iMyanmarHouse.com - Best Property Website for Myanmar
×
Credit :trend myanmar
#Unicode Version
ကမ္ဘာပေါ်မှာရှိတဲ့ လူအများစုက ညာသန်တွေဖြစ်ပြီး လူဦးရေရဲ့ ၁၂%လောက်ကသာ ဘယ်သန်သမားတွေဖြစ်ပါတယ်။ ဒီ ၁၂%ထဲက အများစုကတော့ အမျိုးသားတွေဖြစ်ပါတယ်။ ဒီလိုရှားပါးတဲ့ ဘယ်သန်သမားတွေမှာ ထူးခြားတဲ့ စိတ်ဝင်စားစရာအချက်တွေ အများကြီးရှိပါတယ်။
- ဘယ်သန်ခြင်းက မျိုးဗီဇအရဖြစ်တတ်ပြီး ဗြိတိသျှတော်ဝင်မိသားစုထဲက ဘယ်သန်တွေကတော့ အဲလိဇဘက်ဘုရင်မ II ၊ မင်းသားချားလ်စ်၊ မင်းသားဝီလျံတို့ဖြစ်ပါတယ်။
- အဲလ်ဘတ်အိုင်းစတိုင်း၊ အိုင်ဆက်နယူတန်၊ချားစ်ဒါဝင်၊ ဘင်ဂျမင် ဖရန်ကလင် တို့ကဘယ်သန်တွေဖြစ်ပါတယ်။
- ဘယ်သန်သမားတွေက ညာသန်တွေထက် ၉ နှစ်ခန့် ပိုစောပြီးသေဆုံးလေ့ရှိတတ်ကြပါတယ်။
- ဘယ်သန်အများစုက ပုံဆွဲတဲ့အခါ ညာဘက်ကိုမျက်နှာမူနေတဲ့ပုံတွေကို ဆွဲလေ့ရှိပါတယ်။
- သုတေသီတွေက ပျမ်းမျှအားဖြင့် ဘယ်သန်တွေက ညာသန်သမားတွေထက် အရွယ်ရောက်တဲ့အချိန် နောက်ကျလေ့ရှိတယ်လို့ ဆိုပါတယ်။
- သမ္မာကျမ်းစာထဲမှာ ညာဘက်လက်အကြောင်း အကြိမ် ၁၀၀ ခန့်ဖော်ပြထားပြီး အားလုံးကောင်းတဲ့ သဘောဆောင်ပါတယ်။ ဘယ်လက်အကြောင်းကို ၂၅ ကြိမ်သာဖော်ပြထားပြီး အားလုံးကတော့ မကောင်းတဲ့သဘောဆောင်နေတဲ့ ဖော်ပြချက်တွေဖြစ်ပါတယ်။
- ဓလေ့ထုံးစံတစ်ခုအရ ဘယ်ဘက်လက်ယားရင် ငွေဆုံးရှုံးမယ်။ ညာဘက်လက်ယားရင် ငွေဝင်မယ်လို့ ယုံကြည်ကြပါတယ်။
- ဘယ်သန်တွေက ခေါင်းတစ်ခြမ်းကိုက်ရောဂါပိုဖြစ်နိုင်ပါတယ်။
- အသက် ၄၀ ကျော်မှကိုယ်ဝန်ဆောင်တဲ့ မိခင်တွေမှာ ဘယ်သန်သားသမီးရနိုင်ချေပိုများတယ်။
- ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်ဖြစ်သူစိတ်ဖိစီးမှုခံစားရရင် ဘယ်သန်ကလေးမွေးနိုင်ချေ ပိုများပါတယ်။
- ဘယ်သန်သမားတွေရဲ့ ဦးနှောက်ဘယ်ခြမ်းနဲ့ ညာခြမ်းဆက်သွယ်မှုက ပိုမြန်တဲ့အတွက် ဘယ်သန်တွေက တစ်ချိန်တည်းမှာ အလုပ်အများကြီးကို အဆင်ပြေပြေ လုပ်နိုင်လေ့ရှိပါတယ်။
- ယေးလ်တက္ကသိုလ်ရဲ့ ၂၀၁၃ ခုနှစ်ကပြုလုပ်တဲ့စစ်တမ်းအရ ဘယ်သန်သမားတွေက စိတ်ကစဥ့်ကလျားရောဂါခံစားရနိုင်ချေ အရမ်းများတယ်လို့ ဆိုပါတယ်။
- ဘယ်သန်သမားတွေက စိတ်ပိုင်းဆိုင်ရာ အရည်အချင်းပြည့်စုံပြီး ဖန်တီးနိုင်စွမ်းအရမ်းကောင်းပါတယ်။ သချာၤနဲ့ ဗိသုကာပညာတွေမှာ ထူးချွန်တယ်။
- ဘယ်သန်တွေက ဓာတ်မတည့်တဲ့ရောဂါ ပိုပြီးဖြစ်နိုင်ချေရှိပါတယ်။
- စကော့တလန်နိုင်ငံမှာ ကံမကောင်းတဲ့ လူတစ်ယောက်ကို ပြောလေ့ရှိတဲ့ စကားပုံတစ်ခုရှိပါတယ်။ သူ့ကို ဘယ်သန်ဘုန်းတော်ကြီးတစ်ပါးက နှစ်ခြင်းမင်္ဂလာပြုပေးခဲ့တာကြောင့် ဒီလိုကံဆိုးမှုတွေ ကြုံရတာဖြစ် မယ် ဆိုတဲ့ ဆိုရိုးပဲ ဖြစ်ပါတယ်။
- ဘယ်သန်သမားတွေက ဘေ့စ်ဘော၊ တင်းနစ်လိုအားကစားမျိုးတွေနဲ့ပတ်သက်ရင် ထူးချွန်တတ်ကြပါ တယ်။
- ဘယ်ဘက်လက်မှာရှိတဲ့လက်သည်းက ညာဘက်လက်မှာရှိတဲ့ လက်သည်းထက် ရှည်တာ ပိုမြန်ပါတယ်။
Credit :trend myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top