iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ကိုခ်ဥ္းကပ္ေနတဲ့ အမ်ိဳးသားတစ္ဦးကို လက္ခံစဥ္းစားမယ္ဆိုရင္ သူဘယ္လုိ လူစားမ်ိဳးလည္း အနည္းငယ္အကဲခတ္ၾကည့္လိုပါသလား။ ဒါဆုိရင္ေတာ့ ေလာကမွာ ရွိတတ္တဲ့ ေယာက်္ားအမ်ိဳးအစား ဘယ္ႏွမ်ိဳးေလာက္မ်ားရွိလဲ အရင္သိထားဖို႕ လိုတာေပါ့။

အမ်ိဳးအစားခြဲၾကည့္မယ္ဆုိရင္ေတာ့ အၾကမ္းဖ်င္းအားျဖင့္ (၈)မ်ိဳးရွိပါတယ္။ လူတစ္ကိုယ္ အႀကိဳက္တစ္မ်ိဳးဆုိသလိုပဲ ကိုယ္နဲ႕ကိုက္ညီတာကို ရွာေဖြၾကည့္ရေအာင္။

(၁) သ၀န္တုိတတ္သူ

သူ႕ေကာင္မေလးနဲ႕ပတ္သက္ၿပီး သူစိတ္ခ်တဲ့ေယာက်္ားေလး ဒီကမၻာေပၚမွာ မေမြးေသးဘူးဆိုတဲ့ သူမ်ိဳးေပါ့။ သူ႕အခ်စ္ဆံုး သူငယ္ခ်င္းေတြနဲ႔ပါမခ်န္ သ၀န္တိုတတ္ပါတယ္။ သင့္မ်က္ႏွာတျခားတစ္ဖက္ လွည့္လိုက္တာနဲ႕ ဘယ္သူ႕ကိုမ်ားလုိက္ၾကည့္လဲဆုိၿပီး အပူတျပင္းလုိက္ရွာတတ္သူမ်ိဳးေပါ့။

(၂) အေစခံတစ္ေယာက္လို က်ိဳးႏြံသူ

သူ႕ေကာင္မေလးကို အလြန္က်ိဳးႏံြတတ္သူမ်ိဳးျဖစ္ၿပီး သူမေခါင္းၿငိမ့္ လက္ညွိဳးညႊန္ရာ မွန္သမွ် သူ႕အတြက္ေတာ့ လုိက္နာစရာေတြခ်ည္းပါပဲ။ သင့္ကို ဆရာတပါးလုိမ်ိဳး အလုပ္အေကၽြးျပဳဖုိ႕ အသင့္ရွိေန သူမ်ိဳးပါ။ တစ္ခါတစ္ေလေတာ့လည္း လူၾကားထဲမွာ ရယ္စရာျဖစ္ေနတတ္ပါတယ္။

(၃) ကပ္ေစးနဲသူ

သူ႕မွာ ဘယ္ေတာ့ဆုိ ဘယ္ေတာ့မွ ပိုက္ဆံမရွိတတ္ပါဘူး။ သင့္ရဲ႕လစာကို ကပ္ဖဲ့သံုးမယ္ဆုိတဲ့ သူမ်ိဳးေပါ့။ အလကားစားရဖုိ႕ဆုိ ဘာမဆုိလုပ္မယ့္သူမ်ိဳးပါ။

(၄) ခံစားခ်က္ျပင္းထန္သူ

သူတင္ထားတဲ့ ေဖ့ဘုတ္စေတးတပ္တစ္ခုမွာ သင္က ကြန္မန္႕၀င္မေရးလုိက္ရံုနဲ႕ “သူဟာ ငါ့ရဲ႕ စေတးတပ္ေလးကိုေတာင္ ဂရုတစိုက္ ဖတ္ေပးဖို႕ အခ်ိန္မရွိပါလား”လုိ႕ ေအာ္ဟစ္ေနလုိတဲ့သူမ်ိဳးေပါ့။ ဘယ္ေလာက္မ်ား ကေလးဆန္လိုက္လဲလုိ႕။ သူမမွာလည္း သူမရဲ႕ ကိုယ္ပိုင္ဘ၀နဲ႕ သူမ ရွင္သန္ေနတာ ပါလားဆုိတမ်ိဳး မေတြးေပးတတ္သူမ်ိဳးပါ။

