iMyanmarHouse.com - Best Property Website for Myanmar
×

ေလွ်ာက္ထားပါရေစ အရွင္ျမတ္ဘုရား။

ဗုဒၶဘာသာမွာ ထာဝရတည္ၿမဲေနသည့္ အသက္ေကာင္ ဝိညာဥ္ေကာင္ သုိ႔မဟုတ္ လိပ္ျပာေကာင္မရွိဟု ဆုိပါသည္။ သုိ႔ျဖစ္လွ်င္ ေနာက္ဘဝ၌ ပဋိသေႏၶေနၿပီး သံသရာလည္သည္မွာ မည္သည့္အရာျဖစ္ပါသနည္း။ ေနာက္ဘဝ၌ ပဋိသေႏၶသြားတည္သည္မွာ မည္သည့္အရာျဖစ္ပါသနည္း။ ေနာက္ဘဝပဋိသေႏၶေနၿပီး သံသရာလည္ပုံကို မရွင္းလင္းပါဘုရား။ လူမႈစီးပြားအေျခအေနအရ အမ်ဳိးသမီးမ်ား ပဋိသေႏၶတားလွ်င္ ဗုဒၶဘာသာ႐ႈေထာင့္မွ အျပစ္ရွိပါသလား။ မည္သုိ႔ယူဆပါနည္း အရွင္ဘုရား။

( သတုိးလွ )

ဝိညာဥ္ေကာင္မရွိ (အနတၱ)

စိတ္ပညာရွင္ ပါေမာကၡဂ်ိမ္းစ္က ဝိညာဥ္ေကာင္(ွသကူ)ကုိ ရွာမရတဲ့ ေနာက္ The thoughts themseives are the thinkers = အေတြးေတြ ဟာ ေတြးသူေတြပါပဲ’လုိ႔ အေျဖထုတ္ဖူးပါတယ္။ (Principles p.215)။ သမၼဳတိသစၥာ(ေခၚေဝၚသုံးစြဲမႈအမွန္)နယ္မွာ ပုဂိၢဳလ္သတၱဝါရွိတယ္ဆုိ တာကုိ ဗုဒၶဝါဒမျငင္းပါဘူး။ ဒါေပမဲ့ ပရမတၱသစၥာ(သဘာဝရွိအမွန္)နယ္ မွာေတာ့ ေျပာင္းလဲမသြားတဲ့ ထာဝရတည္ၿမဲေနတဲ့ အထည္ ကုိယ္ျဒပ္ တစ္ခု မရွိဘူးလို႔ျငင္းပါတယ္။

ဗုဒၶဝါဒက လူေတြ သတၱဝါေတြကုိ သႏၲတိ(ျဖစ္စဥ္)လို႔ပဲ ျမင္ပါတယ္။ ႐ုပ္တရားေတြဟာ စကၠန္႔ပုိင္းအတြင္းမွာ အႀကိမ္ေပါင္း ေျမာက္ျမားစြာ အေဟာင္းေတြခ်ဳပ္ၿပီး အသစ္ေတြျပန္ျဖစ္ေနသလို နာမ္ တရားေတြဟာလဲ ႐ုပ္ထက္ျမန္တဲ့ႏႈန္းနဲ႔ အႀကိမ္ေပါင္းကုေဋကုဋာခ်ီၿပီး အေဟာင္းခ်ဳပ္ အသစ္ေပၚ ျဖစ္ေနပါတယ္။ အဲဒီလို တရစပ္ျဖစ္ေနေအာင္ ကမၼစြမ္းအားအလ်ဥ္က တြန္းပုိ႔ပါတယ္။

‘ကမၼ(စြမ္းအား)ကုိ ျပဳလုပ္သူ အတၱ(ဝိညာဥ္ေကာင္)မရွိ၊ အက်ဳိးကုိခံစားသူ အတၱေကာင္ လည္းမရွိ၊ အမွန္မွာ ႐ုပ္နာမ္ဓမၼပရမတၱတရားတုိ႔သက္သက္သာ (ေၾကာင္းက်ဳိးဆက္ကာ) ျဖစ္ၾကကုန္၏။ ဤသုိ႔႐ႈျမင္မႈသည္ မွန္ကန္ေသာအျမင္ျဖစ္၏ (ဝိသုဒိၶ ႒ ၂၊ ၂၃၇)

