iMyanmarHouse.com - Best Property Website for Myanmar
×

ရယ္ေမာျခင္းက က်န္းမာေရးအတြက္ အေကာင္းဆံုးေဆးတစ္ခြက္ျဖစ္ပါတယ္။ ရယ္ေမာျခင္းနဲ႔ ေလ့က်င့္ခန္းျပဳလုပ္ျခင္းေတြေၾကာင့္ သက္ႀကီးပိုင္းေတြရဲ႕စိတ္က်န္းမာေရးကိုေကာင္းမြန္ေစၿပီး စိတ္တက္ႂကြၿပီး ကိုယ္လက္လႈပ္ရွားမႈပိုမိုျပဳလုပ္လာႏိုင္မွာျဖစ္ပါတယ္။

ဘယ္အသက္အရြယ္မွာမဆို ကိုယ္လက္လႈပ္ရွားမႈရွိျခင္းက က်န္းမာေစပါတယ္။ သက္ႀကီးပိုင္းေတြအတြက္ေတာ့ ပံုမွန္ေလ့က်င့္ခန္းလုပ္ျခင္းျဖင့္ ႏွလံုးက်န္းမာျခင္း၊ ကုိယ္အေလးခ်ိန္ကိုထိန္းခ်ဳပ္ႏိုင္ျခင္း၊ ဆီးခ်ိဳေရာဂါျဖစ္ႏိုင္ေခ်ကိုေလ်ာ့က်ေစျခင္း၊ အရိုးက်န္းမာေစျခင္း၊ ႂကြက္သားမ်ားသန္စြမ္းျခင္း စတဲ့အက်ိဳးေက်းဇူးမ်ားစြာကို ရရွိေစႏိုင္ပါတယ္။

Centers for Disease Control (CDC) ရဲ႕အဆိုအရ အသက္ 65 ႏွစ္အရြယ္လူႀကီးေတြက တစ္ပတ္လွ်င္ အသင့္အတင့္ကိုယ္လက္လႈပ္ရွားမွႈ အနည္းဆံုး 150 မိနစ္ (သို႔) ျပင္းထန္တဲ့ကိုယ္လက္လႈပ္ရွားမႈ အနည္းဆံုး 75 မိနစ္လုပ္သင့္တယ္လို႔ဆိုပါတယ္။

ဒါေတြအျပင္ လူႀကီးေတြကႂကြက္သားေတြကိုသန္စြမ္းေစတဲ့ ထိုင္-ထ ေလ့က်င့္ခန္း၊ အေလးအိတ္သယ္ျခင္းေတြကို တစ္ပတ္ကို 2 ႀကိမ္ျပဳလုပ္သင့္ပါတယ္။

►► လူႀကီးေတြအတြက္ က်န္းမာေရးေလ့က်င့္တဲ့ေနရာေတြမွာ ေပ်ာ္ရႊင္စရာေတြထည့္ေပးပါ။

အမ်ားအားျဖင့္ ေလ့က်င့္ခန္းပံုမွန္မလုပ္တဲ့အေၾကာင္းအရင္းကေတာ့ ေပ်ာ္ရႊင္မႈမရွိတဲ့အတြက္
 ေလ့က်င့္ခန္းလုပ္ခ်င္စိတ္မရွိျခင္းပဲျဖစ္ပါတယ္။ သက္ႀကီးပိုင္းေတြ ေလ့က်င့္ခန္းပိုလုပ္ခ်င္စိတ္ရွိလာေအာင္ ရယ္ေမာျခင္းေလ့က်င့္ခန္းကို ထည့္သြင္းဖို႔စီမံခ်က္တစ္ခုကို ေရးဆြဲထားပါတယ္။

ရယ္ေမာျခင္းက ႏွစ္သက္ဖြယ္ေကာင္းၿပီး က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးမ်ားစြာရရွိေစပါတယ္။ ဒါေၾကာင့္ တမင္သက္သက္ရယ္ရေအာင္ျပဳလုပ္ျခင္းျဖင့္ ေလ့က်င့္ခန္းလုပ္တဲ့ေနရာေတြမွာေပ်ာ္ရႊင္မႈပိုရေစပါတယ္။

