iMyanmarHouse.com - Best Property Website for Myanmar
×

အိပ္မက္ဆိုတာ လူတိုင္းမက္ေလ့ရွိတဲ့ အရာပါ။ အိပ္မက္မက္ခဲ့မွန္း သိေပမယ့္ ဘာကို မက္လို႔မက္မွန္း မသိေအာင္ စဥ္းစားလို႔မရတဲ့ အျဖစ္ေတြ ရွိေကာင္းရွိေပမယ့္ ပီပီသသနဲ႔ ဇာတ္လမ္းတစ္ပုဒ္လို ထင္က်န္ရစ္တဲ့ အိပ္မက္ေတြလည္း ရွိၾကမွာပါ။ ကၽြန္မတို႔ေတြ အိပ္တဲ့အခါ မက္ေလ့ရွိတဲ့ အိပ္မက္နဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားဖြယ္ရာ ေကာင္းတဲ့ အခ်က္ေတြကို ေလ့လာမႈေတြက အခုလို ေဖာ္ျပထားပါတယ္။

(၁) သင္ဟာ အိပ္မက္ရဲ႕ ၉၀ ရာခိုင္ႏႈန္းကို ေမ့သြားပါတယ္

အိပ္ရာႏိုးၿပီးအခ်ိန္ ငါးမိနစ္အတြင္းမွာ အိပ္မက္ေတြရဲ႕ တစ္ဝက္ခန္႔က ေမ့သြားတတ္ပါတယ္။ အခ်ိန္ ၁၀ မိနစ္ ၾကာသြားတာနဲ႔ အိပ္မက္ေတြရဲ႕ ၉၀ ရာခိုင္ႏႈန္းက ေမ့သြားတတ္ပါတယ္။

(၂) မ်က္စိ မျမင္သူေတြကလည္း အိပ္မက္မက္ပါတယ္

ေမြးၿပီးမွ မ်က္စိမျမင္တဲ့သူေတြဟာ အိပ္မက္ထဲမွာ ပံုရိပ္ေတြကို ျမင္မက္ႏိုင္ပါတယ္။ ေမြးရာပါ မ်က္စိမျမင္သူေတြကေတာ့ ဘာပံုရိပ္ကိုမွ မျမင္မက္ႏိုင္ပါဘူး။ ဒါေပမဲ့ တျခား အသံ၊ အနံ႔၊ ထိေတြ႕မႈနဲ႔ စိတ္ခံစားမႈဆိုင္ရာ အာ႐ံုခံစားမႈေတြကေတာ့ အိပ္မက္ထဲမွာ ပါဝင္ေနပါတယ္။

(၃) လူတိုင္း အိပ္မက္မက္ဖူးပါတယ္

လူသားတိုင္း (စိတ္ပိုင္းဆိုင္ရာ ေဝဒနာ အျပင္းအထန္ရွိသူကလြဲရင္) အိပ္မက္ မက္ဖူးၾကပါတယ္။ သင့္အေနနဲ႔ အိပ္မက္ မမက္ဖူးဘူးလို႔ ထင္ေနရင္ ဒါက သင့္အေနနဲ႔ အိပ္မက္ေတြကို ေမ့သြားတာပါ။

(၄) အိပ္မက္ေတြထဲမွာ ကၽြန္မတို႔ သိၿပီးသား မ်က္ႏွာေတြကိုပဲ ျမင္ပါတယ္

စိတ္ဟာ မ်က္ႏွာပံုရိပ္ေတြကို တီထြင္ၿပီး မျမင္တတ္ပါဘူး။ ဒါေၾကာင့္ ကၽြန္မတို႔ရဲ႕ အိပ္မက္ထဲမွာ ဘဝမွာ ျမင္ဖူးထားတဲ့သူေတြရဲ႕ တကယ့္ မ်က္ႏွာေတြကိုပဲ ျမင္မက္တတ္ပါတယ္။ ကၽြန္မတို႔ဘဝ တစ္ေလွ်ာက္မွာ မ်က္ႏွာေပါင္း ေထာင္ေသာင္းေက်ာ္တဲ့အထိ ျမင္ဖူးၾကၿပီး အိပ္မက္မက္တဲ့ အခ်ိန္အတြင္း ဦးေႏွာက္ဟာ အဲဒီျမင္ဖူးၿပီးသားသူေတြကို အသံုးခ်ၿပီး မက္ေလ့ ရွိပါတယ္။

