iMyanmarHouse.com - Best Property Website for Myanmar
×

လြန္ခဲ့တဲ့ ႏွစ္လေလာက္က ျဖစ္ခဲ့တဲ့ က်န္းမာေရးအေျခအေနေၾကာင့္ အႏုပညာအလုပ္ေတြကို ႏွစ္လခြဲနီးပါး ရပ္နားလိုက္သူကေတာ့ ဟိန္းေ၀ယံပါ။ ဟိန္းေ၀ယံဟာ အႏုပညာအလုပ္ေတြ နားေနစဥ္အတြင္းမွာ အႏုပညာပိုင္းဆုိင္ရာအေၾကာင္းအရာမ်ားကို ပိုမိုေလ့လာျဖစ္ခဲ့ၿပီး ဘာသာေရးကို ပိုမိုလုပ္ျဖစ္ခဲ့တယ္လို႕သိရပါတယ္။ ဒါ့အျပင္ သီတင္းကၽြတ္ကုိလဲေက်ာ္လြန္ေနၿပီျဖစ္လို႕အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားရဲ႕ မဂၤလာသတင္းေတြၾကားေနရသလို ဟိန္းေ၀ယံရဲ႕မဂၤလာသတင္းနဲ႕အခ်စ္ေရးအေၾကာင္းကို ေမးျမန္းရင္း လက္ရွိေနေကာင္းၿပီးခါစမွာ ျပန္လည္ရုိက္ကူးေနၿပီျဖစ္တဲ့ ဗီဒီယိုကားေလးအေၾကာင္းကို သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-အခုရုိက္ေနတဲ့ ကားေလးအေၾကာင္းကို အရင္ေျပာျပေပးပါဦး။

အခုရိုက္ေနတဲ့ကားေလးက ခ်စ္မိေတာ့လဲတဲ့။ ကၽြန္ေတာ္နဲ႕စိုးျပည့္သဇင္နဲ႕ပါ။ ဒီကားထဲမွာ ကၽြန္ေတာ္က အရမ္းကပ္စီးနဲတဲ့ ေကာင္ေလးတစ္ေယာက္ေပါ့။ ၿပီးေတာ့ သမာအာဇီ၀အလုပ္ဆိုရင္ ဘယ္အလုပ္ပဲျဖစ္ျဖစ္ လုပ္ခ်င္စိတ္ရွိတယ္။ ပိုက္ဆံကုိ ၾကိဳးၾကိဳးစားစားရွာတယ္။ အဲ့ဒီလိုကာရုိက္တာမ်ိဳးေပါ့။

-သီတင္းကၽြတ္ကိုေရာ ဘယ္လိုျဖတ္သန္းျဖစ္လဲ။

သီတင္းကၽြတ္မွာ လူၾကီးမိဘေတြကို သြားကန္႕ေတာ့ျဖစ္တယ္။ ၿပီးေတာ့ မိဘေတြကိုကန္႕ေတာ့ျဖစ္တယ္။ တျခားေထြေထြထူးထူး အမွတ္တရေတာ့မရွိပါဘူး။ ေပ်ာ္ဖို႕ေကာင္းပါတယ္။ စိတ္ခ်မ္းသာပါတယ္။

-ဒီကားေလးက က်န္းမာေရးျပန္ေကာင္းတဲ့အခ်ိန္မွာ ျပန္ရုိက္ျဖစ္တဲ့ကားေပါ့။

ဟုတ္ပါတယ္။ အေရွ႕မွာ ကၽြန္ေတာ္ ႏွစ္လခြဲ၊ သံုးလေလာက္နားလိုက္တယ္။ ဆရာ၀န္ကလဲ နားပါလို႕ေျပာတဲ့အတြက္နားျဖစ္လိုက္တယ္။ အလုပ္ဆိုတာက ေနေကာင္းေနရင္ ဘယ္အခ်ိန္မဆိုလုပ္လို႕ရတယ္ေလ။ က်န္းမာေရးက အေရးၾကီးတယ္ဆိုတာနဲ႕နားျဖစ္လိုက္တာပါ။ ဒီကားေလးကေတာ့ ေနေကာင္းၿပီးေတာ့မွ ျပန္စရုိက္ျဖစ္တဲ့ကားေလးေပါ့။

