖက်မယ့်ပုံပါ။

ခရစ္စက ဂျင်မ်အဖြစ် သရုပ်ဆောင်ထားပြီး လောရင့်စ်ကတော့ အော်ရိုရာအမည်နဲ့ ပါဝင်ထားပါတယ်။ အာကာသယာဉ်တစ်ခုမှာ ရောက်ရှိနေထိုင်ကြတဲ့ သူတို့နှစ်ဦးရဲ့ လူနေမှုပုံစံတွေက စက်ရုပ်တွေနဲ့ လည်ပတ်နေတာ တွေ့ရပါတယ်။

ယာဉ်ပေါ်မှာ လူတွေအများကြီး အိပ်ပျော်နေကြရာကနေ သူတို့နှစ်ဦးတည်း အရင်နိုးထလာပြီး ဆိုးရွားတဲ့အခြေအနေကို ကျော်ဖြတ်ဖို့ ကြိုးစားကြတာတွေနဲ့ ပြေးလွှားရတဲ့အခန်းတွေ ပြသထားပါတယ်။

နှစ်ပေါင်း ၁၂၀ အိပ်ပျော်အောင်စီရင်ထားခြင်းခံရသူတွေထဲမှာ နှစ် ၉၀ စောပြီး နိုးလာကြတဲ့ သူတို့နှစ်ဦးကို Passenger တွေအဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ လာမယ့် ခရစ္စမတ်မှာ စတင်ပြသမယ်လို့ သိရပါတယ်။

Credit:Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top