iMyanmarHouse.com - Best Property Website for Myanmar
×

လူတုိင္းကေတာ့ ေအာင္ျမင္ခ်င္ၾကတာပဲ။ ဘာေၾကာင့္ မေအာင္ျမင္ၾကတာလဲ။ ကြ်န္ေတာ္တုိ႔ေတြ အသက္ရွင္သန္ဖုိ႔အတြက္ ေလကုိ ေတာင့္တသလုိမ်ိဳး ေအာင္ျမင္မႈကုိ ဆာေလာင္ေနရင္ေတာ့ ေသခ်ာေပါက္ ေအာင္ျမင္မွာ က်ိန္းေသပါတယ္။ ကုိယ့္အိပ္မက္ကို အေကာင္အထည္ေဖၚဖို႔ ပထမဆံုးလိုအပ္ခ်က္က လုပ္ကိုလုပ္မယ္ဆိုတဲ့ ဆံုးျဖတ္ခ်က္ခ်လိုက္ျခင္းပါပဲ။ ကုိိိိိိိိိိိိိိိိိိိယ္ကေတာ့ ေအာင္ျမင္ဖု႔ိ ႀကိဳးစားေနတယ္။ ကုိယ့္မွာရွိတဲ့အက်င့္စရုိက္ေတြက ေအာင္ျမင္သူေတြရဲ႕စရုိက္ေရာ ဟုတ္ရဲ႕လားဆုိတာ သုံးသပ္ၾကည့္ရေအာင္။

၁။ လဲက်တုိင္း ျပန္ထတယ္။

Forbes မဂၢဇင္းမွ ႏွစ္စဥ္ထုတ္ျပန္ေနတဲ့ ဘီလ်ံနာသူေဌးေတြထဲက ႀကိဳက္တဲ့သူေဌးရဲ႕အေၾကာင္းကုိ ဖတ္ၾကည့္လုိက္။ သူတုိ႔ေတြ မေအာင္ျမင္ခင္တုန္းက တစ္ႀကိမ္မဟုတ္ ၊ တစ္ႀကိမ္က်ရံႈးခဲ့ဖူးတာပါ။ စီးပြားပ်က္တယ္။ ဘဝပ်က္တယ္။ အားလုံးသိၾကတဲ့ Harry Potter စာေရးဆရာမ J.K. Rowling ဆုိရင္ အသက္၂ဝေလာက္တုန္းက က်ရႈံးတဲ့ဒဏ္ကုိ မခံႏုိင္လြန္းလုိ႔ ကုိယ့္ကုိကုိယ္ သတ္ေသဖုိ႔အထိိ ႀကိဳးစားခဲ့ဖူးတယ္။ ေအာင္ျမင္မႈပန္းတုိင္ကုိ ခရီီီးၾကမ္းေတြ ျဖတ္သန္းၿပီးမွ ေရာက္ခဲ့တာပါ။ ဘဝကုိ လက္ေဝွ႔ႀကိဳးဝုိင္းတစ္ခုလုိ တင္စားရရင္ ၿပိဳင္ဘက္လက္သီးခ်က္မိၿပီး လဲက်သြားတာကုိ ႀကိဳးဝုိင္းဒုိင္က အရႈံးလုိ႔ မသတ္မွတ္ပါဘူး။ ျပန္ထ မလာမွ အရႈံးလုိ႔ သတ္မွတ္တာပါ။ အေမရိကန္ျပည္ေထာင္စုရဲ႕ ၁၆ေယာက္ေျမာက္သမၼတႀကီး Abraham Lincoln ရဲ႕စကားကေတာ့ “မင္းလဲက်တာ ငါ စိတ္မပူဘူး ၊ ျပန္မထလာမွပဲ စိတ္ပူတာ” တဲ့။ ေအာင္ျမင္မႈလမ္းကုိ ေလ်ွာက္လွမ္းေနတယ္ဆုိရင္ လဲက်သြားတုိင္း ျပန္ထလုိက္ပါ။ ပတ္ဝန္းက်င္မွ ဘယ္လုိမ်ိဳးေတြ ေဝဖန္ပါေစ ၊ ေလတုိက္တုိင္း ယိမ္းေနမယ္ဆုိရင္ေတာ့ အလုပ္ျဖစ္မွာ မဟုတ္ပါဘူး။

