iMyanmarHouse.com - Best Property Website for Myanmar
×
၆။ ကလေးတွေနဲ့အဆင်ပြေတဲ့အတွက် အိမ်ထောင်ပြုပြီးကလေးစောင့်ရှောက်မယ့်ကိစ္စမှာ စိတ်ပူစရာမလိုတော့ဘူးပေါ့။
Credit:Trend Myanmar
ပို့သပေးပါတယ်။
#Unicode Version
ကျောင်းဆရာ(မ)ကို ချစ်သူအဖြစ် ရွေးမယ်ဆိုရင် သူ ကိုယ့်ကို ကျောင်းက ကလေးတွေကိုဆက်ဆံတဲ့အတိုင်း ဆရာလုပ်ပြောဆိုဆက်ဆံလိမ့်မယ်လို့ အမြဲတမ်း တထစ်ချတွေးတတ်ကြပါတယ်။ တကယ်တော့ သင့်ချစ်သူဟာ ကျောင်းဆရာ (မ)တစ်ယောက်သာ ဆို၇င် သင့်အနေနဲ့ ခံစားနိုင်မယ့် အကျိုးကျေးဇူးတွေ များစွာရှိနေပါတယ်။ အဲ့ဒါတွေကတော့
၁။ သူတို့တွေက အပြန်အလှန် စကားပြောတဲ့နေရာမှာ အနှိုင်းမဲ့ပါပဲ။ ကွဲပြားတဲ့ မိသားစုကလာတဲ့ ကျောင်းသားတွေကို ဆက်ဆံရတာမို့လို့ အပြောအဆိုကတော့ သူတို့ပိုင်ပြီးသားပဲ။
၂။ လူကြီးမိဘတွေကို ဆွဲဆောင်နိုင်စွမ်း သူတို့မှာ ရှိပါတယ်။ မိဘတွေနဲ့ညနေစာအတူစားဖို့ သူတို့အတွက် အခက်အခဲမရှိနိုင်ပါဘူး။
၃။ ကျောင်းဆရာ(မ)တွေဟာ နားလည်လက်ခံနိုင်စွမ်းရည် အပြည့်ရှိကြပါတယ်။ ပြောင်းလဲမှုတစ်ခုခုကြောင့် သူတို့အူကြောင်ကြောင် ဖြစ်သွားတယ်ဆိုတာ မရှိဘူး။
၄။ ကိစ္စတစ်ခုကို တစ်ဖက်လူ နားလည်နိုင်တဲ့အထိ နည်းလမ်းမျိုးစုံနဲ့ ရှင်းပြနိုင်စွမ်းလည်း သူတို့မှာ ရှိကြပါတယ်။
၅။ သူတို့ရဲ့အားသာချက်ကတော့ သည်းခံတတ်တဲ့စိတ်ထားပိုင်ဆိုင်ထားတာပါ။
၆။ ကလေးတွေနဲ့အဆင်ပြေတဲ့အတွက် အိမ်ထောင်ပြုုပြီးကလေးစောင့်ရှောက်မယ့်ကိစ္စမှာ စိတ်ပူစရာမလိုတော့ဘူးပေါ့။
၇။ သူတို့မှာ အားလပ်ရက်ရှည် ရှိတယ်။ သင့်ကိုအချိန်ပေးနိုင်မှာ သေချာသလောက်ပါပဲ။
၈။ လူတစ်ယောက်ရဲ့ အကျင့်ဆိုးတွေပြုပြင်ပေးတဲ့နေရာမှာလည်း အားကိုးထိုက်တဲ့သူတွေပဲ ဖြစ်ပါတယ်။
၉။ သူက ကျောင်းသားတွေအတွက် အားကိုးအားထားရတဲ့ ဟီးရိုးတစ်ယောက်ဆိုတော့ သင်ဟာ အလိုလိုနေရင်း ဟီးရိုးတစ်ဦးရဲ့ချစ်သူဖြစ်သွားတာပဲလေ။
ကဲ သင်စိတ်ဝင်စားနေတဲ့သူက ကျောင်းဆရာ (မ) တစ်ယောက်ဆိုရင်တော့ ဘာမှတွေဝေမနေတော့ပဲ ခုပဲ သူ့အချစ်ရအောင် ကြိုးစားလိုက်ပါတော့။
Credit:Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top