iMyanmarHouse.com - Best Property Website for Myanmar
×

 ေန႔စဥ္ရက္ဆက္အိပ္ေရးပ်က္ထားသူမ်ားအတြက္ စိတ္ၾကည္လင္လန္းဆန္းလာေအာင္ ကဖိန္းဓာတ္သည္ မစြမ္းေဆာင္ႏုိင္ေတာ့ေၾကာင္း သိရပါတယ္။

5 ရက္ဆက္တိုက္ 5 နာရီမွ်သာ အိပ္စက္ခဲ့ေသာသူ 48 ဦးကို ႏွစ္ဖြဲ႔ခြဲ၍ တစ္ဖြဲ႔ကုိ တစ္ေန႔လွ်င္ႏွစ္ႀကိမ္ ကဖိန္းဓာတ္ပါဝင္ေသာ ေကာ္ဖီကိုေသာက္ေစၿပီး က်န္တစ္ဖြဲ႔ကို တစ္ေန႔လွ်င္ႏွစ္ႀကိမ္ ကဖိန္းဓာတ္မပါဝင္ေသာ ေကာ္ဖီကိုေသာက္ေစကာ စမ္းသပ္ခဲ့ပါတယ္။

သံုးညလြန္ေျမာက္ၿပီးေနာက္တြင္ ကဖိန္းေသာက္ထားသူျဖစ္ေစ၊ မေသာက္ထားသူျဖစ္ေစ ၎တို႔၏လုပ္ေဆာင္မႈစြမ္းရည္မွာ က်ဆင္းလာပါေတာ့တယ္။ ေလ့လာစမ္းသပ္မႈ၏ ေခါင္းေဆာင္ျဖစ္သူ Tacy Jill Doty က လူအမ်ားစုသည္ အိပ္ေရးပ်က္ပါက တက္ႂကြလန္းဆန္းေစရန္ ကဖိန္းကိုေသာက္သံုးေလ့ရွိတာေၾကာင့္ ဤေတြ႕ရွိခ်က္မွာအလြန္ပင္ အဖိုးတန္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

သုေတသနတြင္ ပါဝင္သူမ်ားကို ေန႔စဥ္ေန႔တိုင္း မနက္ 8 နာရီတြင္ တစ္ႀကိမ္၊ ေန႔လည္ 12 နာရီတြင္ တစ္ႀကိမ္ ကဖိန္းပါဝင္ေသာ (သို႔) မပါဝင္ေသာ အရည္မ်ားကိုတုိက္၍ စိတ္ခံစားမႈ၊ အိပ္ခ်င္စိတ္ရွိ/မရွိ၊ တက္ႂကြလန္းဆန္းမႈႏွင့္ တံု႔ျပန္မႈတို႔ကိုစမ္းသပ္ေသာ ေမးခြန္းမ်ားကို အတြဲလိုက္ေျဖဆိုေစပါတယ္။ ထုိ႔ျပင္ ႏိုးေနေသာအခ်ိန္တိုင္း တစ္နာရီလွ်င္ တစ္ႀကိမ္ စိတ္ပိုင္းဆုိင္ရာအျပဳအမူႏွင့္ပတ္သက္ေသာ စမ္းသပ္မႈမ်ားတြင္ ပါဝင္ေစပါတယ္။

ပထမႏွစ္ရက္တြင္ ကဖိန္းဓာတ္ေသာက္သံုးထားသူမ်ားအဖြဲ႕က ပိုမိုေပ်ာ္ရႊင္ကာ ျမန္ဆန္ေသာတံု႔ျပန္မႈမ်ားကို လုပ္ေဆာင္ႏုိင္ေသာ္လည္း ေနာက္သံုးရက္တြင္မူ ထူးျခားမႈကို မေတြ႕ရေတာ့ေပ။ ထူးျခားခ်က္မွာ ေနာက္ဆံုးေန႔မ်ားတြင္ ကဖိန္းေသာက္သံုးေသာအဖြဲ႕က မေသာက္သံုးသူမ်ားထက္ ပိုမိုစိတ္အေႏွာင့္အယွက္ျဖစ္ေနသည္ကို ေတြ႕ရွိရေၾကာင္း သုေတသနပညာရွင္မ်ားကေျပာၾကားထားပါတယ္။