၂။ ရႈံးနိမ့္မႈေတြကေန သင္ခန္းစာ ယူပါ။

အလုပ္တစ္ခုကုိ ႀကိဳးစားလုိက္လုိ႔ မေအာင္ျမင္လုိက္ဘူး။ ဘာေၾကာင့္ ငါမေအာင္ျမင္ရတာလဲ။ ငါဘာေတြ လုိအပ္ခ်က္ရွိေနေသးတာလဲ ။ ကုိယ့္ကုိကုိယ္ ျပန္သုံးသပ္ၾကည့့္လုိက္ပါ။ တကယ္ေတာ့ ေအာင္ျမင္ခ်င္ရင္ ႀကိဳးစားရမယ္ ၊ အမွားေတြ လုပ္မိတယ္ ၊ အမွားေတြကေန သင္ခန္းစာယူမယ္ ၊ ၿပီးရင္္ ေအာင္ျမင္ၿပီေပါ့။ ေအာင္ျမင္မႈကုိ လုိခ်င္ရင္ လုိအပ္ခ်က္ေတြ ျပင္ဆင္ၿပီး တစုိက္မတ္မတ္ ေလ်ွာက္လွမ္းဖုိ႔ပါပဲ။ ေအာင္ျမင္မႈမွာ ျဖတ္လမ္းဆုိတာ လုံးဝမရွိပါဘူး။

၃။ အရုဏ္တက္ခ်ိန္ မတုိင္ခင္ဟာ အေမွာင္ဆုံးအခ်ိန္ပါပဲ။

ေအာင္ျမင္ခ်င္တယ္ဆုိရင္ေတာ့ အတုိက္အခုိက္ေတြကုိ ၾကံ့ၾကံံ့ခံႏုိင္ဖုိ႔ လုိအပ္ျပန္ပါတယ္။ ေအာင္ျမင္ဖုိ႔နီးေလေလ ပုိၿပီး ခက္ခဲေလေလ ပါပဲ။ ေရာင္နီေန႔သစ္ကုိ ေရာက္ရွိဖုိ႔ ေနဝင္ညဆုိတာ ျဖတ္သန္းရမွာပဲေလ။ မေအာင္ျမင္ခင္တုန္းက ကုိယ္ႀကိဳးစားခဲ့ရတဲ့ ဒုကၡေတြကုိ ေအာင္ျမင္ၿပီးေနာက္မွာ ဟာသအျဖစ္ ျပန္လည္ျမင္ေယာင္ၿပီး ျပံဳးေပ်ာ္လုိက္ရင္ ဘဝဆုိတာ ေက်နပ္စရာႀကီးပါ။ အတုိက္အခုိက္ေတြ ၊ အခက္အခဲေတြကုိ ေက်ာ္ျဖတ္ၿပီးရင္ေတာ့ ကုိယ္အႏွစ္ႏွစ္အလလ ေမွ်ာ္မွန္းထားတဲ့ပန္းတုိင္ႀကီးကုိ ေရာက္ပါၿပီ။