(၅) လူတိုင္းေတာ့ အေရာင္ေတြကို အိပ္မက္မမက္ပါဘူး

မ်က္စိျမင္တဲ့သူေတြရဲ႕ ၁၂ ရာခိုင္ႏႈန္းခန္႔က အျဖဴနဲ႔ အမည္းကိုပဲ အိပ္မက္ မက္ေလ့ ရွိပါတယ္။ က်န္တဲ့သူေတြက အေရာင္ေတြကုိ အိပ္မက္ မက္ၾကပါတယ္။ ၁၉၁၅မွ ၁၉၅၀ အတြင္း ေလ့လာမႈေတြအရ အိပ္မက္အမ်ားစုဟာ အျဖဴနဲ႔ အမည္းေရာင္ေတြ ျဖစ္ၾကတယ္လို႔ သိရပါတယ္။ ဒါေပမဲ့ ၁၉၆၀ မွာေတာ့ ေလ့လာမႈ ရလဒ္က ေျပာင္းလဲလာခဲ့ပါတယ္။ ဒီေန႔ေခတ္မွာ အသက္ ၂၅ ႏွစ္ေအာက္ ငယ္သူေတြမက္တဲ့ အိပ္မက္ ၄ ဒသမ ၄ ရာခိုင္ႏႈန္းကသာ အျဖဴေရာင္နဲ႔ အမည္းေရာင္ေတြ ျဖစ္ၾကပါတယ္။ ဒီလို ေျပာင္းလဲလာတာက အျဖဴ-အမည္း ဇာတ္လမ္းေတြကေန ေရာင္စံုဇာတ္လမ္းေတြကို ေျပာင္းလဲလာတာနဲ႔ ဆက္စပ္မႈ ရွိတယ္လို႔ လတ္တေလာ ေလ့လာမႈေတြက ဆိုပါတယ္။

(၆) အိပ္မက္ဆိုတာ လက္ေတြ႕ကို ထည့္သြင္းေပါင္းစပ္ထားတာ ျဖစ္တယ္

ကၽြန္မတို႔ရဲ႕ စိတ္ဟာ အိပ္ေပ်ာ္ေနစဥ္ ျပင္ပလႈံံ႕ေဆာ္မႈေတြကို ဘာသာျပန္ၿပီး အိပ္မက္ရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ ထည့္မက္ေလ့ ရွိပါတယ္။ ဆိုလိုတာက အိပ္မက္ထဲမွာ ျပင္ပက ၾကားေနရတဲ့ အသံေတြကိုထည့္ၿပီး မက္တတ္တာမ်ဳိးပါ။ ဥပမာေျပာရရင္ သင္အိပ္ေပ်ာ္ေနစဥ္ အနားမွာ သင့္အစ္ကုိက ဂီတာတီးၿပီး သီခ်င္းဆိုေနပါက သင္ဟာ ေတးဂီတပြဲတစ္ခုကို ေရာက္ရွိေနတယ္ဆိုတဲ့ အိပ္မက္ကို မက္တာမ်ဳိး ျဖစ္ပါတယ္။

(၇) အိပ္မက္ဆိုတာ စိတ္ခံစားမႈျဖစ္တယ္

အိပ္မက္ထဲမွာ ႀကံဳေတြ႕ရတဲ့ စိတ္ခံစားမႈဆိုင္ရာ အေတြ႕ရအမ်ားဆံုး အခ်က္က စိတ္ပူပင္ေသာက ျဖစ္ပါတယ္။ အိပ္မက္ထဲမွာ မေကာင္းတဲ့ စိတ္ခံစားမႈ အေၾကာင္းက ေကာင္းတဲ့စိတ္ခံစားမႈထက္ ပိုမ်ားပါတယ္။

(၈) အိပ္မက္တစ္မ်ဳိးတည္းကို ထပ္ခါတလဲလဲ မက္တတ္ပါတယ္

အိပ္မက္အမ်ားစုမွာပါတဲ့ အေၾကာင္းအရာေတြက တစ္ႀကိမ္ေလာက္ပဲ ရွိေပမယ့္ လူအမ်ားစုဟာ အိပ္မက္တစ္ခုတည္းကိုပဲ ထပ္ခါတလဲလဲ မက္တတ္ပါတယ္။ အမ်ဳိးသမီး ၇၀ ရာခိုင္ႏႈန္း အထက္နဲ႔ အမ်ဳိးသား ၆၅ ရာခိုင္ႏႈန္းတို႔က အိပ္မက္တစ္ခုတည္းကို ထပ္ခါတလဲလဲ မက္ေလ့ ရွိပါတယ္။

