iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ္၀န္ေဆာင္ရန္ႀကိဳးစားေနပါက က်န္းမာေရးႏွင့္ညီေသာ လူေနမႈဘ၀ပံုစံရိွရန္ အလြန္အေရးႀကီးသည္ဟု သုေတသီမ်ားက သက္ေသျပထားၿပီးျဖစ္သည္။ ကုိယ္ကာယႀကံ႕ခုိင္မႈရိွျခင္းေၾကာင့္စြမ္းအင္ပမာဏကုိ ျပန္လည္အားျဖည့္ေစႏုိင္ၿပီး သက္လံုအား ေကာင္းလာရန္ အေထာက္အကူျပဳေသာေၾကာင့္ ႀကံ႕ခုိင္မႈျပည့္၀ရန္ လံုး၀အေရးႀကီးသည္။

ကုိယ္၀န္ေဆာင္ရန္ ႀကိဳးစားေနခ်ိန္တြင္ ေလ့က်င့္ခန္းလုပ္ျခင္း က အေသအခ်ာအက်ိဳးေက်းဇူးျဖစ္ေစႏုိင္သည္။ ကုိယ္အေလးခ်ိန္ ပုိမ်ားေနပါက သင့္ေလ်ာ္ေသာ ေလ့က်င့္ခန္းအစီအစဥ္မ်ားႏွင့္အ တူ ဆရာ၀န္ႏွင့္ ပညာရွင္မ်ား ၫႊန္ၾကားသည့္ အစားအစာမ်ားစား ေသာက္ျခင္းျဖင့္ ကုိယ္၀န္ရလာရန္ အေထာက္အကူျပဳႏုိင္သည္။

သုိ႔ေသာ္ မ်ိဳးမေအာင္ႏုိင္ျဖစ္ေနျခင္းကို တုိက္ဖ်က္ရန္ ေလ့က်င့္ ခန္းတစ္မ်ိဳးမ်ိဳး စတင္မလုပ္မီ ဆရာ၀န္ထံမွ အႀကံရယူျခင္းသည္အေကာင္းဆံုးျဖစ္သည္။

ေနပူဆာလႈံရင္း လမ္းေလွ်ာက္ျခင္းသည္ ကုိယ္၀န္မရမီ ေကာင္းမြန္သင့္ေလ်ာ္ေသာ ေလ့က်င့္ခန္းတစ္ခုျဖစ္သည္။ ေနပူဆာလႈံရင္း လမ္းေလွ်ာက္ျခင္းေၾကာင့္ ႏွလံုးေသြးေၾကာမ်ားကုိ အေထာက္အကူ ျဖစ္ေစႏုိင္ၿပီး ေျခေထာက္၊ ေက်ာႏွင့္ ၀မ္းဗိုက္ပုိင္းအတြက္ အေထာက္အကူျဖစ္ေစႏုိင္သည္။

ကုိယ္၀န္ေဆာင္ရန္ ႀကိဳးစားေနစဥ္ အကေလ့က်င့္ျခင္းသည္ လည္း အေၾကာေျပေစရန္ႏွင့္ ႀကံ႕ခုိင္မႈရိွေစရန္ ေကာင္းမြန္ေသာနည္း လမ္းတစ္ခုျဖစ္သည္။ မ်ိဳးမေအာင္ႏုိင္ျခင္းအတြက္ ေဆးကုသမႈခံေန ရပါက ေရကူးျခင္းသည္ အက်ိဳးေက်းဇူးမ်ားရရိွေစမည့္ နည္းလမ္း တစ္ခုျဖစ္သည္။

စက္ဘီးစီးျခင္းမွာလည္း ကိုယ္၀န္ေဆာင္လုိေသာ အမ်ဳိးသမီး မ်ားအတြက္ ေကာင္းမြန္ေသာ ေလ့က်င့္ခန္းပံုစံတစ္ခုျဖစ္ၿပီး ကို လက္စထေရာပမာဏကုိ ထိန္းခ်ဳပ္ေပးႏုိင္ကာ အမ်ိဳးအစား-၂ ဆီး ခ်ိဳေရာဂါကဲ့သုိ႔ အေျခအေနမ်ားအတြက္ အႏၲရာယ္ေလ်ာ့နည္းေစ ႏုိင္သည္။ ထို႔အျပင္ ေယာဂက်င့္ျခင္းျဖင့္လည္း မ်ိဳးမေအာင္ျဖစ္ျခင္း ကုိ တုိက္ဖ်က္ႏုိင္သည္။       

