iMyanmarHouse.com - Best Property Website for Myanmar
×

''အသိပညာဟာ စြမ္းအားျဖစ္တယ္''လို႔ ဆုိၾကပါတယ္။ အေလးခ်ိန္တခ်ိဳ႕ က်ဆင္းဖုိ႔ အျပင္းအထန္ ရုန္းကန္ေနရသူေတြအတြက္ အႀကီးမားဆံုး ရန္သူေတြကို ေဖာ္ျပေပးခ်င္ပါတယ္။ သင့္ကို တျခားဘယ္အရာနဲ႔မွ မတူေအာင္ ၀ိတ္တက္ေစမယ့္ ဒီနည္းလမ္းေတြကို လ်စ္လ်ဴရႈထားလုိ႔ မရပါဘူး။

(၁)  အယ္လ္ကိုေဟာက သင့္ကို ၀ေစပါတယ္။

ရက္သတၱပတ္အဆံုးေတြတုိင္းမွာ ထြက္ေသာက္ေလ့ရွိတဲ့ သူတစ္ေယာက္ဆုိရင္ေတာ့ ေသာက္တာ တစ္ခုတည္းနဲ႔တင္ မျပီးနုိင္ဘူးဆုိတာ သိသာပါတယ္။ ေျမပဲ၊ ပီဇာနဲ႔ ၾကက္ေတာင္ပံကင္မ်ိဳး ေတြေတာ့ ျမည္းမိၾကမွာပါ။ တကယ္တမ္းေတာ့ ဒါေတြက သင့္ကို၀ေစတဲ့ တရားခံေတြပါ။ ဒီေတာ့ေသာက္မယ္ဆုိရင္ တစ္ညကို တစ္ပက္၊ႏွစ္ပက္ ထပ္ပုိမေသာက္ပဲနဲ႔ တစ္ခါတေလေလာက္သာ ေသာက္ေပးပါ။

(၂) စားေသာက္ဆုိင္ေကာင္းေကာင္းေတြက တရုတ္အစားအစာေတြက သင့္ကုိ ၀ိတ္တက္ေစပါတယ္။

တရုတ္အစားအစာေကာင္းေတြကို မႀကိုက္တဲ့သူ ဘယ္သူရွိပါ့မလဲ။ ဒါေပမဲ့ ဒီလိုအစားအစာမ်ိဳးကို ေန႔တုိင္းစားေနရင္ေတာ့ ျပႆနာတက္ပါျပီ။ တကယ္လုိ႔မ်ား သင္ဟာ fast-food  ေတြရဲ့ သားေကာင္တစ္ဦးဆုိရင္ေတာ့ သင္ဟာ တစ္ေန႔တာအတြက္ လုိအပ္တဲ့ ကယ္လုိရီထက္ အနည္းဆံုး ၁၀၀၀ ေလာက္ပိုျပီး စုေဆာင္းေနမိျပီဆုိတာပါပဲ။ ဒီေတာ့ကာ စားေသာက္ဆုိင္ၾကီးေတြကေနျပီး သင့္ရဲ့ မီးဖိုေခ်ာင္ဘက္ဆီကို ျပန္ျပီး ေျခဦးလွည့္လိုက္ပါ။

(၃)သၾကားဓာတ္ အလြန္အကၽြံပါတဲ့ ေဖ်ာ္ရည္ေတြဟာ သင့္ကို ၀ေစပါတယ္။

အိမ္မွာလုပ္ယူ၊ ညွစ္ယူထားတဲ့ သႀကားကင္းစင္တဲ့ အသီးေဖ်ာ္ရည္ေတြကလြဲရင္ ေဖ်ာ္ရည္ေတြဟာ က်န္းမာေရးနဲ႔ညီညြတ္ပါတယ္ဆုိတဲ့ စကားဟာ ယံုတမ္းစကားတစ္ခုပါ။ လက္ဖက္စိမ္းနဲ႔နို႔ေဖ်ာ္ရည္တုိ႔အစား သၾကားဓာတ္အလြန္အကြ်ံပါတဲ့ ေဖ်ာ္ရည္ေတြဟာ ၀ိတ္တက္ေစပါတယ္။

