iMyanmarHouse.com - Best Property Website for Myanmar
×

ေနာက္ဆံုးေလ့လာေတြ႔ရွိခ်က္အရ ေသြးခဏ ခဏ တိုး တတ္သူမ်ား အဓိက ေရွာင္ရမည့္အရာမွာ ဆားမဟုတ္ဘဲ သၾကားျဖစ္သည္ဟု သိရသည္။

Kansas ႏွင့္ New York မွ သိပံၸပညာရွင္မ်ားက ဆားႏွင့္ လံုးဝပတ္သက္မႈ မရွိေသာ ေသြးတိုးရွိသည့္ အရြယ္ေရာက္ၿပီးေသာ ျပင္သစ္လူမ်ိဳး (၈၆၇၀)အား သုေတသနျပဳရာမွ ယင္းရလဒ္ ထြက္ေပၚခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

တေန႔လွ်င္ သၾကားကို ငါးဇြန္းမွ ခုႏွစ္ဇြန္း စားသံုးေလ့ရွိသည့္ သူမ်ားဟာ ဆီးခ်ိဳေရာဂါ အမ်ိဳးအစား(၂) ျဖစ္ႏိုင္သည္ဟု ေတြးယူဆရေၾကာင္း ကၽြမ္းက်င္သူမ်ားက ၿပီးခဲ့သည့္ ဇြန္လတြင္ တရားဝင္ သတိေပးခဲ့ၿပီးျဖစ္သည္။

လူ႔ခႏၶာကိုယ္၌ သၾကားဓါတ္ မ်ားပါက hypothalamus လို႔ေခၚတဲ့ ဦးေႏွာက္အစိတ္အပိုင္းက ႏွလံုးခပ္ျမန္ျမန္ခုန္ေစကာ ေသြးဖိအားျမင့္ေစသည္ဟု အေမရိကန္သုေတသီမ်ားက ယံုၾကည္ၾကသည္။

ထို႔ျပင္ မိမိခႏၶာကိုယ္ထဲရွိ သၾကားဓါတ္က ေသြးထဲပါဝင္သည့္ သၾကားဓါတ္ကို ထိန္းညႇိေပးသည့္ insulinမ်ားအား ပိုမို ထုတ္လႊတ္ေပးသျဖင့္ ႏွလံုးခုန္ျမန္ေစကာ ေသြတိုးေစလာေၾကာင္းလည္း သိရသည္။

လြန္ခဲ့သည့္ ႏွစ္မ်ားစြာကတည္းက ဆားကို တေန႔ လၻက္ရည္ဇြန္း တစ္ဇြန္းထက္မပိုဘဲ စားသံုးၾကရန္ ႏွင့္ ကမာၻတဝွမ္း ႏွစ္စဥ္ ေသြးတိုးေရာဂါျဖင့္ ေသဆံုးသူဦးေရ သိန္းသံုးဆယ္ ရွိေၾကာင္းကို ကၽြမ္းက်င္သူမ်ားက ဆိုခဲ့သည္။

Credit:Burmeseheart


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


နောက်ဆုံးလေ့လာတွေ့ရှိချက်အရ သွေးခဏ ခဏ တိုး တတ်သူများ အဓိက ရှောင်ရမည့်အရာမှာ ဆားမဟုတ်ဘဲ သကြားဖြစ်သည်ဟု သိရသည်။

Kansas နှင့် New York မှ သိပ္ပံပညာရှင်များက ဆားနှင့် လုံးဝပတ်သက်မှု မရှိသော သွေးတိုးရှိသည့် အရွယ်ရောက်ပြီးသော ပြင်သစ်လူမျိုး (၈၆၇၀)အား သုတေသနပြုရာမှ ယင်းရလဒ် ထွက်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တနေ့လျှင် သကြားကို ငါးဇွန်းမှ ခုနှစ်ဇွန်း စားသုံးလေ့ရှိသည့် သူများဟာ ဆီးချိုရောဂါ အမျိုးအစား(၂) ဖြစ်နိုင်သည်ဟု တွေးယူဆရကြောင်း ကျွမ်းကျင်သူများက ပြီးခဲ့သည့် ဇွန်လတွင် တရားဝင် သတိပေးခဲ့ပြီးဖြစ်သည်။

လူ့ခန္ဓာကိုယ်၌ သကြားဓါတ် များပါက hypothalamus လို့ခေါ်တဲ့ ဦးနှောက်အစိတ်အပိုင်းက နှလုံးခပ်မြန်မြန်ခုန်စေကာ သွေးဖိအားမြင့်စေသည်ဟု အမေရိကန်သုတေသီများက ယုံကြည်ကြသည်။

ထို့ပြင် မိမိခန္ဓာကိုယ်ထဲရှိ သကြားဓါတ်က သွေးထဲပါဝင်သည့် သကြားဓါတ်ကို ထိန်းညှိပေးသည့် insulinများအား ပိုမို ထုတ်လွှတ်ပေးသဖြင့် နှလုံးခုန်မြန်စေကာ သွေတိုးစေလာကြောင်းလည်း သိရသည်။

လွန်ခဲ့သည့် နှစ်များစွာကတည်းက ဆားကို တနေ့ လ္ဘက်ရည်ဇွန်း တစ်ဇွန်းထက်မပိုဘဲ စားသုံးကြရန် နှင့် ကမ္ဘာတဝှမ်း နှစ်စဉ် သွေးတိုးရောဂါဖြင့် သေဆုံးသူဦးရေ သိန်းသုံးဆယ် ရှိကြောင်းကို ကျွမ်းကျင်သူများက ဆိုခဲ့သည်။

Credit:Burmeseheart

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top