iMyanmarHouse.com - Best Property Website for Myanmar
×

ညိဳစိုတဲ့အသားအေရနဲ႕ ပရိသတ္ေတြရဲ႕အားေပးမႈကို တခဲနက္ရရွိေနတဲ့ ေတးေရးဆရာ အဆိုေတာ္ Bruno Mars ဟာ ဟိုႏိုလူလူမွာ ေမြးဖြားၾကီးျပင္းခဲ့သူျဖစ္ျပီး ေပၚတူဂီနဲ႕ဂ်ဴးေသြးေႏွာသူတစ္ဦးလည္း ျဖစ္ပါတယ္။

ငယ္စဥ္တည္းက အဆို၀ါသနာပါသူတစ္ဦးျဖစ္တဲ့ သူဟာ ၂၀၀၉ ခုႏွစ္မွစတင္ကာ ပရိသတ္ေတြ သတိထားမႈကိုခံရတဲ့ အဆိုရွင္တစ္ဦးျဖစ္လာခဲ့ပါတယ္။ ၂၀၁၀ ခုႏွစ္မွာေတာ့ သူ႕ရဲ႕ Doo-Wops & Hooligans ေတးအယ္လ္ဘမ္ ထြက္ရွိခဲ့ပါတယ္။ အဲ့ဒီ့အယ္လ္ဘမ္ထဲက ေတးသီခ်င္းအကုန္လံုးနီးပါးဟာ လူၾကိဳက္မ်ားတဲ့ ေတးသီခ်င္းေတြျဖစ္ခဲ့ကာ Billboard စာရင္းဝင္တဲ့အထိ ေအာင္ျမင္မႈေတြလည္း ရရွိခဲ့ပါတယ္။

၂၀၁၂ ခုႏွစ္မွာ ဒုတိယေျမာက္ အယ္လ္ဘမ္ျဖစ္တဲ့ Unorthodox Jukebox ထပ္မံထြက္ရွိခဲ့ျပီး အဲ့ဒီ့အယ္လ္ဘမ္ထဲက Locked Out of Heaven, Gorilla, When I Was Your Men နဲ႕ If I Knew သီခ်င္းေတြဟာလည္း လူႀကဳိက္မ်ား ေအာင္ျမင္တဲ့ သီခ်င္းေတြျဖစ္ခဲ့ပါတယ္။

ေတးဂီတဆုမ်ားစြာ ပိုင္ဆုိင္ထားတဲ့ မားစ္ဟာ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Uptown Funk သီခ်င္းမွာ ေတးသီခ်င္းထုတ္လုပ္သူ Mark Ranson နဲ႕အတူ ပါဝင္သီဆိုခဲ့ျပီး အဲ့ဒီ့သီခ်င္းဟာ ကမာၻ႕အေအာင္ျမင္ဆံုး ေတးသီခ်င္းစာရင္းဝင္တဲ့အထိ ေအာင္ျမင္မႈေတြ ရရွိခဲ့ပါတယ္။


ကမာၻလွည့္ေဖ်ာ္ေျဖပြဲေတြလည္း ျပဳလုပ္ေလ့ရွိတဲ့ မားစ္ဟာ ေမာ္ဒယ္ ဂ်က္စီကာကဘန္နဲ႕ ၂၀၁၁ ခုႏွစ္ကတည္းက ခ်စ္ၾကိဳးသြယ္ခဲ့သူလည္း ျဖစ္ပါတယ္။

Credit ;duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ညိုစိုတဲ့အသားအရေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို တခဲနက်ရရှိနေတဲ့ တေးရေးဆရာ အဆိုတော် Bruno Mars ဟာ ဟိုနိုလူလူမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ပေါ်တူဂီနဲ့ဂျူးသွေးနှောသူတစ်ဦးလည်း ဖြစ်ပါတယ်။

ငယ်စဉ်တည်းက အဆိုဝါသနာပါသူတစ်ဦးဖြစ်တဲ့ သူဟာ ၂၀၀၉ ခုနှစ်မှစတင်ကာ ပရိသတ်တွေ သတိထားမှုကိုခံရတဲ့ အဆိုရှင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ သူ့ရဲ့ Doo-Wops & Hooligans တေးအယ်လ်ဘမ် ထွက်ရှိခဲ့ပါတယ်။ အဲ့ဒီ့အယ်လ်ဘမ်ထဲက တေးသီချင်းအကုန်လုံးနီးပါးဟာ လူကြိုက်များတဲ့ တေးသီချင်းတွေဖြစ်ခဲ့ကာ Billboard စာရင်းဝင်တဲ့အထိ အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ ဒုတိယမြောက် အယ်လ်ဘမ်ဖြစ်တဲ့ Unorthodox Jukebox ထပ်မံထွက်ရှိခဲ့ပြီး အဲ့ဒီ့အယ်လ်ဘမ်ထဲက Locked Out of Heaven, Gorilla, When I Was Your Men နဲ့ If I Knew သီချင်းတွေဟာလည်း လူကြိုက်များ အောင်မြင်တဲ့ သီချင်းတွေဖြစ်ခဲ့ပါတယ်။

တေးဂီတဆုများစွာ ပိုင်ဆိုင်ထားတဲ့ မားစ်ဟာ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Uptown Funk သီချင်းမှာ တေးသီချင်းထုတ်လုပ်သူ Mark Ranson နဲ့အတူ ပါဝင်သီဆိုခဲ့ပြီး အဲ့ဒီ့သီချင်းဟာ ကမ္ဘာ့အအောင်မြင်ဆုံး တေးသီချင်းစာရင်းဝင်တဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေလည်း ပြုလုပ်လေ့ရှိတဲ့ မားစ်ဟာ မော်ဒယ် ဂျက်စီကာကဘန်နဲ့ ၂၀၁၁ ခုနှစ်ကတည်းက ချစ်ကြိုးသွယ်ခဲ့သူလည်း ဖြစ်ပါတယ်။


Credit ;duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top