iMyanmarHouse.com - Best Property Website for Myanmar
×

မိခင္ျဖစ္လာမည့္ အမ်ိဳးသမီးမ်ားကုိ ေသြးစစ္ျခင္းျဖင့္ ကုိယ္၀န္ ေဆာင္ခ်ိန္ ႐ႈပ္ေထြးျခင္းမ်ား၊ သေႏၶသားဖြံ႕ၿဖိဳးမႈအားနည္းျခင္းမ်ားကုိ ႀကိဳတင္သိရိွႏုိင္ေၾကာင္း သုေတသီမ်ားကေျပာသည္။

DLK-1 ဟုေခၚေသာ ပ႐ုိတင္းဓာတ္တစ္မ်ိဳးသည္ သေႏၶသား ဖြံ႕ၿဖိဳးမႈအတြက္ စြမ္းအင္ေပးရာတြင္ အေရးႀကီးေသာ ဓာတ္ျဖစ္ၿပီး ကုိယ္၀န္ေဆာင္ခ်ိန္အတြင္း ေသြးထဲ၌ ယင္းပ႐ုိတင္းဓာတ္ပမာဏ နည္းပါးေနပါက ကုိယ္၀န္ေဆာင္မႈဆုိင္ရာ႐ႈပ္ေထြးမႈမ်ား ျဖစ္ေပၚ လာကာ သေႏၶသားဖြံ႕ၿဖိဳမႈကုိ အားေလ်ာ့သြားေစသည္ဟု သုေတသီ မ်ားကေျပာသည္။

ယခုေလ့လာမႈကို ၿဗိတိန္ႏုိင္ငံလန္ဒန္တကၠသုိလ္မွ သုေတသီ မ်ားက ျပဳလုပ္ခဲ့ၿပီး Nature Genetics ဂ်ာနယ္တြင္ ေဖာ္ျပထား သည္။

သုေတသီမ်ားက ကုိယ္၀န္ေဆာင္ႂကြက္မ်ား၊ လူသားမ်ားျဖင့္ အႀကိမ္ႀကိမ္စမ္းသပ္ေလ့လာခဲ့ၾကသည္။

DLK-1 ပ႐ုိတင္းဓာတ္သည္ သေႏၶသားဖြံ႕ၿဖိဳးႀကီးထြားမႈ စြမ္းအင္ေပးေရးအတြက္ အေရးႀကီးၿပီး ယင္းပ႐ုိတင္းဓာတ္ ေလ်ာ့နည္းမႈေၾကာင့္ သေႏၶသားႀကီးထြားမႈကုိ ေလ်ာ့က်ေစသည္။

ကုိယ္၀န္ေဆာင္၏ ေသြးထဲတြင္ပါ၀င္ေသာ DLK-1 ပ႐ုိတင္း ဓာတ္ပမာဏနွင့္ သေႏၶသား၏ က်န္းမာေရးအေျခအေနတို႔ ဆက္ စပ္ေနေၾကာင္း သုေတသီမ်ားက ေျပာၾကားသည္။

DLK-1 ပ႐ုိတင္းဓာတ္ေလ်ာ့နည္းေသာ ကုိယ္၀န္ေဆာင္မ်ား သည္ ယင္းပ႐ုိတင္းဓာတ္ျမင့္မားေသာ အမ်ိဳးသမီးမ်ားထက္ ပိုမုိ ေသးငယ္သည့္ ကေလးမ်ား ေမြးဖြားႏုိင္ေျခပိုမ်ားေၾကာင္း သုေတသီမ်ားက ေျပာသည္။

ယင္းပ႐ုိတင္းဓာတ္ပမာဏနည္းပါးပါက ခ်က္ႀကိဳးမွတစ္ဆင့္ ေသြးစီးဆင္းမႈကုိ အေႏွာင့္အယွက္ျဖစ္ေစၿပီး အျခားေသာကုိယ္၀န္ ေဆာင္မႈဆုိင္ရာ ႐ႈပ္ေထြးမႈမ်ားျဖစ္ေပၚလာႏုိင္သည္။

မိမိတုိ႔၏ ေလ့လာေတြ႕ရိွခ်က္အရ DLK-1 ပ႐ုိတင္းဓာတ္ ပမာဏသည္ ကုိယ္၀န္ေဆာင္မ်ားအတြက္ ႐ႈပ္ေထြးမႈမ်ားျဖစ္လာ ႏုိင္ေျခ ရိွ၊ မရိွ အတိအက်ေဖာ္ျပႏုိင္ေသာ အေျခအေနျဖစ္သည္ဟုသုေတသီမ်ားကေျပာသည္။

