ေခါင္းေလွ်ာ္တဲ့အခါ ဆံပင္ေပ်ာ့ေဆး (conditioner)
သံုးကိုသံုးေပးသင့္တယ္ဆိုတာ အလကားေျပာေနတာ မဟုတ္ပါဘူး။
အဲ့ဒီဆံပင္ေပ်ာ့ေဆးကေန ကိုယ့္ဆံသားအတြက္ ေကာင္းက်ိဳးျပဳတဲ့အရာေတြ
အမ်ားႀကီးပါ။ သင္လည္း သိၿပီးျဖစ္မွာပါ။ ဒါေပမယ့္ သင္လံုး၀မသိေသးတဲ့
ဆံပင္ေပ်ာ့ေဆးအေၾကာင္း နည္း နည္းေျပာျပေပးခ်င္ပါတယ္။
၁။ပံုသြင္းဖုိ႔ လြယ္ကူပါတယ္။
ေခါင္းေလွ်ာ္တဲ့အခါ
ဆံပင္ေပ်ာ့ေဆးက ဆံပင္သားထဲ ေရာက္သြားတာပဲျဖစ္ျဖစ္၊ ကုန္စင္ေအာင္
မေလွ်ာ္ႏိုင္ခဲ့ရင္ေတာင္ သင့္ဆံပင္သားကို
ခပ္ထူထူနဲ႔လႈိင္းတြန္းပံုစံမ်ိဳးလိုခ်င္သူေတြအတြက္ေတာ့ အိုေက ပါပဲ။
အေျခာက္ခံၿပီး ဆံပင္အံုကို ပိုထူေအာင္ ေခါင္းၿဖီးခ်လိုက္ရံုနဲ႔ အထာက်တဲ့
ဆံပင္ပံုစံကို ရႏိုင္ပါတယ္။
၂။ေခါင္းမေလွ်ာ္ခင္ ဆံပင္ေပ်ာ့ေဆးကို အရင္သံုးပါ။
ဒီလိုေျပာလိုက္လို႔
ဟင္ခနဲ ျဖစ္သြားႏိုင္ပါတယ္။ ဒါေပမယ့္ ဆံသားကၽြမ္းက်င္ ပညာရွင္ေတြ ကေတာ့
ေခါင္းေလွ်ာ္ၿပီး ဆံပင္ေပ်ာ့ေဆးသံုးတဲ့အခါ ေရနဲ႔စင္ေအာင္
ျပန္ေလွ်ာ္ႏိုင္ဖုိ႔ ခက္ခဲတာေၾကာင့္ ဆံပင္သား ပိုမိုလွပေစဖုိ႔
ပိုမိုက်န္းမာေစဖုိ႔ ဆံပင္ေပ်ာ့ေဆးသံုးၿပီးမွ ေခါင္းေလွ်ာ္ဖုိ႔
လုိပါတယ္တဲ့။
၃။ဆံပင္ေပ်ာ့ေဆးအမ်ိဳးစားကို မသံုးခင္ ကုိယ့္ဆံပင္နဲ႔ အဆင္ေျပမေျပ ေသခ်ာေလ့လာပါ။
ေတြ႕ရာ
ဆံပင္ေပ်ာ့ေဆးကို ေကာက္သံုးလုိက္မယ္ဆုိရင္ သင့္ဆံပင္သားက်န္းမာေရး အတြက္
ေရွာ့ခ္ နည္းနည္းရွိပါတယ္။ သင့္ဆံပင္က ပါးတယ္ဆုိရင္ အံုထူသလိုျဖစ္ေစတဲ့
ဆံပင္ေပ်ာ့ေဆး ရွိပါတယ္။ ဒီလိုပဲ ဆံပင္က အံုထူတယ္ဆုိ၇င္
ေျဖာင့္စင္းသြားေစမယ့္ ဆံပင္ေပ်ာ့ေဆးမ်ိဳး သံုးသင့္ပါတယ္။ အဆီနည္းတဲ့
မ်ားတဲ့ စသျဖင့္ အမ်ိဳးမ်ိဳး ဆံပင္ေပ်ာ့ေဆးမွာ ရွိတာေၾကာင့္
ေသခ်ာေရြးခ်ယ္သင့္ပါတယ္။
၄။ဆံပင္အရင္းကို ေပ်ာ့ေဆးမသံုးသင့္ပါ။
ေခါင္းေလွ်ာ္တဲ့အခါ
ဆံပင္အရင္းကို ရွန္ပူထည့္ၿပီး ေသခ်ာသံုးသင့္ေပမယ့္
ေပ်ာ့ေဆးသံုးမယ္ဆုိရင္ေတာ့ ဆံပင္အဖ်ားပိုင္းကို ပိုအားျဖည့္ေပးသင့္ပါတယ္။
၅။ေခါင္းေလွ်ာ္တဲ့အခါတုိင္း ဆံပင္ေပ်ာ့ေဆး ထည့္သံုးပါ။
