iMyanmarHouse.com - Best Property Website for Myanmar
×







 Credit: 7 day daily



Unicode Version

မာရီယာကာရေး ကဖျော်ဖြေရေးနည်းပြနှင့် ဖောက် ပြန်သည်ဆိုသော သတင်းကို ငြင်းပယ်လိုက်ပြီး လက်ရှိစေ့စပ် ထားသော ဂျိမ်းစ်ပက်ကာအပါ အဝင် ၎င်းသည် အိမ်ထောင်မပြု မီ ဖောက်ပြန်ခဲ့ခြင်းမရှိဟု အခိုင် အမာပြောကြားလိုက်သည်။

၎င်း၏ဖျော်ဖြေရေးနည်းပြ ဘရိုင်ယန်တာနာကာနှင့် ချစ် ဇာတ်လမ်းရှိသည်ဆိုသော ကော လာဟလသတင်းသည် လုံးဝမှား ယွင်းကြောင်း မာရီယာကာရေး နှင့် ရင်းနှီးသော သတင်းရင်းမြစ် များကပြောသည်။

၎င်းသည် ဗိုင်းကောင်း ကျောက်ဖိနေသူအဖြစ် ကျော် ကြားသူဖြစ်ပြီး မည်သူ့အတွက်မျှ ယင်းအခြေအနေကို အထိခိုက်ခံ ခြင်းမရှိခဲ့ပေ။

လက်ရှိလမ်းခွဲလိုက်ပြီဟု သတင်းထွက်နေသော ၎င်း၏သတို့ သားလောင်း ဂျိမ်းစ်ပက်ကာနှင့် အပျော်စီး ရွက်လှေပေါ်တွင် အတူခရီးထွက်ခဲ့ကြသော်လည်း ရွက်လှေ၏ သီးခြားအခန်းများ တွင်သာ နေထိုင်ခဲ့ကြသည်ဟု သတင်းရင်းမြစ်များက ပြော သည်။

မာရီယာကာရေး၏ခင်ပွန်း ဟောင်း နစ်ကန်နွန်ကလည်း ၎င်း တို့သည် လက်မထပ်မီအထိ သန့် ရှင်းမှုရှိခဲ့ကြောင်း တွေ့ဆုံမေး မြန်းမှုတစ်ခုအတွင်း ဝန်ခံထား သည်။

လက်ရှိသတို့သားလောင်း သူဌေးကြီး ဂျိမ်းစ်ပက်ကာက မ ကြာမီ လက်ထပ်ရန် မာရီယာကာ ရေးကို တိုက်တွန်းနေကြောင်း သတင်းရင်းမြစ်များက ပြော သည်။


 Credit: 7 day daily



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top