iMyanmarHouse.com - Best Property Website for Myanmar
×






Credit: 7 day daily



Unicode Version

ချစ်ဇာတ်လမ်းနှင့်ပတ် သက်၍ အခြေခံစည်းမျဉ်းတစ်ခု ကို မင်းသမီးဆောင်းဂျီဟိုက မကြာသေးမီက ထုတ်ဖော်ပြော ဆိုလိုက်သည်။

JTBC မှထုတ်လွှင့်သော 'My Wife is Having an Affair This Week' သတင်းစာရှင်းလင်း ပွဲသို့ ဆောင်းဂျီဟိုတက်ရောက်ခဲ့ရာ တိုင်ပေမင်းသား ချန်ကိုလင်းနှင့် 'We Got Married' ဇာတ်လမ်း တွင် ပါဝင်သူအကြောင်း မေးခွန်း တစ်ခု မေးမြန်းခံခဲ့ရသည်။

၎င်း၏ အတွေ့အကြုံနှင့် ပတ်သက်၍ ‘‘ကျွန်မက နာမည် ကျော်တစ်ဦးဖြစ်နေလို့ သေသေ ချာချာ ချိန်းတွေ့ခံရတာမျိုး မရှိခဲ့ ဘူးထင်တယ်။ တခြားသူတွေလိုပဲ ကျွန်မ ချိန်းတွေ့ချင်ပါတယ်’’ဟု ပြောသည်။

ချိန်းတွေ့ခြင်းနှင့်ပတ်သက် ၍ အခြေခံစည်းကမ်းကိုလည်း ဆောင်းဂျီဟိုက ထုတ်ဖော်ပြော သည်။ ‘‘မကြာခင်က ကျွန်မ ပြင် သစ်ကနေပြန်လာခဲ့တယ်။ ရာသီ ဥတုအေးလို့လား မပြောတတ်ဘူး။ ကျွန်မ အထီးကျန်နေတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ နာမည် ကျော်တွေကို ချိန်းမတွေ့ဘူးလို့ စည်းကမ်းချမှတ်ထားတော့ ကျွန်မ ချိန်းမတွေ့နိုင်ဘူး’’ဟု မင်းသမီးက ဆိုသည်။


Credit: 7 day daily


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top