၄။ မဆုတ္မနစ္ႀကိဳးစားပါ။

“ယုန္ႏွင့္လိပ္” ပုံျပင္ကုိေတာ့ အားလုံးဖတ္ဖူးၾကတယ္ ဟုတ္။ ပုံျပင္ထဲမွာေတာ့ ယုန္ဟာ ၿပိဳင္ဘက္ကုိ ေလ်ွာ့တြက္ၿပီး မိမိကုိယ္ကုိ အထင္ႀကီးလြန္းတဲ့အတြက္ အရွက္တကြဲအက်ိဳးနည္းျဖစ္သြားတာပါ။ ကုိယ္ဟာ ယုန္လုိ မျမန္ခဲ့ရင္ေတာင္ လိပ္လုိ မဆုတ္မနစ္ႀကိဳးစားဖုိ႔ မေမ့ပါနဲ႔။ အယ္ဒီဆင္ဟာ မီးလုံးကုိ တီထြင္ဖုိ႔ အႀကိမ္ေပါင္းတစ္ေထာင္ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူး။ ေနာက္ဆုံးမွာေတာ့ ကမၻာတစ္ခုလုံးကုိ အေမွာင္ခြင္းၿပီး အလင္းေဆာင္ခဲ့တာ အယ္ဒီဆင္ရဲ႕ မဆုတ္မနစ္ႀကိဳးစားခဲ့တဲ့ အသီးအပြင့္ေတြ မဟုတ္ပါလား။

Credit : အကၡရာ

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လူတိုင်းကတော့ အောင်မြင်ချင်ကြတာပဲ။ ဘာကြောင့် မအောင်မြင်ကြတာလဲ။ ကျွန်တော်တို့တွေ အသက်ရှင်သန်ဖို့အတွက် လေကို တောင့်တသလိုမျိုး အောင်မြင်မှုကို ဆာလောင်နေရင်တော့ သေချာပေါက် အောင်မြင်မှာ ကျိန်းသေပါတယ်။ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖေါ်ဖို့ ပထမဆုံးလိုအပ်ချက်က လုပ်ကိုလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချလိုက်ခြင်းပါပဲ။ ကိိုယ်ကတော့ အောင်မြင်ဖု့ိ ကြိုးစားနေတယ်။ ကိုယ့်မှာရှိတဲ့အကျင့်စရိုက်တွေက အောင်မြင်သူတွေရဲ့စရိုက်ရော ဟုတ်ရဲ့လားဆိုတာ သုံးသပ်ကြည့်ရအောင်။

၁။ လဲကျတိုင်း ပြန်ထတယ်။

Forbes မဂ္ဂဇင်းမှ နှစ်စဉ်ထုတ်ပြန်နေတဲ့ ဘီလျံနာသူဌေးတွေထဲက ကြိုက်တဲ့သူဌေးရဲ့အကြောင်းကို ဖတ်ကြည့်လိုက်။ သူတို့တွေ မအောင်မြင်ခင်တုန်းက တစ်ကြိမ်မဟုတ် ၊ တစ်ကြိမ်ကျရှုံးခဲ့ဖူးတာပါ။ စီးပွားပျက်တယ်။ ဘဝပျက်တယ်။ အားလုံးသိကြတဲ့ Harry Potter စာရေးဆရာမ J.K. Rowling ဆိုရင် အသက်၂ဝလောက်တုန်းက ကျရှုံးတဲ့ဒဏ်ကို မခံနိုင်လွန်းလို့ ကိုယ့်ကိုကိုယ် သတ်သေဖို့အထိ ကြိုးစားခဲ့ဖူးတယ်။ အောင်မြင်မှုပန်းတိုင်ကို ခရီးကြမ်းတွေ ဖြတ်သန်းပြီးမှ ရောက်ခဲ့တာပါ။ ဘဝကို လက်ဝှေ့ကြိုးဝိုင်းတစ်ခုလို တင်စားရရင် ပြိုင်ဘက်လက်သီးချက်မိပြီး လဲကျသွားတာကို ကြိုးဝိုင်းဒိုင်က အရှုံးလို့ မသတ်မှတ်ပါဘူး။ ပြန်ထ မလာမှ အရှုံးလို့ သတ်မှတ်တာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ၁၆ယောက်မြောက်သမ္မတကြီး Abraham Lincoln ရဲ့စကားကတော့ “မင်းလဲကျတာ ငါ စိတ်မပူဘူး ၊ ပြန်မထလာမှပဲ စိတ်ပူတာ” တဲ့။ အောင်မြင်မှုလမ်းကို လျှောက်လှမ်းနေတယ်ဆိုရင် လဲကျသွားတိုင်း ပြန်ထလိုက်ပါ။ ပတ်ဝန်းကျင်မှ ဘယ်လိုမျိုးတွေ ဝေဖန်ပါစေ ၊ လေတိုက်တိုင်း ယိမ်းနေမယ်ဆိုရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။

