iMyanmarHouse.com - Best Property Website for Myanmar
×

ကမၻာေက်ာ္ အဆိုေတာ္ ဂ်နီဖာလိုပက္ဇ္သည္ လာမည့္ႏွစ္တြင္ ထြက္ရွိမည့္ ၎၏ န၀မေျမာက္ စတူဒီယို ေတးအယ္လ္ဘမ္ကို ခင္ပြန္းေဟာင္းျဖစ္သူ မက္စ္အန္သိုနီႏွင့္ ပူးေပါင္း လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သတင္းတစ္ရပ္တြင္ ေဖာ္ျပထားသည္။

အသက္ ၄၇ ႏွစ္အရြယ္ရွိ အဆိုေတာ္ ေဂ်လိုသည္ စပိန္ဘာသာျဖင့္ ျဖန္႔ခ်ိမည့္ ေတးအယ္လ္ဘမ္သစ္ကို  အန္သိုနီ ၊ Sony Music Latin ၊ ႏွင့္ အန္သိုနီ၏ Magnus Media ကုမၸဏီတို႔ႏွင့္ ပူးေပါင္းကာ ထုတ္လုပ္သြားမည္ ျဖစ္ေၾကာင္း  E! Newsတြင္ ေဖာ္ျပထားသည္။ မက္စ္အန္သိုနီသည္ ေတးအယ္လ္ဘမ္ ထုတ္လုပ္သူအျဖစ္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ေဘလ္ဘုတ္တြင္ ေဖာ္ျပထားသည္။

 “ ကၽြန္မ  ေတးအယ္လ္ဘမ္သစ္အတြက္ အရမ္းကို စိတ္လႈပ္ရွားေနပါတယ္။ ေတးအယ္လ္ဘမ္ကို မက္စ္အန္သိုနီ ၊  Sony နဲ႔ Magnus မိသားစုေတြနဲ႔ လုပ္ရမယ္ဆိုေတာ့ စိတ္လႈပ္ရွားမိပါတယ္”  ဟု    ေဂ်လိုက အစီရင္ခံစာတြင္ ေရးသားထားသည္။

“ ေဂ်လိုဟာ အႏုပညာေလာကမွာ ေအာင္ျမင္မႈမ်ား ရရွိထားသူ တစ္ဦးျဖစ္တယ္။ ကမၻာတစ္၀န္းမွာ ကၽြန္ေတာ္တုိ႔ရဲ႕ ယဥ္ေက်းမႈကို သိရွိေအာင္ ကိုယ္စားျပဳ ေဆာင္ရြက္ေပးတယ္။ သူမရဲ႕   ေတးဂီပိုင္းဆိုင္ရာ ကၽြမ္းက်င္မႈကို အသိမွတ္ျပဳ ခံထားရတဲ့သူ တစ္ဦးျဖစ္တယ္။သူမဟာ ကမၻာ့အႏုပညာ ေလာကမွာလည္း ေနရာတစ္ေနရာ ရရွိထားသူျဖစ္တယ္ ”ဟု အန္သိုနီက အစီရင္ခံစာတြင္   ေရးသားထားသည္။

၂၀၀၇ ခုႏွစ္က “Como Ama una Mujer” ပြဲဦးထြက္ စပိန္ ေတးအယ္လ္ဘမ္ ထြက္ရွိျပီးခ်ိန္မွစ၍ ေတးအယ္လ္ဘမ္သစ္သည္ ေဂ်လို၏ ပထမဆံုး စပိန္ဘာသာ   ေတးအယ္လ္ဘမ္ျဖစ္သည္။   ေတးအယ္လ္ဘမ္သစ္မွ ပထမဆံုး တစ္ကိုယ္ေတာ္ ေတးသီခ်င္းကို ႏို၀င္ဘာလတြင္ ထုတ္လႊင့္ေပးမည္ျဖစ္သည္။

Credit  : Mizzima

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကမ္ဘာကျော် အဆိုတော် ဂျနီဖာလိုပက်ဇ်သည် လာမည့်နှစ်တွင် ထွက်ရှိမည့် ၎င်း၏ နဝမမြောက် စတူဒီယို တေးအယ်လ်ဘမ်ကို ခင်ပွန်းဟောင်းဖြစ်သူ မက်စ်အန်သိုနီနှင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၄၇ နှစ်အရွယ်ရှိ အဆိုတော် ဂျေလိုသည် စပိန်ဘာသာဖြင့် ဖြန့်ချိမည့် တေးအယ်လ်ဘမ်သစ်ကို  အန်သိုနီ ၊ Sony Music Latin ၊ နှင့် အန်သိုနီ၏ Magnus Media ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း  E! Newsတွင် ဖော်ပြထားသည်။ မက်စ်အန်သိုနီသည် တေးအယ်လ်ဘမ် ထုတ်လုပ်သူအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဘေလ်ဘုတ်တွင် ဖော်ပြထားသည်။

 “ ကျွန်မ  တေးအယ်လ်ဘမ်သစ်အတွက် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ တေးအယ်လ်ဘမ်ကို မက်စ်အန်သိုနီ ၊  Sony နဲ့ Magnus မိသားစုတွေနဲ့ လုပ်ရမယ်ဆိုတော့ စိတ်လှုပ်ရှားမိပါတယ်”  ဟု    ဂျေလိုက အစီရင်ခံစာတွင် ရေးသားထားသည်။

“ ဂျေလိုဟာ အနုပညာလောကမှာ အောင်မြင်မှုများ ရရှိထားသူ တစ်ဦးဖြစ်တယ်။ ကမ္ဘာတစ်ဝန်းမှာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကို သိရှိအောင် ကိုယ်စားပြု ဆောင်ရွက်ပေးတယ်။ သူမရဲ့   တေးဂီပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို အသိမှတ်ပြု ခံထားရတဲ့သူ တစ်ဦးဖြစ်တယ်။သူမဟာ ကမ္ဘာ့အနုပညာ လောကမှာလည်း နေရာတစ်နေရာ ရရှိထားသူဖြစ်တယ် ”ဟု အန်သိုနီက အစီရင်ခံစာတွင်   ရေးသားထားသည်။

၂၀၀၇ ခုနှစ်က “Como Ama una Mujer” ပွဲဦးထွက် စပိန် တေးအယ်လ်ဘမ် ထွက်ရှိပြီးချိန်မှစ၍ တေးအယ်လ်ဘမ်သစ်သည် ဂျေလို၏ ပထမဆုံး စပိန်ဘာသာ   တေးအယ်လ်ဘမ်ဖြစ်သည်။   တေးအယ်လ်ဘမ်သစ်မှ ပထမဆုံး တစ်ကိုယ်တော် တေးသီချင်းကို နိုဝင်ဘာလတွင် ထုတ်လွှင့်ပေးမည်ဖြစ်သည်။

Credit  : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top