(၉) တိရစၧာန္ေတြလည္း အိပ္မက္ မက္ၾကပါတယ္

တိရစၧာန္ အမ်ဳိးမ်ဳိးကို ေလ့လာတဲ့ ေလ့လာမႈေတြအရ တိရစၧာန္ေတြ အိပ္ေပ်ာ္စဥ္မွာ ထြက္ရွိတဲ့ ဦးေႏွာက္လႈိင္းေတြဟာ လူေတြအိပ္ေပ်ာ္စဥ္ ထြက္ရွိတဲ့ ဦးေႏွာက္လႈိင္းေတြနဲ႔ တူညီတယ္လို႔ ေတြ႕ရပါတယ္။ တစ္ခါတစ္ရံ ေခြးတစ္ေကာင္ အိပ္ေနတာကို ေစာင့္ၾကည့္လိုက္ပါ။ အိပ္မက္ထဲမွာ တစ္စံုတစ္ခုေနာက္ကို လိုက္ေနစဥ္ ေျပးေနသလိုမ်ဳိး ေျခဖဝါးေတြ လႈပ္ရွားတာ၊ အသံဟစ္ေအာ္တာေတြ လုပ္တတ္ပါတယ္။

(၁ဝ) အမ်ဳိးသားနဲ႔ အမ်ဳိးသမီးေတြမက္တဲ့ အိပ္မက္ေတြက မတူၾကပါဘူး

အမ်ဳိးသားေတြက တျခားအမ်ဳိးသားေတြအေၾကာင္း ပိုၿပီး အိပ္မက္ မက္တတ္ပါတယ္။ အမ်ဳိးသားတစ္ဦးရဲ႕ အိပ္မက္ထဲက ဇာတ္ေကာင္ ၇၀ ရာခိုင္ႏႈန္းဟာ တျခားအမ်ဳိးသားေတြ ျဖစ္ေနတတ္ပါတယ္။ အမ်ဳိးသမီးေတြရဲ႕ အိပ္မက္ထဲမွာေတာ့ အမ်ဳိးသားနဲ႔ အမ်ဳိးသမီးအေရအတြက္ ညီမွ်ေနတတ္ပါတယ္။ အမ်ဳိးသားေတြက သူတို႔ရဲ႕ အိပ္မက္ထဲမွာ ရန္လိုတဲ့ စိတ္ခံစားမႈ ပိုရွိေနတတ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Thabawaarrin

#Unicode Version
အိပ်မက်ဆိုတာ လူတိုင်းမက်လေ့ရှိတဲ့ အရာပါ။ အိပ်မက်မက်ခဲ့မှန်း သိပေမယ့် ဘာကို မက်လို့မက်မှန်း မသိအောင် စဉ်းစားလို့မရတဲ့ အဖြစ်တွေ ရှိကောင်းရှိပေမယ့် ပီပီသသနဲ့ ဇာတ်လမ်းတစ်ပုဒ်လို ထင်ကျန်ရစ်တဲ့ အိပ်မက်တွေလည်း ရှိကြမှာပါ။ ကျွန်မတို့တွေ အိပ်တဲ့အခါ မက်လေ့ရှိတဲ့ အိပ်မက်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ရာ ကောင်းတဲ့ အချက်တွေကို လေ့လာမှုတွေက အခုလို ဖော်ပြထားပါတယ်။

(၁) သင်ဟာ အိပ်မက်ရဲ့ ၉၀ ရာခိုင်နှုန်းကို မေ့သွားပါတယ်

အိပ်ရာနိုးပြီးအချိန် ငါးမိနစ်အတွင်းမှာ အိပ်မက်တွေရဲ့ တစ်ဝက်ခန့်က မေ့သွားတတ်ပါတယ်။ အချိန် ၁၀ မိနစ် ကြာသွားတာနဲ့ အိပ်မက်တွေရဲ့ ၉၀ ရာခိုင်နှုန်းက မေ့သွားတတ်ပါတယ်။