-အခုလက္ရွိက်န္းမာေရးကေရာ ဘယ္လိုျဖစ္သြားၿပီလဲ။

ေကာင္းသြားပါၿပီ။ ေအးေဆးပါပဲ။ ကၽြန္ေတာ္က ေမြးရာပါ ႏွလံုးအားနည္းတဲ့ေရာဂါရွိတဲ့အတြက္ အလုပ္ေတြပင္ပန္းသြားတဲ့အခါမွာ လဲသြားတာေပါ့။ အခုေတာ့ က်န္းမာေရးက ေကာင္းသြားပါၿပီ။ ေအးေဆးျဖစ္သြားပါၿပီ။ ႏွလံုးေရာဂါသည္လိုမ်ိဳးေတာ့မဟုတ္ပါဘူး။

-နားတဲ့အခ်ိန္ေတြမွာေရာ ဘာေတြလုပ္ျဖစ္လဲ။

ကၽြန္ေတာ္ကားျပန္စရုိက္ေတာ့မယ္ဆိုတဲ့အခ်ိန္မွာ ကုိယ္ဘယ္လိုကားမ်ိဳးရုိက္ခ်င္လဲဆိုတာေတြ စဥ္းစားတယ္။ ၿပီးေတာ့ ဘာသာေရးပိုင္းကိုလဲ အဲ့ဒီအခ်ိန္မွာပုိလုပ္ျဖစ္တယ္။ ကိုယ္လဲနားေနတဲ့အခါက်ေတာ့ ဘာပဲေျပာေျပာကုသိုလ္ရတာေပါ့ေလ။ အႏုပညာနဲ႕ပတ္သက္ၿပီးေတာ့လဲ ေလ့လာျဖစ္တယ္။ ေနာက္ကိုယ့္ရဲ႕လိုအပ္ခ်က္ေတြကိုလဲ ျပန္ၿပီးသံုးသပ္ျဖစ္တယ္။

-အစ္ကိုတို႕တိုက္က ရုိက္ထားတဲ့ ရံုၾကီးကားေတြေရာ ဘယ္ေတာ့ေလာက္ရံုတင္ျဖစ္မလဲ။

ဟုတ္တယ္ဗ်။ ရုိက္ထားတဲ့ကားက သံုးကားရွိတယ္။ ဘာညာဘာညာရယ္၊ ၾကီးၾကီးက်ယ္က်ယ္ရယ္၊ ေနာက္တစ္ကားက အခ်စ္ဧ။္ ေဘးထြက္ဆိုးက်ိဳးဆိုၿပီး ယာယီေပးထားတဲ့ကားေလးရယ္ သံုးကားေပါ့။ အဲ့ဒီကားေလးကေတာ့ မင္းသမီးအမ်ားၾကီးပါတယ္။ သံုးကားလံုးမတင္ရေသးဘူး။ ဒါေပမဲ့ ၾကီးၾကီးက်ယ္က်ယ္ကေတာ့ ၁၁ လပိုင္းေလာက္မွာရံုတင္ဖို႕လုပ္ေနပါတယ္။

-ဒါၿပီးရင္ေရာ ဘာေတြလက္ခံထားတာရွိဦးမလဲ။

ဒီကားၿပီးရင္ ဦး၀င္းထြန္းထြန္းနဲ႕ My Hero ဆိုတဲ့ ရုပ္ရွင္ကားၾကီးတစ္ကား ရုိက္ဖို႕ရွိပါတယ္။ ေမျမိဳ႕မွာသြားရုိက္မွာေပါ့။ အဲ့ဒီကားထဲမွာ Myanmar Idol က ေမၾကည္ပါမယ္။ ၁၁ လပိုင္း ၂ ရက္ေန႕မွာစရုိက္ပါမယ္။ အမွန္အတိုင္းေျပာရရင္ မင္းသမီးအသစ္တင္တဲ့ သေဘာမ်ိဳးမဟုတ္ပါဘူး။ ထူးျခားေအာင္ေမၾကည္နဲ႕တြဲရုိက္ျဖစ္တဲ့ သေဘာပါ။ ဦး၀င္းထြန္းထြန္းကလဲ ဒီကားေလးမွာ မင္းသမီးကို ၾကိဳးစားၿပီး ေလ့က်င့္ေပးမွာပါ။ ကားၾကီးလဲျဖစ္သလို ဇာတ္ကုိလဲ သေဘာက်တဲ့အတြက္ ဒီကားေလးက နည္းနည္းေတာ့ အရင္ကားေတြထက္စာရင္ အားစိုက္ရမဲ့သေဘာရွိတယ္လို႕ျမင္ပါတယ္။

