iMyanmarHouse.com - Best Property Website for Myanmar
×

သားသမီးေဇာေတြနဲ႕ အလုပ္ေတြမ်ားေနခ်ိန္မွာ ကြ်န္မရဲ႕အိမ္ဦးနတ္ကို သူ႕ရဲ႕အလုပ္တစ္ခုေပၚမွာပဲ အာရံုစိုက္ေစခ်င္တယ္။

မေဖါက္မျပား ကေလးေတြနဲ႕ လုံးပန္းေနရခ်ိန္မွာ ကြ်န္မရဲ႕အိမ္ဦးနတ္ကို
အခ်ိန္တိုင္း ကြ်န္မတို႕ကို အမွတ္တရရွိေနေစခ်င္ပါတယ္။

မယား၀တၱရားေတြ ေက်ပြန္ေအာင္ ကြ်န္မထမ္းေဆာင္ေနသလုိ ကြ်န္မရဲ႕အိမ္ဦးနတ္ကို လင့္၀တၱရားေတြ မေမ့ေစခ်င္ပါဘူး။

ညအိပ္ယာ၀င္လုိ႕ မ်က္စိႏွစ္လုံုးပိတ္ခ်ိန္ေရာက္ရင္ ကြ်န္မရဲ႕အိမ္ဦးနတ္ရဲ႕ ကိုယ္ေရာစိတ္ပါ ကြ်န္မအနားမွာရွိေစခ်င္ပါတယ္။

အတူတူလမ္းေလွ်ာက္ထြက္တဲ့အခါ ကြ်န္မရဲ႕အိမ္ဦးနတ္ရဲ႕ မ်က္လံုးေတြ ကြ်န္မဆီမွာမရွိရင္ေတာင္ တျခားမိန္းကေလးေတြေပၚမွာ မရွိေစခ်င္ပါဘူး။

ကြ်န္မပင္ပင္ပန္းပန္းေလွ်ာ္ဖြတ္ေပးလုိက္တဲ့ အိမ္ဦးနတ္ရဲ႕ ရွပ္အက်ီ ၤမွာ ဘယ္ေကာင္မေလးရဲ႕ႏႈတ္ခမ္းနီေတြကိုမွ မစြန္းထင္ေစခ်င္ပါဘူး။

ကြ်န္မသားသမီးေတြ ကြ်န္မရဲ႕အိမ္ဦးနတ္ေၾကာင့္ အရွက္ရသြားတယ္ဆိုတာထက္ ဂုဏ္ယူရေစခ်င္တာပဲရွိပါတယ္။

ကြ်န္မရဲ႕ အိမ္ဦးနတ္ကို သားသမီးေတြရဲ႕ စံျပနမူနာထားရမဲ့ပုဂၢိဳလ္တစ္ေယာက္ ျဖစ္ေစခ်င္ပါတယ္။
အေဖလွမ္းတဲ့ ေျခလွမ္းတုိင္း အတုယူတတ္တာမို႕ ေျခလွမ္းေတြကို မွန္ကန္ေစခ်င္ပါတယ္။

ကြ်န္မရဲ႕ အပ်ိဳဘ၀ကိုစြန္႕လႊတ္ျပီး အိမ္ေထာင္ေရးေလာကထဲကို ခ်ဥ္းႏွင္း၀င္ေရာက္လာခ်ိန္ကစျပီး ကြ်န္မရဲ႕အိမ္ဦးနတ္ကိုလည္း ေလွကားသံုးထစ္ဆင္းရင္ လူပ်ိဳျပန္ျဖစ္ပါတယ္ဆိုတဲ့ စိတ္ရိုင္းေလးကို ေယာင္လုိ႕ေတာင္ မ၀င္ေစခ်င္ပါဘူး။

ကြ်န္မအလုပ္ေတြရႈပ္ျပီး အလွမျပင္ႏိုင္ေတာ့ရင္ အိမ္ဦးနတ္က အရင္လုိမလွေတာ့ဘူးလို႕လည္း မထင္ေစခ်င္ပါဘူး။

