iMyanmarHouse.com - Best Property Website for Myanmar
×

လက္ဝါးျပင္က လမ္းေၾကာင္းေတြလိုပဲ လက္ေကာက္ဝတ္က လမ္းေၾကာင္းေလးေတြကေနလည္း သင့္ရဲ႕ ကံၾကမၼာကို သိႏုိင္ပါတယ္။ လကၡဏာပညာတတ္စရာမလုိဘဲ အလြယ္တကူနဲ႔ လူတုိင္းၾကည့္ျ႔ပီးနားလည္ႏုိ္င္တဲ့ နည္းေလးကိုသုံးျပီး ကံၾကမၼာ တစ္စိတ္တစ္ပိုင္းကို ၾကည့္လုိက္ရေအာင္။ ပုံမွန္ဆုိရင္ သာမန္လူတစ္ေယာက္မွာ လက္ေကာက္ဝတ္မွာ လမ္းေၾကာင္း ၂ ေၾကာင္း သို႔မဟုတ္ ၃ ေၾကာင္းရွိတတ္ပါတယ္။

လမ္းေၾကာင္း ၁ -အေပၚဆုံးလမ္းေၾကာင္းက လူတစ္ေယာက္ရဲ႕ က်န္းမာေရးကို ျပပါတယ္။ လမ္းေၾကာင္းထင္ရွားျပီး တစ္္ဆက္တည္းရွိမယ္ဆုိရင္ က်န္းမာေရးအရမ္းေကာင္းတယ္ဆုိတာကုိျပျပီး လမ္းေၾကာင္းက မွိန္ေဖ်ာ့ေနမယ္၊ အျပတ္ေတြမ်ားေနမယ္ဆုိရင္ေတာ့ ကိုယ့္ရဲ႕ေနထုိင္စားေသာက္မႈပုံစံကိုေျပာင္းျပီး က်န္းမာေရးကို အထူးဂရုစိုက္ဖုိ႔ လိုအပ္တယ္ဆိုတာကို ျပပါတယ္။

လမ္းေၾကာင္း ၂- ဒုတိယေျမာက္လမ္းေၾကာင္းက ေပ်ာ္ရႊင္မႈနဲ႔ ေအာင္ျမင္မႈကို ျပပါတယ္။ ပထမလမ္းေၾကာင္းလုိပဲ ဒီလမ္းေၾကာင္းကလည္း ထင္းျပီး ေျဖာင့္တန္းေနမယ္ဆုိရင္ ေအာင္ျမင္ေပ်ာ္ရႊင္မႈေတြရမယ္။ စည္းစိမ္၊ဥစၥာေတြရမယ္ဆုိတာကို ျပပါတယ္။ ဒီလမ္းေၾကာင္းညံတယ္ဆုိရင္ ေငြေၾကးအခက္အခဲအျမဲၾကဳံရတတ္တာကို ျပပါတယ္။

လမ္းေၾကာင္း ၃ -လူတုိင္းနီးပါးမွာ လမ္းေၾကာင္း ၂ ေၾကာင္းပုံမွန္ရွိတတ္ေပမဲ့ ၃ ေၾကာင္းရွိတဲ့သူေတြလည္း ရွိပါတယ္။  တတိယလမ္းေၾကာင္းရွိတဲ့သူေတြက အရမ္းခုိင္မာအားေကာင္းတဲ့စိတ္ဓာတ္ရွိျပီး လူအမ်ားကေတာင္ ေၾကာက္ရြ႔ံံ႔ရတဲ့အစြမ္းရွိပါတယ္။ လမ္းေၾကာင္းထင္ရွားေလ ပိုျပီးအင္အားေကာင္းေလျဖစ္ပါတယ္။