-သီတင္းလဲကၽြတ္သြားၿပီဆိုေတာ့ အစ္ကို႕အခ်စ္ေရးနဲ႕ပတ္သက္ၿပီး ထူးျခားမႈရွိေနၿပီလား။

ေအးေဆးပါပဲ။ အိမ္ေထာင္ေရးကို မစဥ္းစားေသးတာမဟုတ္ပါဘူး။ ကံဆိုတာက ေျပာလို႕မရဘူးေလ။ ကၽြန္ေတာ့္အေနနဲ႕ဘယ္ေန႕ဘယ္အခ်ိန္မွာ အိမ္ေထာင္ျပဳမယ္ဆုိၿပီး ကန္႕သတ္ထားတာမ်ိဳးမရွိပါဘူး။ အခ်စ္ေရးကလဲ ေအးေဆးပါပဲ။ အိမ္ေထာင္ေရးကလဲ ေအးေဆးပါပဲ။ ဘာမွစီစဥ္ထားတာမ်ိဳးမရွိေသးပါဘူး။

-အစ္ကိုသေဘာက်တဲ့ မိန္းကေလးကေရာ ဘယ္လိုပံုစံမ်ိဳးမ်ားျဖစ္မလဲ။

အမွန္အတိုင္းေျပာရရင္ ကၽြန္ေတာ့္စိတ္ထဲမွာရွိတဲ့ စိတ္ကူးယဥ္ထားတဲ့ပံုစံမ်ိဳးေျပာရရင္ ျမန္မာဆန္တာကိုသေဘာက်တယ္။ ဒါကၽြန္ေတာ့္စိတ္ကူး၊ ကၽြန္ေတာ့အေတြးေပါ့။ ဒါေပမဲ့ လက္ေတြ႕မွာေတာ့ ျဖစ္ခ်င္လဲျဖစ္မယ္။ မျဖစ္ခ်င္လဲ မျဖစ္ဘူးေပါ့။ ကိုယ့္ရဲ႕ဖူးစာကံကလဲရွိေသးတာကိုး။ ဖူးစာဆိုတာ မေျပာႏုိင္ဘူး။ ဘယ္လိုပံုစံမ်ိဳးမဆုိျဖစ္ႏုိင္တဲ့အတြက္ ကၽြန္ေတာ္လိုခ်င္တာကေတာ့ ျမန္မာဆန္တဲ့ မိန္းကေလးမ်ိဳးကို ပိုလိုခ်င္ပါတယ္။

-အိမ္ကေရာ အစ္ကို႕အခ်စ္ေရးနဲ႕အိမ္ေထာင္ေရးကို ကိုယ္ပိုင္ဆံုးျဖတ္ခြင့္ေပးထားၿပီလား။

အခုခ်ိန္မွာ အဲ့ဒါေတြကၽြန္ေတာ္ မေျဖခ်င္ေသးဘူးအစ္မရယ္။ တျခားဟာေလးပဲေမးပါလား။

-အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားလဲ မဂၤလာေတြေဆာင္ေနၾကေတာ့ အစ္ကိုေရာ သူတို႕ကိုၾကည့္ၿပီးစိတ္ကူးယဥ္မိတာမ်ိဳးရွိလား။

