iMyanmarHouse.com - Best Property Website for Myanmar
×




Credit : duwun



#Unicode Version

လွန်ခဲ့တဲ့ ၈ နှစ်အတွင်း ဝမ် ၁.၄ ဘီလီယံ (ဒေါ်လာ ၁.၂ သန်းကျော်)ကို တိတ်တဆိတ်လှူဖြစ်ခဲ့တယ်လို့ မင်းသမီးချော ရှင်မင်းအာက ထုတ်ပြောလိုက်ပါတယ်။

ပညာရေး၊ ချို့ငဲ့တဲ့ကလေးတွေအတွက် ကျန်းမာရေးအထောက်အကူပြုရေး၊ တစ်ကိုယ်တည်းနေရတဲ့ သက်ကြီးရွယ်အိုများအတွက် အိမ်တွင်းအပူပေးစနစ်ကုန်ကျစရိတ်၊ မြောက်ကိုရီးယားဒုက္ခသည် ကလေးနဲ့ အမျိုးသမီးတွေအတွက် အထောက်အပံ့ပေးရေး စတဲ့နေရာတွေမှာ လှူဒါန်းခဲ့တယ်လို့ သူမက ပြောပါတယ်။

သိပ်မကြာသေးခင်ကလည်း နီပေါမှာ ပျက်စီးသွားတဲ့စာသင်ကျောင်းဆောက်လုပ်ရေးအတွက် လှူဒါန်းခဲ့ပါသေးတယ်။  ကိုရီးယားနိုင်ငံရဲ့ JTS (Join Together Society) အဖွဲ့နဲ့ လက်တွဲကာ မူလတန်းနဲ့အလယ်တန်းကျောင်း တစ်ကျောင်း ဆောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top