iMyanmarHouse.com - Best Property Website for Myanmar
×

ပထမအေခြ ေရွာ့ခ္၊ ဒုတိယအေခြ ကလီယိုပက္ထရာနဲ႕ တတိယအေခြ Queen အေခြေတြ ထြက္ရွိခဲ့ျပီး ရက္ပ္ေတြ သီဆုိတဲ့ ထူးထူးျခားျခား အမ်ိဳးသမီးတစ္ဦးကေတာ့ အဆုိေတာ္ စႏၵီျမင့္လြင္ပါ။ သူမေနာက္ဆံုးထြက္ရွိခဲ့တဲ့ Queen စီဒီ အေခြေလးဟာဆိုရင္ ၂၀၁၅ ၊ ၁၂ လပိုင္း ၂၀ ရက္ေန႕မွာထြက္ရွိခဲ့သလုိ သီခ်င္း၈ပုဒ္ သာပါ၀င္ခဲ့ၿပီး အဲ့ဒီအေခြရဲ႕ ဒီဗီဒီကုိ ၂၀၁၆ ႏွစ္ကုန္ပုိင္း မွာထြက္ရွိႏုိင္ေအာင္ အစြမ္းကုန္ၾကိဳးစားရိုက္ကူးေနတယ္လို႕သိရပါတယ္။ နာမည္ၾကီးမင္းသားမင္းသမီးေတြအျပင္ တက္သစ္စ ေမာ္လ္ဒယ္သရုပ္ေဆာင္မ်ားပါမက်န္ သိုက္သိုက္၀န္း၀န္းနဲ႕ပံုေဖာ္ရုိက္ကူးထားတဲ့ စႏၵီျမင့္လြင္ရဲ႕ Queen အမ္တီဗီအေၾကာင္းနဲ႕လက္ရွိ ဂီတလႈပ္ရွားမႈမ်ားကို သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-အခုလက္ရွိ ဂီတလႈပ္ရွားမႈကိုလဲ သိခ်င္ပါတယ္။

ဒီဒီရဲ႕ အမ္တီဗီေခြေလး ၁၂ လပိုင္း ဒါမွမဟုတ္ ၁ လပိုင္းေလာက္ထြက္ႏုိင္ေအာင္ၾကိဳးစားေနပါတယ္။ သီခ်င္းကလဲ ၈ပုဒ္ပဲပါတာဆိုေတာ့ အားလံုးကုိရုိက္ျဖစ္ပါတယ္။

-အခုဆိုရင္ ခုိးကူးေခတ္မဟုတ္ေတာ့တဲ့ Download link ေခတ္ဆိုေတာ့ အဲ့ဒီအေပၚမွာ အဆိုေတာ္တစ္ေယာက္အေနနဲ႕ ဒီဒီရဲ႕ အျမင္ေလးကိုလဲသိခ်င္ပါတယ္။

အဲ့ဒါက အင္တာနက္ရွိေနေတာ့ေလ။ အကုန္လံုးက ေဖ့စ္ဘြတ္သံုးၾကတယ္။ ေနာက္ေဖ့စ္ဘြတ္ကုိ မသံုးနဲ႕လို႕လဲတားလို႕မရသလို၊ မရွိနဲ႕လို႕လဲလုပ္လို႕မရတဲ့ အရာျဖစ္ေနတာေၾကာင့္လဲပါတယ္။ ဒီဒီးလဲ အဲ့ဒီအပိုင္းနဲ႕ပတ္သက္ၿပီး သိပ္မမွီေတာ့ေသခ်ာမေျပာျပတတ္ဘူး။ တစ္ခါတစ္ေလကိုယ္တိုင္ေတာင္ ေဖ့စ္ဘြတ္မွာတက္လာတဲ့သီခ်င္းေလးေတြကုိ နားေထာင္ၿပီးကိုယ္ၾကိဳက္ေတာ့မွ ျပန္၀ယ္တာမ်ိဳးေတြရွိတယ္။ ဒါကအရမ္းလြယ္ေနတယ္ဆုိေတာ့ ဘယ္သူမွက အေခြကုိသီးသန္႕ၾကီးသြား၀ယ္ေနမွာ မဟုတ္ဘူးေလ။ အလြယ္တကူပဲ ေတြ႕တဲ့ေနရာကေဒါင္းၾကမယ္။ သူငယ္ခ်င္းအခ်င္းခ်င္း Share လုိ႕ကလဲလြယ္ကူေနေတာ့ သြားတားလို႕ေတာ့မရဘူးေပါ့။