ေခါင္းေန႔တုိင္းေလွ်ာ္ရင္
ဆံပင္သားေတြေျခာက္ေသြ႕ေစတာမွန္ေပမယ့္ တကယ္လုိ႔ ေလွ်ာ္ခဲ့မယ္ ဆုိရင္ေတာ့
ဆံပင္ေပ်ာ့ေဆး မသံုးမျဖစ္သံုး ပါ။ ေခါင္းေလွ်ာ္ တုိင္း ေပ်ာ့ေဆး
သံုးေပးဖုိ႔ လိုပါတယ္။
၆။ဆံပင္ပ်က္စီးေစတဲ့ ဆံပင္ေပ်ာ့ေဆး အမ်ိဳးအစားေတြ ေရွာင္ပါ။
ဆံပင္ေပ်ာ့ေဆးတုိင္းဟာ
ဆံပင္သားကို အားျဖည့္ေပးရံုသာမက ပိုမုိေျပာင္လက္ေစတယ္ဆိုေပမယ့္ ဆီလီကြန္
ပါတဲ့ ဆံပင္ေပ်ာ့ေဆးေတြ ရွိေနတာေၾကာင့္ ၀ယ္ခါနီးေရြးခ်ယ္တဲ့အခါ ဆီလီကြန္မပါ
တဲ့ ေပ်ာ့ေဆး မ်ိဳးကို ရွာ၀ယ္ပါ။
၇။ကိုယ္နဲ႔တည့္တဲ့၊ အဆင္ေျပတဲ့ ဆံပင္ေပ်ာ့ေဆးကို တစ္သက္လံုး သံုးႏိုင္ပါတယ္။
ကိုယ္နဲ႔အဆင္ေျပၿပီးသား
ဆံပင္ေပ်ာ့ေဆးအမ်ိဳးအစားကို ခဏခဏေျပာင္းလဲေနဖုိ႔ မလိုပါဘူး။ တစ္သက္ လံုး
သံုးသြားလို႔ရပါတယ္။ ဒါေပမယ့္ ရွန္ပူကိုသာ ေသခ်ာဂရုစိုက္ေရြးခ်ယ္ရမွာပါ။
Credit: Myawaddy News
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ခေါင်းလျှော်တဲ့အခါ ဆံပင်ပျော့ဆေး (conditioner) သုံးကိုသုံးပေးသင့်တယ်ဆိုတာ အလကားပြောနေတာ မဟုတ်ပါဘူး။ အဲ့ဒီဆံပင်ပျော့ဆေးကနေ ကိုယ့်ဆံသားအတွက် ကောင်းကျိုးပြုတဲ့အရာတွေ အများကြီးပါ။ သင်လည်း သိပြီးဖြစ်မှာပါ။ ဒါပေမယ့် သင်လုံးဝမသိသေးတဲ့ ဆံပင်ပျော့ဆေးအကြောင်း နည်း နည်းပြောပြပေးချင်ပါတယ်။
၁။ပုံသွင်းဖို့ လွယ်ကူပါတယ်။
ခေါင်းလျှော်တဲ့အခါ ဆံပင်ပျော့ဆေးက ဆံပင်သားထဲ ရောက်သွားတာပဲဖြစ်ဖြစ်၊ ကုန်စင်အောင် မလျှော်နိုင်ခဲ့ရင်တောင် သင့်ဆံပင်သားကို ခပ်ထူထူနဲ့လှိုင်းတွန်းပုံစံမျိုးလိုချင်သူတွေအတွက်တော့ အိုကေ ပါပဲ။ အခြောက်ခံပြီး ဆံပင်အုံကို ပိုထူအောင် ခေါင်းဖြီးချလိုက်ရုံနဲ့ အထာကျတဲ့ ဆံပင်ပုံစံကို ရနိုင်ပါတယ်။
၂။ခေါင်းမလျှော်ခင် ဆံပင်ပျော့ဆေးကို အရင်သုံးပါ။
ဒီလိုပြောလိုက်လို့ ဟင်ခနဲ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဆံသားကျွမ်းကျင် ပညာရှင်တွေ ကတော့ ခေါင်းလျှော်ပြီး ဆံပင်ပျော့ဆေးသုံးတဲ့အခါ ရေနဲ့စင်အောင် ပြန်လျှော်နိုင်ဖို့ ခက်ခဲတာကြောင့် ဆံပင်သား ပိုမိုလှပစေဖို့ ပိုမိုကျန်းမာစေဖို့ ဆံပင်ပျော့ဆေးသုံးပြီးမှ ခေါင်းလျှော်ဖို့ လိုပါတယ်တဲ့။