(၅) ဂိမ္းနဲ႕ အခ်ိန္ကုန္သူ

သူ႕ေကာင္မေလးကို ဖုန္းဆက္ေခၚၿပီး စကားေလးဘာေလးေျပာျဖစ္တာဟာ သူ႕အတြက္ေတာ့ မဟာအခ်ိန္ေပးျခင္းႀကီး တစ္ခုပါပဲ။ သူအေနနဲ႕ တစ္ေနကုန္ အိမ္ထဲက အိမ္ျပင္မထြက္ဘဲ ကြန္ပ်ဴတာေရွ႕က မထႏုိင္ေလာက္ေအာင္ အလုပ္ရႈပ္တယ္ေလ။ ဘာလုိ႕လဲဆုိေတာ့ သူ႕လက္ေတြက ဂိမ္းခလုတ္နဲ႕ ျပတ္လုိ႕မွမရပဲ။

(၆) အရွင္သခင္လုိလူ

နံပါတ္(၂) အေစခံလုိလူနဲ႕ ေျပာင္းျပန္တစ္ေယာက္ကေတာ့ အရွင္သခင္လုိလူပါပဲ။ သင့္ကို သူပိုင္တယ္လုိ႕ ထင္ေနတတ္တဲ့သူမ်ိဳးေပါ့။ သူ႕ေကာင္မေလးဘာ၀တ္မယ္ ၊ ဘယ္စားေသာက္ဆုိင္ကို သြားမယ္၊ ဘယ္အစားအစာ မွာစားမယ္ ၊ ဘယ္လုိသူေတြနဲ႕ အေပါင္းအသင္းလုပ္မယ္ ဆိုတာကအစ ထိန္းခ်ဳပ္ ဆံုးျဖတ္ေပးခ်င္ေနတဲ့ လူစားမ်ိဳးေပါ့။ သူကျဖစ္ႏုိင္ရင္ ဘယ္အခ်ိန္ အိမ္သာသြားရမယ္ဆုိတာကအစ လုိက္ခ်ဳပ္ခ်ယ္ခ်င္သူမ်ိဳးပါ။

(၇) စိတ္ထင္သလိုေနသူ

တစ္ေယာက္တည္းက်န္ခဲ့မွာမ်ိဳး အရမ္းေၾကာက္တတ္သူေပါ့။ စည္းမ်ဥ္းေတြ ကတိေတြကို အစဥ္အၿမဲ ဂရုစိုက္ေလ့မရွိဘဲ နီးစပ္တဲ့ မိန္းမမွန္သမွ်ကို ပိုးပန္းခ်င္ေနတဲ့သူမ်ိဳးပါ။ သင္ေဘးမွာရွိေနရင္ေတာင္ ေရွ႕က မိန္းမကို မ်က္စိမွိတ္ျပခ်င္ မွိတ္ျပေနမယ့္သူပါ။ သင္မရွိရင္ေတာ့ ေသခ်ာေပါက္ ေဖာက္ျပန္ေတာ့မွာပါ။

(၈) ၿပီးျပည့္စံုသူ

သူဟာ အခ်စ္နဲ႔ပတ္သတ္ၿပီး အရမ္းႏူးညံ့တတ္တယ္။ ၿပီးေတာ့ အလြန္ယုယခ်စ္ခင္တတ္ၿပီး မိန္းမေတြ အလိုရွိသူမ်ိဳးေပါ့။ ေယာက္်ားပီသတဲ့ ရုပ္ရည္မ်ိဳးနဲ႕ သင္ေတာင့္တလိုက္ရင္ အကုန္ျဖစ္ေစရမယ္ဆုိတဲ့သူ ။ ၿပီးေတာ့ဆဲြေဆာင္မႈလည္းရွိတယ္။