ကၽြန္ေတာ္က သူမ်ားေတြရဲ႕ မဂၤလာသတင္းေတြ၊ မဂၤလာေဆာင္ၾကတာေတြၾကားရသိရတဲ့အခါမ်ိဳးမွာ ဘာပဲေျပာေျပာ ၀မ္းသာမိပါတယ္။ ၾကည္ႏူးမိပါတယ္။ မဂၤလာေဆာင္တယ္ဆိုတာ မဂၤလာရွိတဲ့အလုပ္ကို လုပ္တာေလ။ ကၽြန္ေတာ့္အေနနဲ႕ကေတာ့ ေလာေလာဆယ္မွာ ကၽြန္ေတာ့္စိတ္က လြတ္လြတ္လပ္လပ္နဲ႕လူပ်ိဳတစ္ေယာက္အေနနဲ႕ပဲ ျဖတ္သန္းခ်င္ပါေသးတယ္။ အဲ့ဒီလိုေတာ့စဥ္းစားထားတယ္။ ဒါေပမဲ့အိမ္ေထာင္ေရးကို စဥ္းစားေနတဲ့သူေတြ၊ စဥ္းစားထားတဲ့သူေတြ ၊ အိမ္ေထာင္ျပဳတဲ့သူေတြကိုလဲ ကၽြန္ေတာ္ခ်ီးက်ဴးပါတယ္။ ဒါမဂၤလာရွိတဲ့အလုပ္ကို လုပ္တာပဲေလ။ လူတစ္ေယာက္နဲ႕တစ္ေယာက္က ခံယူခ်က္ခ်င္း မတူဘူး။ စိတ္ခံစားခ်က္ခ်င္းလဲမတူတဲ့အတြက္ ကၽြန္ေတာ္ကေတာ့ ဘ၀ၾကီးကို တစ္ေယာက္တည္းပဲေအးေအးေဆးေဆးနဲ႕သြားခ်င္ပါတယ္။

-အဲ့ဒါဆုိလူပ်ိဳၾကီးပဲလုပ္ေတာ့မွာလား။

အဲ့ဒါကေတာ့ေျပာလို႕မရဘူးေပါ့။ ေလာေလာဆယ္ ကၽြန္ေတာ့္စိတ္ကူးက အဲ့ဒီလိုေတာ့ရွိတယ္။ ဒါေပမဲ့ကံဆိုတာက ေျပာလို႕ေတာ့မရဘူးေပါ့။ ကၽြန္ေတာ္တို႕အသိထဲမွာလဲ ရွိတယ္။ လူပ်ိဳၾကီးလုပ္မယ္ဆုိၿပီးသူအရင္ဆံုးအိမ္ေထာင္က်သြားတာမ်ိဳးလဲရွိတယ္။ မိန္းမယူမယ္ဆုိတဲ့ သူေတြက်ေတာ့လဲ အခုခ်ိန္ထိလူပ်ိဳၾကီးျဖစ္ေနတုန္းပဲဆိုေတာ့ ဘယ္တစ္ခုကုိမွ စကားကိုေတာ့ အကုန္မေျပာခ်င္ပါဘူး။ အတိအက်ၾကီး မေျပာထားခ်င္ဘူး။ ကိုယ့္ရဲ႕ဖူးစာဆိုတာ ဘယ္အခ်ိန္ေပၚလာမလဲမသိတဲ့အတြက္ ကၽြန္ေတာ့အေနနဲ႕ဘာမွသတ္မွတ္ထားတာမ်ိဳး မရွိပါဘူး။ လက္ရွိမွာ ေအးေအးေဆးေဆးနဲ႕အႏုပညာအလုပ္ေတြလုပ္ရင္းေပ်ာ္ေနပါတယ္။

-အခုလက္ရွိမွာထြက္ေနတဲ့သူမ်ားေတြရဲ႕ ေကာလဟလၾကားထဲမွာ အစ္ကို႕ပံုေလးကညပ္ၿပီး Troll ခံေနရတဲ့အေပၚ စိတ္ခံစားခ်က္ကိုလဲသိခ်င္ပါတယ္။