၃။ဆံပင်ပျော့ဆေးအမျိုးစားကို မသုံးခင် ကိုယ့်ဆံပင်နဲ့ အဆင်ပြေမပြေ သေချာလေ့လာပါ။
တွေ့ရာ ဆံပင်ပျော့ဆေးကို ကောက်သုံးလိုက်မယ်ဆိုရင် သင့်ဆံပင်သားကျန်းမာရေး အတွက် ရှော့ခ် နည်းနည်းရှိပါတယ်။ သင့်ဆံပင်က ပါးတယ်ဆိုရင် အုံထူသလိုဖြစ်စေတဲ့ ဆံပင်ပျော့ဆေး ရှိပါတယ်။ ဒီလိုပဲ ဆံပင်က အုံထူတယ်ဆို၇င် ဖြောင့်စင်းသွားစေမယ့် ဆံပင်ပျော့ဆေးမျိုး သုံးသင့်ပါတယ်။ အဆီနည်းတဲ့ များတဲ့ စသဖြင့် အမျိုးမျိုး ဆံပင်ပျော့ဆေးမှာ ရှိတာကြောင့် သေချာရွေးချယ်သင့်ပါတယ်။
၄။ဆံပင်အရင်းကို ပျော့ဆေးမသုံးသင့်ပါ။
ခေါင်းလျှော်တဲ့အခါ ဆံပင်အရင်းကို ရှန်ပူထည့်ပြီး သေချာသုံးသင့်ပေမယ့် ပျော့ဆေးသုံးမယ်ဆိုရင်တော့ ဆံပင်အဖျားပိုင်းကို ပိုအားဖြည့်ပေးသင့်ပါတယ်။
၅။ခေါင်းလျှော်တဲ့အခါတိုင်း ဆံပင်ပျော့ဆေး ထည့်သုံးပါ။
ခေါင်းနေ့တိုင်းလျှော်ရင် ဆံပင်သားတွေခြောက်သွေ့စေတာမှန်ပေမယ့် တကယ်လို့ လျှော်ခဲ့မယ် ဆိုရင်တော့ ဆံပင်ပျော့ဆေး မသုံးမဖြစ်သုံး ပါ။ ခေါင်းလျှော် တိုင်း ပျော့ဆေး သုံးပေးဖို့ လိုပါတယ်။
၆။ဆံပင်ပျက်စီးစေတဲ့ ဆံပင်ပျော့ဆေး အမျိုးအစားတွေ ရှောင်ပါ။
ဆံပင်ပျော့ဆေးတိုင်းဟာ ဆံပင်သားကို အားဖြည့်ပေးရုံသာမက ပိုမိုပြောင်လက်စေတယ်ဆိုပေမယ့် ဆီလီကွန် ပါတဲ့ ဆံပင်ပျော့ဆေးတွေ ရှိနေတာကြောင့် ဝယ်ခါနီးရွေးချယ်တဲ့အခါ ဆီလီကွန်မပါ တဲ့ ပျော့ဆေး မျိုးကို ရှာဝယ်ပါ။
၇။ကိုယ်နဲ့တည့်တဲ့၊ အဆင်ပြေတဲ့ ဆံပင်ပျော့ဆေးကို တစ်သက်လုံး သုံးနိုင်ပါတယ်။
ကိုယ်နဲ့အဆင်ပြေပြီးသား ဆံပင်ပျော့ဆေးအမျိုးအစားကို ခဏခဏပြောင်းလဲနေဖို့ မလိုပါဘူး။ တစ်သက် လုံး သုံးသွားလို့ရပါတယ်။ ဒါပေမယ့် ရှန်ပူကိုသာ သေချာဂရုစိုက်ရွေးချယ်ရမှာပါ။
Credit: Myawaddy News
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...