iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ခႏၶာကိုယ္ဟာ သင္ပိုင္ဆိုင္တဲ့အရာျဖစ္လို႔ ႀကိဳက္သလို စီမံခြင့္ရွိတာေတာ့ မွန္ပါတယ္။ ဒါေပမဲ့ သင့္ရဲ႕

က်န္းမာေရးအတြက္ ခႏၶာကိုယ္မွာ လက္နဲ႔ မကိုင္သင့္တဲ့ ေနရာ (၇) ခုရွိပါတယ္။

၁။ လက္သည္းေအာက္ဘက္

လက္သည္းရွည္သူေတြအေနနဲ႔ လက္သည္းေအာက္ဘက္ကို အျခားလက္တစ္ဖက္နဲ႔ သြားမကိုင္သင့္ပါဘူး။ သင့္လက္အတြင္း ဘက္တီးရီးယားေတြ အခိုေအာင္းႏိုင္ဆံုး ေနရာက အဲဒီေနရာပါ။ လက္သည္းကို အတုိဆံုး ထားေလ ေကာင္းေလပါပဲ။

၂။ မ်က္ႏွာ

သင့္လက္မွာ ေရာဂါပိုးေတြနဲ႔ အဆီေတြ အၿမဲရွိေနမယ္ဆိုတာ ေသခ်ာပါတယ္။ မ်က္ႏွာသစ္ခ်ိန္နဲ႔ အသားေရအတြက္ လိမ္းေဆးလိမ္းတဲ့အခ်ိန္ကလြဲလို႔ လက္နဲ႔မ်က္ႏွာကို မပြတ္သင့္ပါဘူး။

၃။ တင္ပါး

အညစ္အေၾကးစြန္႔ထုတ္တဲ့ စအိုဝနဲ႔ အနီးတစ္ဝိုက္ဟာ ဘက္တီးရီးယားေတြ ပိုရွိေနႏုိင္ပါတယ္။ ဒါေၾကာင့္ သန္႔စင္ခန္း ဝင္ၿပီးတဲ့အခါ လက္ေဆးဖို႔ အေရးႀကီးတယ္လို႔ ဆရာဝန္ေတြ သတိေပးတာပါ။

၄။ မ်က္လံုး

မ်က္လံုးကို လက္နဲ႔ပြတ္မိကိုင္တြယ္မိရင္ အညစ္အေၾကးနဲ႔ ေရာဂါပိုးေတြ မ်က္လံုးဆီေရာက္သြားတတ္ပါတယ္။ အဲဒီအခါ မ်က္ခမ္းစပ္မွာ ျပည္တည္တာမ်ိဳး၊ မ်က္ဝတ္ေတြ ခဏခဏ ထြက္တာမ်ိဳး ျဖစ္လာမွာပါ။

၅။ ပါးစပ္

လူတစ္ေယာက္ အားေနတဲ့အခါ ပါးစပ္နားတစ္ဝိုက္ကို လက္ေရာက္သြားတဲ့ အႀကိမ္ေရက တစ္နာရီကို ပ်မ္းမွ် ၂၃ ႀကိမ္ေလာက္ ရွိပါတယ္။ အလုပ္႐ႈပ္ေနတဲ့အခ်ိန္မွာေတာင္မွ တစ္နာရီကို ၆ ႀကိမ္ေလာက္ လက္က ေရာက္သြားတတ္တယ္လို႔ စစ္တမ္းတစ္ခုက ဆိုပါတယ္။ ေရာဂါပိုးေတြ ပါးစပ္ထဲ မထည့္ခ်င္ဘူးဆိုရင္ေတာ့ လက္ကိုလည္း မထည့္ပါနဲ႔။

