iMyanmarHouse.com - Best Property Website for Myanmar
×

မိတ္ေဆြ၊ သူငယ္ခ်င္းေတြထဲမွာ ဘယ္အခ်ိန္ၾကည့္ၾကည့္ အၿမဲတမ္းေပ်ာ္ရႊင္တက္ႂကြေနသူေတြရွိၿပီး ေငြေၾကးျပည့္စံုလို႔ပဲလား၊ ကံေကာင္းတာေၾကာင့္ပဲလားဆိုတဲ့ ေမးခြန္းမ်ားစြာနဲ႔အတူ သူတုိ႔လို ဘဝမ်ိဳးျဖတ္သန္းခ်င္ၾကပါတယ္။ အေကာင္းျမင္စိတ္က အခက္ခဲဆံုးေသာအရာေတြကို ေက်ာ္လႊားႏုိင္စြမ္းရွိၿပီး အၿမဲေပ်ာ္ရႊင္ေနျခင္း မွာလည္း လွ်ိဳ႕ဝွက္ခ်က္ေတြရွိတာကို သိထားရေအာင္လုိ႔ ေဖာ္ျပေပးလိုက္ပါတယ္။

ဘဝကို ဟန္ခ်က္ညီေအာင္ထိန္း ျခင္း

ရွိတာနဲ႔ ေရာင့္ရဲသလို မရွိ တဲ့အရာေတြအတြက္လည္း အ ခ်ိန္ကုန္ခံၿပီး ပူပင္ေသာကေရာက္ ေလ့မရွိပါဘူး။

လက္ရွိအေနအထားကို ဘယ္ေတာ့မွ မေရာင့္ရဲဘဲ အလိုဆႏၵေတြ ေရွ႕တန္းတင္ၿပီး ပိုင္ဆိုင္ လိုစိတ္ေတြ တိုးတိုးလာျခင္းက ေပ်ာ္ရႊင္စိတ္ေတြကို ေလ်ာ့ပါးေစ ႏုိင္ပါတယ္။

အမွားကို သင္ခန္းစာယူျခင္း

ေလာကအမွားနဲ႔ ကင္းသူ မရွိသလို ၿပီးျပည့္စံုသူမရွိဘူးဆိုတဲ့ အခ်က္ကို အၿမဲေတြးေတာေလ့ရွိ ၿပီး မွားခဲ့ဖူးတာကို သင္ခန္းစာယူ ကာ ကိုယ့္ကိုယ္ကိုယ္ တိုးတက္ ေကာင္းမြန္ေအာင္ လုပ္ေလ့ရွိပါ တယ္။

ထာဝစဥ္႐ိုးသားျခင္း

ကိုယ့္ကိုယ္ကိုယ္ ႐ိုးသား သလို သူတစ္ပါးအေပၚမွာလည္း အၿမဲတမ္း႐ိုးသားၿပီး ေနာက္ကြယ္ ကေန ဒုကၡေပးတာမ်ိဳး၊ ယံုၾကည္ မႈကို အလြဲသံုးစားလုပ္ၿပီး သစၥာ ေဖာက္တာမ်ိဳး ဘယ္ေတာ့မွ လုပ္ ေလ့မရွိပါဘူး။ အမွန္တရားက ဘယ္ေလာက္ပဲခါးတယ္ဆိုပါေစ ပြင့္ပြင့္လင္းလင္းေျပာတာကိုပဲ ေရြးခ်ယ္ေလ့ရွိပါတယ္။

လက္ရွိဘဝသာ အေကာင္းဆံုးလို႔ ေတြးျခင္း

ၿပီးခဲ့တဲ့ အတိတ္အတြက္ ေတြးမပူသလို မလာေသးတဲ့အနာ ဂတ္အတြက္လည္း ႀကိဳပူေနတာ မ်ိဳးမလုပ္ဘဲ လက္ရွိကိုသာ အ ေကာင္းဆံုးျဖတ္သန္းေလ့ရွိပါ တယ္။

စိန္ေခၚမႈဟာ အခြင့္အလမ္းလို႔ မွတ္ယူျခင္း

ဘာလို႔ ငါ့က်မွ ျဖစ္ရသလဲ ေတြးမယ့္အစား စိန္ေခၚမႈေတြ ဟာ ဘဝတက္လမ္းအတြက္ အ ခြင့္အလမ္းေတြလို႔ေတြးၿပီး ေပ်ာ္ ေပ်ာ္ရႊင္ရႊင္နဲ႔ အေကာင္းဆံုးျဖတ္ သန္းေလ့ရွိပါတယ္။