လမ္းေၾကာင္း ၄ - ဒီလမ္းေၾကာင္းကေတာ့အလြန္ကုိေတြ႔ရခဲတဲ့ လမ္းေၾကာင္းျဖစ္ျပီး သက္တမ္းနဲ႔ ဆုိင္ပါတယ္။ ဒီလမ္းေၾကာင္းရွားရွားပါးပါးရွိျပီဆုိရင္ အသက္အရမ္းရွည္ျပီး သားသမီးကံေကာင္းပါတယ္။

Credit:Duwun

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လက်ဝါးပြင်က လမ်းကြောင်းတွေလိုပဲ လက်ကောက်ဝတ်က လမ်းကြောင်းလေးတွေကနေလည်း သင့်ရဲ့ ကံကြမ္မာကို သိနိုင်ပါတယ်။ လက္ခဏာပညာတတ်စရာမလိုဘဲ အလွယ်တကူနဲ့ လူတိုင်းကြည့်ြ့ပီးနားလည်နိုင်တဲ့ နည်းလေးကိုသုံးပြီး ကံကြမ္မာ တစ်စိတ်တစ်ပိုင်းကို ကြည့်လိုက်ရအောင်။ ပုံမှန်ဆိုရင် သာမန်လူတစ်ယောက်မှာ လက်ကောက်ဝတ်မှာ လမ်းကြောင်း ၂ ကြောင်း သို့မဟုတ် ၃ ကြောင်းရှိတတ်ပါတယ်။

လမ်းကြောင်း ၁ -အပေါ်ဆုံးလမ်းကြောင်းက လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ပြပါတယ်။ လမ်းကြောင်းထင်ရှားပြီး တစ်ဆက်တည်းရှိမယ်ဆိုရင် ကျန်းမာရေးအရမ်းကောင်းတယ်ဆိုတာကိုပြပြီး လမ်းကြောင်းက မှိန်ဖျော့နေမယ်၊ အပြတ်တွေများနေမယ်ဆိုရင်တော့ ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံကိုပြောင်းပြီး ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာကို ပြပါတယ်။

လမ်းကြောင်း ၂- ဒုတိယမြောက်လမ်းကြောင်းက ပျော်ရွှင်မှုနဲ့ အောင်မြင်မှုကို ပြပါတယ်။ ပထမလမ်းကြောင်းလိုပဲ ဒီလမ်းကြောင်းကလည်း ထင်းပြီး ဖြောင့်တန်းနေမယ်ဆိုရင် အောင်မြင်ပျော်ရွှင်မှုတွေရမယ်။ စည်းစိမ်၊ဥစ္စာတွေရမယ်ဆိုတာကို ပြပါတယ်။ ဒီလမ်းကြောင်းညံတယ်ဆိုရင် ငွေကြေးအခက်အခဲအမြဲကြုံရတတ်တာကို ပြပါတယ်။

လမ်းကြောင်း ၃ -လူတိုင်းနီးပါးမှာ လမ်းကြောင်း ၂ ကြောင်းပုံမှန်ရှိတတ်ပေမဲ့ ၃ ကြောင်းရှိတဲ့သူတွေလည်း ရှိပါတယ်။  တတိယလမ်းကြောင်းရှိတဲ့သူတွေက အရမ်းခိုင်မာအားကောင်းတဲ့စိတ်ဓာတ်ရှိပြီး လူအများကတောင် ကြောက်ရွံ့ံ့ရတဲ့အစွမ်းရှိပါတယ်။ လမ်းကြောင်းထင်ရှားလေ ပိုပြီးအင်အားကောင်းလေဖြစ်ပါတယ်။

လမ်းကြောင်း ၄ - ဒီလမ်းကြောင်းကတော့အလွန်ကိုတွေ့ရခဲတဲ့ လမ်းကြောင်းဖြစ်ပြီး သက်တမ်းနဲ့ ဆိုင်ပါတယ်။ ဒီလမ်းကြောင်းရှားရှားပါးပါးရှိပြီဆိုရင် အသက်အရမ်းရှည်ပြီး သားသမီးကံကောင်းပါတယ်။

Credit:Duwun



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top