iMyanmarHouse.com - Best Property Website for Myanmar
×

“လူကိုခင္လွ်င္ ပိုက္ဆံမေခ်းပါနဲ႔ ” ဆိုတဲ့စကား ၾကားဖူးၾကမွာပါ။

တခ်ိဳ႕ေတြက်ေတာ့လည္း ဒီေလာက္ရင္းနီးၾကတဲ့သူေတြ အခ်င္းခ်င္းမွ မကူညီရင္ ဘယ္သူ႔ကို ကူညီမွာလဲဆိုၿပီး ေတြးေကာင္းေတြးဖူးႀကပါလိမ့္မယ္။

ရင္းနီးတဲ့သူတစ္ေယာက္ကို ေငြေခ်းေပးရတာ လြယ္ပါတယ္။ သို႔ေပမယ့္ ေနာက္ဆက္တဲြ ဆိုးက်ိဳးေတြ အမ်ားၾကီး ရွိႏိုင္တယ္ဆိုတာ သတိ ျပဳမိေစလိုပါတယ္။

၁။ပထမေတာ့သူ႔အခက္အခဲ ေျပလည္သြားလို႔သူငယ္ခ်င္းကလည္း ေတာ္ေတာ္ေလး ေက်းဇူးတင္သြားမွာပါ။

၂။ သင္ကိုယ္တိုင္လည္း သူမ်ားကိုကူညီလိုက္ရလို႔ ေက်နပ္မဆံုးျဖစ္ေနမွာပါ။

၃။ သို႔ေသာ္လည္း ဒီေခ်းေငြအေပၚကေန ဘာကိုမွ ေမွ်ာ္လင့္လို႔ မရပါဘူး။ (ဥပမာ-အတိုးေငြေပါ့။)

၄။ အခ်ိန္နည္းနည္း ၾကာလာရင္ေတာ့ ကိုယ္လည္း ဝယ္ခ်င္၊လုပ္ခ်င္တာေလးေတြနဲ႔ ေငြျပန္လို လာႏိုင္ပါတယ္။

၅။ ကိုယ္ တကယ္လိုအပ္လာတဲ့ အခ်ိန္ဆိုတာ ရိွလာမွာပါ။ ဥပမာ-မိသားစုအတြက္ ေငြအရမ္းလိုေနတာမ်ိဳး၊ ေဆးစစ္ဖို႔ေငြလုိအပ္တာမ်ိဳး၊ စတာေတြေပါ့။

၆။ သူငယ္ခ်င္းအရင္းၾကီးေတြ ျဖစ္တာေၾကာင့္ သူ႔ဘက္ကလည္း ေငြျပန္ေပးရမယ့္ရက္ကို ရက္ေရႊ႕ဆိုင္းတာမ်ိဳး၊ အျခားအသံုးစားရိတ္ေတြကို သံုးပစ္တာမ်ိဳးေတြ ရွိလာမွာပါ။ ျပန္ေပးတဲ့အခါမွာလည္း
ကုိယ္ေခ်းလိုက္တုန္းကလို မဟုတ္ပဲ တရစ္စီ ျပန္ေပးတာမ်ိဳးေတြ ျဖစ္လာႏုိင္ပါတယ္။

၇။ တဖက္က ေငြေခ်းတဲ့ သူငယ္ခ်င္းလည္း ဒီလိုလြယ္လြယ္ရမွန္း သိလာတဲ့အခါ ေငြလိုတဲ့အခါ ကိုယ့္အားကိုယ္မကိုးဘဲ အလြယ္လမ္းေတြ လိုက္လာပါလိမ့္မယ္။

၈။အခ်ိန္ၾကာလာတာနဲ႔အမွ် ႏွစ္ဦးၾကားသေဘာထားကြဲလဲြတာ၊အထင္အျမင္လဲြတာေတြ ျဖစ္လာႏိုင္ပါတယ္။

၉။ သူငယ္ခ်င္းက ကိုယ့္အေပၚ ေငြေၾကးအရေၾကာတယ္ ဆိုျပီး သင္သူ႔ကို စတင္ အျမင္ေစာင္း လာႏိုင္ပါတယ္။

၁၀။ တစ္ကယ္ေတာ့ သူငယ္ခ်င္းေတြ အကူအညီ လိုအပ္ေနခ်ိန္မွာ ေငြးေၾကးအကူအညီထက္ အျခားအေရးၾကီးျပီး အေျခခံၾကတဲ့အခ်က္ေတြ အမ်ားၾကီး နဲ႔ ကူညီလို႔ရပါတယ္။
ဥပမာ- ညစာအတြက္ ငါးတစ္ေကာင္သြားေပးျခင္းထက္ ငါးမွ်ားတဲ့နည္းလမ္းကို ေျပာျပလိုက္
မယ္ဆို သူအတြက္ ေနာက္ထပ္ ညစာေပါင္းမ်ားစြာ အတြက္ ဖူလံုသြားႏို္င္တယ္ေလ။ အလားတူပါပဲ။

လြယ္လြယ္နဲ႔ ေငြထုတ္ေပးလိုက္တာထက္ဝင္ေငြေကာင္းေကာင္းရႏိုင္မယ့္နည္းလမ္းေတြ၊
 ေငြကိုစီစစ္သံုးတတ္ဖို႔ေတြ ေငြစုေဆာင္းတဲ့နည္းေတြ ေျပာျပလိုက္မယ္ဆိုသူ႔အတြက္လည္း ေရရွည္
အက်ိဳးရွိေစမွာပါ။