ဝါသနာအရင္းခံလုပ္ကိုင္ျခင္း

ေပ်ာ္ရႊင္တဲ့သူေတြတုိင္းဟာ အမွန္တကယ္လုပ္ခ်င္တာကို ေသခ်ာေရြးခ်ယ္ၿပီး ဝါသနာအ ရင္းခံလုပ္ကိုင္ၾကတဲ့အတြက္ စိတ္ညစ္ဖို႔ေတာင္ အခ်ိန္မရွိတတ္ၾက ပါဘူး။

ကိုုယ့္က်န္းမာေရးဂ႐ုစိုက္ျခင္း

ေအာင္ျမင္ေပ်ာ္ရႊင္တဲ့ဘဝ ျဖစ္ဖို႔အတြက္ က်န္းမာေရးေကာင္း ဖို႔လိုတာေၾကာင့္ က်န္းမာေရးနဲ႔ ညီၫြတ္စြာ ေနထိုင္စားေသာက္ သလုိ ေလ့က်င့္ခန္းလည္း ပံုမွန္ လုပ္ေလ့ရွိၾကပါတယ္။

ပတ္ဝန္းက်င္က ျဖစ္ပ်က္သမွ် အရာတုိင္းအတြက္ သတိရွိျခင္း

ကိုယ္စြမ္းကိုယ္စတုိးတက္ဖို႔ နဲ႔ လူေတြကို အေကာင္းဆံုးနည္း လမ္းေတြနဲ႔ ေျပာဆုိဆက္ဆံဖို႔၊ နားလည္မႈေပးႏုိင္ဖို႔အတြက္ စာ မ်ားမ်ားဖတ္ေလ့ရွိၾကပါတယ္။ ဘယ္လိုအေျခအေနမ်ိဳးမွာမဆို အံဝင္ခြင္က် ထိေတြ႕ဆက္ဆံ၊ ေျဖရွင္းႏုိင္စြမ္းရွိေအာင္ ျပင္ဆင္ထား တတ္ၾကပါတယ္။

အဆုိးျမင္သမားေတြကို ေဝးေဝး ေရွာင္ျခင္း

တစ္စံုတစ္ေယာက္ေၾကာင့္ ကိုယ့္ရဲ႕ေပ်ာ္ရႊင္မႈေတြ ပ်က္စီး မသြားေအာင္ ႀကိဳတင္ကာကြယ္ တဲ့အေနနဲ႔ လိုက္ေလ်ာညီေထြရွိ ၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနတတ္သူ ေတြနဲ႔သာ အေပါင္းအသင္းလုပ္ ေလ့ရွိၾကပါတယ္။

ေပ်ာ္ရႊင္မႈကို ေငြနဲ႔ဝယ္လုိ႔ မရဘူးဆုိေပမယ့္လည္း ေပ်ာ္ရႊင္ ေအာင္ေနသူေတြရဲ႕ နည္းလမ္း တစ္ခုခုကို က်င့္သံုးၾကည့္ရင္ ေတာင္မွ အရင္ကထက္ ပိုေပ်ာ္ လာတဲ့ခံစားမႈရရွိမွာ ေသခ်ာပါ တယ္။

Credit:7Day Daily


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


မိတ်ဆွေ၊ သူငယ်ချင်းတွေထဲမှာ ဘယ်အချိန်ကြည့်ကြည့် အမြဲတမ်းပျော်ရွှင်တက်ကြွနေသူတွေရှိပြီး ငွေကြေးပြည့်စုံလို့ပဲလား၊ ကံကောင်းတာကြောင့်ပဲလားဆိုတဲ့ မေးခွန်းများစွာနဲ့အတူ သူတို့လို ဘဝမျိုးဖြတ်သန်းချင်ကြပါတယ်။ အကောင်းမြင်စိတ်က အခက်ခဲဆုံးသောအရာတွေကို ကျော်လွှားနိုင်စွမ်းရှိပြီး အမြဲပျော်ရွှင်နေခြင်း မှာလည်း လျှို့ဝှက်ချက်တွေရှိတာကို သိထားရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။

ဘဝကို ဟန်ချက်ညီအောင်ထိန်း ခြင်း

ရှိတာနဲ့ ရောင့်ရဲသလို မရှိ တဲ့အရာတွေအတွက်လည်း အ ချိန်ကုန်ခံပြီး ပူပင်သောကရောက် လေ့မရှိပါဘူး။

လက်ရှိအနေအထားကို ဘယ်တော့မှ မရောင့်ရဲဘဲ အလိုဆန္ဒတွေ ရှေ့တန်းတင်ပြီး ပိုင်ဆိုင် လိုစိတ်တွေ တိုးတိုးလာခြင်းက ပျော်ရွှင်စိတ်တွေကို လျော့ပါးစေ နိုင်ပါတယ်။

