iMyanmarHouse.com - Best Property Website for Myanmar
×

မီးဖုိေခ်ာင္အတြင္း အဆုိးရြားဆုံးအခ်ိန္ေတြထဲ တစ္ခုက ခ်က္ျပဳတ္၊ ေၾကာ္ေလွာ္ေနတုန္း မီးအားေလွ်ာ့အတင္းေတြ သတိမထားမိတဲ့အခ်ိန္၊ မီးဖိုမီး ျပန္ပိတ္ဖို႔ ေမ့က်န္ခဲ့တဲ့အခ်ိန္ေတြ ျဖစ္ပါတယ္။ ဒါေတြေၾကာင့္ စိတ္ပ်က္စရာ ထမင္းဟင္းတူးနံ႔ေတြက တစ္အိမ္လုံး ကူးစက္တတ္ပါတယ္။ ငါး သုိ႔မဟုတ္ ဟင္းပြဲစတဲ့ ျပင္းရွတဲ့ ဟင္းန႔ံ၊ ဟင္းခတ္အေမႊးၾကိဳင္ေတြနဲ႔ အစားအစာေတြက မီးဖုိေခ်ာင္အတြင္း စြဲက်န္ရစ္တဲ့ အနံ႔အသက္ေတြ ျဖစ္ပါတယ္။ စိတ္မပူပါနဲ႔ ဒီအနံ႔အသက္ေတြကို ရုိးွစင္းျပီး ေစ်းမၾကီးတဲ့ နည္းလမ္းေတြနဲ႔ လြယ္ကူစြာ ရွင္းလင္းႏုိင္ပါတယ္။

မခ်က္အျပဳတ္မစခင္ အိပ္ခန္းတံခါးေတြ ပိတ္ပါ

အနံ႔စူးရွတဲ့ ဟင္းခ်က္န႔ံေတြ ေလွ်ာ့ခ်ဖုိ႔ လြယ္ကူတဲ့နည္းလမ္းတစ္ခုက အနံ႔အသက္ေတြကို အိမ္ခန္းေတြထဲ မဝင္ေရာက္ေစဖုိ႔ပဲ ျဖစ္ပါတယ္။ အခ်က္အျပဳတ္မစခင္ အိပ္ခန္းတံခါးနဲ႔ အဝတ္ဘီရုိေတြ ပိတ္ထားတာက ငါးေၾကာ္ေညာ္နံ႔စတဲ့ အနံ႔အသက္ေတြ အိပ္ခန္းအတြင္း မစြဲက်န္ေအာင္ လုပ္ေပးပါလိမ့္မယ္။

ေသခ်ာေဆးေၾကာသန္႔စင္ပါ

မနက္ေစာေစာစီးစီး ဆီေပက်ံတဲ့ အိုးခြက္ပန္းကန္အျပည့္နဲ႔ ပန္းကန္ေဆးကန္ ေတြ႔ရတာထက္ ဆုိးတာမရိွပါဘူး။ အုိး၊ ပန္းကန္အားလုံးကို အသုံးျပဳျပီးတာနဲ႔ ေဆးေၾကာသန္႔စင္ပါ။ အဲဒါက ဆီနံ႔ဆုိးေတြ ေလွ်ာ့နည္းသက္သာေစပါလိမ့္မယ္။

ေလဝင္ေလထြက္ေကာင္းေအာင္ ဖန္တီးပါ

အနံ႔အသက္ဆိုးေတြကို အျမန္ဆုံး ရွင္းထုတ္ပါ။ အဲဒီအတြက္ ဆီေညာ္နံ႔ဆုိးေတြ ရွင္းလင္းေပးႏုိင္တဲ့ အိပ္ေဇာဖန္ သုိ႔မဟုတ္ မီးခုိးေခါင္းတုိင္တစ္ခုခု လုိအပ္ပါလိမ့္မယ္။

အမိႈက္အိတ္ အစို၊ အေျခာက္ ခြဲထားပါ

ဒီနည္းက ဆုိးညစ္တဲ့အနံ႔အသက္ကင္းရွင္းဖုိ႔ အလြယ္ကူဆုံးနည္းလမ္းတစ္ခုျဖစ္ပါတယ္။ ငါး၊ ဟင္းသီးဟင္းရြက္ သုိ႔မဟုတ္ ပုပ္သိုးတတ္တဲ့ ပစၥည္းေတြအတြက္ အမိႈက္အိတ္သပ္သပ္ခြဲသုံးပါ။