ဒါ့အျပင္ ကိုယ္တိုင္လည္း ေငြေခ်းျခင္းေနာက္ကြယ္ကဆိုးက်ိဳးေတြမခံ စားရေတာ့ပါဘူး။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:ဂႏၲဝင္ မဂၢဇင္း

#Unicode Version
“လူကိုခင်လျှင် ပိုက်ဆံမချေးပါနဲ့ ” ဆိုတဲ့စကား ကြားဖူးကြမှာပါ။

တချို့တွေကျတော့လည်း ဒီလောက်ရင်းနီးကြတဲ့သူတွေ အချင်းချင်းမှ မကူညီရင် ဘယ်သူ့ကို ကူညီမှာလဲဆိုပြီး တွေးကောင်းတွေးဖူးကြပါလိမ့်မယ်။

ရင်းနီးတဲ့သူတစ်ယောက်ကို ငွေချေးပေးရတာ လွယ်ပါတယ်။ သို့ပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ရှိနိုင်တယ်ဆိုတာ သတိ ပြုမိစေလိုပါတယ်။

၁။ပထမတော့သူ့အခက်အခဲ ပြေလည်သွားလို့သူငယ်ချင်းကလည်း တော်တော်လေး ကျေးဇူးတင်သွားမှာပါ။

၂။ သင်ကိုယ်တိုင်လည်း သူများကိုကူညီလိုက်ရလို့ ကျေနပ်မဆုံးဖြစ်နေမှာပါ။

၃။ သို့သော်လည်း ဒီချေးငွေအပေါ်ကနေ ဘာကိုမှ မျှော်လင့်လို့ မရပါဘူး။ (ဥပမာ-အတိုးငွေပေါ့။)

၄။ အချိန်နည်းနည်း ကြာလာရင်တော့ ကိုယ်လည်း ဝယ်ချင်၊လုပ်ချင်တာလေးတွေနဲ့ ငွေပြန်လို လာနိုင်ပါတယ်။

၅။ ကိုယ် တကယ်လိုအပ်လာတဲ့ အချိန်ဆိုတာ ရှိလာမှာပါ။ ဥပမာ-မိသားစုအတွက် ငွေအရမ်းလိုနေတာမျိုး၊ ဆေးစစ်ဖို့ငွေလိုအပ်တာမျိုး၊ စတာတွေပေါ့။

၆။ သူငယ်ချင်းအရင်းကြီးတွေ ဖြစ်တာကြောင့် သူ့ဘက်ကလည်း ငွေပြန်ပေးရမယ့်ရက်ကို ရက်ရွှေ့ဆိုင်းတာမျိုး၊ အခြားအသုံးစားရိတ်တွေကို သုံးပစ်တာမျိုးတွေ ရှိလာမှာပါ။ ပြန်ပေးတဲ့အခါမှာလည်း
ကိုယ်ချေးလိုက်တုန်းကလို မဟုတ်ပဲ တရစ်စီ ပြန်ပေးတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

၇။ တဖက်က ငွေချေးတဲ့ သူငယ်ချင်းလည်း ဒီလိုလွယ်လွယ်ရမှန်း သိလာတဲ့အခါ ငွေလိုတဲ့အခါ ကိုယ့်အားကိုယ်မကိုးဘဲ အလွယ်လမ်းတွေ လိုက်လာပါလိမ့်မယ်။

၈။အချိန်ကြာလာတာနဲ့အမျှ နှစ်ဦးကြားသဘောထားကွဲလွဲတာ၊အထင်အမြင်လွဲတာတွေ ဖြစ်လာနိုင်ပါတယ်။

၉။ သူငယ်ချင်းက ကိုယ့်အပေါ် ငွေကြေးအရကြောတယ် ဆိုပြီး သင်သူ့ကို စတင် အမြင်စောင်း လာနိုင်ပါတယ်။

၁၀။ တစ်ကယ်တော့ သူငယ်ချင်းတွေ အကူအညီ လိုအပ်နေချိန်မှာ ငွေးကြေးအကူအညီထက် အခြားအရေးကြီးပြီး အခြေခံကြတဲ့အချက်တွေ အများကြီး နဲ့ ကူညီလို့ရပါတယ်။
ဥပမာ- ညစာအတွက် ငါးတစ်ကောင်သွားပေးခြင်းထက် ငါးမျှားတဲ့နည်းလမ်းကို ပြောပြလိုက်
မယ်ဆို သူအတွက် နောက်ထပ် ညစာပေါင်းများစွာ အတွက် ဖူလုံသွားနိုင်တယ်လေ။ အလားတူပါပဲ။

လွယ်လွယ်နဲ့ ငွေထုတ်ပေးလိုက်တာထက်ဝင်ငွေကောင်းကောင်းရနိုင်မယ့်နည်းလမ်းတွေ၊
 ငွေကိုစီစစ်သုံးတတ်ဖို့တွေ ငွေစုဆောင်းတဲ့နည်းတွေ ပြောပြလိုက်မယ်ဆိုသူ့အတွက်လည်း ရေရှည်
အကျိုးရှိစေမှာပါ။

ဒါ့အပြင် ကိုယ်တိုင်လည်း ငွေချေးခြင်းနောက်ကွယ်ကဆိုးကျိုးတွေမခံ စားရတော့ပါဘူး။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:ဂန္တဝင် မဂ္ဂဇင်း
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top