iMyanmarHouse.com - Best Property Website for Myanmar
×

လကၡဏာဖတ္ျခင္းက ေရွးက်တဲ့ ပညာတစ္ရပ္ျဖစ္ျပီး မ်ဳိးဆက္ေပါင္းမ်ားစြာ လက္ဆင့္ကမ္းလာတဲ့ ပညာျဖစ္ပါတယ္။ အိႏၵိယမွာ အေျခခံလာျပီး အာရွတုိက္၊ ဥေရာပနဲ႔ ေျမာက္အေမရိကတုိက္တစ္ဝန္းမွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ လကၡဏာပညာရပ္မွာ အသုံးဝင္ဆုံး လမ္းေၾကာင္းတစ္ခုကေတာ့ လက္ေခ်ာင္းေတြရဲ႕ ေအာက္တည့္တည့္ကေန ထြက္လာတဲ့ လမ္းေၾကာင္းတစ္ခုျဖစ္ပါတယ္။ ဒီလမ္းေၾကာင္းကေန အခ်စ္ေရး၊ အနာဂတ္အခ်စ္ေရးေတြကို ေျပာျပေပးႏုိင္ပါတယ္။

ဦးစြာ လက္ႏွစ္ဖက္ကို ေဘးတုိက္ယွဥ္ထားျပီး ၾကည့္လုိက္ရင္ လမ္းေၾကာင္းႏွစ္ခု ညီေနလား။ အနည္းငယ္ေကာက္ေကြ႔ေနလားဆုိတာကို ၾကည့္ရပါမယ္။ တစ္ဖက္က ျမင့္ေနလား။ နိမ့္ေနလားဆုိတာ ၾကည့္ျပီး ကိုယ္ရည္ကိုယ္ေသြးကို သိႏုိင္ပါတယ္။ လက္ႏွစ္ဖက္ကို ညီေအာင္ယွဥ္ျပီးထားတဲ့အခ်ိန္မွာ ညာဘက္လက္က လမ္းေၾကာင္းက ဘယ္ဘက္လက္က လမ္းေၾကာင္းထက္ အနည္းငယ္ ပိုျမင့္ေနမယ္ဆုိရင္ ခ်စ္သူေကာင္းတစ္ေယာက္ျဖစ္မယ့္သူ၊ အသက္အရြယ္ ထက္ပိုျပီး အသိဥာဏ္ျပည့္စုံသူ တစ္ဦးျဖစ္ပါတယ္။ ကိုယ့္ထက္အသက္ၾကီးတဲ့သူနဲ႔ လက္ထပ္ရကိန္းရွိျပီး အစဥ္အလာေတြကို ခ်ဳိးေဖာက္လိုတဲ့ လြတ္လပ္တဲ့အေတြးအေခၚ ပိုင္ရွင္တစ္ဦးျဖစ္ပါတယ္။

ဘယ္ဘက္လက္ကလမ္းေၾကာင္းက ညာဘယ္ဘက္လက္က လမ္းေၾကာင္းထက္ အနည္းငယ္ ပိုျမင့္ ေနမယ္ဆုိုရင္ မိမိကိုယ္ကုိ အရမ္းကိုယုံၾကည္တတ္သူ တစ္ေယာက္ျဖစ္ျပီး အခ်စ္ကို သိပ္မလိုအပ္သူ တစ္ေယာက္ျဖစ္ပါတယ္။ အခ်စ္ကိုလည္း အေလးအနက္မထားတတ္ပါဘူး။ ကိုယ္လုိခ်င္တာကို ရဖို႔အတြက္ အားသြန္ခြန္စုိက္ ၾကိဳးပမ္းတတ္သူတစ္ေယာက္ျဖစ္ျပီး ဘယ္လိုအတားအဆီးၾကဳံၾကဳံ ရေအာင္ယူႏုိင္တဲ့ အစြမ္းရွိသူပါ။

လမ္းေၾကာင္းႏွစ္ခုစလုံးက တညီတည္းျဖစ္ေနမယ္ဆုိရင္ တည္ျငိမ္ျပီး ကူညီေစာင့္ေရွာက္တတ္တဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ အေျပာင္းအလဲေတြကို မၾကိဳက္တတ္ဘဲ တည္တည္ျငိမ္ျငိမ္ေနရတာကို သေဘာက်တတ္သူျဖစ္ပါတယ္။ မိဘေကာင္းတစ္ဦးျဖစ္မယ့္သူ တစ္ေယာက္ဆုိတာ အေသအခ်ာပါ။ သစၥာရွိျပီး အိမ္ေထာင္ေရးနဲ႔ ပတ္သက္ရင္ လူတုိင္းလက္ခံႏုိင္တဲ့ သူတစ္ဦးနဲ႔လက္ထပ္မယ့္သူျဖစ္ပါတယ္။ ကိုယ္ခ်င္းစာတတ္ျပီး အလိုအေလ်ာက္သိစိတ္အရမ္းေကာင္းတဲ့သူတစ္ေယာက္ပါ။