ကြ်န္မတို႕ရဲ႕ကေလးေတြကို ေမြးဖြားျပီးလုိ႕ ကြ်န္မအရင္လုိအခ်ိဳးအစားမေျပျပစ္ ေတာ့တဲ့အခါ အိမ္ဦးနတ္က ကြ်န္မကို မျငိဳျငင္ေစခ်င္ပါဘူး

ဘယ္မိန္းမကမွ သူမခ်စ္တဲ့ေယာက်ာ္းတစ္ေယာက္အတြက္ အသက္ေပးျပီး သူ႕ရဲ႕ရင္ေသြးကို မေမြးထုတ္ေပးဘူးဆိုတာ ကြ်န္မရဲ႕အိမ္ဦးနတ္ကို မေမ့ေစခ်င္ပါဘူး

သားေရးသမီးေရး အိမ္ကလူေတြရဲ႕ စားေရးေသာက္ေရးနဲ႕
မိဘ၀တၱရား မယား၀တၲရားေတြနဲ႕ ေခြ်းမတစ္ေယာက္ရဲ႕ တာ၀န္ဆိုတဲ့ ေခါင္းစဥ္ေပါင္းမ်ားစြာေအာက္မွာ ေငြေၾကးမရွာေဖြႏိုင္ခဲ့ေတာ့ရင္ အိမ္ဦးနတ္ရဲ႕ ျငဴစူမႈကိုလည္း မခံစားႏုိင္ပါဘူး။

တစ္ခါတစ္ေလ အရင္တုန္းက အပ်ိဳတစ္ေယာက္လုိ ကိုယ့္ကိုယ္ကို ယံုၾကည္ခ်က္မရွိေတာ့လုိ႕ သံသယေလးေတြ ေပၚေပါက္လာတဲ့အခါ အိမ္ဦးနတ္ကို နားလည္ေစခ်င္ပါတယ္။

မိန္းမတစ္ေယာက္ဟာ အိမ္ေထာင္က်ျပီးခ်ိန္ကစျပီး အဘက္ဘက္မွာ ဘယ္ေတာ့မွ အပ်ိဳဘ၀ကို ျပန္မရေတာ့တဲ့ ဆံုးရံႈးနစ္နာမႈကို အိမ္ဦးနတ္သိရွိျပီး စာနာခ်စ္ခင္ေစခ်င္ပါတယ္။

တစ္ခါတစ္ေလ အိမ္ဦးနတ္ကို အလုပ္ေလးအားရင္ သားသမီးေတြရဲ႕ ေ၀ရာ၀စၥေတြကို တစ္လွည့္ပါ၀င္ကူညီေစခ်င္ပါတယ္။

မိန္းမဆိုတာ ေဟာင္းသြားလုိ႕ဆိုျပီး ေမာ္ဒယ္သစ္လဲလုိ႕ေကာင္းတဲ့အရာ မဟုတ္ပါဘူး။
ဆႏၵေတြၾကားမွာ သိကၡာေတြ စာနာမႈေတြ ငဲ့ညာမႈေတြ ရွိေစခ်င္ပါတယ္။

မီးဖုိေခ်ာင္ထဲမွာ ဟင္းေစာ္ေတြနံေနတဲ့ကြ်န္မ
သားသမီးေတြနဲ႕ အလွျပင္ခ်ိန္ေတာင္ မရေတာ့တဲ့ကြ်န္မ
ကေလးေမြးဖြားျပီးလုိ႕ ၀၀ဖုိင့္ဖုိင့္နဲ႕ ဆြဲေဆာင္မႈမရွိေတာ့တဲ့ကြ်န္မ
တစ္ခါတစ္ေလ စိတ္မခ်လုိ႕ ျမည္တြန္ေတာက္တီး ေနတတ္တဲ့ကြ်န္မကို ခြင့္လႊတ္နားလည္ အခ်စ္တိုးေစခ်င္ပါတယ္။

ကြ်န္မ ဒါေတြလုပ္ေနမိတာအားလံုးက ဒီမိသားစုကို ခ်စ္ျမတ္ႏိုးလုိ႕၊ လက္လႊတ္ဆံုးရံႈးရမွာဆိုးလုိ႕ ဆိုတဲ့စိုးရိမ္မႈအျပင္
တျခားဘာရည္ရြယ္ခ်က္မွ ရွိမေနပဲေလ။
ပိုက္ဆံခ်မ္းသာတဲ့ မိန္းမပဲျဖစ္ျဖစ္ ဆင္းရဲတဲ့မိန္းမပဲျဖစ္ျဖစ္ အိမ္ေထာင္သည္မိန္းမတစ္ေယာက္ရဲ႕ ခံစားခ်က္ကေတာ့ အတူတူခ်ည္းပါပဲ။