-သရုပ္ေဆာင္အေနနဲ႕ေရာ ဘယ္သူေတြပါဦးမလဲ။

သရုပ္ေဆာင္ေတာ္ေတာ္မ်ားမ်ားပါတယ္။ သူငယ္ခ်င္းေတြေရာ ၊ ေနာက္ၿပီးေတာ့ မင္းသား ထဲမွာဆုိရင္လဲ တီတီတို႕ကိုေအာင္ရဲလင္းတို႕တျခားဒီးဒီသူငယ္ခ်င္းေတြ ေတာ္ေတာ္မ်ားမ်ားပါပါတယ္။

-ဒီဒီကိုယ္တိုင္ေရာ ဘယ္ႏွပုဒ္ေလာက္ပါ၀င္သရုပ္ေဆာင္ထားလဲ။

ေတာ္ေတာ္မ်ားမ်ားဒီဒီပါတယ္။ ဘာလို႕လဲဆိုေတာ့ကိုယ္သရုပ္မေဆာင္ရင္ေတာင္ သီခ်င္းဆိုတဲ့ကဒ္ေလးေတြမွာကိုကပါေနတယ္ဆိုေတာ့ ေတာ္ေတာ္မ်ားမ်ားမွာဒီဒီပါတယ္ေပါ့ေနာ္။

-ခ်စ္ေနတုန္းပဲ Version 2 ကိုေရာ ဘယ္လုိပံုစံမ်ိဳးေလးရုိက္ထားလဲ။

ဒါရုိက္တာ ကိုထူးပိုင္ေဇာ္ရုိက္ထားၿပီးေတာ့ ဒီဒီရယ္၊ ကိုေအာင္ရဲလင္းရယ္ သရုပ္ေဆာင္ထားပါတယ္။

-အမ္တီဗီအျပင္ တျခားဘာေတြေရာ လက္ခံထားေသးလဲ။

ရိႈးေတြလုိက္ဆုိျဖစ္တယ္။ ေနာက္အတြဲေခြေလးေတြရွိမယ္။ Ve Ve Anniversary မွာေတာ့ ေအးေဆးပဲဆိုတဲ့ သီခ်င္းေလးတစ္ပုဒ္ဆိုထားတယ္။ ေနာက္တျခားသီခ်င္းေတြလဲဆိုေပးျဖစ္တာရွိပါတယ္။

-စိုးျပည့္နဲ႕လုပ္ေနတဲ့အေခြကေရာ ဘယ္အေျခအေနေလာက္ရွိသြားၿပီလဲ။

အဲ့ဒါက ေလာေလာဆယ္မွာ ဒီဒီဆိုတဲ့အပိုင္းေတာ့ၿပီးသြားၿပီ။ ဇင္ဇင္တို႕ဖက္ကက်န္ေသးတယ္။ သူတို႕ဆက္စီစဥ္ေနတယ္ေပါ့။ ဘယ္ေတာ့ထြက္ျဖစ္မလဲဆိုတာေတာ့ မေျပာတတ္ေသးပါဘူး။ ဒီဒီအမ္တီဗီေလးထြက္ၿပီး မွသူထြက္မယ္ထင္ပါတယ္။

-အခုလက္ရွိမွာ ဘယ္သူ႕သီခ်င္းေတြကိုေရာ အမ်ားဆံုးနားေထာင္ျဖစ္ေနလဲ။

ၾကိဳက္တာကေတာ့ ဒီဒီကဒီကသီခ်င္းေတြေရာ ဟိုကသီခ်င္းေတြေရာအကုန္ၾကိဳက္တယ္။ နားေထာင္ၿပီဆိုလဲ တစ္ပုဒ္မေရြးနားေထာင္တယ္။ တစ္ပုဒ္တည္းကိုေရြးထုတ္ၿပီးနားေထာင္တာမ်ိဳးအရမ္းရွားတယ္။ အားလံုးကိုနားေထာင္ပါတယ္။