ဟာ မေျပာေတာ့ပါဘူးဗ်ာ။ မေျပာပါရေစနဲ႕ေနာ္။

-ပရိသတ္ၾကီးကိုေရာ ဘာမ်ားေျပာခ်င္ေသးလဲ။

ကၽြန္ေတာ့္ပရိသတ္ေတြ ကၽြန္ေတာ့္ကို အားေပးေနၾကတဲ့အတြက္ေၾကာင့္ ကၽြန္ေတာ္အထူးပဲေက်းဇူးတင္ပါတယ္။ ၿပီးေတာ့ ကၽြန္ေတာ္ေနမေကာင္းျဖစ္ေနတဲ့ အခ်ိန္မွာလဲ ကၽြန္ေတာ့ကုိစိတ္ပူေပးၾကတဲ့ သတင္းေမးၾကတဲ့သူေတြအားလံုးကိုလဲေက်းဇူးတင္ပါတယ္လို႕ ေျပာခ်င္ပါတယ္။ ၿပီးေတာ့အႏုပညာနဲ႕ပတ္သက္ၿပီးေတာ့လဲ ကၽြန္ေတာ္ဆက္ၿပီးၾကိဳးစားသြားမွာပါ။ ပရိသတ္ေတြအားလံုးလဲ အစစအရာရာ အဆင္ေျပၿပီးေတာ့ စိတ္ဧ။္ က်န္းမာျခင္း၊ ကုိယ္ဧ။္ ခ်မ္းသာျခင္းနဲ႕ျပည့္စံုၾကပါေစလို႕ေျပာခ်င္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လွန်ခဲ့တဲ့ နှစ်လလောက်က ဖြစ်ခဲ့တဲ့ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကို နှစ်လခွဲနီးပါး ရပ်နားလိုက်သူကတော့ ဟိန်းဝေယံပါ။ ဟိန်းဝေယံဟာ အနုပညာအလုပ်တွေ နားနေစဉ်အတွင်းမှာ အနုပညာပိုင်းဆိုင်ရာအကြောင်းအရာများကို ပိုမိုလေ့လာဖြစ်ခဲ့ပြီး ဘာသာရေးကို ပိုမိုလုပ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် သီတင်းကျွတ်ကိုလဲကျော်လွန်နေပြီဖြစ်လို့အနုပညာရှင်တော်တော်များများရဲ့ မင်္ဂလာသတင်းတွေကြားနေရသလို ဟိန်းဝေယံရဲ့မင်္ဂလာသတင်းနဲ့အချစ်ရေးအကြောင်းကို မေးမြန်းရင်း လက်ရှိနေကောင်းပြီးခါစမှာ ပြန်လည်ရိုက်ကူးနေပြီဖြစ်တဲ့ ဗီဒီယိုကားလေးအကြောင်းကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အခုရိုက်နေတဲ့ ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

အခုရိုက်နေတဲ့ကားလေးက ချစ်မိတော့လဲတဲ့။ ကျွန်တော်နဲ့စိုးပြည့်သဇင်နဲ့ပါ။ ဒီကားထဲမှာ ကျွန်တော်က အရမ်းကပ်စီးနဲတဲ့ ကောင်လေးတစ်ယောက်ပေါ့။ ပြီးတော့ သမာအာဇီဝအလုပ်ဆိုရင် ဘယ်အလုပ်ပဲဖြစ်ဖြစ် လုပ်ချင်စိတ်ရှိတယ်။ ပိုက်ဆံကို ကြိုးကြိုးစားစားရှာတယ်။ အဲ့ဒီလိုကာရိုက်တာမျိုးပေါ့။

-သီတင်းကျွတ်ကိုရော ဘယ်လိုဖြတ်သန်းဖြစ်လဲ။

သီတင်းကျွတ်မှာ လူကြီးမိဘတွေကို သွားကန့်တော့ဖြစ်တယ်။ ပြီးတော့ မိဘတွေကိုကန့်တော့ဖြစ်တယ်။ တခြားထွေထွေထူးထူး အမှတ်တရတော့မရှိပါဘူး။ ပျော်ဖို့ကောင်းပါတယ်။ စိတ်ချမ်းသာပါတယ်။