အနတၱ သံသရာလည္ပုံ
*****************

ၿမိဳ႕ျပေၾကာ္ျငာေတြမွာ ေရာင္စုံလွ်ပ္စစ္မီးလုံးေလးေတြ ဆုိင္းဘုတ္ကုိပတ္ေျပးေနတာကုိ ေတြ႕ ဖူးပါလိမ့္မယ္။ လွ်ပ္စစ္စြမ္းအင္အလ်ဥ္တစ္လုံးၿပီးတစ္လုံးစီးခုိက္ ဆုံစည္းခုိက္မွာ တစ္လုံးလင္း တစ္လုံး မွိတ္ျဖစ္ေနတာကုိ အေဝးကၾကည့္ေတာ့ မီးလုံးေတြလည္ေနတာေပါ့။ အမွန္ေတာ့ လည္ေနတာက လွ်ပ္ စစ္စြမ္းအင္ပါ။ ေဘာလုံးတစ္လုံးကုိ လိွမ့္လုိက္လို႔ ေနာက္ေဘာလုံးကုိသြားထိရာမွာ ပထမေဘာလုံးက ရပ္ေနခဲ့ၿပီ၊ ဒုတိယေဘာလုံးက ဆက္လိမ့္ၿပီး ေနာက္တစ္လုံးကုိထိမယ္၊ လိမ့္မယ္။ ေဘာလုံးေတြ ေရြ႕ လ်ားမႈကုိျဖစ္ေပၚေစတာဟာ အရွိန္ သုိ႔မဟုတ္ သတိၱပဲ။

ေမြးဖြားျခင္းဆုိတာ ဗုဒၶဝါဒအလိုအရ ခႏၶာငါးပါးျဖစ္ေပၚလာျခင္း (ခႏၶာနံ ပါတုဘာေဝါ)ျဖစ္ ပါတယ္။ ပစၥဳပၸန္႐ုပ္နာမ္ျဖစ္စဥ္ဟာ ထာဝရဝတၱဳမရွိဘဲ တစ္ခုၿပီးတစ္ခုျဖစ္ေပၚသလို ဘဝခႏၶာအသစ္ ျဖစ္စဥ္မွာလဲ ဒီဘဝကေန ေနာက္ဘဝကုိကူးသြားတဲ့ ထာဝရဝတၴဳမရွိပါဘူး။ ေနာက္ဘဝ ခႏၶာသစ္ထပ္ ျဖစ္ဖုိ႔ တြန္းပုိ႔တာက အဲဒီကမၼစြမ္းအင္အလ်ဥ္ပါပဲ။ လွ်ပ္စစ္နဲ႔ေရြ႕လ်ားမႈေတြက မ်က္စိနဲ႔မျမင္ႏိုင္တဲ့ ႐ုပ္ စြမ္းအင္ေတြျဖစ္သလို ကမၼဟာလဲ မျမင္ႏိုင္တဲ့နာမ္စြမ္းအင္ျဖစ္ပါတယ္။

ပဋိသေႏၶတည္ပုံ
************

ဗုဒၶက်မ္းဂန္အလုိ -
၁ ) မိဘေလာင္းတုိ႔ သံဝါသျပဳ၊
(၂) မိခင္ေလာင္းဥတုပန္းပြင့္ဆဲ၊
(၃) ပဋိသေႏၶေနမယ့္သတၱဝါ အဆင္ သင့္ျဖစ္ (မ ၁၊ ၃၃၂)’လုိ႔ ပဋိသေႏၶမႈအတြက္ အဂၤါသုံးမ်ဳိးရွိပါတယ္။

အဲဒီပါဠိေတာ္ကုိ အ႒ကထာဋီကာေတြနဲ႔အညီ အဓိပၸာယ္ဖြင့္ရင္ -
၁ ) မိဘႏွစ္ဦး သံဝါသျပဳမႈေၾကာင့္ ဖခင္ရဲ႕သုက္ေသြးမွ ဖုိမ်ဳိးဥရၿပီး