-သီတင္းကၽြတ္ကိုေရာ ဘယ္လိုျဖတ္သန္းျဖစ္ခဲ့လဲ။

ဒီဒီသီခ်င္းပဲဆိုျဖစ္ပါတယ္။ တျခားေထြေထြထူးထူးလဲဘာမွသိပ္မလုပ္ျဖစ္ဘူး။

-တန္ေဆာင္တုိင္ကိုေရာ ဘယ္မွာရွိမလဲ။

တန္ေဆာင္တုိင္ကို ဒီဒီစင္ကာပူမွာသြားဆိုရမွာပါ။ ပထမကေတာ့ ရန္ကုန္မွာဆုိမလို႕ပဲ။ ဒါေပမဲ့ စင္ကာပူပြဲကလက္ခံထားၿပီးသားျဖစ္ေနေတာ့ ဒီဒီစင္ကာပူကိုသြားရမယ္။ တန္ေဆာင္တိုင္က စင္ကာပူမွာပဲေပါ့။

-ဒီဒီ၀ိတ္နည္းနည္းက်သြားသလုိပဲ။

ဟုတ္လို႕လား။ မက်ပါဘူး။ ၀ေနတာပါ။

-အရင္ထက္လဲ နည္းနည္းပိုမိုက္လာတယ္ ။ ကုိယ့္ရဲ႕ ခႏၵာကိုယ္ပိုင္းကိုေရာ ဘယ္လိုထိန္းသိမ္းျဖစ္လဲ။

ထင္လို႕ပါ။ ဒီဒီ၀ေတာ့၀ေနပါေသးတယ္။ Gym ကေတာ့ ေဆာ့ေတာ့ေဆာ့ျဖစ္တယ္။ ဒါေပမဲ့ အရမ္း ၀ိတ္က်ေအာင္ေဆာ့တာမ်ိဳးေတာ့ မဟုတ္ဘူးေပါ့။ ေပါင္ေတြကမက်ဘူး။ ေပါင္ခ်ိန္ကအရမ္းတက္ေနတယ္လို႕ကိုယ့္ဟာကိုယ္ခံစားေနရတယ္။

--အခုဆံပင္ပံုစံေလးကိုေရာ ထပ္ခ်ိန္းဖို႕ရွိဦးမလား။

ဒီဒီက ဆံပင္အရွည္ၾကိဳက္တယ္။ အတိုက ဒီဒီထားတာေတာ္ေတာ္ၾကာေနၿပီ။ ဆံပင္မရွည္တာ ၃ ႏွစ္ေလာက္ရွိေနၿပီဆိုေတာ့ အခုဒီဆံပင္ကို ထပ္မညွပ္ေတာ့ဘူး။ အရွည္ပဲထားေတာ့မွာပါ။

-သီတင္းကၽြတ္ၿပီးၿပီဆိုေတာ့ တခ်ိဳ႕အႏုပညာရွင္ေတြလဲ မဂၤလာေဆာင္တဲ့သူေတြရွိၾကတယ္။ မဂၤလာသတင္းေတြလဲရွိေနၾကတယ္ေပါ့။ ဒီဒီရဲ႕ မဂၤလာသတင္းကေရာ ဘယ္ေတာ့ေလာက္ျဖစ္မလဲ။

ၾကားရၿပီဆုိ စာနယ္ဇင္းေတြကို အရင္ဆံုးေျပာျပမွာပါ။ အခုကေတာ့ သူမ်ားေတြအတြက္ပဲ ၀မ္းသာေပးေနရတာေပါ့။ ကိုယ့္ရဲ႕ မဂၤလာသတင္းကေတာ့ မရွိေသးပါဘူး။ ထူးျခားၿပီဆို စာနယ္ဇင္းေတြကုိ အရင္ေျပာျပမယ္ေလ။

-ကိုယ့္ရဲ႕အႏုပညာေမာင္ႏွမေတြ၊ ကိုယ့္ပရိသတ္ေတြက မဂၤလာေဆာင္ေနၾကေတာ့ သူတုိ႕အတြက္ အမွတ္တရစကားေလးေျပာေပးပါဦး။

