iMyanmarHouse.com - Best Property Website for Myanmar
×

ယားယံမႈခံစားရင္ ကြ်ႏု္ပ္တုိ႔ လုပ္တတ္ၾကတာက ကုတ္တာပါပဲ။ ဒါ သူ႔အလုိအေလ်ာက္ျဖစ္လာတဲ့ အရာျဖစ္ပါတယ္။ ကြ်ႏု္ပ္တုိ႔ မိမိခႏၶာကိုယ္ကို လက္ေတြနဲ႔ ထိေတြ႕ကိုင္တြယ္တတ္ၾကပါတယ္။ အထူးသျဖင့္ လက္သည္းေတြနဲ႔ေပါ့။ ဒါေပမယ့္ အခ်ဳိ႕ခႏၶာကိုယ္အစိတ္အပုိင္းကို လက္ေခ်ာင္းေတြနဲ႔ မကိုင္သင့္တာ သင္သိပါသလား။ ဒီလိုကိုင္တြယ္ထိေတြ႕တာဟာ အမာရြတ္ေတြနဲ႔ အျခားမလိုလားအပ္တဲ့ အေရျပားျပသနာေတြျဖစ္ပြားေစတတ္တာမုိ႔ ဒါ တကယ္အေရးၾကီးပါတယ္။ မိမိလက္ေခ်ာင္းေတြနဲ႔ မထိေတြ ႔မကိုင္တြယ္သင့္တဲ့ ခႏၶာကိုယ္အစိတ္အပုိင္း ၇ ေနရာကို ေျပာျပေပးခ်င္ပါတယ္။ ဘာေၾကာင့္မထိေတြ႕သင့္သလဲဆုိတာကိုလည္း ေလ့လာၾကည့္ၾကရေအာင္။

၁။ နားရြက္ထဲ

နားေပါက္ကို လက္ေခ်ာင္း သုိ႔မဟုတ္ တစ္ခုခုနဲ႔ မထိုးမိပါေစနဲ႔။ ဒီလုိလုပ္ျခင္းအားျဖင့္ နားေပါက္အတြင္းရိွ အေရျပားပါးလႊာ ေပါက္ျပဲမႈအႏၱရာယ္ျမင့္တက္ေစႏုိင္ပါတယ္။ ဒါက နား ေရာဂါကူးစက္မႈလည္း ျဖစ္ေစႏုိင္ပါတယ္။

၂။ မ်က္ႏွာ

မ်က္ႏွာကို လက္နဲ႔ အထူးသျဖင့္ လက္ေခ်ာင္းေတြနဲ႔ မကုိင္သင့္ဘူး ဆုိတဲ့အခ်က္ကို မၾကာခဏၾကားဖူးၾကပါတယ္။ လက္ေခ်ာင္းကလာတဲ့ ေရာဂါပုိးေတြဟာ ေခြ်းေပါက္ေတြ ပိတ္ျပီး ထိခုိက္လြယ္တဲ့မ်က္ႏွာအသားအေရမွာ ျဖစ္ပြားႏုိင္ပါတယ္။

၃။ တင္ပါး

တင္ပါးယားေနရင္ေတာင္ လက္နဲ႔မထိတာ ပိုေကာင္းပါတယ္။ လက္ကို ေသခ်ာေဆးထားသည့္တုိင္ အႏၱရာယ္ျဖစ္ေစတဲ့ ဘက္တီးရီးယားပိုးတခ်ဳိ႕ ရိွေနႏုိင္ပါတယ္။

၄။ မ်က္လုံး

လက္ သုိ႔မဟုတ္ လက္ေခ်ာင္းနဲ႔ မ်က္စိပြတ္ျခင္းျဖင့္ မ်က္စိေရာဂါစက္မႈျဖစ္ေစႏုိင္ပါတယ္။ ေရာဂါပုိးေတြက မ်က္ေျမွးေရာင္နာနဲ႔ မ်က္စိစြံတာေတြ ျဖစ္ေစႏုိင္ပါတယ္။ ဒီေတာ့ မ်က္စိေတြ မထိမိေအာင္ ေနပါ။

၅။ ပါးစပ္

မ်ားေသာအားျဖင့္ ပ်င္းလာရင္ လူေတြ ပါးစပ္ သုိ႔မဟုတ္ ႏႈတ္ခမ္းနားေလးမွာ လက္ေခ်ာင္းေလးေတြ တင္ေလ့ရိွပါတယ္။ ဒါေပမယ့္ ေရာဂါပိုး ၃ပုံ ၁ပုံဟာ လက္ေခ်ာင္းေတြကေနတဆင့္ ပါးစပ္ထဲ ကူးေျပာင္းႏုိင္ပါတယ္။

၆။ ႏွာေခါင္းေပါက္

ႏွာေခါင္းႏိႈက္တာက ကြ်ႏု္ပ္တုိ႔အမ်ားစု လုပ္တတ္ၾကတဲ့ အရာတစ္ခုျဖစ္ပါတယ္။ ႏွာေခါင္းႏႈိက္တတ္သူ ၅၁% ခန္႔ဟာ မႏႈိက္သူေတြနဲ႔ ႏိႈင္းယွဥ္တဲ့အခါ ႏွာေခါင္းေပါက္ထဲ Staphylococcus ေရာဂါးပိုးမႊား သယ္ေဆာင္ျဖန္႔ျဖဴးႏုိင္ေျခ ပိုမ်ားတယ္လုိ႔ သုေတသီေတြ သက္ေသျပခဲ့ၾကပါတယ္။

