iMyanmarHouse.com - Best Property Website for Myanmar
×

ေလာကမွာ ေပးတုိင္းျပန္မရတာ အခ်စ္အျပင္ သူငယ္ခ်င္းေတြလည္း ပါဝင္ေနတတ္ပါတယ္။ ေလာကႀကီးမွာ ခ်စ္သူရည္းစားမွ လမ္းခြဲရတာ မဟုတ္ပါဘူး။ မေပါင္းအပ္တဲ့သူငယ္ခ်င္းမ်ိဳး ၊ ကုိယ့္အေပၚအျမဲအႏုိင္ယူတတ္တဲ့ သူငယ္ခ်င္းေတြဆုိရင္လည္း မိမိဘဝထဲမွာ ထုတ္ပယ္သင့္ပါတယ္။

၁။ အလုိက္သင့္ေပါင္းၿပီး အတြင္းႀကိတ္မေကာင္းႀကံေသာသူ

မိမိအား အလုိက္သင့္ ေရလုိက္ငါးလုိက္ ေပါင္းသင္းကာ မိမိအားနည္းခ်က္မ်ားကုိ အခြင့္ေကာင္းယူကာ တုိက္ခုိက္တက္ေသာ သူမ်ိဳးျဖစ္ပါတယ္။  သူတစ္ပါးမ်က္ရည္ကုိ လမ္းခင္းကာ နင္းေခ်ပစ္ေလ့ရွိေသာ သူမ်ားပင္ ျဖစ္ေသာေၾကာင့္ ထုိသူမ်ိဳးကုိ စြန္႔ခြာသင့္ပါတယ္။

၂။ လိုရင္ တစ္မ်ိဳး၊ မလုိရင္ တစ္မ်ိဳး ဆက္ဆံတတ္သူ

မိမိထံမွ အခြင့္အေရးလုိခ်င္လ်င္ တစ္မ်ိဳး၊ အခြင့္အေရး မရႏုိင္လ်င္ တစ္မ်ိဳး၊ အေျခအေနေပၚမူတည္ၿပီး အမ်ိဳးမ်ိဳးေျပာင္းလဲဆက္ဆံတက္ေသာ သူမ်ားကုိ ေရွာင္က်ဥ္သင့္ပါတယ္။ မိမိေအာင္ျမင္ခ်ိန္တြင္ မိမိထံ၌ ရွိေနၿပီး က်ရွံဴးခ်ိန္တြင္ စြန္႔ခြာတက္ေသာ “သာကူး” လူမ်ိဳးပင္ ျဖစ္ပါတယ္။

၃။ မိမိေကာင္းစားေရးအတြက္ သူတစ္ဖက္သားကုိ ေခ်ာက္တြန္းတတ္သူ

မိမိေလ်ာက္လွမ္းရာ ေျခလွမ္းတုိင္းတြင္ သူတစ္ပါးကုိ နင္းေခ်ၿပီး ေလ်ွာက္တက္ေသာ လူစားမ်ိဳးျဖစ္သည္။ တစ္နည္းအားျဖင့္ဆုိေသာ မိမိကုိယ္တုိင္ဘဝကုိ မတည္ေဆာက္ဘဲ သူတစ္ပါးက်ရွံဳးမွ မိမိဘဝေအာင္ျမင္မည္ဟု ေတြးထင္တက္ေသာ လူမ်ိဳးျဖစ္ပါတယ္။

၄။ သာတဲ့သူနဲ႔ေပါင္းၿပီး မိ္မိအားေလ်ွာ္ပစ္တတ္တဲ့ သူငယ္ခ်င္း

ကုိယ့္ဘက္က သူအားငယ္ေနခ်ိန္မွာ အားေပးစကားေတြ ေျပာခဲ့ေပမယ့္ ကုိယ္က်ရံႈးေနၿပီဆုိရင္ ကုိယ့္အနားမွာ မရွိေတာ့ပါဘူး။ ေလယူရာယိမ္းမူဝါဒနဲ႔ သာကူးသူငယ္ခ်င္းေတြကုိ ေပါင္းသင္းမိခဲ့ရင္ နစ္နာဖုိ႔ပဲရွိပါတယ္။

၅။ စကားအပုိ႔အယူ လုပ္တတ္တဲ့ သူငယ္ခ်င္း

ကုိယ့္က တကယ္ခင္မင္မိလုိ႔ ကုိယ့္ခံစားခ်က္ေတြကုိ ရင္ဖြင့္မိေပမယ့္ သူဘက္ကႀကိတ္ၿပီး ေလွာင္ေျပာင္ေနတတ္တာလည္း ၾကံဳဖူးၾကမွာပါ။ တစ္ခါတစ္ရံ သူ႔ကို သူစိမ္းကျမႇားနဲ ့ပစ္တဲ့အခ်ိန္
ကိုယ္ကဝင္ကာခဲ့ေပးေပမယ့္ ကိုယ့္ကို သူမ်ားကျမႇားနဲ ့ပစ္တဲ့အခ်ိန္ သူကပါ ကူဝင္ပစ္ေပးေနတတ္တယ္။