ဒီစီမံခ်က္ကို Laugh Active လို႔ေခၚပါတယ္။ ဒီထဲမွာေတာ့ အေတာ္အသင့္ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းေတြနဲ႔အတူ ရယ္ေမာျခင္းကိုလႈ႔ံေဆာ္ေပးတဲ့နည္းလမ္းေတြကိုထည့္သြင္းထားျခင္းျဖင့္ ဟာသေတြေျပာစရာမလိုဘဲ ေလ့က်င့္ခန္းလုပ္ရင္း ရယ္ေမာေစႏိုင္မွာျဖစ္ပါတယ္။ ရယ္ေနတဲ့သူကိုၾကည့္ျခင္းျဖင့္ အျခားကစားေနတဲ့သူေတြကိုပါ အမွန္တကယ္ရယ္ေမာေစမွာျဖစ္ပါတယ္။ ခႏၶာကိုယ္က လံႈ႔ေဆာ္မႈေၾကာင့္ ရီတာနဲ႔ အမွန္တကယ္ရီတာကို မခြဲျခားႏိုင္ပါဘူး။ ဒါေၾကာင့္ က်န္းမာေရးေကာင္းက်ိဳးေတြကို ရရွိေစမွာျဖစ္ပါတယ္။

►►ရယ္ေမာျခင္းက ေလ့က်င့္ခန္းလုပ္ခ်င္စိတ္ကို ပိုမိုအားေပးေစသည္။

စီမံခ်က္မွာ ခႏၶာကိုယ္သန္မာေစတဲ့၊ ဟန္ခ်က္ညီမွွ်ေစတဲ့၊ ေကြးႏိုင္ဆန႔္ႏိုင္ျခင္းကိုေကာင္းေစတဲ့ ေလ့က်င့္ခန္းေတြအျပင္ ရယ္ေမာျခင္းေလ့က်င့္ခန္း 8-10 ခုေလာက္ကို ကုိယ္လက္လႈပ္ရွားေလ့က်င့္ခန္း 3-4 ခုၿပီးတိုင္း 3-6 စကၠန္႔ၾကာၾကာ ေန႔စဥ္ပံုမွန္ျပဳလုပ္ေစၿပီး စိတ္က်န္းမာေရး၊ မပ်င္းမရိဘဲနဲ႔ ေလ့က်င့္ခန္းကို အခ်ိန္အေတာ္ၾကာျပဳလုပ္ႏိုင္စြမ္းကို ေလ့လာခဲ့ပါတယ္။ 6 ပတ္အၾကာမွာ 96.2% က ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းေတြအျပင္ ရယ္ေမာျခင္းျပဳလုပ္ရတာကိုႏွစ္သက္ၿပီး 88.9% ကေတာ့ ရယ္ေမာျခင္းေလ့က်င့္ခန္းေတြထည့္သြင္းထားျခင္းျဖင့္ ေလ့က်င့္ခန္းေတြဆက္ၿပီးလုပ္ခ်င္
စိတ္ျဖစ္လာေစတယ္လို႔ခံစားရပါတယ္။

ရယ္ေမာျခင္းနဲ႔ ေလ့က်င့္ခန္းတြဲလုပ္ျခင္းက လူႀကီးေတြကိုေလ့က်င့္ခန္းစလုပ္ေစၿပီး ေလ့က်င့္ခန္းကိုလည္း အခ်ိန္အေတာ္ၾကာစြဲစြဲျမဲျမဲလုပ္ျဖစ္ေအာင္ အားေပးပါတယ္။


Credit:drmyanmar

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ရယ်မောခြင်းက ကျန်းမာရေးအတွက် အကောင်းဆုံးဆေးတစ်ခွက်ဖြစ်ပါတယ်။ ရယ်မောခြင်းနဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းတွေကြောင့် သက်ကြီးပိုင်းတွေရဲ့စိတ်ကျန်းမာရေးကိုကောင်းမွန်စေပြီး စိတ်တက်ကြွပြီး ကိုယ်လက်လှုပ်ရှားမှုပိုမိုပြုလုပ်လာနိုင်မှာဖြစ်ပါတယ်။

ဘယ်အသက်အရွယ်မှာမဆို ကိုယ်လက်လှုပ်ရှားမှုရှိခြင်းက ကျန်းမာစေပါတယ်။ သက်ကြီးပိုင်းတွေအတွက်တော့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် နှလုံးကျန်းမာခြင်း၊ ကိုယ်အလေးချိန်ကိုထိန်းချုပ်နိုင်ခြင်း၊ ဆီးချိုရောဂါဖြစ်နိုင်ချေကိုလျော့ကျစေခြင်း၊ အရိုးကျန်းမာစေခြင်း၊ ကြွက်သားများသန်စွမ်းခြင်း စတဲ့အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ပါတယ်။

Centers for Disease Control (CDC) ရဲ့အဆိုအရ အသက် 65 နှစ်အရွယ်လူကြီးတွေက တစ်ပတ်လျှင် အသင့်အတင့်ကိုယ်လက်လှုပ်ရှားမှှု အနည်းဆုံး 150 မိနစ် (သို့) ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး 75 မိနစ်လုပ်သင့်တယ်လို့ဆိုပါတယ်။

