iMyanmarHouse.com - Best Property Website for Myanmar
×

အလွကုန္ေတြနဲ႕ မထိေတြ႕ပဲ မေနႏိုင္တဲ့ က်ြန္မတုိ႕ မိန္းမသားေတြအေနနဲ႕ ကိုယ္သံုးတဲ့အလွကုန္ေတြနဲ႕ပတ္သက္ျပီး ေဆာင္ရန္၊ ေရွာင္ရန္ေတြ အျမဲသိေအာင္ ၾကိဳးစားရပါတယ္။ ခုလည္း အလွကုန္ထဲ ဘက္တီးရီးယားပိုးေတြ ၀င္တယ္ဆုိေတာ့ အမ်ိဳးသမီးအမ်ားစုက ခုလိုေတြးမိပါလိမ့္မယ္။ ငါကုိယ္တုိင္ မိတ္ကပ္ဘရက္ရွ္ေတြကို တစ္ပတ္တစ္ခါ သန္႔ရွင္းေရး လုပ္တယ္။ ရက္လြန္သြားတဲ့ အလွကုန္ေတြဆို လံုး၀ မသံုးေတာ့ဘူး။ ဒါနဲ႔မ်ား ဘယ္လိုကေနဘယ္လို ဘက္တီးရီးယားပိုးေတြက အလွကုန္ထဲ ၀င္ၾကရသလဲ ဆိုျပီးေတာ့ေပါ့။ ဘက္တီရီးယားပိုးေတြ သင့္မိတ္ကပ္ထဲ တစ္ခါေရာက္တုိင္း ေရာက္တုိင္း၊ သင့္အသားအေရဟာ အရင္နဲ႔မတူေတာ့တဲ့ ျပသနာေတြ ခံစားလာရမယ္။ ဥပမာ ၀က္ျခံထြက္တာမ်ိဳး၊ အသားအေရ နီျမန္းလာတာမ်ိဳးေတြ၊ allergic ျဖစ္တာမ်ိဳးေတြေပါ့။ ဒီေတာ့ ပိုမႊားေတြ မ၀င္ေအာင္ ဘယ္လို လုပ္ေဆာင္ရမလဲဆိုတာ သိခ်င္ရင္ သူတုိ႔ဘယ္လို ၀င္ေရာက္သလဲဆုိတာ အရင္သိေအာင္ လုပ္ရပါလိမ့္မယ္။

ညွစ္ထုတ္သံုးရတဲ့ tube ေတြအစား လက္နဲ႔ႏႈိက္ယူသံုးရတဲ့ ဗူးမ်ိဳးေတြ သံုးျခင္း

အလွကုန္တစ္ခုခုကို လက္နဲ႔ညွစ္ထုတ္ျပီး သံုးႏိုင္ရင္ အေကာင္းဆံုးပါ။ ဒီလိုမဟုတ္ပဲ လက္နဲ႔ အထဲထိ နႈိက္ယူသံုးရတဲ့ ဘယ္အလွကုန္မဆို သင့္လက္က တစ္ဆင့္ ဘက္တီရီးယားပိုးေတြ အလွုကုန္ထဲ ၀င္သြားျပီလို႔သာ မွတ္လုိက္ပါေတာ့။ လုိရွင္းျဖစ္ျဖစ္၊ ေခါင္းေပါင္းတင္ေဆးျဖစ္ျဖစ္ ဘယ္လိုအလွကုန္မဆို ညွစ္ထုတ္ရတဲ့ tube ေတြကိုသာ အသံုးျပဳတာ အေကာင္းဆံုးပါ။