၇။ လက္သည္းခြံေအာက္

ဒါက ခႏၶာကိုယ္ရဲ႕ အညစ္ပတ္ဆုံးေနရာျဖစ္ပါတယ္။ ဒီေနရာမွာ ေရာဂါပိုးေတြ၊ အႏၱရာယ္ေပးႏုိင္တဲ့ ဘက္တီးရီးယားပိုးေတြ ရိွပါတယ္။ ဒါ့ေၾကာင့္ လက္သည္းကုိက္တာ၊ အညစ္ေၾကးျခစ္ထုတ္တာေတြ ရပ္တန္႔ပါ။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ယားယံမှုခံစားရင် ကျွနု်ပ်တို့ လုပ်တတ်ကြတာက ကုတ်တာပါပဲ။ ဒါ သူ့အလိုအလျောက်ဖြစ်လာတဲ့ အရာဖြစ်ပါတယ်။ ကျွနု်ပ်တို့ မိမိခန္ဓာကိုယ်ကို လက်တွေနဲ့ ထိတွေ့ကိုင်တွယ်တတ်ကြပါတယ်။ အထူးသဖြင့် လက်သည်းတွေနဲ့ပေါ့။ ဒါပေမယ့် အချို့ခန္ဓာကိုယ်အစိတ်အပိုင်းကို လက်ချောင်းတွေနဲ့ မကိုင်သင့်တာ သင်သိပါသလား။ ဒီလိုကိုင်တွယ်ထိတွေ့တာဟာ အမာရွတ်တွေနဲ့ အခြားမလိုလားအပ်တဲ့ အရေပြားပြသနာတွေဖြစ်ပွားစေတတ်တာမို့ ဒါ တကယ်အရေးကြီးပါတယ်။ မိမိလက်ချောင်းတွေနဲ့ မထိတွေ့မကိုင်တွယ်သင့်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ၇ နေရာကို ပြောပြပေးချင်ပါတယ်။ ဘာကြောင့်မထိတွေ့သင့်သလဲဆိုတာကိုလည်း လေ့လာကြည့်ကြရအောင်။

၁။ နားရွက်ထဲ

နားပေါက်ကို လက်ချောင်း သို့မဟုတ် တစ်ခုခုနဲ့ မထိုးမိပါစေနဲ့။ ဒီလိုလုပ်ခြင်းအားဖြင့် နားပေါက်အတွင်းရှိ အရေပြားပါးလွှာ ပေါက်ပြဲမှုအန္တရာယ်မြင့်တက်စေနိုင်ပါတယ်။ ဒါက နား ရောဂါကူးစက်မှုလည်း ဖြစ်စေနိုင်ပါတယ်။

၂။ မျက်နှာ

မျက်နှာကို လက်နဲ့ အထူးသဖြင့် လက်ချောင်းတွေနဲ့ မကိုင်သင့်ဘူး ဆိုတဲ့အချက်ကို မကြာခဏကြားဖူးကြပါတယ်။ လက်ချောင်းကလာတဲ့ ရောဂါပိုးတွေဟာ ချွေးပေါက်တွေ ပိတ်ပြီး ထိခိုက်လွယ်တဲ့မျက်နှာအသားအရေမှာ ဖြစ်ပွားနိုင်ပါတယ်။

၃။ တင်ပါး

တင်ပါးယားနေရင်တောင် လက်နဲ့မထိတာ ပိုကောင်းပါတယ်။ လက်ကို သေချာဆေးထားသည့်တိုင် အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတချို့ ရှိနေနိုင်ပါတယ်။

၄။ မျက်လုံး

လက် သို့မဟုတ် လက်ချောင်းနဲ့ မျက်စိပွတ်ခြင်းဖြင့် မျက်စိရောဂါစက်မှုဖြစ်စေနိုင်ပါတယ်။ ရောဂါပိုးတွေက မျက်မြှေးရောင်နာနဲ့ မျက်စိစွံတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီတော့ မျက်စိတွေ မထိမိအောင် နေပါ။

၅။ ပါးစပ်

များသောအားဖြင့် ပျင်းလာရင် လူတွေ ပါးစပ် သို့မဟုတ် နှုတ်ခမ်းနားလေးမှာ လက်ချောင်းလေးတွေ တင်လေ့ရှိပါတယ်။ ဒါပေမယ့် ရောဂါပိုး ၃ပုံ ၁ပုံဟာ လက်ချောင်းတွေကနေတဆင့် ပါးစပ်ထဲ ကူးပြောင်းနိုင်ပါတယ်။

၆။ နှာခေါင်းပေါက်

နှာခေါင်းနှိုက်တာက ကျွနု်ပ်တို့အများစု လုပ်တတ်ကြတဲ့ အရာတစ်ခုဖြစ်ပါတယ်။ နှာခေါင်းနှိုက်တတ်သူ ၅၁% ခန့်ဟာ မနှိုက်သူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ နှာခေါင်းပေါက်ထဲ Staphylococcus ရောဂါးပိုးမွှား သယ်ဆောင်ဖြန့်ဖြူးနိုင်ခြေ ပိုများတယ်လို့ သုတေသီတွေ သက်သေပြခဲ့ကြပါတယ်။

၇။ လက်သည်းခွံအောက်

ဒါက ခန္ဓာကိုယ်ရဲ့ အညစ်ပတ်ဆုံးနေရာဖြစ်ပါတယ်။ ဒီနေရာမှာ ရောဂါပိုးတွေ၊ အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားပိုးတွေ ရှိပါတယ်။ ဒါ့ကြောင့် လက်သည်းကိုက်တာ၊ အညစ်ကြေးခြစ်ထုတ်တာတွေ ရပ်တန့်ပါ။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top