ေကာင္းပါတယ္။ ကိုယ္ခ်စ္တဲ့သူနဲ႕လက္တြဲရတဲ့ဟာမွာ အားလံုးကေကာင္းေကာင္းမြန္မြန္နဲ႕ ကုိယ္ကခ်စ္တဲ့သူ ကုိယ့္ကိုခ်စ္တဲ့သူနဲ႕တစ္ဘ၀လံုးအတူတူေနသြားဖို႕အတြက္ မဂၤလာေဆာင္ၾကတယ္။ လက္ထပ္ၾကတယ္ဆုိေတာ့ ဒါမဂၤလာသတင္းပဲေလ။ အဲ့ဒါေၾကာင့္ အားလံုးအတြက္၀မ္းသာပါတယ္။

-ဒီဒီကုိအခုေနာက္ပိုင္းကားရိုက္ပုိင္းမွာလံုး၀မေတြ႕ရေတာ့ဘူး။

ဒီဒီ ၁၁ လပိုင္းမွာေတာ့ ဧည့္သည္သရုပ္ေဆာင္ပါပဲ။ မင္းသားမင္းသမီးေတြ အမ်ားၾကီး ႏွစ္ရက္စီ ရုိက္ေပးၾကမဲ့ကားေလးမွာ ဒီဒီလဲႏွစ္ရက္သြားရိုက္ေပးမယ္။ ဒါကလဲကူညီေပးတဲ့သေဘာမ်ဳိးနဲ႕ပဲ အခုေနာက္ပုိင္းက၀င္ရုိက္ေပးတာမ်ိဳးပဲရွိတယ္။ အရင္လို တစ္ေယာက္ထဲအေနနဲ႕ရုပ္ရွင္သီးသန္႕၀င္ရုိက္တာမ်ိဳးကေလာေလာဆယ္ေတာ့ မရွိေသးပါဘူး။

-အခုေနာက္ပိုင္းမွာ ကိုယ့္ကုိကိုယ္ေျပာင္းလဲလာတယ္လို႕ထင္တဲ့အရာေတြကေရာ ဘယ္အရာေတြျဖစ္မလဲ။

ေထြေထြထူးထူးေတာ့မရွိပါဘူး။ ဒါေပမဲ့ ကိုယ့္ကိုကုိယ္ငယ္သြားတယ္လို႕ေတာ့ခံစားရတယ္။

-ဒီဒီရဲ႕သီခ်င္းေတြကို တစ္ပုဒ္မက်န္ေစာင့္ေမွ်ာ္အားေပးေနတဲ့ ပရိသတ္ၾကီးကိုေရာ ဘာမ်ားေျပာခ်င္ေသးလဲ။

ဒီဒီ ဒီႏွစ္မကုန္ခင္မွာ သီခ်င္းသစ္ႏွစ္ပုဒ္ထြက္လာဖို႕ရွိပါတယ္။ အားလံုးေစာင့္ေမွ်ာ္အားေပးၾကပါလို႕ေျပာခ်င္ပါတယ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ပထမအခွေ ရှော့ခ်၊ ဒုတိယအခွေ ကလီယိုပက်ထရာနဲ့ တတိယအခွေ Queen အခွေတွေ ထွက်ရှိခဲ့ပြီး ရက်ပ်တွေ သီဆိုတဲ့ ထူးထူးခြားခြား အမျိုးသမီးတစ်ဦးကတော့ အဆိုတော် စန္ဒီမြင့်လွင်ပါ။ သူမနောက်ဆုံးထွက်ရှိခဲ့တဲ့ Queen စီဒီ အခွေလေးဟာဆိုရင် ၂၀၁၅ ၊ ၁၂ လပိုင်း ၂၀ ရက်နေ့မှာထွက်ရှိခဲ့သလို သီချင်း၈ပုဒ် သာပါဝင်ခဲ့ပြီး အဲ့ဒီအခွေရဲ့ ဒီဗီဒီကို ၂၀၁၆ နှစ်ကုန်ပိုင်း မှာထွက်ရှိနိုင်အောင် အစွမ်းကုန်ကြိုးစားရိုက်ကူးနေတယ်လို့သိရပါတယ်။ နာမည်ကြီးမင်းသားမင်းသမီးတွေအပြင် တက်သစ်စ မော်လ်ဒယ်သရုပ်ဆောင်များပါမကျန် သိုက်သိုက်ဝန်းဝန်းနဲ့ပုံဖော်ရိုက်ကူးထားတဲ့ စန္ဒီမြင့်လွင်ရဲ့ Queen အမ်တီဗီအကြောင်းနဲ့လက်ရှိ ဂီတလှုပ်ရှားမှုများကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိ ဂီတလှုပ်ရှားမှုကိုလဲ သိချင်ပါတယ်။