၂ ) မိခင္ရဲ႕ဥတုေသြးစင္ၿပီးစ မမ်ဳိးဥရခ်ိန္နဲ႔ႀကံဳလို႔ အဲဒီမ်ဳိးဥႏွစ္ခုေပါင္းစပ္ၿပီး တစ္ခုတည္းျဖစ္သြားတဲ့ ေနာက္ (သားအိမ္၌ ဥတုေသြးစင္ၾကယ္ေသာအခါ မိဘႏွစ္ဦးတုိ႔ တစ္ႀကိမ္သံဝါသျပဳထားလွ်င္ ခုနစ္ရက္ပတ္လုံး သေႏၶတည္ႏိုင္ေသာေခတ္ခ်ည္းျဖစ္၏။ မ-႒ ၂၊ ၂၁ဝ)။

၃ ) အဲဒီမိခင္ရဲ႕ဝမ္းမွာ ျဖစ္ထုိက္တဲ့သတၱဝါက ဘဝေဟာင္းကေသလာတဲ့အခ်ိန္ဟာ သေႏၶဦးအစပါပဲ။

ေဆးသိပၸံအလို(မွတ္ဖူးသမွ်) မိဘေလာင္းတုိ႔ သံဝါသျပဳရာမွ ေအာင္ျမင္တဲ့ ဖုိမ်ဳိးဥ(Spermatozoa
) ႏွင့္ မမ်ဳိးဥ(Ova) တုိ႔ သားအိမ္ေၾကာ(Fallopian Tube) အတြင္းမွာ ေပါင္းစပ္မႈနဲ႔ သေႏၶဦးအစ ျဖစ္ၿပီး ေလးလေလာက္အၾကာမွာ သေႏၶသားစတင္လႈပ္ရွားတယ္ သုိ႔မဟုတ္ အသက္ဝင္တယ္လို႔ဆုိ ပါတယ္။

ပဋိသေႏၶတားျခင္း
*************

စိတ္ဝိညာဥ္ဆုိတာ အင္မတန္သိမ္ေမြ႕ပါတယ္။ မုိက္ခ႐ုိစကုပ္နဲ႔ၾကည့္လို႔ မျမင္ရပါဘူး။ ဗုဒၶ ရွင္ေတာ္ျမတ္က်ေတာ့ သဗၺညဳတဥာဏ္ အသိဥာဏ္ ဝိပႆနာဥာဏ္ေတြနဲ႔ သိျမင္ေတာ္မူလို႔ ‘မိဘတုိ႔၏ သုက္ေသြး ဥတုႏွင့္တကြ ကမၸဇ႐ုပ္သုံးဆယ္ဟူေသာ ကလလေရၾကည္ထဲမွာပင္ ပဋိသေႏၶဝိညာဥ္ စ၍ ျဖစ္၏’ လို႔ ေဟာေတာ္မူပါတယ္။

ဒါေၾကာင့္ ဗုဒၶဝါဒအလို ပဋိသေႏၶတည္တာနဲ႔တစ္ၿပိဳင္နက္ ႐ုပ္နာမ္ႏွစ္မ်ဳိးစလုံးျဖစ္ေနၿပီ သုိ႔ မဟုတ္ အသက္ဝင္ေနၿပီလို႔ ဆုိပါတယ္။ ဒီေတာ့ အသက္ရွိေနတဲ့အဲဒီသေႏၶကုိ ဖ်က္ဆီးရင္လည္း လူသတ္တယ္လို႔ဆုိရပါတယ္။ အျပစ္ကင္းတဲ့နည္းကေတာ့ အဖရဲ႕သုက္ေသြးကုိဖ်က္ဆီးထားရင္ သုိ႔မဟုတ္ အမိရဲ႕မ်ဳိးဥကုိ ဖ်က္ဆီးထားရင္ သုိ႔မဟုတ္ မ်ဳိးဥႏွစ္ခုမဆုံစည္းေစႏိုင္တဲ့ ေဆးကုိသုံးစြဲထားရင္ သုိ႔မဟုတ္ မ်ဳိးဥႏွစ္ခုမဆုံစည္းႏိုင္ေအာင္ ေခတ္ေပၚနည္းနဲ႔ ကာကြယ္ထားႏိုင္ရင္ အဲဒါကုိ ပဋိသေႏၶတားတယ္လို႔ အဓိပၸာယ္ယူၿပီး ဗုဒၶတရားေတာ္အရ အျပစ္မရွိဘူးလို႔ ဆုိႏိုင္မွာပါ။