ဒါတွေအပြင် လူကြီးတွေကကြွက်သားတွေကိုသန်စွမ်းစေတဲ့ ထိုင်-ထ လေ့ကျင့်ခန်း၊ အလေးအိတ်သယ်ခြင်းတွေကို တစ်ပတ်ကို 2 ကြိမ်ပြုလုပ်သင့်ပါတယ်။

►► လူကြီးတွေအတွက် ကျန်းမာရေးလေ့ကျင့်တဲ့နေရာတွေမှာ ပျော်ရွှင်စရာတွေထည့်ပေးပါ။

အများအားဖြင့် လေ့ကျင့်ခန်းပုံမှန်မလုပ်တဲ့အကြောင်းအရင်းကတော့ ပျော်ရွှင်မှုမရှိတဲ့အတွက် လေ့ကျင့်ခန်းလုပ်ချင်စိတ်မရှိခြင်းပဲဖြစ်ပါတယ်။ သက်ကြီးပိုင်းတွေ လေ့ကျင့်ခန်းပိုလုပ်ချင်စိတ်ရှိလာအောင် ရယ်မောခြင်းလေ့ကျင့်ခန်းကို ထည့်သွင်းဖို့စီမံချက်တစ်ခုကို ရေးဆွဲထားပါတယ်။

ရယ်မောခြင်းက နှစ်သက်ဖွယ်ကောင်းပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိစေပါတယ်။ ဒါကြောင့် တမင်သက်သက်ရယ်ရအောင်ပြုလုပ်ခြင်းဖြင့် လေ့ကျင့်ခန်းလုပ်တဲ့နေရာတွေမှာပျော်ရွှင်မှုပိုရစေပါတယ်။

ဒီစီမံချက်ကို Laugh Active လို့ခေါ်ပါတယ်။ ဒီထဲမှာတော့ အတော်အသင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေနဲ့အတူ ရယ်မောခြင်းကိုလှုံ့ဆော်ပေးတဲ့နည်းလမ်းတွေကိုထည့်သွင်းထားခြင်းဖြင့် ဟာသတွေပြောစရာမလိုဘဲ လေ့ကျင့်ခန်းလုပ်ရင်း ရယ်မောစေနိုင်မှာဖြစ်ပါတယ်။ ရယ်နေတဲ့သူကိုကြည့်ခြင်းဖြင့် အခြားကစားနေတဲ့သူတွေကိုပါ အမှန်တကယ်ရယ်မောစေမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်က လှုံ့ဆော်မှုကြောင့် ရီတာနဲ့ အမှန်တကယ်ရီတာကို မခွဲခြားနိုင်ပါဘူး။ ဒါကြောင့် ကျန်းမာရေးကောင်းကျိုးတွေကို ရရှိစေမှာဖြစ်ပါတယ်။

►►ရယ်မောခြင်းက လေ့ကျင့်ခန်းလုပ်ချင်စိတ်ကို ပိုမိုအားပေးစေသည်။

စီမံချက်မှာ ခန္ဓာကိုယ်သန်မာစေတဲ့၊ ဟန်ချက်ညီမှျှစေတဲ့၊ ကွေးနိုင်ဆန့်နိုင်ခြင်းကိုကောင်းစေတဲ့ လေ့ကျင့်ခန်းတွေအပြင် ရယ်မောခြင်းလေ့ကျင့်ခန်း 8-10 ခုလောက်ကို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း 3-4 ခုပြီးတိုင်း 3-6 စက္ကန့်ကြာကြာ နေ့စဉ်ပုံမှန်ပြုလုပ်စေပြီး စိတ်ကျန်းမာရေး၊ မပျင်းမရိဘဲနဲ့ လေ့ကျင့်ခန်းကို အချိန်အတော်ကြာပြုလုပ်နိုင်စွမ်းကို လေ့လာခဲ့ပါတယ်။ 6 ပတ်အကြာမှာ 96.2% က ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေအပြင် ရယ်မောခြင်းပြုလုပ်ရတာကိုနှစ်သက်ပြီး 88.9% ကတော့ ရယ်မောခြင်းလေ့ကျင့်ခန်းတွေထည့်သွင်းထားခြင်းဖြင့် လေ့ကျင့်ခန်းတွေဆက်ပြီးလုပ်ချင်စိတ်ဖြစ်လာစေတယ်လို့ခံစားရပါတယ်။

ရယ်မောခြင်းနဲ့ လေ့ကျင့်ခန်းတွဲလုပ်ခြင်းက လူကြီးတွေကိုလေ့ကျင့်ခန်းစလုပ်စေပြီး လေ့ကျင့်ခန်းကိုလည်း အချိန်အတော်ကြာစွဲစွဲမြဲမြဲလုပ်ဖြစ်အောင် အားပေးပါတယ်။


Credit:drmyanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top