ယခု သုေတသနျပဳလုပ္ခ်က္တြင္ ေန႔စဥ္ေန႔တုိင္း ကဖိန္းဓာတ္ပမာဏကို တူညီစြာေသာက္သံုးေစခဲ့ေၾကာင္းႏွင့္ ပမာဏတုိးေပးပါက မည္ကဲ့သို႔အေျဖထြက္ႏုိင္သည္ကို မသိေၾကာင္းလည္း ရွင္းျပခဲ့ပါတယ္။


Credit:drmyanmar

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 နေ့စဉ်ရက်ဆက်အိပ်ရေးပျက်ထားသူများအတွက် စိတ်ကြည်လင်လန်းဆန်းလာအောင် ကဖိန်းဓာတ်သည် မစွမ်းဆောင်နိုင်တော့ကြောင်း သိရပါတယ်။

5 ရက်ဆက်တိုက် 5 နာရီမျှသာ အိပ်စက်ခဲ့သောသူ 48 ဦးကို နှစ်ဖွဲ့ခွဲ၍ တစ်ဖွဲ့ကို တစ်နေ့လျှင်နှစ်ကြိမ် ကဖိန်းဓာတ်ပါဝင်သော ကော်ဖီကိုသောက်စေပြီး ကျန်တစ်ဖွဲ့ကို တစ်နေ့လျှင်နှစ်ကြိမ် ကဖိန်းဓာတ်မပါဝင်သော ကော်ဖီကိုသောက်စေကာ စမ်းသပ်ခဲ့ပါတယ်။

သုံးညလွန်မြောက်ပြီးနောက်တွင် ကဖိန်းသောက်ထားသူဖြစ်စေ၊ မသောက်ထားသူဖြစ်စေ ၎င်းတို့၏လုပ်ဆောင်မှုစွမ်းရည်မှာ ကျဆင်းလာပါတော့တယ်။ လေ့လာစမ်းသပ်မှု၏ ခေါင်းဆောင်ဖြစ်သူ Tacy Jill Doty က လူအများစုသည် အိပ်ရေးပျက်ပါက တက်ကြွလန်းဆန်းစေရန် ကဖိန်းကိုသောက်သုံးလေ့ရှိတာကြောင့် ဤတွေ့ရှိချက်မှာအလွန်ပင် အဖိုးတန်ကြောင်းပြောကြားခဲ့ပါတယ်။

သုတေသနတွင် ပါဝင်သူများကို နေ့စဉ်နေ့တိုင်း မနက် 8 နာရီတွင် တစ်ကြိမ်၊ နေ့လည် 12 နာရီတွင် တစ်ကြိမ် ကဖိန်းပါဝင်သော (သို့) မပါဝင်သော အရည်များကိုတိုက်၍ စိတ်ခံစားမှု၊ အိပ်ချင်စိတ်ရှိ/မရှိ၊ တက်ကြွလန်းဆန်းမှုနှင့် တုံ့ပြန်မှုတို့ကိုစမ်းသပ်သော မေးခွန်းများကို အတွဲလိုက်ဖြေဆိုစေပါတယ်။ ထို့ပြင် နိုးနေသောအချိန်တိုင်း တစ်နာရီလျှင် တစ်ကြိမ် စိတ်ပိုင်းဆိုင်ရာအပြုအမူနှင့်ပတ်သက်သော စမ်းသပ်မှုများတွင် ပါဝင်စေပါတယ်။

ပထမနှစ်ရက်တွင် ကဖိန်းဓာတ်သောက်သုံးထားသူများအဖွဲ့က ပိုမိုပျော်ရွှင်ကာ မြန်ဆန်သောတုံ့ပြန်မှုများကို လုပ်ဆောင်နိုင်သော်လည်း နောက်သုံးရက်တွင်မူ ထူးခြားမှုကို မတွေ့ရတော့ပေ။ ထူးခြားချက်မှာ နောက်ဆုံးနေ့များတွင် ကဖိန်းသောက်သုံးသောအဖွဲ့က မသောက်သုံးသူများထက် ပိုမိုစိတ်အနှောင့်အယှက်ဖြစ်နေသည်ကို တွေ့ရှိရကြောင်း သုတေသနပညာရှင်များကပြောကြားထားပါတယ်။

ယခု သုတေသနပြုလုပ်ချက်တွင် နေ့စဉ်နေ့တိုင်း ကဖိန်းဓာတ်ပမာဏကို တူညီစွာသောက်သုံးစေခဲ့ကြောင်းနှင့် ပမာဏတိုးပေးပါက မည်ကဲ့သို့အဖြေထွက်နိုင်သည်ကို မသိကြောင်းလည်း ရှင်းပြခဲ့ပါတယ်။


Credit:drmyanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top