Credit:7Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ်ဝန်ဆောင်ရန်ကြိုးစားနေပါက ကျန်းမာရေးနှင့်ညီသော လူနေမှုဘဝပုံစံရှိရန် အလွန်အရေးကြီးသည်ဟု သုတေသီများက သက်သေပြထားပြီးဖြစ်သည်။ ကိုယ်ကာယကြံ့ခိုင်မှုရှိခြင်းကြောင့်စွမ်းအင်ပမာဏကို ပြန်လည်အားဖြည့်စေနိုင်ပြီး သက်လုံအား ကောင်းလာရန် အထောက်အကူပြုသောကြောင့် ကြံ့ခိုင်မှုပြည့်ဝရန် လုံးဝအရေးကြီးသည်။


ကိုယ်ဝန်ဆောင်ရန် ကြိုးစားနေချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်း က အသေအချာအကျိုးကျေးဇူးဖြစ်စေနိုင်သည်။ ကိုယ်အလေးချိန် ပိုများနေပါက သင့်လျော်သော လေ့ကျင့်ခန်းအစီအစဉ်များနှင့်အ တူ ဆရာဝန်နှင့် ပညာရှင်များ ညွှန်ကြားသည့် အစားအစာများစား သောက်ခြင်းဖြင့် ကိုယ်ဝန်ရလာရန် အထောက်အကူပြုနိုင်သည်။

သို့သော် မျိုးမအောင်နိုင်ဖြစ်နေခြင်းကို တိုက်ဖျက်ရန် လေ့ကျင့် ခန်းတစ်မျိုးမျိုး စတင်မလုပ်မီ ဆရာဝန်ထံမှ အကြံရယူခြင်းသည်အကောင်းဆုံးဖြစ်သည်။

နေပူဆာလှုံရင်း လမ်းလျှောက်ခြင်းသည် ကိုယ်ဝန်မရမီ ကောင်းမွန်သင့်လျော်သော လေ့ကျင့်ခန်းတစ်ခုဖြစ်သည်။ နေပူဆာလှုံရင်း လမ်းလျှောက်ခြင်းကြောင့် နှလုံးသွေးကြောများကို အထောက်အကူ ဖြစ်စေနိုင်ပြီး ခြေထောက်၊ ကျောနှင့် ဝမ်းဗိုက်ပိုင်းအတွက် အထောက်အကူဖြစ်စေနိုင်သည်။

ကိုယ်ဝန်ဆောင်ရန် ကြိုးစားနေစဉ် အကလေ့ကျင့်ခြင်းသည် လည်း အကြောပြေစေရန်နှင့် ကြံ့ခိုင်မှုရှိစေရန် ကောင်းမွန်သောနည်း လမ်းတစ်ခုဖြစ်သည်။ မျိုးမအောင်နိုင်ခြင်းအတွက် ဆေးကုသမှုခံနေ ရပါက ရေကူးခြင်းသည် အကျိုးကျေးဇူးများရရှိစေမည့် နည်းလမ်း တစ်ခုဖြစ်သည်။

စက်ဘီးစီးခြင်းမှာလည်း ကိုယ်ဝန်ဆောင်လိုသော အမျိုးသမီး များအတွက် ကောင်းမွန်သော လေ့ကျင့်ခန်းပုံစံတစ်ခုဖြစ်ပြီး ကို လက်စထရောပမာဏကို ထိန်းချုပ်ပေးနိုင်ကာ အမျိုးအစား-၂ ဆီး ချိုရောဂါကဲ့သို့ အခြေအနေများအတွက် အန္တရာယ်လျော့နည်းစေ နိုင်သည်။ ထို့အပြင် ယောဂကျင့်ခြင်းဖြင့်လည်း မျိုးမအောင်ဖြစ်ခြင်း ကို တိုက်ဖျက်နိုင်သည်။       

Credit:7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top