( အရွင္ေကလာသ ဆရာေတာ္၏ ၀က္ဘ္ဆိုက္မွ ကူးယူေဖာ္ျပပါသည္။ )

Credit:Myanmar Lastest News
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လျှောက်ထားပါရစေ အရှင်မြတ်ဘုရား။

ဗုဒ္ဓဘာသာမှာ ထာဝရတည်မြဲနေသည့် အသက်ကောင် ဝိညာဉ်ကောင် သို့မဟုတ် လိပ်ပြာကောင်မရှိဟု ဆိုပါသည်။ သို့ဖြစ်လျှင် နောက်ဘဝ၌ ပဋိသန္ဓေနေပြီး သံသရာလည်သည်မှာ မည်သည့်အရာဖြစ်ပါသနည်း။ နောက်ဘဝ၌ ပဋိသန္ဓေသွားတည်သည်မှာ မည်သည့်အရာဖြစ်ပါသနည်း။ နောက်ဘဝပဋိသန္ဓေနေပြီး သံသရာလည်ပုံကို မရှင်းလင်းပါဘုရား။ လူမှုစီးပွားအခြေအနေအရ အမျိုးသမီးများ ပဋိသန္ဓေတားလျှင် ဗုဒ္ဓဘာသာရှုထောင့်မှ အပြစ်ရှိပါသလား။ မည်သို့ယူဆပါနည်း အရှင်ဘုရား။

( သတိုးလှ )

ဝိညာဉ်ကောင်မရှိ (အနတ္တ)

စိတ်ပညာရှင် ပါမောက္ခဂျိမ်းစ်က ဝိညာဉ်ကောင်(ှသကူ)ကို ရှာမရတဲ့ နောက် The thoughts themseives are the thinkers = အတွေးတွေ ဟာ တွေးသူတွေပါပဲ’လို့ အဖြေထုတ်ဖူးပါတယ်။ (Principles p.215)။ သမ္မုတိသစ္စာ(ခေါ်ဝေါ်သုံးစွဲမှုအမှန်)နယ်မှာ ပုဂ္ဂိုလ်သတ္တဝါရှိတယ်ဆို တာကို ဗုဒ္ဓဝါဒမငြင်းပါဘူး။ ဒါပေမဲ့ ပရမတ္တသစ္စာ(သဘာဝရှိအမှန်)နယ် မှာတော့ ပြောင်းလဲမသွားတဲ့ ထာဝရတည်မြဲနေတဲ့ အထည် ကိုယ်ဒြပ် တစ်ခု မရှိဘူးလို့ငြင်းပါတယ်။

ဗုဒ္ဓဝါဒက လူတွေ သတ္တဝါတွေကို သန္တတိ(ဖြစ်စဉ်)လို့ပဲ မြင်ပါတယ်။ ရုပ်တရားတွေဟာ စက္ကန့်ပိုင်းအတွင်းမှာ အကြိမ်ပေါင်း မြောက်မြားစွာ အဟောင်းတွေချုပ်ပြီး အသစ်တွေပြန်ဖြစ်နေသလို နာမ် တရားတွေဟာလဲ ရုပ်ထက်မြန်တဲ့နှုန်းနဲ့ အကြိမ်ပေါင်းကုဋေကုဋာချီပြီး အဟောင်းချုပ် အသစ်ပေါ် ဖြစ်နေပါတယ်။ အဲဒီလို တရစပ်ဖြစ်နေအောင် ကမ္မစွမ်းအားအလျဉ်က တွန်းပို့ပါတယ်။

