iMyanmarHouse.com - Best Property Website for Myanmar
×

ယံုခ်င္ယံု၊ မယံုခ်င္ေန ခ်စ္ရသူတစ္ေယာက္ဆံုး႐ႈံးသြားျခင္း ေၾကာင့္ လူတစ္ေယာက္အသည္းကြဲၿပီး ေသဆံုးႏုိင္သည္။ ၿဗိတိန္ႏုိင္ငံဘာမင္ဂန္တကၠသိုလ္မွ သုေတသီမ်ား၏ ေလ့လာမႈအရ ဝမ္းနည္းပူေဆြးျခင္း၊ ရင္နာျခင္းႏွင့္ ဆံုး႐ႈံးလုိက္ရသည့္ စိတ္ခံစားခ်က္မ်ားကဲ့သို႔ ျပင္းထန္ေသာ စိတ္ခံစားခ်က္မ်ားေၾကာင့္ ခႏၶာကိုယ္၏ ကိုယ္ခံအားစနစ္ကိုဆိုးရြားစြာ ပ်က္စီးေစႏုိင္သျဖင့္ အသက္အႏၲရာယ္ရွိႏိုင္ေၾကာင္း သိရသည္။


ခ်စ္ရသူတစ္ေယာက္ဆံုး႐ႈံးလိုက္ရျခင္းေၾကာင့္ နမိုးနီးယားေရာဂါပိုးကဲ့သုိ႔ ဘက္တီးရီးယားမ်ားကို တိုက္ဖ်က္ရာတြင္ ကူညီေပးေသာႏူထ႐ိုဖီးလ္ (neutrophils)ဟုေခၚသည့္ ေသြးဆဲလ္မ်ားအေပၚ ထိခိုက္မႈမ်ားကို သုေတသီမ်ားေလ့လာခဲ့ၾကသည္။ မ်ားမၾကာမီက ခ်စ္သူခင္သူတစ္ေယာက္ဆံုး႐ႈံးထားသူမ်ားထံမွ ေသြးနမူနာမ်ားကို သုေတသီမ်ားကရယူၿပီး ၎တို႔၏ ႏူထ႐ိုဖီးလ္မ်ားက ဘက္တီးရီးယားမ်ားကို တိုက္ဖ်က္ရာတြင္ မည္သို႔အက်ိဳးရွိေၾကာင္း ေလ့လာခဲ့သည္။

ဝမ္းနည္းပူေဆြးမႈဒဏ္ခံစားခဲ့ရသည့္ လူငယ္မ်ား၏ ႏူထ႐ိုဖီးလ္ မ်ားမွာ မ်ားစြာမေျပာင္းလဲဘဲရွိေနသာ္လည္း အသက္ (၆၅)ႏွစ္ႏွင့္ အထက္ ပုဂၢိဳလ္မ်ားမွာ ဘက္တီးရီးယားမ်ားကို တုိက္ဖ်က္ႏုိင္ျခင္းမရွိ ေတာ့ေၾကာင္း သုေတသီမ်ားေလ့လာေတြ႕ရွိခဲ့သည္။

ယင္းအခ်က္အျပင္ ခ်စ္သူခင္သူတစ္ေယာက္ေသဆံုးသြားၿပီးေနာက္ အသက္အရြယ္ႀကီးသူမ်ားမွာ ႐ုတ္တရက္အထီးက်န္သြားသည္ဟု ခံစားၾကရသျဖင့္ ၎တို႔မွာနာမက်န္းျဖစ္၍ အားေလ်ာ့သြားတတ္ၾကသည္။

ဇနီးသည္ကို ဆံုး႐ႈံးလိုက္ရေသာ မုဆိုးဖိုတစ္ဦး၏ေသဆံုးႏုိင္မႈ အႏၲရာယ္မွာ ႏွစ္ဆျမင့္မားၿပီး ေသဆံုးဖြယ္ေျခာက္ဆျမင့္မားေၾကာင္း သုေတသီမ်ား၏ ေလ့လာမႈက ေဖာ္ျပသည္။