ဒီဒီရဲ့ အမ်တီဗီခွေလေး ၁၂ လပိုင်း ဒါမှမဟုတ် ၁ လပိုင်းလောက်ထွက်နိုင်အောင်ကြိုးစားနေပါတယ်။ သီချင်းကလဲ ၈ပုဒ်ပဲပါတာဆိုတော့ အားလုံးကိုရိုက်ဖြစ်ပါတယ်။

-အခုဆိုရင် ခိုးကူးခေတ်မဟုတ်တော့တဲ့ Download link ခေတ်ဆိုတော့ အဲ့ဒီအပေါ်မှာ အဆိုတော်တစ်ယောက်အနေနဲ့ ဒီဒီရဲ့ အမြင်လေးကိုလဲသိချင်ပါတယ်။

အဲ့ဒါက အင်တာနက်ရှိနေတော့လေ။ အကုန်လုံးက ဖေ့စ်ဘွတ်သုံးကြတယ်။ နောက်ဖေ့စ်ဘွတ်ကို မသုံးနဲ့လို့လဲတားလို့မရသလို၊ မရှိနဲ့လို့လဲလုပ်လို့မရတဲ့ အရာဖြစ်နေတာကြောင့်လဲပါတယ်။ ဒီဒီးလဲ အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီး သိပ်မမှီတော့သေချာမပြောပြတတ်ဘူး။ တစ်ခါတစ်လေကိုယ်တိုင်တောင် ဖေ့စ်ဘွတ်မှာတက်လာတဲ့သီချင်းလေးတွေကို နားထောင်ပြီးကိုယ်ကြိုက်တော့မှ ပြန်ဝယ်တာမျိုးတွေရှိတယ်။ ဒါကအရမ်းလွယ်နေတယ်ဆိုတော့ ဘယ်သူမှက အခွေကိုသီးသန့်ကြီးသွားဝယ်နေမှာ မဟုတ်ဘူးလေ။ အလွယ်တကူပဲ တွေ့တဲ့နေရာကဒေါင်းကြမယ်။ သူငယ်ချင်းအချင်းချင်း Share လို့ကလဲလွယ်ကူနေတော့ သွားတားလို့တော့မရဘူးပေါ့။

-သရုပ်ဆောင်အနေနဲ့ရော ဘယ်သူတွေပါဦးမလဲ။

သရုပ်ဆောင်တော်တော်များများပါတယ်။ သူငယ်ချင်းတွေရော ၊ နောက်ပြီးတော့ မင်းသား ထဲမှာဆိုရင်လဲ တီတီတို့ကိုအောင်ရဲလင်းတို့တခြားဒီးဒီသူငယ်ချင်းတွေ တော်တော်များများပါပါတယ်။

-ဒီဒီကိုယ်တိုင်ရော ဘယ်နှပုဒ်လောက်ပါဝင်သရုပ်ဆောင်ထားလဲ။

တော်တော်များများဒီဒီပါတယ်။ ဘာလို့လဲဆိုတော့ကိုယ်သရုပ်မဆောင်ရင်တောင် သီချင်းဆိုတဲ့ကဒ်လေးတွေမှာကိုကပါနေတယ်ဆိုတော့ တော်တော်များများမှာဒီဒီပါတယ်ပေါ့နော်။

-ချစ်နေတုန်းပဲ Version 2 ကိုရော ဘယ်လိုပုံစံမျိုးလေးရိုက်ထားလဲ။

ဒါရိုက်တာ ကိုထူးပိုင်ဇော်ရိုက်ထားပြီးတော့ ဒီဒီရယ်၊ ကိုအောင်ရဲလင်းရယ် သရုပ်ဆောင်ထားပါတယ်။