‘ကမ္မ(စွမ်းအား)ကို ပြုလုပ်သူ အတ္တ(ဝိညာဉ်ကောင်)မရှိ၊ အကျိုးကိုခံစားသူ အတ္တကောင် လည်းမရှိ၊ အမှန်မှာ ရုပ်နာမ်ဓမ္မပရမတ္တတရားတို့သက်သက်သာ (ကြောင်းကျိုးဆက်ကာ) ဖြစ်ကြကုန်၏။ ဤသို့ရှုမြင်မှုသည် မှန်ကန်သောအမြင်ဖြစ်၏ (ဝိသုဒ္ဓိ ဋ္ဌ ၂၊ ၂၃၇)

အနတ္တ သံသရာလည်ပုံ
*****************

မြို့ပြကြော်ငြာတွေမှာ ရောင်စုံလျှပ်စစ်မီးလုံးလေးတွေ ဆိုင်းဘုတ်ကိုပတ်ပြေးနေတာကို တွေ့ ဖူးပါလိမ့်မယ်။ လျှပ်စစ်စွမ်းအင်အလျဉ်တစ်လုံးပြီးတစ်လုံးစီးခိုက် ဆုံစည်းခိုက်မှာ တစ်လုံးလင်း တစ်လုံး မှိတ်ဖြစ်နေတာကို အဝေးကကြည့်တော့ မီးလုံးတွေလည်နေတာပေါ့။ အမှန်တော့ လည်နေတာက လျှပ် စစ်စွမ်းအင်ပါ။ ဘောလုံးတစ်လုံးကို လှိမ့်လိုက်လို့ နောက်ဘောလုံးကိုသွားထိရာမှာ ပထမဘောလုံးက ရပ်နေခဲ့ပြီ၊ ဒုတိယဘောလုံးက ဆက်လိမ့်ပြီး နောက်တစ်လုံးကိုထိမယ်၊ လိမ့်မယ်။ ဘောလုံးတွေ ရွေ့ လျားမှုကိုဖြစ်ပေါ်စေတာဟာ အရှိန် သို့မဟုတ် သတ္တိပဲ။

မွေးဖွားခြင်းဆိုတာ ဗုဒ္ဓဝါဒအလိုအရ ခန္ဓာငါးပါးဖြစ်ပေါ်လာခြင်း (ခန္ဓာနံ ပါတုဘာဝေါ)ဖြစ် ပါတယ်။ ပစ္စုပ္ပန်ရုပ်နာမ်ဖြစ်စဉ်ဟာ ထာဝရဝတ္တုမရှိဘဲ တစ်ခုပြီးတစ်ခုဖြစ်ပေါ်သလို ဘဝခန္ဓာအသစ် ဖြစ်စဉ်မှာလဲ ဒီဘဝကနေ နောက်ဘဝကိုကူးသွားတဲ့ ထာဝရဝတ္ထုမရှိပါဘူး။ နောက်ဘဝ ခန္ဓာသစ်ထပ် ဖြစ်ဖို့ တွန်းပို့တာက အဲဒီကမ္မစွမ်းအင်အလျဉ်ပါပဲ။ လျှပ်စစ်နဲ့ရွေ့လျားမှုတွေက မျက်စိနဲ့မမြင်နိုင်တဲ့ ရုပ် စွမ်းအင်တွေဖြစ်သလို ကမ္မဟာလဲ မမြင်နိုင်တဲ့နာမ်စွမ်းအင်ဖြစ်ပါတယ်။

ပဋိသန္ဓေတည်ပုံ
************

ဗုဒ္ဓကျမ်းဂန်အလို -
၁ ) မိဘလောင်းတို့ သံဝါသပြု၊
(၂) မိခင်လောင်းဥတုပန်းပွင့်ဆဲ၊
(၃) ပဋိသန္ဓေနေမယ့်သတ္တဝါ အဆင် သင့်ဖြစ် (မ ၁၊ ၃၃၂)’လို့ ပဋိသန္ဓေမှုအတွက် အင်္ဂါသုံးမျိုးရှိပါတယ်။

အဲဒီပါဠိတော်ကို အဋ္ဌကထာဋီကာတွေနဲ့အညီ အဓိပ္ပာယ်ဖွင့်ရင် -
၁ ) မိဘနှစ်ဦး သံဝါသပြုမှုကြောင့် ဖခင်ရဲ့သုက်သွေးမှ ဖိုမျိုးဥရပြီး