ျပင္ဆင္ေနခ်ိန္၊ တစ္ခုခုကိုလိမ္းေနခ်ိန္အတြင္း ႏွာေခ်မိျခင္း

ဒီလိုျဖစ္သြားတာ သင့္မွာ အျပစ္မရွိပါဘူး။ ဒါေပမယ့္ တကယ္လို႔မ်ား သင္ဟာ မိတ္ကပ္ဗူးကို ဖြင့္လွ်က္သား မိတ္ကပ္လူးေနတုန္း ႏွာေခ်မိသြားတယ္ဆိုရင္ေတာ့ ဒါဟာ ဘက္တီရီးယားပိုးေတြကို မိတ္ကပ္ပုလင္း၊ ဗူးထဲ ထည့္လိုက္သလို ျဖစ္သြားပါျပီ။ ဒါ့ေၾကာင့္ တကယ္လို႔မ်ား ျဖစ္ႏိုင္မယ္ဆုိရင္ေတာ့ အလွကုန္ေတြနဲ႔ေ၀းေ၀းမွာ သြားေခ်ႏိုင္ေအာင္ ႀကိဳးစားသင့္ပါတယ္။

တစ္ခုခုစားျပီးခ်ိန္ ႏႈတ္ခမ္းနီ ျပန္ဆိုးျခင္း

မိန္းကေလးေတာ္ေတာ္မ်ားမ်ားဟာ အစားအေသာက္တစ္ခုခု စားျပီးခ်ိန္ဆုိရင္ အိမ္သာထဲသြားျပီး ႏႈတ္ခမ္းနီျပန္ဆိုးတတ္ၾကပါတယ္။ သင့္ႏႈတ္ခမ္းမွာ သင္မျမင္ရတဲ့ စားၾကြင္းစားက်န္ေလးေတြ ကပ္ေနတတ္ပါတယ္။ ဒီအရာေလးေတြက သင့္ႏႈတ္ခမ္းနီသားရဲ႕ မ်က္ႏွာျပင္မွာ ကပ္ၿငိသြားႏိုင္ျပီး သင္ကဒါကို ျပန္သိမ္းလိုက္တဲ့အခါ ဒါဟာ ဘက္တီးရီးယားေတြ ေပါက္ဖြားဖုိ႔ သင္ျပဳလုပ္လုိက္တာနဲ႔ သြားတူေနပါတယ္။ ေနာက္တစ္ခါ ႏႈတ္ခမ္းနီဆိုးတဲ့အခါ သင္ျပသနာတက္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ တကယ္လို႔ တစ္ခုခုစားေသာက္ျပီး ႏႈတ္ခမ္းနီ ျပန္ဆုိးမယ္ဆုိရင္ သင့္ႏႈတ္ခမ္းေပၚမွာ ဘာမွမရွိေတာ့ေအာင္ ကုန္စင္ေအာင္ သုတ္၊ ပလုတ္ေတြဘာေတြက်င္းျပီးကာမွ ႏႈတ္ခမ္းနီဆိုးပါ။

ကိုယ့္အလွကုန္ေတြကို သူတစ္ပါးအား ေ၀မွ်ျခင္း

သူငယ္ခ်င္းနဲ႔ ဘယ္ေလာက္ခင္ခင္ သူ႔ႏႈတ္ခမ္းနီယူဆိုးတာမ်ိဳး၊ သူ႕ eye make up ယူသံုးတာမ်ိဳး ဘယ္ေတာ့မွ မလုပ္ပါနဲ႔။ ဒါဟာ ဘက္တီးရီးယားပိုးေတြ ကူးစက္ဖုိ႔ အလြယ္ကူဆံုး နည္းျဖစ္ေနလို႔ပါ။

မိတ္ကပ္ဗူးေတြ ထည့္ထားတဲ့ အိတ္ကို သန္႕ရွင္းေအာင္မထားျခင္း

သင္ဟာ သင့္အလွကုန္တစ္ခုခ်င္းစီကို သန္႔ေနေအာင္ထားတယ္ဆုိရင္ေတာင္ အနည္းဆံုးေတာ့ ဒါေတြအားလံုးစုထည့္ထားတဲ့ အိတ္ကိုလညး္ ပံုမွန္သန္႔ရွင္းေရး လုပ္ေပးရပါမယ္။ ဒါဟာ အေျခခံအက်ဆံုး သန္႔ရွင္းေရးလုပ္ေပးသင့္တဲ့ အရာပါ။ အိတ္ကို တစ္လတစ္ခါ ေသခ်ာေလွ်ာ္ဖြတ္ေပးတာမ်ိဳးေတြလည္း လုပ္ေပးရပါလိမ့္မယ္။

