iMyanmarHouse.com - Best Property Website for Myanmar
×

လူသားအားလုံး ထပ္တူေမွ်ာ္လင့္ေတာင့္တေနၾကတဲ့ ဆႏၵတစ္ခုရိွပါတယ္။ အဲဒါက ေပ်ာ္ရႊင္မႈပဲ ျဖစ္ပါတယ္။ ေပ်ာ္ရႊင္မႈဆုိတာ အေျခအေနတစ္ရပ္တည္းကေန အေျခမခံပါဘူး။ ေအာက္ပါအခ်က္ေတြက  ကမာၻတစ္ဝွမ္းအေပ်ာ္ဆုံးလူသားေတြ ညီတူညီမွ် ျပဳမူလုပ္ေဆာင္ၾကတဲ့ ဘုံအေလ့အထေတြပဲ ျဖစ္ပါတယ္။

၁။ ေန႔တုိင္း ေလ့က်င့္ခန္းလုပ္တာ

ဒိန္းမတ္နဲ႔ ဆြိဇလန္ႏုိင္ငံကို ကမာၻအေပ်ာ္ဆုံးႏုိင္ငံေတြထဲက ၂ ခု အျဖစ္သတ္မွတ္ပါတယ္။ (၂) ႏိုင္ငံစလုံးက လွမ္းေလွ်ာက္ထြက္ျခင္း နဲ႔ စက္ဘီးစီးျခင္း စတာေတြကို အျမဲလုပ္ေဆာင္ၾကတဲ့ ႏိုင္ငံေတြ ျဖစ္ပါတယ္။ေ လ့က်င့္ခန္းလုပ္ျခင္းက စိတ္ေပ်ာ္ရႊင္မႈေပးတဲ့ ဓာတုပစၥည္း serotonin၊ dopamine၊ norepinephrine နဲ႔ endorphins ပမာဏ တုိးေစျပီး ေန႔စဥ္ ေသြးပို႔လႊတ္မႈ ျမွင့္တင္ေပးပါတယ္။

၂။ သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔ အဆက္အသြယ္ လုပ္တာ

အေကာင္းဆုံး စိတ္ေပ်ာ္ရႊင္မႈ လကၡဏာက မိသားစု၊ သူငယ္ခ်င္းအေပါင္းသင္းေတြနဲ႔ ကုန္ဆုံးတဲ့အခ်ိန္ပမာဏျဖစ္ေၾကာင္း ေဖာ္ျပတဲ့ သက္ေသအေထာက္အထားမ်ားစြာ ရိွပါတယ္။ ဖုန္း၊ မက္ေဆ့ခ်္၊ အီးေမးလ္နဲ႔ အဆက္အသြယ္ရိွေနသည့္တိုင္ မ်က္ႏွာခ်င္းဆုိင္ေတြ႔တာေလာက္ ေကာင္းတာ မရိွပါဘူး။

၃။ အျပင္ထြက္လည္တာ

ျပင္ပသဘာဝတရားနဲ႔ ထိေတြ႔ျခင္းက လူကို ပိုမုိႏုိးၾကားသက္ဝင္ေစေၾကာင္း Environmental Psychology ဂ်ာနယ္မွာ ေဖာ္ျပတဲ့ ေလ့လာမႈတစ္ခုက ေတြ႔ရိွခဲ့ပါတယ္။ မိနစ္ ၂၀ အျပင္ထြက္ရုံနဲ႔ စိတ္ေပ်ာ္ရႊင္မႈပမာဏ တုိးျမင့္ဖုိ႔ လုံေလာက္ေၾကာင္း ယင္းေလ့လာမႈက ေတြ႔ရိွခဲ့ပါတယ္။

၄။ အီလက္ထေရာနစ္ေတြနဲ႔ အဆက္အသြယ္ျဖတ္ေတာက္တာ

တစ္ေန႔တစ္ေန႔ ဖုန္း၊ လက္ပ္ေတာ့ သုိ႔မဟုတ္ တက္ဘ္လက္ သုံးစြဲမႈမ်ားလြန္းလုိ႔ ကြ်ႏု္ပ္တို႔ အျပစ္ရိွသလုိခံစားၾကပါတယ္။ California Berkeley တကၠသိုလ္က လူမႈေဗဒပညာရွင္နဲ႔ စိတ္ေပ်ာ္ရႊင္မႈဆုိင္ရာ တတ္သိနားလည္သူတစ္ဦးျဖစ္တဲ့ Christine Carter က "အနည္းဆုံး တစ္ေန႔ တစ္ၾကိမ္ေလာက္ အီလက္ထေရာနစ္ပစၥည္းေတြနဲ႔ ကင္းကင္းကြာကြာေနဖုိ႔" အၾကံျပဳထားပါတယ္။ လမ္းေလွ်ာက္ထြက္တာပဲျဖစ္ျဖစ္၊ သူငယ္ခ်င္းအေပါင္းသင္းနဲ႔ ေကာ္ဖီဆုိင္ထုိင္တာပဲ ျဖစ္ျဖစ္ ဒါေတြက မိမိကိုယ္မိမိ အာရုံစူးစိုက္မႈ ရေစပါတယ္။