Credit:မနုႆ     ရဲ့စာမ်က္နွာေလးမ်ား

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သားသမီးဇောတွေနဲ့ အလုပ်တွေများနေချိန်မှာ ကျွန်မရဲ့အိမ်ဦးနတ်ကို သူ့ရဲ့အလုပ်တစ်ခုပေါ်မှာပဲ အာရုံစိုက်စေချင်တယ်။


မဖေါက်မပြား ကလေးတွေနဲ့ လုံးပန်းနေရချိန်မှာ ကျွန်မရဲ့အိမ်ဦးနတ်ကို

အချိန်တိုင်း ကျွန်မတို့ကို အမှတ်တရရှိနေစေချင်ပါတယ်။


မယားဝတ္တရားတွေ ကျေပွန်အောင် ကျွန်မထမ်းဆောင်နေသလို ကျွန်မရဲ့အိမ်ဦးနတ်ကို လင့်ဝတ္တရားတွေ မမေ့စေချင်ပါဘူး။


ညအိပ်ယာဝင်လို့ မျက်စိနှစ်လုံးပိတ်ချိန်ရောက်ရင် ကျွန်မရဲ့အိမ်ဦးနတ်ရဲ့ ကိုယ်ရောစိတ်ပါ ကျွန်မအနားမှာရှိစေချင်ပါတယ်။


အတူတူလမ်းလျှောက်ထွက်တဲ့အခါ ကျွန်မရဲ့အိမ်ဦးနတ်ရဲ့ မျက်လုံးတွေ ကျွန်မဆီမှာမရှိရင်တောင် တခြားမိန်းကလေးတွေပေါ်မှာ မရှိစေချင်ပါဘူး။


ကျွန်မပင်ပင်ပန်းပန်းလျှော်ဖွတ်ပေးလိုက်တဲ့ အိမ်ဦးနတ်ရဲ့ ရှပ်အကျီ ၤမှာ ဘယ်ကောင်မလေးရဲ့နှုတ်ခမ်းနီတွေကိုမှ မစွန်းထင်စေချင်ပါဘူး။


ကျွန်မသားသမီးတွေ ကျွန်မရဲ့အိမ်ဦးနတ်ကြောင့် အရှက်ရသွားတယ်ဆိုတာထက် ဂုဏ်ယူရစေချင်တာပဲရှိပါတယ်။


ကျွန်မရဲ့ အိမ်ဦးနတ်ကို သားသမီးတွေရဲ့ စံပြနမူနာထားရမဲ့ပုဂ္ဂိုလ်တစ်ယောက် ဖြစ်စေချင်ပါတယ်။

အဖေလှမ်းတဲ့ ခြေလှမ်းတိုင်း အတုယူတတ်တာမို့ ခြေလှမ်းတွေကို မှန်ကန်စေချင်ပါတယ်။


ကျွန်မရဲ့ အပျိုဘဝကိုစွန့်လွှတ်ပြီး အိမ်ထောင်ရေးလောကထဲကို ချဉ်းနှင်းဝင်ရောက်လာချိန်ကစပြီး ကျွန်မရဲ့အိမ်ဦးနတ်ကိုလည်း လှေကားသုံးထစ်ဆင်းရင် လူပျိုပြန်ဖြစ်ပါတယ်ဆိုတဲ့ စိတ်ရိုင်းလေးကို ယောင်လို့တောင် မဝင်စေချင်ပါဘူး။


ကျွန်မအလုပ်တွေရှုပ်ပြီး အလှမပြင်နိုင်တော့ရင် အိမ်ဦးနတ်က အရင်လိုမလှတော့ဘူးလို့လည်း မထင်စေချင်ပါဘူး။