(၂) မျက်စိ မမြင်သူတွေကလည်း အိပ်မက်မက်ပါတယ်

မွေးပြီးမှ မျက်စိမမြင်တဲ့သူတွေဟာ အိပ်မက်ထဲမှာ ပုံရိပ်တွေကို မြင်မက်နိုင်ပါတယ်။ မွေးရာပါ မျက်စိမမြင်သူတွေကတော့ ဘာပုံရိပ်ကိုမှ မမြင်မက်နိုင်ပါဘူး။ ဒါပေမဲ့ တခြား အသံ၊ အနံ့၊ ထိတွေ့မှုနဲ့ စိတ်ခံစားမှုဆိုင်ရာ အာရုံခံစားမှုတွေကတော့ အိပ်မက်ထဲမှာ ပါဝင်နေပါတယ်။

(၃) လူတိုင်း အိပ်မက်မက်ဖူးပါတယ်

လူသားတိုင်း (စိတ်ပိုင်းဆိုင်ရာ ဝေဒနာ အပြင်းအထန်ရှိသူကလွဲရင်) အိပ်မက် မက်ဖူးကြပါတယ်။ သင့်အနေနဲ့ အိပ်မက် မမက်ဖူးဘူးလို့ ထင်နေရင် ဒါက သင့်အနေနဲ့ အိပ်မက်တွေကို မေ့သွားတာပါ။

(၄) အိပ်မက်တွေထဲမှာ ကျွန်မတို့ သိပြီးသား မျက်နှာတွေကိုပဲ မြင်ပါတယ်

စိတ်ဟာ မျက်နှာပုံရိပ်တွေကို တီထွင်ပြီး မမြင်တတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ အိပ်မက်ထဲမှာ ဘဝမှာ မြင်ဖူးထားတဲ့သူတွေရဲ့ တကယ့် မျက်နှာတွေကိုပဲ မြင်မက်တတ်ပါတယ်။ ကျွန်မတို့ဘဝ တစ်လျှောက်မှာ မျက်နှာပေါင်း ထောင်သောင်းကျော်တဲ့အထိ မြင်ဖူးကြပြီး အိပ်မက်မက်တဲ့ အချိန်အတွင်း ဦးနှောက်ဟာ အဲဒီမြင်ဖူးပြီးသားသူတွေကို အသုံးချပြီး မက်လေ့ ရှိပါတယ်။

(၅) လူတိုင်းတော့ အရောင်တွေကို အိပ်မက်မမက်ပါဘူး

မျက်စိမြင်တဲ့သူတွေရဲ့ ၁၂ ရာခိုင်နှုန်းခန့်က အဖြူနဲ့ အမည်းကိုပဲ အိပ်မက် မက်လေ့ ရှိပါတယ်။ ကျန်တဲ့သူတွေက အရောင်တွေကို အိပ်မက် မက်ကြပါတယ်။ ၁၉၁၅မှ ၁၉၅၀ အတွင်း လေ့လာမှုတွေအရ အိပ်မက်အများစုဟာ အဖြူနဲ့ အမည်းရောင်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ၁၉၆၀ မှာတော့ လေ့လာမှု ရလဒ်က ပြောင်းလဲလာခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ အသက် ၂၅ နှစ်အောက် ငယ်သူတွေမက်တဲ့ အိပ်မက် ၄ ဒသမ ၄ ရာခိုင်နှုန်းကသာ အဖြူရောင်နဲ့ အမည်းရောင်တွေ ဖြစ်ကြပါတယ်။ ဒီလို ပြောင်းလဲလာတာက အဖြူ-အမည်း ဇာတ်လမ်းတွေကနေ ရောင်စုံဇာတ်လမ်းတွေကို ပြောင်းလဲလာတာနဲ့ ဆက်စပ်မှု ရှိတယ်လို့ လတ်တလော လေ့လာမှုတွေက ဆိုပါတယ်။