၅။ ကစားဖို႔ အခ်ိန္ေပးတာ

မိမိေခြးနဲ႔ လမ္းေလွ်ာက္ထြက္တာ သေဘာက်ရင္ လုပ္သာလုပ္ပါ။ ဒါမွမဟုတ္ အကဝါသနာပါရင္လည္း ဆက္သာလုပ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

လူသားအားလုံး ထပ်တူမျှော်လင့်တောင့်တနေကြတဲ့ ဆန္ဒတစ်ခုရှိပါတယ်။ အဲဒါက ပျော်ရွှင်မှုပဲ ဖြစ်ပါတယ်။ ပျော်ရွှင်မှုဆိုတာ အခြေအနေတစ်ရပ်တည်းကနေ အခြေမခံပါဘူး။ အောက်ပါအချက်တွေက  ကမ္ဘာတစ်ဝှမ်းအပျော်ဆုံးလူသားတွေ ညီတူညီမျှ ပြုမူလုပ်ဆောင်ကြတဲ့ ဘုံအလေ့အထတွေပဲ ဖြစ်ပါတယ်။

၁။ နေ့တိုင်း လေ့ကျင့်ခန်းလုပ်တာ

ဒိန်းမတ်နဲ့ ဆွိဇလန်နိုင်ငံကို ကမ္ဘာအပျော်ဆုံးနိုင်ငံတွေထဲက ၂ ခု အဖြစ်သတ်မှတ်ပါတယ်။ (၂) နိုင်ငံစလုံးက လှမ်းလျှောက်ထွက်ခြင်း နဲ့ စက်ဘီးစီးခြင်း စတာတွေကို အမြဲလုပ်ဆောင်ကြတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ေ လ့ကျင့်ခန်းလုပ်ခြင်းက စိတ်ပျော်ရွှင်မှုပေးတဲ့ ဓာတုပစ္စည်း serotonin၊ dopamine၊ norepinephrine နဲ့ endorphins ပမာဏ တိုးစေပြီး နေ့စဉ် သွေးပို့လွှတ်မှု မြှင့်တင်ပေးပါတယ်။

၂။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အဆက်အသွယ် လုပ်တာ

အကောင်းဆုံး စိတ်ပျော်ရွှင်မှု လက္ခဏာက မိသားစု၊ သူငယ်ချင်းအပေါင်းသင်းတွေနဲ့ ကုန်ဆုံးတဲ့အချိန်ပမာဏဖြစ်ကြောင်း ဖော်ပြတဲ့ သက်သေအထောက်အထားများစွာ ရှိပါတယ်။ ဖုန်း၊ မက်ဆေ့ချ်၊ အီးမေးလ်နဲ့ အဆက်အသွယ်ရှိနေသည့်တိုင် မျက်နှာချင်းဆိုင်တွေ့တာလောက် ကောင်းတာ မရှိပါဘူး။

၃။ အပြင်ထွက်လည်တာ

ပြင်ပသဘာဝတရားနဲ့ ထိတွေ့ခြင်းက လူကို ပိုမိုနိုးကြားသက်ဝင်စေကြောင်း Environmental Psychology ဂျာနယ်မှာ ဖော်ပြတဲ့ လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။ မိနစ် ၂၀ အပြင်ထွက်ရုံနဲ့ စိတ်ပျော်ရွှင်မှုပမာဏ တိုးမြင့်ဖို့ လုံလောက်ကြောင်း ယင်းလေ့လာမှုက တွေ့ရှိခဲ့ပါတယ်။

၄။ အီလက်ထရောနစ်တွေနဲ့ အဆက်အသွယ်ဖြတ်တောက်တာ

တစ်နေ့တစ်နေ့ ဖုန်း၊ လက်ပ်တော့ သို့မဟုတ် တက်ဘ်လက် သုံးစွဲမှုများလွန်းလို့ ကျွနု်ပ်တို့ အပြစ်ရှိသလိုခံစားကြပါတယ်။ California Berkeley တက္ကသိုလ်က လူမှုဗေဒပညာရှင်နဲ့ စိတ်ပျော်ရွှင်မှုဆိုင်ရာ တတ်သိနားလည်သူတစ်ဦးဖြစ်တဲ့ Christine Carter က "အနည်းဆုံး တစ်နေ့ တစ်ကြိမ်လောက် အီလက်ထရောနစ်ပစ္စည်းတွေနဲ့ ကင်းကင်းကွာကွာနေဖို့" အကြံပြုထားပါတယ်။ လမ်းလျှောက်ထွက်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းသင်းနဲ့ ကော်ဖီဆိုင်ထိုင်တာပဲ ဖြစ်ဖြစ် ဒါတွေက မိမိကိုယ်မိမိ အာရုံစူးစိုက်မှု ရစေပါတယ်။

၅။ ကစားဖို့ အချိန်ပေးတာ

မိမိခွေးနဲ့ လမ်းလျှောက်ထွက်တာ သဘောကျရင် လုပ်သာလုပ်ပါ။ ဒါမှမဟုတ် အကဝါသနာပါရင်လည်း ဆက်သာလုပ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top