-အမ်တီဗီအပြင် တခြားဘာတွေရော လက်ခံထားသေးလဲ။

ရှိုးတွေလိုက်ဆိုဖြစ်တယ်။ နောက်အတွဲခွေလေးတွေရှိမယ်။ Ve Ve Anniversary မှာတော့ အေးဆေးပဲဆိုတဲ့ သီချင်းလေးတစ်ပုဒ်ဆိုထားတယ်။ နောက်တခြားသီချင်းတွေလဲဆိုပေးဖြစ်တာရှိပါတယ်။

-စိုးပြည့်နဲ့လုပ်နေတဲ့အခွေကရော ဘယ်အခြေအနေလောက်ရှိသွားပြီလဲ။

အဲ့ဒါက လောလောဆယ်မှာ ဒီဒီဆိုတဲ့အပိုင်းတော့ပြီးသွားပြီ။ ဇင်ဇင်တို့ဖက်ကကျန်သေးတယ်။ သူတို့ဆက်စီစဉ်နေတယ်ပေါ့။ ဘယ်တော့ထွက်ဖြစ်မလဲဆိုတာတော့ မပြောတတ်သေးပါဘူး။ ဒီဒီအမ်တီဗီလေးထွက်ပြီး မှသူထွက်မယ်ထင်ပါတယ်။

-အခုလက်ရှိမှာ ဘယ်သူ့သီချင်းတွေကိုရော အများဆုံးနားထောင်ဖြစ်နေလဲ။

ကြိုက်တာကတော့ ဒီဒီကဒီကသီချင်းတွေရော ဟိုကသီချင်းတွေရောအကုန်ကြိုက်တယ်။ နားထောင်ပြီဆိုလဲ တစ်ပုဒ်မရွေးနားထောင်တယ်။ တစ်ပုဒ်တည်းကိုရွေးထုတ်ပြီးနားထောင်တာမျိုးအရမ်းရှားတယ်။ အားလုံးကိုနားထောင်ပါတယ်။

-သီတင်းကျွတ်ကိုရော ဘယ်လိုဖြတ်သန်းဖြစ်ခဲ့လဲ။

ဒီဒီသီချင်းပဲဆိုဖြစ်ပါတယ်။ တခြားထွေထွေထူးထူးလဲဘာမှသိပ်မလုပ်ဖြစ်ဘူး။

-တန်ဆောင်တိုင်ကိုရော ဘယ်မှာရှိမလဲ။

တန်ဆောင်တိုင်ကို ဒီဒီစင်ကာပူမှာသွားဆိုရမှာပါ။ ပထမကတော့ ရန်ကုန်မှာဆိုမလို့ပဲ။ ဒါပေမဲ့ စင်ကာပူပွဲကလက်ခံထားပြီးသားဖြစ်နေတော့ ဒီဒီစင်ကာပူကိုသွားရမယ်။ တန်ဆောင်တိုင်က စင်ကာပူမှာပဲပေါ့။

-ဒီဒီဝိတ်နည်းနည်းကျသွားသလိုပဲ။

ဟုတ်လို့လား။ မကျပါဘူး။ ဝနေတာပါ။

-အရင်ထက်လဲ နည်းနည်းပိုမိုက်လာတယ် ။ ကိုယ့်ရဲ့ ခန္ဒာကိုယ်ပိုင်းကိုရော ဘယ်လိုထိန်းသိမ်းဖြစ်လဲ။

ထင်လို့ပါ။ ဒီဒီဝတော့ဝနေပါသေးတယ်။ Gym ကတော့ ဆော့တော့ဆော့ဖြစ်တယ်။ ဒါပေမဲ့ အရမ်း ဝိတ်ကျအောင်ဆော့တာမျိုးတော့ မဟုတ်ဘူးပေါ့။ ပေါင်တွေကမကျဘူး။ ပေါင်ချိန်ကအရမ်းတက်နေတယ်လို့ကိုယ့်ဟာကိုယ်ခံစားနေရတယ်။