၅။ ရွာလကာရည္

သူက အံ့မခန္းဖြယ္ အလုပ္ျဖစ္ ပါတယ္။ ရွာလကာရည္/ baking soda ကို ပန္းကန္တစ္ခုထဲ ေလာင္းထည့္ျပီး မီးဖိုေခ်ာင္အုတ္ခုံေပၚ တစ္ညထားပါ။ ရွာလကာရည္ေတြက အနံ႔အသက္ေတြ စုပ္ယူေပးပါတယ္။

Credit  : TrendMyanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မီးဖိုချောင်အတွင်း အဆိုးရွားဆုံးအချိန်တွေထဲ တစ်ခုက ချက်ပြုတ်၊ ကြော်လှော်နေတုန်း မီးအားလျှော့အတင်းတွေ သတိမထားမိတဲ့အချိန်၊ မီးဖိုမီး ပြန်ပိတ်ဖို့ မေ့ကျန်ခဲ့တဲ့အချိန်တွေ ဖြစ်ပါတယ်။ ဒါတွေကြောင့် စိတ်ပျက်စရာ ထမင်းဟင်းတူးနံ့တွေက တစ်အိမ်လုံး ကူးစက်တတ်ပါတယ်။ ငါး သို့မဟုတ် ဟင်းပွဲစတဲ့ ပြင်းရှတဲ့ ဟင်းနံ့၊ ဟင်းခတ်အမွှေးကြိုင်တွေနဲ့ အစားအစာတွေက မီးဖိုချောင်အတွင်း စွဲကျန်ရစ်တဲ့ အနံ့အသက်တွေ ဖြစ်ပါတယ်။ စိတ်မပူပါနဲ့ ဒီအနံ့အသက်တွေကို ရိုးှစင်းပြီး ဈေးမကြီးတဲ့ နည်းလမ်းတွေနဲ့ လွယ်ကူစွာ ရှင်းလင်းနိုင်ပါတယ်။

မချက်အပြုတ်မစခင် အိပ်ခန်းတံခါးတွေ ပိတ်ပါ

အနံ့စူးရှတဲ့ ဟင်းချက်နံ့တွေ လျှော့ချဖို့ လွယ်ကူတဲ့နည်းလမ်းတစ်ခုက အနံ့အသက်တွေကို အိမ်ခန်းတွေထဲ မဝင်ရောက်စေဖို့ပဲ ဖြစ်ပါတယ်။ အချက်အပြုတ်မစခင် အိပ်ခန်းတံခါးနဲ့ အဝတ်ဘီရိုတွေ ပိတ်ထားတာက ငါးကြော်ညော်နံ့စတဲ့ အနံ့အသက်တွေ အိပ်ခန်းအတွင်း မစွဲကျန်အောင် လုပ်ပေးပါလိမ့်မယ်။

သေချာဆေးကြောသန့်စင်ပါ

မနက်စောစောစီးစီး ဆီပေကျံတဲ့ အိုးခွက်ပန်းကန်အပြည့်နဲ့ ပန်းကန်ဆေးကန် တွေ့ရတာထက် ဆိုးတာမရှိပါဘူး။ အိုး၊ ပန်းကန်အားလုံးကို အသုံးပြုပြီးတာနဲ့ ဆေးကြောသန့်စင်ပါ။ အဲဒါက ဆီနံ့ဆိုးတွေ လျှော့နည်းသက်သာစေပါလိမ့်မယ်။

လေဝင်လေထွက်ကောင်းအောင် ဖန်တီးပါ

အနံ့အသက်ဆိုးတွေကို အမြန်ဆုံး ရှင်းထုတ်ပါ။ အဲဒီအတွက် ဆီညော်နံ့ဆိုးတွေ ရှင်းလင်းပေးနိုင်တဲ့ အိပ်ဇောဖန် သို့မဟုတ် မီးခိုးခေါင်းတိုင်တစ်ခုခု လိုအပ်ပါလိမ့်မယ်။

အမှိုက်အိတ် အစို၊ အခြောက် ခွဲထားပါ

ဒီနည်းက ဆိုးညစ်တဲ့အနံ့အသက်ကင်းရှင်းဖို့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ငါး၊ ဟင်းသီးဟင်းရွက် သို့မဟုတ် ပုပ်သိုးတတ်တဲ့ ပစ္စည်းတွေအတွက် အမှိုက်အိတ်သပ်သပ်ခွဲသုံးပါ။

၅။ ရှာလကာရည်

သူက အံ့မခန်းဖွယ် အလုပ်ဖြစ် ပါတယ်။ ရှာလကာရည်/ baking soda ကို ပန်းကန်တစ်ခုထဲ လောင်းထည့်ပြီး မီးဖိုချောင်အုတ်ခုံပေါ် တစ်ညထားပါ။ ရှာလကာရည်တွေက အနံ့အသက်တွေ စုပ်ယူပေးပါတယ်။

Credit  : TrendMyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top