iMyanmarHouse.com - Best Property Website for Myanmar
×

ေဆာင္းရာသီေရာက္ေတာ့မယ္ဆုိတာနဲ႕ အသားအေရေျခာက္ေသြ႔ေတာ့မွာျဖစ္လုိ႕ ဒီကိစၥအတြက္ ေခါင္းစားၾကရပါတယ္။ ဒီေတာ့ အေရျပားအေပၚယံလႊာေလးေတြ သန္႔ရွင္းမႈ  ပုံမွန္မလုပ္တာနဲ႕ ေဆာင္းတြင္းတစ္တြင္းလံုး အသားေရ မြဲေျခာက္တာကို ခံစားၾကရေတာ့တာပါပဲ။ ဒီလုိမျဖစ္ရေအာင္ အသားအေရထိန္းသိမ္မႈဆုိင္ရာ နားလည္ကြ်မ္းက်င္သူတစ္ဦးျဖစ္တဲ့ Cecilia Wong ဆီက သဘာဝနည္းလမ္းေလးတစ္ခု ေဖာ္ျပေပးလုိက္ပါတယ္။

ဒီနည္းအတြက္ လုိအပ္တဲ့အရာမ်ား

သေဘၤာသီး၊ သန္႔စင္ေဆးနဲ႔ ကုိယ္တိုက္အဝတ္စငယ္သန္႔သန္႔ေလးတစ္ခု

လုပ္ေဆာင္ရမယ့္ အခ်က္မ်ား

သေဘၤာသီးကို အေစ့နဲ႔အသားႏွစ္ခုစလုံးဖယ္ျပီး အခြံကို ခ်န္ပါ။ မ်က္ႏွာကို ပုံမွန္အတုိင္းသစ္ျပီး အဝတ္စေလးနဲ႔ တုိ႔တုိ႔ျပီး ေျခာက္ေအာင္လုပ္ရပါမယ္။ ျပီးေတာ့ သေဘၤာသီးခြံအတြင္းပုိင္းနဲ႔ မ်က္ႏွာကုိ စက္ဝုိင္းပုံစံနဲ႔ ၁ မိနစ္ ပြတ္ေပးပါ။ အေျခာက္ခံျပီး ေနာက္တစ္ၾကိမ္ ထပ္လုပ္ေပးပါ။ ဒါေပမယ့္ ဒီတစ္ၾကိမ္ေတာ့ ၂ မိနစ္ၾကာထားျပီးေနာက္ ေရနဲ႔ေဆးခ်ပါ။ (ဒီထက္ပိုၾကာရင္ အေရျပားက်ိန္းစပ္မႈျဖစ္ေစႏုိင္ပါတယ္)။

အက်ဳိးသက္ေရာက္ပုံ

သေဘၤာသီးဟာ အသုံးမျပဳတဲ့ ပရုိတိန္းေတြ ေခ်မႈန္းပစ္ျပီး အေရျပားဆဲလ္ေသေတြ ရွင္းလင္းေပးေသာ အင္ဇုိင္းျဖစ္တဲ့ papain အျပည့္ပါဝင္ပါတယ္။ ဒါ့အျပင္ ဒီအရာက အေရျပားအတြက္ အထူးေကာင္းမြန္ျပီး သဘာဝအေရျပားဆဲလ္ေသေတြ ဖယ္ရွားေပးတဲ့ အရာအျဖစ္လည္း ေဆာင္ရြက္ေပးႏိုင္ပါတယ္။ သူ႔မွာ မ်က္ႏွာအေရးအေၾကာင္းေတြ နည္းႏုိင္သမွ်နည္းေစတဲ့ ဓာတ္ဆန္႔က်င္ပစၥည္း ဗီတာမင္ A လည္း ပါဝင္ပါတယ္။ ဒီရလဒ္ေတြ ျမင္ေတြ႔ရဖုိ႔အတြက္ တစ္လ ၁ ၾကိမ္သာ လုပ္ေပးရမွာ ျဖစ္ပါတယ္။

Credit: Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


ဆောင်းရာသီရောက်တော့မယ်ဆိုတာနဲ့ အသားအရေခြောက်သွေ့တော့မှာဖြစ်လို့ ဒီကိစ္စအတွက် ခေါင်းစားကြရပါတယ်။ ဒီတော့ အရေပြားအပေါ်ယံလွှာလေးတွေ သန့်ရှင်းမှု  ပုံမှန်မလုပ်တာနဲ့ ဆောင်းတွင်းတစ်တွင်းလုံး အသားရေ မွဲခြောက်တာကို ခံစားကြရတော့တာပါပဲ။ ဒီလိုမဖြစ်ရအောင် အသားအရေထိန်းသိမ်မှုဆိုင်ရာ နားလည်ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Cecilia Wong ဆီက သဘာဝနည်းလမ်းလေးတစ်ခု ဖော်ပြပေးလိုက်ပါတယ်။

ဒီနည်းအတွက် လိုအပ်တဲ့အရာများ

သင်္ဘောသီး၊ သန့်စင်ဆေးနဲ့ ကိုယ်တိုက်အဝတ်စငယ်သန့်သန့်လေးတစ်ခု

လုပ်ဆောင်ရမယ့် အချက်များ

သင်္ဘောသီးကို အစေ့နဲ့အသားနှစ်ခုစလုံးဖယ်ပြီး အခွံကို ချန်ပါ။ မျက်နှာကို ပုံမှန်အတိုင်းသစ်ပြီး အဝတ်စလေးနဲ့ တို့တို့ပြီး ခြောက်အောင်လုပ်ရပါမယ်။ ပြီးတော့ သင်္ဘောသီးခွံအတွင်းပိုင်းနဲ့ မျက်နှာကို စက်ဝိုင်းပုံစံနဲ့ ၁ မိနစ် ပွတ်ပေးပါ။ အခြောက်ခံပြီး နောက်တစ်ကြိမ် ထပ်လုပ်ပေးပါ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ ၂ မိနစ်ကြာထားပြီးနောက် ရေနဲ့ဆေးချပါ။ (ဒီထက်ပိုကြာရင် အရေပြားကျိန်းစပ်မှုဖြစ်စေနိုင်ပါတယ်)။

အကျိုးသက်ရောက်ပုံ

သင်္ဘောသီးဟာ အသုံးမပြုတဲ့ ပရိုတိန်းတွေ ချေမှုန်းပစ်ပြီး အရေပြားဆဲလ်သေတွေ ရှင်းလင်းပေးသော အင်ဇိုင်းဖြစ်တဲ့ papain အပြည့်ပါဝင်ပါတယ်။ ဒါ့အပြင် ဒီအရာက အရေပြားအတွက် အထူးကောင်းမွန်ပြီး သဘာဝအရေပြားဆဲလ်သေတွေ ဖယ်ရှားပေးတဲ့ အရာအဖြစ်လည်း ဆောင်ရွက်ပေးနိုင်ပါတယ်။ သူ့မှာ မျက်နှာအရေးအကြောင်းတွေ နည်းနိုင်သမျှနည်းစေတဲ့ ဓာတ်ဆန့်ကျင်ပစ္စည်း ဗီတာမင် A လည်း ပါဝင်ပါတယ်။ ဒီရလဒ်တွေ မြင်တွေ့ရဖို့အတွက် တစ်လ ၁ ကြိမ်သာ လုပ်ပေးရမှာ ဖြစ်ပါတယ်။

Credit: Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top