--အခုဆံပင်ပုံစံလေးကိုရော ထပ်ချိန်းဖို့ရှိဦးမလား။

ဒီဒီက ဆံပင်အရှည်ကြိုက်တယ်။ အတိုက ဒီဒီထားတာတော်တော်ကြာနေပြီ။ ဆံပင်မရှည်တာ ၃ နှစ်လောက်ရှိနေပြီဆိုတော့ အခုဒီဆံပင်ကို ထပ်မညှပ်တော့ဘူး။ အရှည်ပဲထားတော့မှာပါ။

-သီတင်းကျွတ်ပြီးပြီဆိုတော့ တချို့အနုပညာရှင်တွေလဲ မင်္ဂလာဆောင်တဲ့သူတွေရှိကြတယ်။ မင်္ဂလာသတင်းတွေလဲရှိနေကြတယ်ပေါ့။ ဒီဒီရဲ့ မင်္ဂလာသတင်းကရော ဘယ်တော့လောက်ဖြစ်မလဲ။

ကြားရပြီဆို စာနယ်ဇင်းတွေကို အရင်ဆုံးပြောပြမှာပါ။ အခုကတော့ သူများတွေအတွက်ပဲ ဝမ်းသာပေးနေရတာပေါ့။ ကိုယ့်ရဲ့ မင်္ဂလာသတင်းကတော့ မရှိသေးပါဘူး။ ထူးခြားပြီဆို စာနယ်ဇင်းတွေကို အရင်ပြောပြမယ်လေ။

-ကိုယ့်ရဲ့အနုပညာမောင်နှမတွေ၊ ကိုယ့်ပရိသတ်တွေက မင်္ဂလာဆောင်နေကြတော့ သူတို့အတွက် အမှတ်တရစကားလေးပြောပေးပါဦး။

ကောင်းပါတယ်။ ကိုယ်ချစ်တဲ့သူနဲ့လက်တွဲရတဲ့ဟာမှာ အားလုံးကကောင်းကောင်းမွန်မွန်နဲ့ ကိုယ်ကချစ်တဲ့သူ ကိုယ့်ကိုချစ်တဲ့သူနဲ့တစ်ဘဝလုံးအတူတူနေသွားဖို့အတွက် မင်္ဂလာဆောင်ကြတယ်။ လက်ထပ်ကြတယ်ဆိုတော့ ဒါမင်္ဂလာသတင်းပဲလေ။ အဲ့ဒါကြောင့် အားလုံးအတွက်ဝမ်းသာပါတယ်။

-ဒီဒီကိုအခုနောက်ပိုင်းကားရိုက်ပိုင်းမှာလုံးဝမတွေ့ရတော့ဘူး။

ဒီဒီ ၁၁ လပိုင်းမှာတော့ ဧည့်သည်သရုပ်ဆောင်ပါပဲ။ မင်းသားမင်းသမီးတွေ အများကြီး နှစ်ရက်စီ ရိုက်ပေးကြမဲ့ကားလေးမှာ ဒီဒီလဲနှစ်ရက်သွားရိုက်ပေးမယ်။ ဒါကလဲကူညီပေးတဲ့သဘောမျိုးနဲ့ပဲ အခုနောက်ပိုင်းကဝင်ရိုက်ပေးတာမျိုးပဲရှိတယ်။ အရင်လို တစ်ယောက်ထဲအနေနဲ့ရုပ်ရှင်သီးသန့်ဝင်ရိုက်တာမျိုးကလောလောဆယ်တော့ မရှိသေးပါဘူး။

-အခုနောက်ပိုင်းမှာ ကိုယ့်ကိုကိုယ်ပြောင်းလဲလာတယ်လို့ထင်တဲ့အရာတွေကရော ဘယ်အရာတွေဖြစ်မလဲ။

ထွေထွေထူးထူးတော့မရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုကိုယ်ငယ်သွားတယ်လို့တော့ခံစားရတယ်။

-ဒီဒီရဲ့သီချင်းတွေကို တစ်ပုဒ်မကျန်စောင့်မျှော်အားပေးနေတဲ့ ပရိသတ်ကြီးကိုရော ဘာများပြောချင်သေးလဲ။

ဒီဒီ ဒီနှစ်မကုန်ခင်မှာ သီချင်းသစ်နှစ်ပုဒ်ထွက်လာဖို့ရှိပါတယ်။ အားလုံးစောင့်မျှော်အားပေးကြပါလို့ပြောချင်ပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top