ဒါေပမယ့္ အရမ္း၀မ္းနည္းဖုိ႕ေကာင္းတာက အဲ့လိုလူမ်ိဳး ေလာကမွာ တကယ္မရွိပါဘူး။

လူမွန္ရင္ ခ်ိဳ႕ယြင္းခ်က္တစ္ခုေတာ့ရွိတတ္သူခ်ည္းပါပဲ။ သင္ကလည္း ၿပီးျပည့္စံုတဲ့ အမ်ိဳးသမီးတစ္ေယာက္ မဟုတ္သလို ၿပီးျပည့္စံုတဲ့ေယာက္်ားဆုိတာလည္း မရွိႏုိင္ပါဘူး။ ဒါေၾကာင့္ ကိုယ္နဲ႕ ကိုက္ညီႏုိင္မယ့္ သူမ်ိဳးကို ေရြးခ်ယ္ၿပီး သူ႕အျပစ္တစ္ခုေလာက္ကိုေတာ့ လ်စ္လ်ဴရႈေပးႏုိင္ရမွာေပါ့။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

င့်ကိုချဉ်းကပ်နေတဲ့ အမျိုးသားတစ်ဦးကို လက်ခံစဉ်းစားမယ်ဆိုရင် သူဘယ်လို လူစားမျိုးလည်း အနည်းငယ်အကဲခတ်ကြည့်လိုပါသလား။ ဒါဆိုရင်တော့ လောကမှာ ရှိတတ်တဲ့ ယောကျ်ားအမျိုးအစား ဘယ်နှမျိုးလောက်များရှိလဲ အရင်သိထားဖို့ လိုတာပေါ့။

အမျိုးအစားခွဲကြည့်မယ်ဆိုရင်တော့ အကြမ်းဖျင်းအားဖြင့် (၈)မျိုးရှိပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုသလိုပဲ ကိုယ်နဲ့ကိုက်ညီတာကို ရှာဖွေကြည့်ရအောင်။

(၁) သဝန်တိုတတ်သူ

သူ့ကောင်မလေးနဲ့ပတ်သက်ပြီး သူစိတ်ချတဲ့ယောကျ်ားလေး ဒီကမ္ဘာပေါ်မှာ မမွေးသေးဘူးဆိုတဲ့ သူမျိုးပေါ့။ သူ့အချစ်ဆုံး သူငယ်ချင်းတွေနဲ့ပါမချန် သဝန်တိုတတ်ပါတယ်။ သင့်မျက်နှာတခြားတစ်ဖက် လှည့်လိုက်တာနဲ့ ဘယ်သူ့ကိုများလိုက်ကြည့်လဲဆိုပြီး အပူတပြင်းလိုက်ရှာတတ်သူမျိုးပေါ့။

(၂) အစေခံတစ်ယောက်လို ကျိုးနွံသူ

သူ့ကောင်မလေးကို အလွန်ကျိုးနွံတတ်သူမျိုးဖြစ်ပြီး သူမခေါင်းငြိမ့် လက်ညှိုးညွှန်ရာ မှန်သမျှ သူ့အတွက်တော့ လိုက်နာစရာတွေချည်းပါပဲ။ သင့်ကို ဆရာတပါးလိုမျိုး အလုပ်အကျွေးပြုဖို့ အသင့်ရှိနေ သူမျိုးပါ။ တစ်ခါတစ်လေတော့လည်း လူကြားထဲမှာ ရယ်စရာဖြစ်နေတတ်ပါတယ်။

(၃) ကပ်စေးနဲသူ

သူ့မှာ ဘယ်တော့ဆို ဘယ်တော့မှ ပိုက်ဆံမရှိတတ်ပါဘူး။ သင့်ရဲ့လစာကို ကပ်ဖဲ့သုံးမယ်ဆိုတဲ့ သူမျိုးပေါ့။ အလကားစားရဖို့ဆို ဘာမဆိုလုပ်မယ့်သူမျိုးပါ။

(၄) ခံစားချက်ပြင်းထန်သူ

သူတင်ထားတဲ့ ဖေ့ဘုတ်စတေးတပ်တစ်ခုမှာ သင်က ကွန်မန့်ဝင်မရေးလိုက်ရုံနဲ့ “သူဟာ ငါ့ရဲ့ စတေးတပ်လေးကိုတောင် ဂရုတစိုက် ဖတ်ပေးဖို့ အချိန်မရှိပါလား”လို့ အော်ဟစ်နေလိုတဲ့သူမျိုးပေါ့။ ဘယ်လောက်များ ကလေးဆန်လိုက်လဲလို့။ သူမမှာလည်း သူမရဲ့ ကိုယ်ပိုင်ဘဝနဲ့ သူမ ရှင်သန်နေတာ ပါလားဆိုတမျိုး မတွေးပေးတတ်သူမျိုးပါ။