-ဒီကားလေးက ကျန်းမာရေးပြန်ကောင်းတဲ့အချိန်မှာ ပြန်ရိုက်ဖြစ်တဲ့ကားပေါ့။

ဟုတ်ပါတယ်။ အရှေ့မှာ ကျွန်တော် နှစ်လခွဲ၊ သုံးလလောက်နားလိုက်တယ်။ ဆရာဝန်ကလဲ နားပါလို့ပြောတဲ့အတွက်နားဖြစ်လိုက်တယ်။ အလုပ်ဆိုတာက နေကောင်းနေရင် ဘယ်အချိန်မဆိုလုပ်လို့ရတယ်လေ။ ကျန်းမာရေးက အရေးကြီးတယ်ဆိုတာနဲ့နားဖြစ်လိုက်တာပါ။ ဒီကားလေးကတော့ နေကောင်းပြီးတော့မှ ပြန်စရိုက်ဖြစ်တဲ့ကားလေးပေါ့။

-အခုလက်ရှိကျန်းမာရေးကရော ဘယ်လိုဖြစ်သွားပြီလဲ။

ကောင်းသွားပါပြီ။ အေးဆေးပါပဲ။ ကျွန်တော်က မွေးရာပါ နှလုံးအားနည်းတဲ့ရောဂါရှိတဲ့အတွက် အလုပ်တွေပင်ပန်းသွားတဲ့အခါမှာ လဲသွားတာပေါ့။ အခုတော့ ကျန်းမာရေးက ကောင်းသွားပါပြီ။ အေးဆေးဖြစ်သွားပါပြီ။ နှလုံးရောဂါသည်လိုမျိုးတော့မဟုတ်ပါဘူး။

-နားတဲ့အချိန်တွေမှာရော ဘာတွေလုပ်ဖြစ်လဲ။

ကျွန်တော်ကားပြန်စရိုက်တော့မယ်ဆိုတဲ့အချိန်မှာ ကိုယ်ဘယ်လိုကားမျိုးရိုက်ချင်လဲဆိုတာတွေ စဉ်းစားတယ်။ ပြီးတော့ ဘာသာရေးပိုင်းကိုလဲ အဲ့ဒီအချိန်မှာပိုလုပ်ဖြစ်တယ်။ ကိုယ်လဲနားနေတဲ့အခါကျတော့ ဘာပဲပြောပြောကုသိုလ်ရတာပေါ့လေ။ အနုပညာနဲ့ပတ်သက်ပြီးတော့လဲ လေ့လာဖြစ်တယ်။ နောက်ကိုယ့်ရဲ့လိုအပ်ချက်တွေကိုလဲ ပြန်ပြီးသုံးသပ်ဖြစ်တယ်။

-အစ်ကိုတို့တိုက်က ရိုက်ထားတဲ့ ရုံကြီးကားတွေရော ဘယ်တော့လောက်ရုံတင်ဖြစ်မလဲ။

ဟုတ်တယ်ဗျ။ ရိုက်ထားတဲ့ကားက သုံးကားရှိတယ်။ ဘာညာဘာညာရယ်၊ ကြီးကြီးကျယ်ကျယ်ရယ်၊ နောက်တစ်ကားက အချစ်ဧ။် ဘေးထွက်ဆိုးကျိုးဆိုပြီး ယာယီပေးထားတဲ့ကားလေးရယ် သုံးကားပေါ့။ အဲ့ဒီကားလေးကတော့ မင်းသမီးအများကြီးပါတယ်။ သုံးကားလုံးမတင်ရသေးဘူး။ ဒါပေမဲ့ ကြီးကြီးကျယ်ကျယ်ကတော့ ၁၁ လပိုင်းလောက်မှာရုံတင်ဖို့လုပ်နေပါတယ်။