ယင္းအတြက္ မိခင္ေလာင္းမ်ား ေသြးစစ္ေဆးမႈခံယူျခင္းျဖင့္  သားဖြားမီးယပ္ဆရာ၀န္မ်ားအတြက္ ပုိမိုအေရးပါေသာ အခ်က္အလက္မ်ား ရရိွႏုိင္မည္ျဖစ္သည္။

Credit:7Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မိခင်ဖြစ်လာမည့် အမျိုးသမီးများကို သွေးစစ်ခြင်းဖြင့် ကိုယ်ဝန် ဆောင်ချိန် ရှုပ်ထွေးခြင်းများ၊ သန္ဓေသားဖွံ့ဖြိုးမှုအားနည်းခြင်းများကို ကြိုတင်သိရှိနိုင်ကြောင်း သုတေသီများကပြောသည်။

DLK-1 ဟုခေါ်သော ပရိုတင်းဓာတ်တစ်မျိုးသည် သန္ဓေသား ဖွံ့ဖြိုးမှုအတွက် စွမ်းအင်ပေးရာတွင် အရေးကြီးသော ဓာတ်ဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်အတွင်း သွေးထဲ၌ ယင်းပရိုတင်းဓာတ်ပမာဏ နည်းပါးနေပါက ကိုယ်ဝန်ဆောင်မှုဆိုင်ရာရှုပ်ထွေးမှုများ ဖြစ်ပေါ် လာကာ သန္ဓေသားဖွံ့ဖြိုမှုကို အားလျော့သွားစေသည်ဟု သုတေသီ များကပြောသည်။


ယခုလေ့လာမှုကို ဗြိတိန်နိုင်ငံလန်ဒန်တက္ကသိုလ်မှ သုတေသီ များက ပြုလုပ်ခဲ့ပြီး Nature Genetics ဂျာနယ်တွင် ဖော်ပြထား သည်။

သုတေသီများက ကိုယ်ဝန်ဆောင်ကြွက်များ၊ လူသားများဖြင့် အကြိမ်ကြိမ်စမ်းသပ်လေ့လာခဲ့ကြသည်။

DLK-1 ပရိုတင်းဓာတ်သည် သန္ဓေသားဖွံ့ဖြိုးကြီးထွားမှု စွမ်းအင်ပေးရေးအတွက် အရေးကြီးပြီး ယင်းပရိုတင်းဓာတ် လျော့နည်းမှုကြောင့် သန္ဓေသားကြီးထွားမှုကို လျော့ကျစေသည်။

ကိုယ်ဝန်ဆောင်၏ သွေးထဲတွင်ပါဝင်သော DLK-1 ပရိုတင်း ဓာတ်ပမာဏနှင့် သန္ဓေသား၏ ကျန်းမာရေးအခြေအနေတို့ ဆက် စပ်နေကြောင်း သုတေသီများက ပြောကြားသည်။

DLK-1 ပရိုတင်းဓာတ်လျော့နည်းသော ကိုယ်ဝန်ဆောင်များ သည် ယင်းပရိုတင်းဓာတ်မြင့်မားသော အမျိုးသမီးများထက် ပိုမို သေးငယ်သည့် ကလေးများ မွေးဖွားနိုင်ခြေပိုများကြောင်း သုတေသီများက ပြောသည်။

ယင်းပရိုတင်းဓာတ်ပမာဏနည်းပါးပါက ချက်ကြိုးမှတစ်ဆင့် သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေပြီး အခြားသောကိုယ်ဝန် ဆောင်မှုဆိုင်ရာ ရှုပ်ထွေးမှုများဖြစ်ပေါ်လာနိုင်သည်။

မိမိတို့၏ လေ့လာတွေ့ရှိချက်အရ DLK-1 ပရိုတင်းဓာတ် ပမာဏသည် ကိုယ်ဝန်ဆောင်များအတွက် ရှုပ်ထွေးမှုများဖြစ်လာ နိုင်ခြေ ရှိ၊ မရှိ အတိအကျဖော်ပြနိုင်သော အခြေအနေဖြစ်သည်ဟုသုတေသီများကပြောသည်။

ယင်းအတွက် မိခင်လောင်းများ သွေးစစ်ဆေးမှုခံယူခြင်းဖြင့်  သားဖွားမီးယပ်ဆရာဝန်များအတွက် ပိုမိုအရေးပါသော အချက်အလက်များ ရရှိနိုင်မည်ဖြစ်သည်။

Credit:7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top