(၅) ဂိမ်းနဲ့ အချိန်ကုန်သူ

သူ့ကောင်မလေးကို ဖုန်းဆက်ခေါ်ပြီး စကားလေးဘာလေးပြောဖြစ်တာဟာ သူ့အတွက်တော့ မဟာအချိန်ပေးခြင်းကြီး တစ်ခုပါပဲ။ သူအနေနဲ့ တစ်နေကုန် အိမ်ထဲက အိမ်ပြင်မထွက်ဘဲ ကွန်ပျူတာရှေ့က မထနိုင်လောက်အောင် အလုပ်ရှုပ်တယ်လေ။ ဘာလို့လဲဆိုတော့ သူ့လက်တွေက ဂိမ်းခလုတ်နဲ့ ပြတ်လို့မှမရပဲ။

(၆) အရှင်သခင်လိုလူ

နံပါတ်(၂) အစေခံလိုလူနဲ့ ပြောင်းပြန်တစ်ယောက်ကတော့ အရှင်သခင်လိုလူပါပဲ။ သင့်ကို သူပိုင်တယ်လို့ ထင်နေတတ်တဲ့သူမျိုးပေါ့။ သူ့ကောင်မလေးဘာဝတ်မယ် ၊ ဘယ်စားသောက်ဆိုင်ကို သွားမယ်၊ ဘယ်အစားအစာ မှာစားမယ် ၊ ဘယ်လိုသူတွေနဲ့ အပေါင်းအသင်းလုပ်မယ် ဆိုတာကအစ ထိန်းချုပ် ဆုံးဖြတ်ပေးချင်နေတဲ့ လူစားမျိုးပေါ့။ သူကဖြစ်နိုင်ရင် ဘယ်အချိန် အိမ်သာသွားရမယ်ဆိုတာကအစ လိုက်ချုပ်ချယ်ချင်သူမျိုးပါ။

(၇) စိတ်ထင်သလိုနေသူ

တစ်ယောက်တည်းကျန်ခဲ့မှာမျိုး အရမ်းကြောက်တတ်သူပေါ့။ စည်းမျဉ်းတွေ ကတိတွေကို အစဉ်အမြဲ ဂရုစိုက်လေ့မရှိဘဲ နီးစပ်တဲ့ မိန်းမမှန်သမျှကို ပိုးပန်းချင်နေတဲ့သူမျိုးပါ။ သင်ဘေးမှာရှိနေရင်တောင် ရှေ့က မိန်းမကို မျက်စိမှိတ်ပြချင် မှိတ်ပြနေမယ့်သူပါ။ သင်မရှိရင်တော့ သေချာပေါက် ဖောက်ပြန်တော့မှာပါ။

(၈) ပြီးပြည့်စုံသူ

သူဟာ အချစ်နဲ့ပတ်သတ်ပြီး အရမ်းနူးညံ့တတ်တယ်။ ပြီးတော့ အလွန်ယုယချစ်ခင်တတ်ပြီး မိန်းမတွေ အလိုရှိသူမျိုးပေါ့။ ယောက်ျားပီသတဲ့ ရုပ်ရည်မျိုးနဲ့ သင်တောင့်တလိုက်ရင် အကုန်ဖြစ်စေရမယ်ဆိုတဲ့သူ ။ ပြီးတော့ဆွဲဆောင်မှုလည်းရှိတယ်။

ဒါပေမယ့် အရမ်းဝမ်းနည်းဖို့ကောင်းတာက အဲ့လိုလူမျိုး လောကမှာ တကယ်မရှိပါဘူး။

လူမှန်ရင် ချို့ယွင်းချက်တစ်ခုတော့ရှိတတ်သူချည်းပါပဲ။ သင်ကလည်း ပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက် မဟုတ်သလို ပြီးပြည့်စုံတဲ့ယောက်ျားဆိုတာလည်း မရှိနိုင်ပါဘူး။ ဒါကြောင့် ကိုယ်နဲ့ ကိုက်ညီနိုင်မယ့် သူမျိုးကို ရွေးချယ်ပြီး သူ့အပြစ်တစ်ခုလောက်ကိုတော့ လျစ်လျူရှုပေးနိုင်ရမှာပေါ့။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top