iMyanmarHouse.com - Best Property Website for Myanmar
×

 ပ်ိဳေမတို႔အေနနဲ႔ ကိုယ္၀န္မရွိပါဘဲႏွင့္ တခါတရံမွာ ရာသီလာ ခ်ိန္ေနာက္က်တာ ဒါမွမဟုတ္ လေပါင္းမ်ားစြာ ၾကာရာသီေသြးလံုး၀ မဆင္းေတာ့တာမ်ိဳးေတြၾကံဳေတြ႕ရျခင္းဟာ မိမိရဲ႕ ဘ၀ေနထုိင္မႈပံုစံ အေပၚမွာ မ်ားစြာမူတည္ ေနပါတယ္။ ဒါေၾကာင့္ ဘယ္လိုအေၾကာင္းရင္းေတြက လစဥ္ရာသီလာခ်ိန္ မမွန္ေစရသလဲဆိုတာနဲ႔ ပတ္သက္ၿပိး သိထားသင့္တာေလးေတြ ေဖာ္ျပေပးလိုက္ပါတယ္။

1. ကိုယ္အေလးခ်ိန္က်သြားျခင္း (သို႔) ေလ့က်င့္ခန္းလြန္ကဲစြာလုပ္ျခင္း

ပိန္ခ်င္လြန္းလို႔ အစာေရွာင္ၿပီး ေလ့က်င့္ခန္းျပင္းျပင္းထန္ထန္ လုပ္တာေၾကာင့္ ခႏၶာကိုယ္မွာရွိ သင့္တဲ့ အဆီေတြမရွိေတာ့ တဲ့အတြက္ ေဟာ္မုန္းမထုတ္ႏုိင္ဘဲ ျဖစ္ကာ ရာသီမလာေတာ့ပါဘူး။ ကိုယ္ အေလးခ်ိန္လြန္စြာနည္းသူေတြ၊ မိမိမွာရွိတဲ့ေပါင္ခ်ိန္ထက္ ႐ုတ္တရက္ ေလ်ာ့က်သြားသူေတြ၊ ပိန္ဖို႔၊ ၀ဖို႔၊ လွဖို႔ အတြက္ရည္ရြယ္ၿပီး ေလ့က်င့္ခန္းအျပင္းအထန္လုပ္ၿပီးေနာက္ အာဟာရျပည့္မီစြာ မစားသူေတြ အေနနဲပလည္း လစဥ္ရာသီပံုမွန္မလာတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ ၀လြန္းသူေတြအေနနဲ႔လည္း ရာသီ မွန္မွန္မလာတတ္ပါဘူး။

2. စိတ္ဖိစီးမႈမ်ားျခင္း

ဦးေႏွာက္အစိတ္အပိုင္း ဟိုက္ပိုသဲလမတ္မွာ မီးယပ္ေသြးမွန္ေအာင္ျပဳလုပ္ေပးႏုိင္တဲ့ ေဟာ္မုန္းမ်ား စြာရွိပါတယ္။ စိတ္ဖိစီးမႈျဖစ္လာတဲ့အခါ ယင္းေဟာ္မုန္းေတြမထြက္ေတာ့ပါဘူး။ ဒါေၾကာင့္ ေသြးထိမ္သြား တတ္ပါတယ္။

3. သားဥအိမ္တြင္ ေရအိတ္တည္ျခင္း

၀ဖိုင့္ဖိုင့္ အမ်ိဳးသမီးေတြအေနနဲ႔ သားဥအိမ္မွာေရအိတ္တည္ တဲ့ေရာဂါျဖစ္ႏိုင္ေျခ မ်ားပါတယ္။ ေဟာ္မုန္းမမွန္ဘဲ သားဥမေႂကြတာေၾကာင့္ျဖစ္ေစၿပီး ယင္းေရာဂါခံစားေနရသူမ်ားတြင္ မ်က္ႏွာႏွင့္ရင္ဘတ္တြင္ အေမြးေပါက္ျခင္း၊ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ရ ခက္ခဲျခင္း၊ ကေလးရဖို႔ခက္ခဲျခင္းစတဲ့ လကၡဏာ ေတြေတြ႕ရတတ္ၿပီး မီးယပ္ေသြးလံုး၀မေပၚေတာ့တာ ဒါမွမဟုတ္ ရာသီပံုမွန္မလာ တာေတြ ျဖစ္ေစႏုိင္ပါတယ္။

4. သိုင္းရြိဳက္မညီမွ်ျခင္း


လည္ပင္းမွာရွိတဲ့ သိုင္းရြိဳက္ဂလင္းက ခႏၶာကိုယ္တြင္း ဇီ၀ျဖစ္စဥ္ကို ပံုမွန္လည္ပတ္ေစတာေၾကာင့္ ယင္းသိုင္းရြိဳက္ဂလင္းမွ ေဟာ္မုန္းလြန္ကဲစြာထြက္လာပါက ဒါမွမဟုတ္ သိုင္းရြိဳက္ေဟာ္မုန္း မညီမွ်ေတာ့ပါက ရာသီစက္၀န္း မမွန္ေစေတာ့ပါဘူး။

