iMyanmarHouse.com - Best Property Website for Myanmar
×

(၁)။ သူတကာ ေလာဘႀကီးေသာ္လည္း မိမိက ေလာဘ မႀကီးေအာင္ေန။
ထိုသို႔ေနလွ်င္ သူတကာေခါင္းပါးျခင္း(ဒုဗ႓ိကၡအႏၲရာယ္)ေဘးသင့္ေရာက္ေသာ္လည္း မိမိမွာ
ထိုေဘးမွ လြတ္ေျမာက္မည္။

(၂)။ သူတကာ ေဒါသႀကီးေသာ္လည္း မိမိက ေဒါသမႀကီးေအာင္ေန။
ထိုသို႔ေနလွ်င္ သူတကာ လက္နက္ေဘးဆိုး (သတၱႏၲရကပ္)ဆိုက္ေရာက္ေသာ္လည္း
မိမိမွာ ထိုေဘးမွ လြတ္ေျမာက္မည္။

(၃)။ သူတကာ ေမာဟႀကီးေသာ္လည္း မိမိက ေမာဟမႀကီးေအာင္ေန။
ထိုသို႔ေနလွ်င္ သူတကာ ေရာဂါေဘးဆိုး(ေရာဂႏၲရကပ္)ဆိုက္ေရာက္ေသာ္လည္း
မိမိမွာ ထိုကပ္ေဘးမွ လြတ္ေျမာက္မည္။

ဤကား ေက်းဇူးေတာ္ရွင္
မစိုးရိမ္ဆရာေတာ္ဘုရားႀကီး အၿမဲမျပတ္ ဆိုဆံုးမေလ့ရွိေသာ ၾသဝါဒ ျဖစ္သည္။
ယေန႔သည္ ထိုၾသဝါဒအတိုင္း လိုက္နာက်င့္သံုးရန္ အခ်ိန္တန္ေနၿပီျဖစ္၍ …

(၁)။ ေလာဘမႀကီးရန္ မိမိတတ္ႏုိင္သမွ် စြန္႔ႀကဲ ေပးကမ္း လွဴဒါန္းပါ။
(၂)။ ေဒါသမႀကီးရန္ သတၱဝါအားလံုးတို႔အား ေမတၱာတရား ပြားမ်ားပို႔သပါ။
(၃)။ ေမာဟမႀကီးရန္ ရုပ္နာမ္ဓမၼ သခၤါရတို႔၏ အနိစၥ ၊ ဒုကၡ၊ အနတၱ သေဘာကို
အခ်ိန္ရသမွ် ဆင္ျခင္ပါ။



Credit:Satekuupuyar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
(၁)။ သူတကာ လောဘကြီးသော်လည်း မိမိက လောဘ မကြီးအောင်နေ။
ထိုသို့နေလျှင် သူတကာခေါင်းပါးခြင်း(ဒုဗ္ဘိက္ခအန္တရာယ်)ဘေးသင့်ရောက်သော်လည်း မိမိမှာ
ထိုဘေးမှ လွတ်မြောက်မည်။

(၂)။ သူတကာ ဒေါသကြီးသော်လည်း မိမိက ဒေါသမကြီးအောင်နေ။
ထိုသို့နေလျှင် သူတကာ လက်နက်ဘေးဆိုး (သတ္တန္တရကပ်)ဆိုက်ရောက်သော်လည်း
မိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။

(၃)။ သူတကာ မောဟကြီးသော်လည်း မိမိက မောဟမကြီးအောင်နေ။
ထိုသို့နေလျှင် သူတကာ ရောဂါဘေးဆိုး(ရောဂန္တရကပ်)ဆိုက်ရောက်သော်လည်း
မိမိမှာ ထိုကပ်ဘေးမှ လွတ်မြောက်မည်။

ဤကား ကျေးဇူးတော်ရှင်
မစိုးရိမ်ဆရာတော်ဘုရားကြီး အမြဲမပြတ် ဆိုဆုံးမလေ့ရှိသော သြဝါဒ ဖြစ်သည်။
ယနေ့သည် ထိုသြဝါဒအတိုင်း လိုက်နာကျင့်သုံးရန် အချိန်တန်နေပြီဖြစ်၍ …

(၁)။ လောဘမကြီးရန် မိမိတတ်နိုင်သမျှ စွန့်ကြဲ ပေးကမ်း လှူဒါန်းပါ။
(၂)။ ဒေါသမကြီးရန် သတ္တဝါအားလုံးတို့အား မေတ္တာတရား ပွားများပို့သပါ။
(၃)။ မောဟမကြီးရန် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ ၊ ဒုက္ခ၊ အနတ္တ သဘောကို
အချိန်ရသမျှ ဆင်ခြင်ပါ။

Credit:Satekuupuyar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top