၂။ ရှုံးနိမ့်မှုတွေကနေ သင်ခန်းစာ ယူပါ။

အလုပ်တစ်ခုကို ကြိုးစားလိုက်လို့ မအောင်မြင်လိုက်ဘူး။ ဘာကြောင့် ငါမအောင်မြင်ရတာလဲ။ ငါဘာတွေ လိုအပ်ချက်ရှိနေသေးတာလဲ ။ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့့်လိုက်ပါ။ တကယ်တော့ အောင်မြင်ချင်ရင် ကြိုးစားရမယ် ၊ အမှားတွေ လုပ်မိတယ် ၊ အမှားတွေကနေ သင်ခန်းစာယူမယ် ၊ ပြီးရင် အောင်မြင်ပြီပေါ့။ အောင်မြင်မှုကို လိုချင်ရင် လိုအပ်ချက်တွေ ပြင်ဆင်ပြီး တစိုက်မတ်မတ် လျှောက်လှမ်းဖို့ပါပဲ။ အောင်မြင်မှုမှာ ဖြတ်လမ်းဆိုတာ လုံးဝမရှိပါဘူး။

၃။ အရုဏ်တက်ချိန် မတိုင်ခင်ဟာ အမှောင်ဆုံးအချိန်ပါပဲ။

အောင်မြင်ချင်တယ်ဆိုရင်တော့ အတိုက်အခိုက်တွေကို ကြံ့ကြံံ့ခံနိုင်ဖို့ လိုအပ်ပြန်ပါတယ်။ အောင်မြင်ဖို့နီးလေလေ ပိုပြီး ခက်ခဲလေလေ ပါပဲ။ ရောင်နီနေ့သစ်ကို ရောက်ရှိဖို့ နေဝင်ညဆိုတာ ဖြတ်သန်းရမှာပဲလေ။ မအောင်မြင်ခင်တုန်းက ကိုယ်ကြိုးစားခဲ့ရတဲ့ ဒုက္ခတွေကို အောင်မြင်ပြီးနောက်မှာ ဟာသအဖြစ် ပြန်လည်မြင်ယောင်ပြီး ပြုံးပျော်လိုက်ရင် ဘဝဆိုတာ ကျေနပ်စရာကြီးပါ။ အတိုက်အခိုက်တွေ ၊ အခက်အခဲတွေကို ကျော်ဖြတ်ပြီးရင်တော့ ကိုယ်အနှစ်နှစ်အလလ မျှော်မှန်းထားတဲ့ပန်းတိုင်ကြီးကို ရောက်ပါပြီ။

၄။ မဆုတ်မနစ်ကြိုးစားပါ။

“ယုန်နှင့်လိပ်” ပုံပြင်ကိုတော့ အားလုံးဖတ်ဖူးကြတယ် ဟုတ်။ ပုံပြင်ထဲမှာတော့ ယုန်ဟာ ပြိုင်ဘက်ကို လျှော့တွက်ပြီး မိမိကိုယ်ကို အထင်ကြီးလွန်းတဲ့အတွက် အရှက်တကွဲအကျိုးနည်းဖြစ်သွားတာပါ။ ကိုယ်ဟာ ယုန်လို မမြန်ခဲ့ရင်တောင် လိပ်လို မဆုတ်မနစ်ကြိုးစားဖို့ မမေ့ပါနဲ့။ အယ်ဒီဆင်ဟာ မီးလုံးကို တီထွင်ဖို့ အကြိမ်ပေါင်းတစ်ထောင် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ နောက်ဆုံးမှာတော့ ကမ္ဘာတစ်ခုလုံးကို အမှောင်ခွင်းပြီး အလင်းဆောင်ခဲ့တာ အယ်ဒီဆင်ရဲ့ မဆုတ်မနစ်ကြိုးစားခဲ့တဲ့ အသီးအပွင့်တွေ မဟုတ်ပါလား။

Credit : အက္ခရာ

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top