အမှားကို သင်ခန်းစာယူခြင်း

လောကအမှားနဲ့ ကင်းသူ မရှိသလို ပြီးပြည့်စုံသူမရှိဘူးဆိုတဲ့ အချက်ကို အမြဲတွေးတောလေ့ရှိ ပြီး မှားခဲ့ဖူးတာကို သင်ခန်းစာယူ ကာ ကိုယ့်ကိုယ်ကိုယ် တိုးတက် ကောင်းမွန်အောင် လုပ်လေ့ရှိပါ တယ်။

ထာဝစဉ်ရိုးသားခြင်း

ကိုယ့်ကိုယ်ကိုယ် ရိုးသား သလို သူတစ်ပါးအပေါ်မှာလည်း အမြဲတမ်းရိုးသားပြီး နောက်ကွယ် ကနေ ဒုက္ခပေးတာမျိုး၊ ယုံကြည် မှုကို အလွဲသုံးစားလုပ်ပြီး သစ္စာ ဖောက်တာမျိုး ဘယ်တော့မှ လုပ် လေ့မရှိပါဘူး။ အမှန်တရားက ဘယ်လောက်ပဲခါးတယ်ဆိုပါစေ ပွင့်ပွင့်လင်းလင်းပြောတာကိုပဲ ရွေးချယ်လေ့ရှိပါတယ်။

လက်ရှိဘဝသာ အကောင်းဆုံးလို့ တွေးခြင်း

ပြီးခဲ့တဲ့ အတိတ်အတွက် တွေးမပူသလို မလာသေးတဲ့အနာ ဂတ်အတွက်လည်း ကြိုပူနေတာ မျိုးမလုပ်ဘဲ လက်ရှိကိုသာ အ ကောင်းဆုံးဖြတ်သန်းလေ့ရှိပါ တယ်။

စိန်ခေါ်မှုဟာ အခွင့်အလမ်းလို့ မှတ်ယူခြင်း

ဘာလို့ ငါ့ကျမှ ဖြစ်ရသလဲ တွေးမယ့်အစား စိန်ခေါ်မှုတွေ ဟာ ဘဝတက်လမ်းအတွက် အ ခွင့်အလမ်းတွေလို့တွေးပြီး ပျော် ပျော်ရွှင်ရွှင်နဲ့ အကောင်းဆုံးဖြတ် သန်းလေ့ရှိပါတယ်။

ဝါသနာအရင်းခံလုပ်ကိုင်ခြင်း

ပျော်ရွှင်တဲ့သူတွေတိုင်းဟာ အမှန်တကယ်လုပ်ချင်တာကို သေချာရွေးချယ်ပြီး ဝါသနာအ ရင်းခံလုပ်ကိုင်ကြတဲ့အတွက် စိတ်ညစ်ဖို့တောင် အချိန်မရှိတတ်ကြ ပါဘူး။

ကိုုယ့်ကျန်းမာရေးဂရုစိုက်ခြင်း

အောင်မြင်ပျော်ရွှင်တဲ့ဘဝ ဖြစ်ဖို့အတွက် ကျန်းမာရေးကောင်း ဖို့လိုတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်စားသောက် သလို လေ့ကျင့်ခန်းလည်း ပုံမှန် လုပ်လေ့ရှိကြပါတယ်။

ပတ်ဝန်းကျင်က ဖြစ်ပျက်သမျှ အရာတိုင်းအတွက် သတိရှိခြင်း

ကိုယ်စွမ်းကိုယ်စတိုးတက်ဖို့ နဲ့ လူတွေကို အကောင်းဆုံးနည်း လမ်းတွေနဲ့ ပြောဆိုဆက်ဆံဖို့၊ နားလည်မှုပေးနိုင်ဖို့အတွက် စာ များများဖတ်လေ့ရှိကြပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို အံဝင်ခွင်ကျ ထိတွေ့ဆက်ဆံ၊ ဖြေရှင်းနိုင်စွမ်းရှိအောင် ပြင်ဆင်ထား တတ်ကြပါတယ်။

အဆိုးမြင်သမားတွေကို ဝေးဝေး ရှောင်ခြင်း

တစ်စုံတစ်ယောက်ကြောင့် ကိုယ့်ရဲ့ပျော်ရွှင်မှုတွေ ပျက်စီး မသွားအောင် ကြိုတင်ကာကွယ် တဲ့အနေနဲ့ လိုက်လျောညီထွေရှိ ပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်သူ တွေနဲ့သာ အပေါင်းအသင်းလုပ် လေ့ရှိကြပါတယ်။

ပျော်ရွှင်မှုကို ငွေနဲ့ဝယ်လို့ မရဘူးဆိုပေမယ့်လည်း ပျော်ရွှင် အောင်နေသူတွေရဲ့ နည်းလမ်း တစ်ခုခုကို ကျင့်သုံးကြည့်ရင် တောင်မှ အရင်ကထက် ပိုပျော် လာတဲ့ခံစားမှုရရှိမှာ သေချာပါ တယ်။

Credit:7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top