Credit:Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လက္ခဏာဖတ်ခြင်းက ရှေးကျတဲ့ ပညာတစ်ရပ်ဖြစ်ပြီး မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာတဲ့ ပညာဖြစ်ပါတယ်။ အိန္ဒိယမှာ အခြေခံလာပြီး အာရှတိုက်၊ ဥရောပနဲ့ မြောက်အမေရိကတိုက်တစ်ဝန်းမှာ ပျံ့နှံ့ခဲ့ပါတယ်။ လက္ခဏာပညာရပ်မှာ အသုံးဝင်ဆုံး လမ်းကြောင်းတစ်ခုကတော့ လက်ချောင်းတွေရဲ့ အောက်တည့်တည့်ကနေ ထွက်လာတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ ဒီလမ်းကြောင်းကနေ အချစ်ရေး၊ အနာဂတ်အချစ်ရေးတွေကို ပြောပြပေးနိုင်ပါတယ်။

ဦးစွာ လက်နှစ်ဖက်ကို ဘေးတိုက်ယှဉ်ထားပြီး ကြည့်လိုက်ရင် လမ်းကြောင်းနှစ်ခု ညီနေလား။ အနည်းငယ်ကောက်ကွေ့နေလားဆိုတာကို ကြည့်ရပါမယ်။ တစ်ဖက်က မြင့်နေလား။ နိမ့်နေလားဆိုတာ ကြည့်ပြီး ကိုယ်ရည်ကိုယ်သွေးကို သိနိုင်ပါတယ်။ လက်နှစ်ဖက်ကို ညီအောင်ယှဉ်ပြီးထားတဲ့အချိန်မှာ ညာဘက်လက်က လမ်းကြောင်းက ဘယ်ဘက်လက်က လမ်းကြောင်းထက် အနည်းငယ် ပိုမြင့်နေမယ်ဆိုရင် ချစ်သူကောင်းတစ်ယောက်ဖြစ်မယ့်သူ၊ အသက်အရွယ် ထက်ပိုပြီး အသိဉာဏ်ပြည့်စုံသူ တစ်ဦးဖြစ်ပါတယ်။ ကိုယ့်ထက်အသက်ကြီးတဲ့သူနဲ့ လက်ထပ်ရကိန်းရှိပြီး အစဉ်အလာတွေကို ချိုးဖောက်လိုတဲ့ လွတ်လပ်တဲ့အတွေးအခေါ် ပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။

ဘယ်ဘက်လက်ကလမ်းကြောင်းက ညာဘယ်ဘက်လက်က လမ်းကြောင်းထက် အနည်းငယ် ပိုမြင့် နေမယ်ဆိုရင် မိမိကိုယ်ကို အရမ်းကိုယုံကြည်တတ်သူ တစ်ယောက်ဖြစ်ပြီး အချစ်ကို သိပ်မလိုအပ်သူ တစ်ယောက်ဖြစ်ပါတယ်။ အချစ်ကိုလည်း အလေးအနက်မထားတတ်ပါဘူး။ ကိုယ်လိုချင်တာကို ရဖို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းတတ်သူတစ်ယောက်ဖြစ်ပြီး ဘယ်လိုအတားအဆီးကြုံကြုံ ရအောင်ယူနိုင်တဲ့ အစွမ်းရှိသူပါ။

လမ်းကြောင်းနှစ်ခုစလုံးက တညီတည်းဖြစ်နေမယ်ဆိုရင် တည်ငြိမ်ပြီး ကူညီစောင့်ရှောက်တတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အပြောင်းအလဲတွေကို မကြိုက်တတ်ဘဲ တည်တည်ငြိမ်ငြိမ်နေရတာကို သဘောကျတတ်သူဖြစ်ပါတယ်။ မိဘကောင်းတစ်ဦးဖြစ်မယ့်သူ တစ်ယောက်ဆိုတာ အသေအချာပါ။ သစ္စာရှိပြီး အိမ်ထောင်ရေးနဲ့ ပတ်သက်ရင် လူတိုင်းလက်ခံနိုင်တဲ့ သူတစ်ဦးနဲ့လက်ထပ်မယ့်သူဖြစ်ပါတယ်။ ကိုယ်ချင်းစာတတ်ပြီး အလိုအလျောက်သိစိတ်အရမ်းကောင်းတဲ့သူတစ်ယောက်ပါ။

Credit:Trend Myanmar



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top