Credit :trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အလှကုန်တွေနဲ့ မထိတွေ့ပဲ မနေနိုင်တဲ့ ကျွန်မတို့ မိန်းမသားတွေအနေနဲ့ ကိုယ်သုံးတဲ့အလှကုန်တွေနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေ အမြဲသိအောင် ကြိုးစားရပါတယ်။ ခုလည်း အလှကုန်ထဲ ဘက်တီးရီးယားပိုးတွေ ဝင်တယ်ဆိုတော့ အမျိုးသမီးအများစုက ခုလိုတွေးမိပါလိမ့်မယ်။ ငါကိုယ်တိုင် မိတ်ကပ်ဘရက်ရှ်တွေကို တစ်ပတ်တစ်ခါ သန့်ရှင်းရေး လုပ်တယ်။ ရက်လွန်သွားတဲ့ အလှကုန်တွေဆို လုံး၀ မသုံးတော့ဘူး။ ဒါနဲ့များ ဘယ်လိုကနေဘယ်လို ဘက်တီးရီးယားပိုးတွေက အလှကုန်ထဲ ဝင်ကြရသလဲ ဆိုပြီးတော့ပေါ့။ ဘက်တီရီးယားပိုးတွေ သင့်မိတ်ကပ်ထဲ တစ်ခါရောက်တိုင်း ရောက်တိုင်း၊ သင့်အသားအရေဟာ အရင်နဲ့မတူတော့တဲ့ ပြသနာတွေ ခံစားလာရမယ်။ ဥပမာ ဝက်ခြံထွက်တာမျိုး၊ အသားအရေ နီမြန်းလာတာမျိုးတွေ၊ allergic ဖြစ်တာမျိုးတွေပေါ့။ ဒီတော့ ပိုမွှားတွေ မဝင်အောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ သိချင်ရင် သူတို့ဘယ်လို ဝင်ရောက်သလဲဆိုတာ အရင်သိအောင် လုပ်ရပါလိမ့်မယ်။

ညှစ်ထုတ်သုံးရတဲ့ tube တွေအစား လက်နဲ့နှိုက်ယူသုံးရတဲ့ ဗူးမျိုးတွေ သုံးခြင်း

အလှကုန်တစ်ခုခုကို လက်နဲ့ညှစ်ထုတ်ပြီး သုံးနိုင်ရင် အကောင်းဆုံးပါ။ ဒီလိုမဟုတ်ပဲ လက်နဲ့ အထဲထိ နှိုက်ယူသုံးရတဲ့ ဘယ်အလှကုန်မဆို သင့်လက်က တစ်ဆင့် ဘက်တီရီးယားပိုးတွေ အလှုကုန်ထဲ ဝင်သွားပြီလို့သာ မှတ်လိုက်ပါတော့။ လိုရှင်းဖြစ်ဖြစ်၊ ခေါင်းပေါင်းတင်ဆေးဖြစ်ဖြစ် ဘယ်လိုအလှကုန်မဆို ညှစ်ထုတ်ရတဲ့ tube တွေကိုသာ အသုံးပြုတာ အကောင်းဆုံးပါ။