-ဒါပြီးရင်ရော ဘာတွေလက်ခံထားတာရှိဦးမလဲ။

ဒီကားပြီးရင် ဦးဝင်းထွန်းထွန်းနဲ့ My Hero ဆိုတဲ့ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ဖို့ရှိပါတယ်။ မေမြို့မှာသွားရိုက်မှာပေါ့။ အဲ့ဒီကားထဲမှာ Myanmar Idol က မေကြည်ပါမယ်။ ၁၁ လပိုင်း ၂ ရက်နေ့မှာစရိုက်ပါမယ်။ အမှန်အတိုင်းပြောရရင် မင်းသမီးအသစ်တင်တဲ့ သဘောမျိုးမဟုတ်ပါဘူး။ ထူးခြားအောင်မေကြည်နဲ့တွဲရိုက်ဖြစ်တဲ့ သဘောပါ။ ဦးဝင်းထွန်းထွန်းကလဲ ဒီကားလေးမှာ မင်းသမီးကို ကြိုးစားပြီး လေ့ကျင့်ပေးမှာပါ။ ကားကြီးလဲဖြစ်သလို ဇာတ်ကိုလဲ သဘောကျတဲ့အတွက် ဒီကားလေးက နည်းနည်းတော့ အရင်ကားတွေထက်စာရင် အားစိုက်ရမဲ့သဘောရှိတယ်လို့မြင်ပါတယ်။

-သီတင်းလဲကျွတ်သွားပြီဆိုတော့ အစ်ကို့အချစ်ရေးနဲ့ပတ်သက်ပြီး ထူးခြားမှုရှိနေပြီလား။

အေးဆေးပါပဲ။ အိမ်ထောင်ရေးကို မစဉ်းစားသေးတာမဟုတ်ပါဘူး။ ကံဆိုတာက ပြောလို့မရဘူးလေ။ ကျွန်တော့်အနေနဲ့ဘယ်နေ့ဘယ်အချိန်မှာ အိမ်ထောင်ပြုမယ်ဆိုပြီး ကန့်သတ်ထားတာမျိုးမရှိပါဘူး။ အချစ်ရေးကလဲ အေးဆေးပါပဲ။ အိမ်ထောင်ရေးကလဲ အေးဆေးပါပဲ။ ဘာမှစီစဉ်ထားတာမျိုးမရှိသေးပါဘူး။

-အစ်ကိုသဘောကျတဲ့ မိန်းကလေးကရော ဘယ်လိုပုံစံမျိုးများဖြစ်မလဲ။

အမှန်အတိုင်းပြောရရင် ကျွန်တော့်စိတ်ထဲမှာရှိတဲ့ စိတ်ကူးယဉ်ထားတဲ့ပုံစံမျိုးပြောရရင် မြန်မာဆန်တာကိုသဘောကျတယ်။ ဒါကျွန်တော့်စိတ်ကူး၊ ကျွန်တော့အတွေးပေါ့။ ဒါပေမဲ့ လက်တွေ့မှာတော့ ဖြစ်ချင်လဲဖြစ်မယ်။ မဖြစ်ချင်လဲ မဖြစ်ဘူးပေါ့။ ကိုယ့်ရဲ့ဖူးစာကံကလဲရှိသေးတာကိုး။ ဖူးစာဆိုတာ မပြောနိုင်ဘူး။ ဘယ်လိုပုံစံမျိုးမဆိုဖြစ်နိုင်တဲ့အတွက် ကျွန်တော်လိုချင်တာကတော့ မြန်မာဆန်တဲ့ မိန်းကလေးမျိုးကို ပိုလိုချင်ပါတယ်။

-အိမ်ကရော အစ်ကို့အချစ်ရေးနဲ့အိမ်ထောင်ရေးကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးထားပြီလား။

အခုချိန်မှာ အဲ့ဒါတွေကျွန်တော် မဖြေချင်သေးဘူးအစ်မရယ်။ တခြားဟာလေးပဲမေးပါလား။

-အနုပညာရှင်တော်တော်များများလဲ မင်္ဂလာတွေဆောင်နေကြတော့ အစ်ကိုရော သူတို့ကိုကြည့်ပြီးစိတ်ကူးယဉ်မိတာမျိုးရှိလား။