5. သေႏၶတားေဆးမွီ၀ဲျခင္း

သေႏၶတားေဆးမွီ၀ဲေနခ်ိန္မွာ ေဆးရပ္လိုက္ျခင္း၊ ေဆးအမ်ိဳးအစားေျပာင္းေသာက္ျခင္း၊ သေႏၶ တားဖို႔နည္းလမ္းမ်ားစြာ အသံုးျပဳျခင္း၊ ေသြးဆံုးျခင္း ဒါမွမဟုတ္ အရြယ္မတိုင္ခင္ ေသြးဆံုးျခင္း၊ တျခား ေဆး၀ါးမ်ားမွီ၀ဲေနရျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္းတို႔ေၾကာင့္ ရာသီမလာတာမ်ိဳး ျဖစ္တတ္ပါတယ္။


Credit:Drmyanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 ပျိုမေတို့အနေနဲ့ ကိုယ်ဝန်မရှိပါဘဲနှင့် တခါတရံမှာ ရာသီလာ ချိန်နောက်ကျတာ ဒါမှမဟုတ် လပေါင်းများစွာ ကြာရာသီသွေးလုံး၀ မဆင်းတော့တာမျိုးတွေကြုံတွေ့ရခြင်းဟာ မိမိရဲ့ ဘဝနေထိုင်မှုပုံစံ အပေါ်မှာ များစွာမူတည် နေပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းရင်းတွေက လစဉ်ရာသီလာချိန် မမှန်စေရသလဲဆိုတာနဲ့ ပတ်သက်ပြိး သိထားသင့်တာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

1. ကိုယ်အလေးချိန်ကျသွားခြင်း (သို့) လေ့ကျင့်ခန်းလွန်ကဲစွာလုပ်ခြင်း

ပိန်ချင်လွန်းလို့ အစာရှောင်ပြီး လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် လုပ်တာကြောင့် ခန္ဓာကိုယ်မှာရှိ သင့်တဲ့ အဆီတွေမရှိတော့ တဲ့အတွက် ဟော်မုန်းမထုတ်နိုင်ဘဲ ဖြစ်ကာ ရာသီမလာတော့ပါဘူး။ ကိုယ် အလေးချိန်လွန်စွာနည်းသူတွေ၊ မိမိမှာရှိတဲ့ပေါင်ချိန်ထက် ရုတ်တရက် လျော့ကျသွားသူတွေ၊ ပိန်ဖို့၊ ဝဖို့၊ လှဖို့ အတွက်ရည်ရွယ်ပြီး လေ့ကျင့်ခန်းအပြင်းအထန်လုပ်ပြီးနောက် အာဟာရပြည့်မီစွာ မစားသူတွေ အနေနဲပလည်း လစဉ်ရာသီပုံမှန်မလာတာမျိုးတွေဖြစ်တတ်ပါတယ်။ ဝလွန်းသူတွေအနေနဲ့လည်း ရာသီ မှန်မှန်မလာတတ်ပါဘူး။

2. စိတ်ဖိစီးမှုများခြင်း

ဦးနှောက်အစိတ်အပိုင်း ဟိုက်ပိုသဲလမတ်မှာ မီးယပ်သွေးမှန်အောင်ပြုလုပ်ပေးနိုင်တဲ့ ဟော်မုန်းများ စွာရှိပါတယ်။ စိတ်ဖိစီးမှုဖြစ်လာတဲ့အခါ ယင်းဟော်မုန်းတွေမထွက်တော့ပါဘူး။ ဒါကြောင့် သွေးထိမ်သွား တတ်ပါတယ်။

3. သားဥအိမ်တွင် ရေအိတ်တည်ခြင်း

ဝဖိုင့်ဖိုင့် အမျိုးသမီးတွေအနေနဲ့ သားဥအိမ်မှာရေအိတ်တည် တဲ့ရောဂါဖြစ်နိုင်ခြေ များပါတယ်။ ဟော်မုန်းမမှန်ဘဲ သားဥမကြွေတာကြောင့်ဖြစ်စေပြီး ယင်းရောဂါခံစားနေရသူများတွင် မျက်နှာနှင့်ရင်ဘတ်တွင် အမွေးပေါက်ခြင်း၊ ကိုယ်အလေးချိန်လျှော့ချရ ခက်ခဲခြင်း၊ ကလေးရဖို့ခက်ခဲခြင်းစတဲ့ လက္ခဏာ တွေတွေ့ရတတ်ပြီး မီးယပ်သွေးလုံးဝမပေါ်တော့တာ ဒါမှမဟုတ် ရာသီပုံမှန်မလာ တာတွေ ဖြစ်စေနိုင်ပါတယ်။

4. သိုင်းရွိုက်မညီမျှခြင်း


လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းက ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကို ပုံမှန်လည်ပတ်စေတာကြောင့် ယင်းသိုင်းရွိုက်ဂလင်းမှ ဟော်မုန်းလွန်ကဲစွာထွက်လာပါက ဒါမှမဟုတ် သိုင်းရွိုက်ဟော်မုန်း မညီမျှတော့ပါက ရာသီစက်ဝန်း မမှန်စေတော့ပါဘူး။

5. သန္ဓေတားဆေးမှီဝဲခြင်း

သန္ဓေတားဆေးမှီဝဲနေချိန်မှာ ဆေးရပ်လိုက်ခြင်း၊ ဆေးအမျိုးအစားပြောင်းသောက်ခြင်း၊ သန္ဓေ တားဖို့နည်းလမ်းများစွာ အသုံးပြုခြင်း၊ သွေးဆုံးခြင်း ဒါမှမဟုတ် အရွယ်မတိုင်ခင် သွေးဆုံးခြင်း၊ တခြား ဆေးဝါးများမှီဝဲနေရခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကြောင့် ရာသီမလာတာမျိုး ဖြစ်တတ်ပါတယ်။


Credit:Drmyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top