၆။ ႏွာေခါင္း

ႏွာေခါင္းထဲ လက္ႏိႈက္တတ္တာဟာ လူၾကားထဲလည္း ျမင္လို႔ မေကာင္းပါဘူး။ က်န္းမာေရးအတြက္လည္း မေကာင္းပါဘူး။ ဘက္တီးရီးယားေတြ ႏွာေခါင္းထဲေရာက္ဖို႔ ၅၁ ရာႏႈန္း အခြင့္အလမ္း ပိုရွိပါတယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင့်ခန္ဓာကိုယ်ဟာ သင်ပိုင်ဆိုင်တဲ့အရာဖြစ်လို့ ကြိုက်သလို စီမံခွင့်ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့

ကျန်းမာရေးအတွက် ခန္ဓာကိုယ်မှာ လက်နဲ့ မကိုင်သင့်တဲ့ နေရာ (၇) ခုရှိပါတယ်။

၁။ လက်သည်းအောက်ဘက်

လက်သည်းရှည်သူတွေအနေနဲ့ လက်သည်းအောက်ဘက်ကို အခြားလက်တစ်ဖက်နဲ့ သွားမကိုင်သင့်ပါဘူး။ သင့်လက်အတွင်း ဘက်တီးရီးယားတွေ အခိုအောင်းနိုင်ဆုံး နေရာက အဲဒီနေရာပါ။ လက်သည်းကို အတိုဆုံး ထားလေ ကောင်းလေပါပဲ။

၂။ မျက်နှာ

သင့်လက်မှာ ရောဂါပိုးတွေနဲ့ အဆီတွေ အမြဲရှိနေမယ်ဆိုတာ သေချာပါတယ်။ မျက်နှာသစ်ချိန်နဲ့ အသားရေအတွက် လိမ်းဆေးလိမ်းတဲ့အချိန်ကလွဲလို့ လက်နဲ့မျက်နှာကို မပွတ်သင့်ပါဘူး။

၃။ တင်ပါး

အညစ်အကြေးစွန့်ထုတ်တဲ့ စအိုဝနဲ့ အနီးတစ်ဝိုက်ဟာ ဘက်တီးရီးယားတွေ ပိုရှိနေနိုင်ပါတယ်။ ဒါကြောင့် သန့်စင်ခန်း ဝင်ပြီးတဲ့အခါ လက်ဆေးဖို့ အရေးကြီးတယ်လို့ ဆရာဝန်တွေ သတိပေးတာပါ။

၄။ မျက်လုံး

မျက်လုံးကို လက်နဲ့ပွတ်မိကိုင်တွယ်မိရင် အညစ်အကြေးနဲ့ ရောဂါပိုးတွေ မျက်လုံးဆီရောက်သွားတတ်ပါတယ်။ အဲဒီအခါ မျက်ခမ်းစပ်မှာ ပြည်တည်တာမျိုး၊ မျက်ဝတ်တွေ ခဏခဏ ထွက်တာမျိုး ဖြစ်လာမှာပါ။

၅။ ပါးစပ်

လူတစ်ယောက် အားနေတဲ့အခါ ပါးစပ်နားတစ်ဝိုက်ကို လက်ရောက်သွားတဲ့ အကြိမ်ရေက တစ်နာရီကို ပျမ်းမျှ ၂၃ ကြိမ်လောက် ရှိပါတယ်။ အလုပ်ရှုပ်နေတဲ့အချိန်မှာတောင်မှ တစ်နာရီကို ၆ ကြိမ်လောက် လက်က ရောက်သွားတတ်တယ်လို့ စစ်တမ်းတစ်ခုက ဆိုပါတယ်။ ရောဂါပိုးတွေ ပါးစပ်ထဲ မထည့်ချင်ဘူးဆိုရင်တော့ လက်ကိုလည်း မထည့်ပါနဲ့။

၆။ နှာခေါင်း

နှာခေါင်းထဲ လက်နှိုက်တတ်တာဟာ လူကြားထဲလည်း မြင်လို့ မကောင်းပါဘူး။ ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဘက်တီးရီးယားတွေ နှာခေါင်းထဲရောက်ဖို့ ၅၁ ရာနှုန်း အခွင့်အလမ်း ပိုရှိပါတယ်။

Credit:Duwun



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top