၂ ) မိခင်ရဲ့ဥတုသွေးစင်ပြီးစ မမျိုးဥရချိန်နဲ့ကြုံလို့ အဲဒီမျိုးဥနှစ်ခုပေါင်းစပ်ပြီး တစ်ခုတည်းဖြစ်သွားတဲ့ နောက် (သားအိမ်၌ ဥတုသွေးစင်ကြယ်သောအခါ မိဘနှစ်ဦးတို့ တစ်ကြိမ်သံဝါသပြုထားလျှင် ခုနစ်ရက်ပတ်လုံး သန္ဓေတည်နိုင်သောခေတ်ချည်းဖြစ်၏။ မ-ဋ္ဌ ၂၊ ၂၁ဝ)။

၃ ) အဲဒီမိခင်ရဲ့ဝမ်းမှာ ဖြစ်ထိုက်တဲ့သတ္တဝါက ဘဝဟောင်းကသေလာတဲ့အချိန်ဟာ သန္ဓေဦးအစပါပဲ။

ဆေးသိပ္ပံအလို(မှတ်ဖူးသမျှ) မိဘလောင်းတို့ သံဝါသပြုရာမှ အောင်မြင်တဲ့ ဖိုမျိုးဥ(Spermatozoa
) နှင့် မမျိုးဥ(Ova) တို့ သားအိမ်ကြော(Fallopian Tube) အတွင်းမှာ ပေါင်းစပ်မှုနဲ့ သန္ဓေဦးအစ ဖြစ်ပြီး လေးလလောက်အကြာမှာ သန္ဓေသားစတင်လှုပ်ရှားတယ် သို့မဟုတ် အသက်ဝင်တယ်လို့ဆို ပါတယ်။

ပဋိသန္ဓေတားခြင်း
*************

စိတ်ဝိညာဉ်ဆိုတာ အင်မတန်သိမ်မွေ့ပါတယ်။ မိုက်ခရိုစကုပ်နဲ့ကြည့်လို့ မမြင်ရပါဘူး။ ဗုဒ္ဓ ရှင်တော်မြတ်ကျတော့ သဗ္ဗညုတဉာဏ် အသိဉာဏ် ဝိပဿနာဉာဏ်တွေနဲ့ သိမြင်တော်မူလို့ ‘မိဘတို့၏ သုက်သွေး ဥတုနှင့်တကွ ကမ္ပဇရုပ်သုံးဆယ်ဟူသော ကလလရေကြည်ထဲမှာပင် ပဋိသန္ဓေဝိညာဉ် စ၍ ဖြစ်၏’ လို့ ဟောတော်မူပါတယ်။

ဒါကြောင့် ဗုဒ္ဓဝါဒအလို ပဋိသန္ဓေတည်တာနဲ့တစ်ပြိုင်နက် ရုပ်နာမ်နှစ်မျိုးစလုံးဖြစ်နေပြီ သို့ မဟုတ် အသက်ဝင်နေပြီလို့ ဆိုပါတယ်။ ဒီတော့ အသက်ရှိနေတဲ့အဲဒီသန္ဓေကို ဖျက်ဆီးရင်လည်း လူသတ်တယ်လို့ဆိုရပါတယ်။ အပြစ်ကင်းတဲ့နည်းကတော့ အဖရဲ့သုက်သွေးကိုဖျက်ဆီးထားရင် သို့မဟုတ် အမိရဲ့မျိုးဥကို ဖျက်ဆီးထားရင် သို့မဟုတ် မျိုးဥနှစ်ခုမဆုံစည်းစေနိုင်တဲ့ ဆေးကိုသုံးစွဲထားရင် သို့မဟုတ် မျိုးဥနှစ်ခုမဆုံစည်းနိုင်အောင် ခေတ်ပေါ်နည်းနဲ့ ကာကွယ်ထားနိုင်ရင် အဲဒါကို ပဋိသန္ဓေတားတယ်လို့ အဓိပ္ပာယ်ယူပြီး ဗုဒ္ဓတရားတော်အရ အပြစ်မရှိဘူးလို့ ဆိုနိုင်မှာပါ။

( အရှင်ကေလာသ ဆရာတော်၏ ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်။ )

Credit:Myanmar Lastest News

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top