ကျွန်တော်က သူများတွေရဲ့ မင်္ဂလာသတင်းတွေ၊ မင်္ဂလာဆောင်ကြတာတွေကြားရသိရတဲ့အခါမျိုးမှာ ဘာပဲပြောပြော ဝမ်းသာမိပါတယ်။ ကြည်နူးမိပါတယ်။ မင်္ဂလာဆောင်တယ်ဆိုတာ မင်္ဂလာရှိတဲ့အလုပ်ကို လုပ်တာလေ။ ကျွန်တော့်အနေနဲ့ကတော့ လောလောဆယ်မှာ ကျွန်တော့်စိတ်က လွတ်လွတ်လပ်လပ်နဲ့လူပျိုတစ်ယောက်အနေနဲ့ပဲ ဖြတ်သန်းချင်ပါသေးတယ်။ အဲ့ဒီလိုတော့စဉ်းစားထားတယ်။ ဒါပေမဲ့အိမ်ထောင်ရေးကို စဉ်းစားနေတဲ့သူတွေ၊ စဉ်းစားထားတဲ့သူတွေ ၊ အိမ်ထောင်ပြုတဲ့သူတွေကိုလဲ ကျွန်တော်ချီးကျူးပါတယ်။ ဒါမင်္ဂလာရှိတဲ့အလုပ်ကို လုပ်တာပဲလေ။ လူတစ်ယောက်နဲ့တစ်ယောက်က ခံယူချက်ချင်း မတူဘူး။ စိတ်ခံစားချက်ချင်းလဲမတူတဲ့အတွက် ကျွန်တော်ကတော့ ဘဝကြီးကို တစ်ယောက်တည်းပဲအေးအေးဆေးဆေးနဲ့သွားချင်ပါတယ်။

-အဲ့ဒါဆိုလူပျိုကြီးပဲလုပ်တော့မှာလား။

အဲ့ဒါကတော့ပြောလို့မရဘူးပေါ့။ လောလောဆယ် ကျွန်တော့်စိတ်ကူးက အဲ့ဒီလိုတော့ရှိတယ်။ ဒါပေမဲ့ကံဆိုတာက ပြောလို့တော့မရဘူးပေါ့။ ကျွန်တော်တို့အသိထဲမှာလဲ ရှိတယ်။ လူပျိုကြီးလုပ်မယ်ဆိုပြီးသူအရင်ဆုံးအိမ်ထောင်ကျသွားတာမျိုးလဲရှိတယ်။ မိန်းမယူမယ်ဆိုတဲ့ သူတွေကျတော့လဲ အခုချိန်ထိလူပျိုကြီးဖြစ်နေတုန်းပဲဆိုတော့ ဘယ်တစ်ခုကိုမှ စကားကိုတော့ အကုန်မပြောချင်ပါဘူး။ အတိအကျကြီး မပြောထားချင်ဘူး။ ကိုယ့်ရဲ့ဖူးစာဆိုတာ ဘယ်အချိန်ပေါ်လာမလဲမသိတဲ့အတွက် ကျွန်တော့အနေနဲ့ဘာမှသတ်မှတ်ထားတာမျိုး မရှိပါဘူး။ လက်ရှိမှာ အေးအေးဆေးဆေးနဲ့အနုပညာအလုပ်တွေလုပ်ရင်းပျော်နေပါတယ်။

-အခုလက်ရှိမှာထွက်နေတဲ့သူများတွေရဲ့ ကောလဟလကြားထဲမှာ အစ်ကို့ပုံလေးကညပ်ပြီး Troll ခံနေရတဲ့အပေါ် စိတ်ခံစားချက်ကိုလဲသိချင်ပါတယ်။

ဟာ မပြောတော့ပါဘူးဗျာ။ မပြောပါရစေနဲ့နော်။

-ပရိသတ်ကြီးကိုရော ဘာများပြောချင်သေးလဲ။

ကျွန်တော့်ပရိသတ်တွေ ကျွန်တော့်ကို အားပေးနေကြတဲ့အတွက်ကြောင့် ကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော်နေမကောင်းဖြစ်နေတဲ့ အချိန်မှာလဲ ကျွန်တော့ကိုစိတ်ပူပေးကြတဲ့ သတင်းမေးကြတဲ့သူတွေအားလုံးကိုလဲကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ပြီးတော့အနုပညာနဲ့ပတ်သက်ပြီးတော့လဲ ကျွန်တော်ဆက်ပြီးကြိုးစားသွားမှာပါ။ ပရိသတ်တွေအားလုံးလဲ အစစအရာရာ အဆင်ပြေပြီးတော့ စိတ်ဧ။် ကျန်းမာခြင်း၊ ကိုယ်ဧ။် ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ပြောချင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top