အိမ္ ေထာင္သက္ၾကာရွည္ေသာ ဇနီးေမာင္ႏွံမ်ားမွာ ၎တို႔၏ ဘဝလက္တြဲေဖာ္ကို ဆံုး႐ႈံးလုိက္ရၿပီးေနာက္ ေသဆံုးႏုိင္မႈအႏၲရာယ္ပို၍ျမင့္မားၿပီး အသက္ရွင္က်န္ခဲ့သူတစ္ဦးအဖို႔ ပထမဆံုးႏွစ္အတြင္း ေသဆံုးႏုိင္မႈအႏၲရာယ္အျမင့္မားဆံုးျဖစ္ေၾကာင္း သိရသည္။

Credit:7Day  Daily

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ယုံချင်ယုံ၊ မယုံချင်နေ ချစ်ရသူတစ်ယောက်ဆုံးရှုံးသွားခြင်း ကြောင့် လူတစ်ယောက်အသည်းကွဲပြီး သေဆုံးနိုင်သည်။ ဗြိတိန်နိုင်ငံဘာမင်ဂန်တက္ကသိုလ်မှ သုတေသီများ၏ လေ့လာမှုအရ ဝမ်းနည်းပူဆွေးခြင်း၊ ရင်နာခြင်းနှင့် ဆုံးရှုံးလိုက်ရသည့် စိတ်ခံစားချက်များကဲ့သို့ ပြင်းထန်သော စိတ်ခံစားချက်များကြောင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကိုဆိုးရွားစွာ ပျက်စီးစေနိုင်သဖြင့် အသက်အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။


ချစ်ရသူတစ်ယောက်ဆုံးရှုံးလိုက်ရခြင်းကြောင့် နမိုးနီးယားရောဂါပိုးကဲ့သို့ ဘက်တီးရီးယားများကို တိုက်ဖျက်ရာတွင် ကူညီပေးသောနူထရိုဖီးလ် (neutrophils)ဟုခေါ်သည့် သွေးဆဲလ်များအပေါ် ထိခိုက်မှုများကို သုတေသီများလေ့လာခဲ့ကြသည်။ များမကြာမီက ချစ်သူခင်သူတစ်ယောက်ဆုံးရှုံးထားသူများထံမှ သွေးနမူနာများကို သုတေသီများကရယူပြီး ၎င်းတို့၏ နူထရိုဖီးလ်များက ဘက်တီးရီးယားများကို တိုက်ဖျက်ရာတွင် မည်သို့အကျိုးရှိကြောင်း လေ့လာခဲ့သည်။

ဝမ်းနည်းပူဆွေးမှုဒဏ်ခံစားခဲ့ရသည့် လူငယ်များ၏ နူထရိုဖီးလ် များမှာ များစွာမပြောင်းလဲဘဲရှိနေသာ်လည်း အသက် (၆၅)နှစ်နှင့် အထက် ပုဂ္ဂိုလ်များမှာ ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်ခြင်းမရှိ တော့ကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။

ယင်းအချက်အပြင် ချစ်သူခင်သူတစ်ယောက်သေဆုံးသွားပြီးနောက် အသက်အရွယ်ကြီးသူများမှာ ရုတ်တရက်အထီးကျန်သွားသည်ဟု ခံစားကြရသဖြင့် ၎င်းတို့မှာနာမကျန်းဖြစ်၍ အားလျော့သွားတတ်ကြသည်။

ဇနီးသည်ကို ဆုံးရှုံးလိုက်ရသော မုဆိုးဖိုတစ်ဦး၏သေဆုံးနိုင်မှု အန္တရာယ်မှာ နှစ်ဆမြင့်မားပြီး သေဆုံးဖွယ်ခြောက်ဆမြင့်မားကြောင်း သုတေသီများ၏ လေ့လာမှုက ဖော်ပြသည်။

အိမ် ထောင်သက်ကြာရှည်သော ဇနီးမောင်နှံများမှာ ၎င်းတို့၏ ဘဝလက်တွဲဖော်ကို ဆုံးရှုံးလိုက်ရပြီးနောက် သေဆုံးနိုင်မှုအန္တရာယ်ပို၍မြင့်မားပြီး အသက်ရှင်ကျန်ခဲ့သူတစ်ဦးအဖို့ ပထမဆုံးနှစ်အတွင်း သေဆုံးနိုင်မှုအန္တရာယ်အမြင့်မားဆုံးဖြစ်ကြောင်း သိရသည်။


Credit:7Day  Daily



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top