ကျွန်မတို့ရဲ့ကလေးတွေကို မွေးဖွားပြီးလို့ ကျွန်မအရင်လိုအချိုးအစားမပြေပြစ် တော့တဲ့အခါ အိမ်ဦးနတ်က ကျွန်မကို မငြိုငြင်စေချင်ပါဘူး


ဘယ်မိန်းမကမှ သူမချစ်တဲ့ယောကျာ်းတစ်ယောက်အတွက် အသက်ပေးပြီး သူ့ရဲ့ရင်သွေးကို မမွေးထုတ်ပေးဘူးဆိုတာ ကျွန်မရဲ့အိမ်ဦးနတ်ကို မမေ့စေချင်ပါဘူး


သားရေးသမီးရေး အိမ်ကလူတွေရဲ့ စားရေးသောက်ရေးနဲ့

မိဘဝတ္တရား မယားဝတ္တရားတွေနဲ့ ချွေးမတစ်ယောက်ရဲ့ တာဝန်ဆိုတဲ့ ခေါင်းစဉ်ပေါင်းများစွာအောက်မှာ ငွေကြေးမရှာဖွေနိုင်ခဲ့တော့ရင် အိမ်ဦးနတ်ရဲ့ ငြူစူမှုကိုလည်း မခံစားနိုင်ပါဘူး။


တစ်ခါတစ်လေ အရင်တုန်းက အပျိုတစ်ယောက်လို ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိတော့လို့ သံသယလေးတွေ ပေါ်ပေါက်လာတဲ့အခါ အိမ်ဦးနတ်ကို နားလည်စေချင်ပါတယ်။


မိန်းမတစ်ယောက်ဟာ အိမ်ထောင်ကျပြီးချိန်ကစပြီး အဘက်ဘက်မှာ ဘယ်တော့မှ အပျိုဘဝကို ပြန်မရတော့တဲ့ ဆုံးရှုံးနစ်နာမှုကို အိမ်ဦးနတ်သိရှိပြီး စာနာချစ်ခင်စေချင်ပါတယ်။


တစ်ခါတစ်လေ အိမ်ဦးနတ်ကို အလုပ်လေးအားရင် သားသမီးတွေရဲ့ ဝေရာဝစ္စတွေကို တစ်လှည့်ပါဝင်ကူညီစေချင်ပါတယ်။


မိန်းမဆိုတာ ဟောင်းသွားလို့ဆိုပြီး မော်ဒယ်သစ်လဲလို့ကောင်းတဲ့အရာ မဟုတ်ပါဘူး။

ဆန္ဒတွေကြားမှာ သိက္ခာတွေ စာနာမှုတွေ ငဲ့ညာမှုတွေ ရှိစေချင်ပါတယ်။


မီးဖိုချောင်ထဲမှာ ဟင်းစော်တွေနံနေတဲ့ကျွန်မ

သားသမီးတွေနဲ့ အလှပြင်ချိန်တောင် မရတော့တဲ့ကျွန်မ

ကလေးမွေးဖွားပြီးလို့ ၀၀ဖိုင့်ဖိုင့်နဲ့ ဆွဲဆောင်မှုမရှိတော့တဲ့ကျွန်မ

တစ်ခါတစ်လေ စိတ်မချလို့ မြည်တွန်တောက်တီး နေတတ်တဲ့ကျွန်မကို ခွင့်လွှတ်နားလည် အချစ်တိုးစေချင်ပါတယ်။


ကျွန်မ ဒါတွေလုပ်နေမိတာအားလုံးက ဒီမိသားစုကို ချစ်မြတ်နိုးလို့၊ လက်လွှတ်ဆုံးရှုံးရမှာဆိုးလို့ ဆိုတဲ့စိုးရိမ်မှုအပြင်

တခြားဘာရည်ရွယ်ချက်မှ ရှိမနေပဲလေ။

ပိုက်ဆံချမ်းသာတဲ့ မိန်းမပဲဖြစ်ဖြစ် ဆင်းရဲတဲ့မိန်းမပဲဖြစ်ဖြစ် အိမ်ထောင်သည်မိန်းမတစ်ယောက်ရဲ့ ခံစားချက်ကတော့ အတူတူချည်းပါပဲ။


Credit:မနုဿ     ရဲ့စာမျက်နှာလေးများ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top