iMyanmarHouse.com - Best Property Website for Myanmar
×

ကြန္ပ်ဴတာသုံးစြဲျခင္းက မ်က္ေမွာက္ေခတ္လုပ္ငန္းေဆာင္ရြက္မႈရဲ႕ မရိွမျဖစ္ အစိတ္အပုိင္းတစ္ခုျဖစ္ပါတယ္။ ကြ်ႏ္ုပ္တို႔အမ်ားစု ကြန္ပ်ဴတာမ်က္ႏွာျပင္ကို မရပ္မနား စုိက္ၾကည့္ၾကပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ ဒီလုိစိုက္ၾကည့္ျခင္းျဖင့္ မ်က္စိေညာင္းညာျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္းနဲ႔ ေခါင္းကုိက္၊ မ်က္စိမႈန္၊ ပါဝါတုိးျခင္းျဖစ္ေစတဲ့ Computer Vision Syndrome စတဲ့ ျပသနာေတြ ျဖစ္ေစႏုိင္ပါတယ္။ ကြန္ပ်ဴတာနဲ႔အလုပ္လုပ္ကုိင္သူ ၅၀% ကေန ၉၀% ၾကားဟာ မ်က္စိျပသနာျဖစ္ၾကပါတယ္။ ဒါ့ေၾကာင့္ မ်က္စိ မၾကာမၾကာ ျပသဖုိ႔ အေရးၾကီးပါတယ္။ တစ္ေနကုန္ ကြန္ပ်ဴတာၾကည့္ပါက မျဖစ္မေနလုပ္ေပးသင့္တဲ့ အခ်က္ (၅) ခ်က္ရိွပါတ္ယ္။ 

မ်က္လုံးကို ႏွိပ္ေပးပါ

အနည္းဆုံး တစ္ေန႔ ၆ ၾကိမ္ မ်က္လုံးကို ၁၀ မိနစ္ခန္႔ ဖ်စ္ညွစ္ေပးပါ။ ဒီလုိလုပ္ျခင္းျဖင့္ မ်က္စိအလႊာပါး မ်က္ရည္ဝုိင္းေစတဲ့ ဂလင္းမွ အဆီေတြ တြန္႔ထုတ္ေပးပါလိမ့္မယ္။

မ်က္စင္းခပ္ေဆးေတြ သုံးပါ

ကြန္ပ်ဴတာစခရင္မ်က္ႏွာျပင္ကို အာရုံစူးစိုက္ၾကည့္တဲ့အခါ မ်က္ေတာင္ခတ္တဲ့အၾကိမ္ေရ ခ်က္ခ်င္း ေလ်ာ့နည္းသြားပါတယ္။ ဒီအခ်က္က မ်က္လုံး ေျခာက္ေသြ႔ေစပါတယ္။ Refresh လုိ မ်က္စင္းခပ္ေဆး တစ္ေန႔ ၄ ၾကိမ္ထည့္ေပးျခင္းျဖင့္ ဆုံးရႈံးသြားတဲ့ မ်က္လုံးအစုိဓာတ္ ျပန္လည္ ရရိွေစႏုိင္ပါတယ္။

ေနရာအေနအထားနဲ႔ ပတ္ဝန္းက်င္အလင္း ခ်ိန္ညိွပါ

ကြန္ပ်ဴတာေမာ္နီတာနဲ႔ နီးကပ္လြန္းစြာ သုိ႔မဟုတ္ ေဝးလြန္းစြာ ထုိင္တဲ့အခါ စူးစုိက္ၾကည့္ဖုိ႔ ခက္ခဲတတ္ပါတယ္။ မ်က္လုံး ျဖဲၾကည့္စရာသိပ္မလုိေအာင္ ေမာ္နီတာကို မိမိမ်က္ႏွာထက္ အနည္းငယ္ နိမ့္လ်က္ထားတာ အေကာင္းဆုံး ျဖစ္ပါတယ္။ ဒီအေနအထားက မ်က္လုံးအတြက္ ပိုမိုလြယ္ကူေစပါတယ္။ အလင္းေတြ ဝင္မလာေအာင္ ကန္႔လန္႔ကာေတြ အသုံးျပဳျပီး မီးေခ်ာင္းအလင္းေအာက္တည့္တည့္တြင္ ထုိင္ျခင္းမ်ဳိး ေရွာင္ပါ။

မ်က္စိအတြက္ ပိုေကာင္းတဲ့ screen အသုံးျပဳပါ

Apple ရဲ႕ Retina display လုိ႔ resolution အားေကာင္းတဲ့ LCD screen သုံးပါ။ cathode ray tubes (CRT) လုိ ယခင္ေမာ္နီတာပုံစံေတြက မွိတ္တုတ္မွိတ္တုတ္လင္းတတ္ကာ မ်က္လုံးကို ပိုအားစုိက္ေစပါတယ္။

မၾကာမၾကာနားေပးပါ

ေကာ္ဖီေသာက္ခ်ိန္စသျဖင့္ ခဏတျဖဳတ္ နားနားေပးျခင္းက မ်က္စိအေညာင္း သိသိသာသာ သက္သာေစႏုိင္ပါတယ္။ ဒီလုိခဏနားေနစဥ္ ျပင္တင္းေပါက္ကတဆင့္ အေဝးကို လွမ္းၾကည့္ပါ။ အေဝးက တစ္စုံတစ္ခုကို စူးစုိက္ၾကည့္ျခင္းက မ်က္လုံးၾကြက္သားေတြ သက္ေသာင့္သက္သာျဖစ္ေစျပီး ကြန္ပ်ဴတာဆက္တုိက္တာၾကည့္လုိ႔ ေညာင္းညာမႈကို ေလ်ာ့နည္းေစပါတယ္။