(၄) ပရိုတိန္းၾကြယ္၀လြန္းတဲ့ အသားနီေတြကို ခ်က္ျပဳတ္စားေသာက္ျခင္းကလည္း သင့္ကို ၀ိတ္တက္ေစပါတယ္။

ပရိုတိန္းဓာတ္ဆုိတာ သန္မာတဲ့ႀကြက္သားေတြတည္ေဆာက္တဲ့ေနရာမွာ မျဖစ္မေနလုိအပ္တဲ့ အရာပါ။ ဒါေပမဲ့ ပရိုတိန္းဓာတ္ႀကြယ္၀တဲ့အစားအစာေတြမွာ ကယ္လုိရီနဲ႔ အဆီပမာဏ အေတာ္မ်ားမ်ား ေပ်ာ္၀င္ေနပါတယ္။ ဒါေႀကာင့္ ပရိုတိန္းဓာတ္ကို အနီရဲရဲအသားေတြကေန အလြန္အကြ်ံ စားသံုးမယ့္အစား သမားရိုးက် ပရိုတိန္းဓါတ္ႀကြယ္၀တဲ့ အစားအစာမ်ိဳးကေနလည္း သံုးစြဲေပးသင့္ပါတယ္။

(၅) ကာဗိုဟိုက္ဒရိတ္မ်ားတဲ့ အစားအေသာက္ေတြကလည္း သင့္ကို ၀ေစပါတယ္။

သင္ဟာ အေလးခ်ိန္ထိန္းညွိရမွာ အခက္အခဲ တစ္ခုအေနနဲ႔ရွိေနခဲ့တာ ႀကာျပီဆုိပါေတာ့။ ကာဗိုဟိုက္ဒရိတ္မ်ားတဲ့  အစားအစာေတြဟာ ေသြးတြင္းအခ်ိဳဓာတ္ႏႈန္း (အင္ဆူလင္)ကို အလ်င္အျမန္ ျမင့္တက္ေစနုိင္ပါတယ္။ ဒါေၾကာင့္ ကာဗိုဟိုက္ဒရိတ္မ်ားတဲ့ ေပါင္မုန္႔၊ အုတ္ဂ်ံဳမုန္႔ စတာေတြစားေတာ့မယ္ဆုိရင္ ပရိုတိန္းလုိပဲ သင့္တင့္မွ်တတဲ့ ပမာဏေလာက္သာ စားသင့္ပါတယ္လုိ႔ အၾကံေပးပါရေစ။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

''အသိပညာဟာ စွမ်းအားဖြစ်တယ်''လို့ ဆိုကြပါတယ်။ အလေးချိန်တချို့ ကျဆင်းဖို့ အပြင်းအထန် ရုန်းကန်နေရသူတွေအတွက် အကြီးမားဆုံး ရန်သူတွေကို ဖော်ပြပေးချင်ပါတယ်။ သင့်ကို တခြားဘယ်အရာနဲ့မှ မတူအောင် ဝိတ်တက်စေမယ့် ဒီနည်းလမ်းတွေကို လျစ်လျူရှုထားလို့ မရပါဘူး။

(၁)  အယ်လ်ကိုဟောက သင့်ကို ဝစေပါတယ်။

ရက်သတ္တပတ်အဆုံးတွေတိုင်းမှာ ထွက်သောက်လေ့ရှိတဲ့ သူတစ်ယောက်ဆိုရင်တော့ သောက်တာ တစ်ခုတည်းနဲ့တင် မပြီးနိုင်ဘူးဆိုတာ သိသာပါတယ်။ မြေပဲ၊ ပီဇာနဲ့ ကြက်တောင်ပံကင်မျိုး တွေတော့ မြည်းမိကြမှာပါ။ တကယ်တမ်းတော့ ဒါတွေက သင့်ကိုဝစေတဲ့ တရားခံတွေပါ။ ဒီတော့သောက်မယ်ဆိုရင် တစ်ညကို တစ်ပက်၊နှစ်ပက် ထပ်ပိုမသောက်ပဲနဲ့ တစ်ခါတလေလောက်သာ သောက်ပေးပါ။