ပြင်ဆင်နေချိန်၊ တစ်ခုခုကိုလိမ်းနေချိန်အတွင်း နှာချေမိခြင်း

ဒီလိုဖြစ်သွားတာ သင့်မှာ အပြစ်မရှိပါဘူး။ ဒါပေမယ့် တကယ်လို့များ သင်ဟာ မိတ်ကပ်ဗူးကို ဖွင့်လျှက်သား မိတ်ကပ်လူးနေတုန်း နှာချေမိသွားတယ်ဆိုရင်တော့ ဒါဟာ ဘက်တီရီးယားပိုးတွေကို မိတ်ကပ်ပုလင်း၊ ဗူးထဲ ထည့်လိုက်သလို ဖြစ်သွားပါပြီ။ ဒါ့ကြောင့် တကယ်လို့များ ဖြစ်နိုင်မယ်ဆိုရင်တော့ အလှကုန်တွေနဲ့ဝေးဝေးမှာ သွားချေနိုင်အောင် ကြိုးစားသင့်ပါတယ်။

တစ်ခုခုစားပြီးချိန် နှုတ်ခမ်းနီ ပြန်ဆိုးခြင်း

မိန်းကလေးတော်တော်များများဟာ အစားအသောက်တစ်ခုခု စားပြီးချိန်ဆိုရင် အိမ်သာထဲသွားပြီး နှုတ်ခမ်းနီပြန်ဆိုးတတ်ကြပါတယ်။ သင့်နှုတ်ခမ်းမှာ သင်မမြင်ရတဲ့ စားကြွင်းစားကျန်လေးတွေ ကပ်နေတတ်ပါတယ်။ ဒီအရာလေးတွေက သင့်နှုတ်ခမ်းနီသားရဲ့ မျက်နှာပြင်မှာ ကပ်ငြိသွားနိုင်ပြီး သင်ကဒါကို ပြန်သိမ်းလိုက်တဲ့အခါ ဒါဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ သင်ပြုလုပ်လိုက်တာနဲ့ သွားတူနေပါတယ်။ နောက်တစ်ခါ နှုတ်ခမ်းနီဆိုးတဲ့အခါ သင်ပြသနာတက်နိုင်ပါတယ်။ ဒါ့ကြောင့် တကယ်လို့ တစ်ခုခုစားသောက်ပြီး နှုတ်ခမ်းနီ ပြန်ဆိုးမယ်ဆိုရင် သင့်နှုတ်ခမ်းပေါ်မှာ ဘာမှမရှိတော့အောင် ကုန်စင်အောင် သုတ်၊ ပလုတ်တွေဘာတွေကျင်းပြီးကာမှ နှုတ်ခမ်းနီဆိုးပါ။

ကိုယ့်အလှကုန်တွေကို သူတစ်ပါးအား ဝေမျှခြင်း

သူငယ်ချင်းနဲ့ ဘယ်လောက်ခင်ခင် သူ့နှုတ်ခမ်းနီယူဆိုးတာမျိုး၊ သူ့ eye make up ယူသုံးတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ ဒါဟာ ဘက်တီးရီးယားပိုးတွေ ကူးစက်ဖို့ အလွယ်ကူဆုံး နည်းဖြစ်နေလို့ပါ။

မိတ်ကပ်ဗူးတွေ ထည့်ထားတဲ့ အိတ်ကို သန့်ရှင်းအောင်မထားခြင်း

သင်ဟာ သင့်အလှကုန်တစ်ခုချင်းစီကို သန့်နေအောင်ထားတယ်ဆိုရင်တောင် အနည်းဆုံးတော့ ဒါတွေအားလုံးစုထည့်ထားတဲ့ အိတ်ကိုလည်း ပုံမှန်သန့်ရှင်းရေး လုပ်ပေးရပါမယ်။ ဒါဟာ အခြေခံအကျဆုံး သန့်ရှင်းရေးလုပ်ပေးသင့်တဲ့ အရာပါ။ အိတ်ကို တစ်လတစ်ခါ သေချာလျှော်ဖွတ်ပေးတာမျိုးတွေလည်း လုပ်ပေးရပါလိမ့်မယ်။

Credit :trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top