Credit : Trend Myanmar
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကွန်ပျူတာသုံးစွဲခြင်းက မျက်မှောက်ခေတ်လုပ်ငန်းဆောင်ရွက်မှုရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့အများစု ကွန်ပျူတာမျက်နှာပြင်ကို မရပ်မနား စိုက်ကြည့်ကြပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒီလိုစိုက်ကြည့်ခြင်းဖြင့် မျက်စိညောင်းညာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ခေါင်းကိုက်၊ မျက်စိမှုန်၊ ပါဝါတိုးခြင်းဖြစ်စေတဲ့ Computer Vision Syndrome စတဲ့ ပြသနာတွေ ဖြစ်စေနိုင်ပါတယ်။ ကွန်ပျူတာနဲ့အလုပ်လုပ်ကိုင်သူ ၅၀% ကနေ ၉၀% ကြားဟာ မျက်စိပြသနာဖြစ်ကြပါတယ်။ ဒါ့ကြောင့် မျက်စိ မကြာမကြာ ပြသဖို့ အရေးကြီးပါတယ်။ တစ်နေကုန် ကွန်ပျူတာကြည့်ပါက မဖြစ်မနေလုပ်ပေးသင့်တဲ့ အချက် (၅) ချက်ရှိပါတ်ယ်။

မျက်လုံးကို နှိပ်ပေးပါ

အနည်းဆုံး တစ်နေ့ ၆ ကြိမ် မျက်လုံးကို ၁၀ မိနစ်ခန့် ဖျစ်ညှစ်ပေးပါ။ ဒီလိုလုပ်ခြင်းဖြင့် မျက်စိအလွှာပါး မျက်ရည်ဝိုင်းစေတဲ့ ဂလင်းမှ အဆီတွေ တွန့်ထုတ်ပေးပါလိမ့်မယ်။

မျက်စင်းခပ်ဆေးတွေ သုံးပါ

ကွန်ပျူတာစခရင်မျက်နှာပြင်ကို အာရုံစူးစိုက်ကြည့်တဲ့အခါ မျက်တောင်ခတ်တဲ့အကြိမ်ရေ ချက်ချင်း လျော့နည်းသွားပါတယ်။ ဒီအချက်က မျက်လုံး ခြောက်သွေ့စေပါတယ်။ Refresh လို မျက်စင်းခပ်ဆေး တစ်နေ့ ၄ ကြိမ်ထည့်ပေးခြင်းဖြင့် ဆုံးရှုံးသွားတဲ့ မျက်လုံးအစိုဓာတ် ပြန်လည် ရရှိစေနိုင်ပါတယ်။

နေရာအနေအထားနဲ့ ပတ်ဝန်းကျင်အလင်း ချိန်ညှိပါ

ကွန်ပျူတာမော်နီတာနဲ့ နီးကပ်လွန်းစွာ သို့မဟုတ် ဝေးလွန်းစွာ ထိုင်တဲ့အခါ စူးစိုက်ကြည့်ဖို့ ခက်ခဲတတ်ပါတယ်။ မျက်လုံး ဖြဲကြည့်စရာသိပ်မလိုအောင် မော်နီတာကို မိမိမျက်နှာထက် အနည်းငယ် နိမ့်လျက်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒီအနေအထားက မျက်လုံးအတွက် ပိုမိုလွယ်ကူစေပါတယ်။ အလင်းတွေ ဝင်မလာအောင် ကန့်လန့်ကာတွေ အသုံးပြုပြီး မီးချောင်းအလင်းအောက်တည့်တည့်တွင် ထိုင်ခြင်းမျိုး ရှောင်ပါ။

မျက်စိအတွက် ပိုကောင်းတဲ့ screen အသုံးပြုပါ

Apple ရဲ့ Retina display လို့ resolution အားကောင်းတဲ့ LCD screen သုံးပါ။ cathode ray tubes (CRT) လို ယခင်မော်နီတာပုံစံတွေက မှိတ်တုတ်မှိတ်တုတ်လင်းတတ်ကာ မျက်လုံးကို ပိုအားစိုက်စေပါတယ်။

မကြာမကြာနားပေးပါ

ကော်ဖီသောက်ချိန်စသဖြင့် ခဏတဖြုတ် နားနားပေးခြင်းက မျက်စိအညောင်း သိသိသာသာ သက်သာစေနိုင်ပါတယ်။ ဒီလိုခဏနားနေစဉ် ပြင်တင်းပေါက်ကတဆင့် အဝေးကို လှမ်းကြည့်ပါ။ အဝေးက တစ်စုံတစ်ခုကို စူးစိုက်ကြည့်ခြင်းက မျက်လုံးကြွက်သားတွေ သက်သောင့်သက်သာဖြစ်စေပြီး ကွန်ပျူတာဆက်တိုက်တာကြည့်လို့ ညောင်းညာမှုကို လျော့နည်းစေပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top