(၂) စားသောက်ဆိုင်ကောင်းကောင်းတွေက တရုတ်အစားအစာတွေက သင့်ကို ဝိတ်တက်စေပါတယ်။

တရုတ်အစားအစာကောင်းတွေကို မကြိုက်တဲ့သူ ဘယ်သူရှိပါ့မလဲ။ ဒါပေမဲ့ ဒီလိုအစားအစာမျိုးကို နေ့တိုင်းစားနေရင်တော့ ပြဿနာတက်ပါပြီ။ တကယ်လို့များ သင်ဟာ fast-food  တွေရဲ့ သားကောင်တစ်ဦးဆိုရင်တော့ သင်ဟာ တစ်နေ့တာအတွက် လိုအပ်တဲ့ ကယ်လိုရီထက် အနည်းဆုံး ၁၀၀၀ လောက်ပိုပြီး စုဆောင်းနေမိပြီဆိုတာပါပဲ။ ဒီတော့ကာ စားသောက်ဆိုင်ကြီးတွေကနေပြီး သင့်ရဲ့ မီးဖိုချောင်ဘက်ဆီကို ပြန်ပြီး ခြေဦးလှည့်လိုက်ပါ။

(၃)သကြားဓာတ် အလွန်အကျွံပါတဲ့ ဖျော်ရည်တွေဟာ သင့်ကို ဝစေပါတယ်။

အိမ်မှာလုပ်ယူ၊ ညှစ်ယူထားတဲ့ သကြားကင်းစင်တဲ့ အသီးဖျော်ရည်တွေကလွဲရင် ဖျော်ရည်တွေဟာ ကျန်းမာရေးနဲ့ညီညွတ်ပါတယ်ဆိုတဲ့ စကားဟာ ယုံတမ်းစကားတစ်ခုပါ။ လက်ဖက်စိမ်းနဲ့နို့ဖျော်ရည်တို့အစား သကြားဓာတ်အလွန်အကျွံပါတဲ့ ဖျော်ရည်တွေဟာ ဝိတ်တက်စေပါတယ်။

(၄) ပရိုတိန်းကြွယ်ဝလွန်းတဲ့ အသားနီတွေကို ချက်ပြုတ်စားသောက်ခြင်းကလည်း သင့်ကို ဝိတ်တက်စေပါတယ်။

ပရိုတိန်းဓာတ်ဆိုတာ သန်မာတဲ့ကြွက်သားတွေတည်ဆောက်တဲ့နေရာမှာ မဖြစ်မနေလိုအပ်တဲ့ အရာပါ။ ဒါပေမဲ့ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အစားအစာတွေမှာ ကယ်လိုရီနဲ့ အဆီပမာဏ အတော်များများ ပျော်ဝင်နေပါတယ်။ ဒါကြောင့် ပရိုတိန်းဓာတ်ကို အနီရဲရဲအသားတွေကနေ အလွန်အကျွံ စားသုံးမယ့်အစား သမားရိုးကျ ပရိုတိန်းဓါတ်ကြွယ်ဝတဲ့ အစားအစာမျိုးကနေလည်း သုံးစွဲပေးသင့်ပါတယ်။

(၅) ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအသောက်တွေကလည်း သင့်ကို ဝစေပါတယ်။

သင်ဟာ အလေးချိန်ထိန်းညှိရမှာ အခက်အခဲ တစ်ခုအနေနဲ့ရှိနေခဲ့တာ ကြာပြီဆိုပါတော့။ ကာဗိုဟိုက်ဒရိတ်များတဲ့  အစားအစာတွေဟာ သွေးတွင်းအချိုဓာတ်နှုန်း (အင်ဆူလင်)ကို အလျင်အမြန် မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် ကာဗိုဟိုက်ဒရိတ်များတဲ့ ပေါင်မုန့်၊ အုတ်ဂျုံမုန့် စတာတွေစားတော့မယ်ဆိုရင် ပရိုတိန်းလိုပဲ သင့်တင့်မျှတတဲ့ ပမာဏလောက်သာ စားသင့်ပါတယ်လို့ အကြံပေးပါရစေ။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top