ဖက္တြယ္ထားရင္ နာက်င္မွာ ေသခ်ာတဲ့နည္းတူ လက္လႊတ္လုိက္တာက အေကာင္းဆုံးျဖစ္မွာပါ။ ကုိယ့္သူငယ္ခ်င္းထဲမွာ အဲလုိအက်င့္စရုိက္မ်ိဳးရွိတဲ့လူေတြ ပါခဲ့ရင္ေတာ့ ဆက္ေပါင္းေနရင္လည္း ကုိယ့္ဘက္က နစ္နာဖုိ႔ပဲရွိတာမုိ႔ အေပါင္းအသင္းမလုပ္ပါနဲ႔ေတာ့ ။

Credit : Akhayar

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လောကမှာ ပေးတိုင်းပြန်မရတာ အချစ်အပြင် သူငယ်ချင်းတွေလည်း ပါဝင်နေတတ်ပါတယ်။ လောကကြီးမှာ ချစ်သူရည်းစားမှ လမ်းခွဲရတာ မဟုတ်ပါဘူး။ မပေါင်းအပ်တဲ့သူငယ်ချင်းမျိုး ၊ ကိုယ့်အပေါ်အမြဲအနိုင်ယူတတ်တဲ့ သူငယ်ချင်းတွေဆိုရင်လည်း မိမိဘဝထဲမှာ ထုတ်ပယ်သင့်ပါတယ်။

၁။ အလိုက်သင့်ပေါင်းပြီး အတွင်းကြိတ်မကောင်းကြံသောသူ

မိမိအား အလိုက်သင့် ရေလိုက်ငါးလိုက် ပေါင်းသင်းကာ မိမိအားနည်းချက်များကို အခွင့်ကောင်းယူကာ တိုက်ခိုက်တက်သော သူမျိုးဖြစ်ပါတယ်။  သူတစ်ပါးမျက်ရည်ကို လမ်းခင်းကာ နင်းချေပစ်လေ့ရှိသော သူများပင် ဖြစ်သောကြောင့် ထိုသူမျိုးကို စွန့်ခွာသင့်ပါတယ်။

၂။ လိုရင် တစ်မျိုး၊ မလိုရင် တစ်မျိုး ဆက်ဆံတတ်သူ

မိမိထံမှ အခွင့်အရေးလိုချင်လျင် တစ်မျိုး၊ အခွင့်အရေး မရနိုင်လျင် တစ်မျိုး၊ အခြေအနေပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲဆက်ဆံတက်သော သူများကို ရှောင်ကျဉ်သင့်ပါတယ်။ မိမိအောင်မြင်ချိန်တွင် မိမိထံ၌ ရှိနေပြီး ကျရှူံးချိန်တွင် စွန့်ခွာတက်သော “သာကူး” လူမျိုးပင် ဖြစ်ပါတယ်။

၃။ မိမိကောင်းစားရေးအတွက် သူတစ်ဖက်သားကို ချောက်တွန်းတတ်သူ

မိမိလျောက်လှမ်းရာ ခြေလှမ်းတိုင်းတွင် သူတစ်ပါးကို နင်းချေပြီး လျှောက်တက်သော လူစားမျိုးဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော မိမိကိုယ်တိုင်ဘဝကို မတည်ဆောက်ဘဲ သူတစ်ပါးကျရှုံးမှ မိမိဘဝအောင်မြင်မည်ဟု တွေးထင်တက်သော လူမျိုးဖြစ်ပါတယ်။

၄။ သာတဲ့သူနဲ့ပေါင်းပြီး မိမိအားလျှော်ပစ်တတ်တဲ့ သူငယ်ချင်း

ကိုယ့်ဘက်က သူအားငယ်နေချိန်မှာ အားပေးစကားတွေ ပြောခဲ့ပေမယ့် ကိုယ်ကျရှုံးနေပြီဆိုရင် ကိုယ့်အနားမှာ မရှိတော့ပါဘူး။ လေယူရာယိမ်းမူဝါဒနဲ့ သာကူးသူငယ်ချင်းတွေကို ပေါင်းသင်းမိခဲ့ရင် နစ်နာဖို့ပဲရှိပါတယ်။

၅။ စကားအပို့အယူ လုပ်တတ်တဲ့ သူငယ်ချင်း

ကိုယ့်က တကယ်ခင်မင်မိလို့ ကိုယ့်ခံစားချက်တွေကို ရင်ဖွင့်မိပေမယ့် သူဘက်ကကြိတ်ပြီး လှောင်ပြောင်နေတတ်တာလည်း ကြုံဖူးကြမှာပါ။ တစ်ခါတစ်ရံ သူ့ကို သူစိမ်းကမြှားနဲ့ပစ်တဲ့အချိန်
ကိုယ်ကဝင်ကာခဲ့ပေးပေမယ့် ကိုယ့်ကို သူများကမြှားနဲ့ပစ်တဲ့အချိန် သူကပါ ကူဝင်ပစ်ပေးနေတတ်တယ်။

ဖက်တွယ်ထားရင် နာကျင်မှာ သေချာတဲ့နည်းတူ လက်လွှတ်လိုက်တာက အကောင်းဆုံးဖြစ်မှာပါ။ ကိုယ့်သူငယ်ချင်းထဲမှာ အဲလိုအကျင့်စရိုက်မျိုးရှိတဲ့လူတွေ ပါခဲ့ရင်တော့ ဆက်ပေါင်းနေရင်လည်း ကိုယ့်ဘက်က နစ်နာဖို့ပဲရှိတာမို့ အပေါင်းအသင်းမလုပ်ပါနဲ့တော့ ။

Credit : Akhayar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top