(၆) အိပ်မက်ဆိုတာ လက်တွေ့ကို ထည့်သွင်းပေါင်းစပ်ထားတာ ဖြစ်တယ်

ကျွန်မတို့ရဲ့ စိတ်ဟာ အိပ်ပျော်နေစဉ် ပြင်ပလှုံံ့ဆော်မှုတွေကို ဘာသာပြန်ပြီး အိပ်မက်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်မက်လေ့ ရှိပါတယ်။ ဆိုလိုတာက အိပ်မက်ထဲမှာ ပြင်ပက ကြားနေရတဲ့ အသံတွေကိုထည့်ပြီး မက်တတ်တာမျိုးပါ။ ဥပမာပြောရရင် သင်အိပ်ပျော်နေစဉ် အနားမှာ သင့်အစ်ကိုက ဂီတာတီးပြီး သီချင်းဆိုနေပါက သင်ဟာ တေးဂီတပွဲတစ်ခုကို ရောက်ရှိနေတယ်ဆိုတဲ့ အိပ်မက်ကို မက်တာမျိုး ဖြစ်ပါတယ်။

(၇) အိပ်မက်ဆိုတာ စိတ်ခံစားမှုဖြစ်တယ်

အိပ်မက်ထဲမှာ ကြုံတွေ့ရတဲ့ စိတ်ခံစားမှုဆိုင်ရာ အတွေ့ရအများဆုံး အချက်က စိတ်ပူပင်သောက ဖြစ်ပါတယ်။ အိပ်မက်ထဲမှာ မကောင်းတဲ့ စိတ်ခံစားမှု အကြောင်းက ကောင်းတဲ့စိတ်ခံစားမှုထက် ပိုများပါတယ်။

(၈) အိပ်မက်တစ်မျိုးတည်းကို ထပ်ခါတလဲလဲ မက်တတ်ပါတယ်

အိပ်မက်အများစုမှာပါတဲ့ အကြောင်းအရာတွေက တစ်ကြိမ်လောက်ပဲ ရှိပေမယ့် လူအများစုဟာ အိပ်မက်တစ်ခုတည်းကိုပဲ ထပ်ခါတလဲလဲ မက်တတ်ပါတယ်။ အမျိုးသမီး ၇၀ ရာခိုင်နှုန်း အထက်နဲ့ အမျိုးသား ၆၅ ရာခိုင်နှုန်းတို့က အိပ်မက်တစ်ခုတည်းကို ထပ်ခါတလဲလဲ မက်လေ့ ရှိပါတယ်။

(၉) တိရစ္ဆာန်တွေလည်း အိပ်မက် မက်ကြပါတယ်

တိရစ္ဆာန် အမျိုးမျိုးကို လေ့လာတဲ့ လေ့လာမှုတွေအရ တိရစ္ဆာန်တွေ အိပ်ပျော်စဉ်မှာ ထွက်ရှိတဲ့ ဦးနှောက်လှိုင်းတွေဟာ လူတွေအိပ်ပျော်စဉ် ထွက်ရှိတဲ့ ဦးနှောက်လှိုင်းတွေနဲ့ တူညီတယ်လို့ တွေ့ရပါတယ်။ တစ်ခါတစ်ရံ ခွေးတစ်ကောင် အိပ်နေတာကို စောင့်ကြည့်လိုက်ပါ။ အိပ်မက်ထဲမှာ တစ်စုံတစ်ခုနောက်ကို လိုက်နေစဉ် ပြေးနေသလိုမျိုး ခြေဖဝါးတွေ လှုပ်ရှားတာ၊ အသံဟစ်အော်တာတွေ လုပ်တတ်ပါတယ်။

(၁ဝ) အမျိုးသားနဲ့ အမျိုးသမီးတွေမက်တဲ့ အိပ်မက်တွေက မတူကြပါဘူး

အမျိုးသားတွေက တခြားအမျိုးသားတွေအကြောင်း ပိုပြီး အိပ်မက် မက်တတ်ပါတယ်။ အမျိုးသားတစ်ဦးရဲ့ အိပ်မက်ထဲက ဇာတ်ကောင် ၇၀ ရာခိုင်နှုန်းဟာ တခြားအမျိုးသားတွေ ဖြစ်နေတတ်ပါတယ်။ အမျိုးသမီးတွေရဲ့ အိပ်မက်ထဲမှာတော့ အမျိုးသားနဲ့ အမျိုးသမီးအရေအတွက် ညီမျှနေတတ်ပါတယ်။ အမျိုးသားတွေက သူတို့ရဲ့ အိပ်မက်ထဲမှာ ရန်လိုတဲ့ စိတ်ခံစားမှု ပိုရှိနေတတ်ပါတယ်။


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:Thabawaarrin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top