iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက်ၤားယူၿပီး ကေလးေမြးကိုေမြးရမယ္ဆုိတဲ့ ကိစၥဟာ တယူသန္ဆန္လြန္းပါတယ္။ ႏွစ္ဦးစလံုးက ကေလးလိုခ်င္တာမ်ိဳး မဟုတ္ပဲ အိမ္ကမိဘေတြေၾကာင့္ စီးပြားေရးအဆင္မေျပပဲ ကေလးယူလိုက္ရတယ္ဆုိတာမ်ိဳး၊ ဒါမွမဟုတ္ ကိုယ္က ကေလးမယူခ်င္ပဲ ေယာက်ၤားကအတင္းယူမယ္ဆုိလို႔ ယူလိုက္ရတာမ်ိဳးေတြဟာ ခုလို ေခတ္ႀကီးထဲမွာ မရွိသင့္ေတာ့ပါဘူး။ ကိုယ္က လိုလိုလားလားမရွိပဲ၊ ဒါမွမဟုတ္ ကေလးယူဖုိ႔အတြက္ေတာင္ အခ်ိန္မေပးႏိုင္လို႔၊ စသျဖင့္ အခက္အခဲေတြ ရွိေနတယ္ဆုိရင္ေတာ့ ကေလးမယူပဲ အိမ္ေထာင္ေရးကို ပိုအဆင္ေျပေအာင္ ညႈိႏႈိင္းေနထုိင္သင့္ပါတယ္။ ကိုယ့္သေဘာမပါပဲ တစ္ဦးတစ္ေယာက္ေၾကာင့္ ကေလးယူရတဲ့အျဖစ္မ်ိဳးေတာ့ အေရာက္မခံပါနဲ႔။ ဒီေတာ့ ကေလးမယူတာဟာ အျပစ္တစ္ခုမဟုတ္သလို ေအာက္မွာေဖာ္ျပထားတဲ့အခ်က္ေတြအတိုင္းဆုိရင္ေတာ့ ကေလးယူဖုိ႔ကိစၥကို ေသခ်ာစဥ္းစားသင့္ပါၿပီ။

၁။ဒါကိုယ့္ခႏၶာကိုယ္၊ ဒါကုိယ့္ဘ၀ပါ။

ကိုယ့္စိတ္ဆႏၵပါမွ ကေလးယူပါ။ ကိုယ့္ဘ၀ကို ကိုယ့္စိတ္တုိင္းက် ဖန္တီးပါ။ ဒီကေလးဟာ ကိုယ္တုိင္၀မ္းနဲ႔လြယ္ၿပီး ေမြးဖြားရမွာျဖစ္တာမို႔ ကုိယ္တကယ္ကို လိုခ်င္ေတာ့မွ ယူပါ။

၂။သင္ဟာ သိပ္အလုပ္ရႈပ္တဲ့သူလားဆိုတာ စဥ္းစားပါ။

တစ္ေန႔တစ္ေန႔ မနားရေအာင္ အလုပ္လုပ္ရတယ္။ နားရတဲ့အခ်ိန္က အိပ္ခ်ိန္ေလာက္ပဲ ရွိတယ္ဆုိရင္ ဒီလိုလူမ်ိဳးဟာ ကေလးယူဖုိ႔ ေသေသခ်ာခ်ာကို စဥ္းစားသင့္တဲ့အျခအေနပါ။

၃။သင္ဟာ လက္ရွိဘ၀ေလးကို ေက်နပ္ေပ်ာ္ရႊင္တယ္။

ခုလက္ရွိဘ၀ေလးဟာ သာယာတယ္။ ဘာအပူအပင္မွ မရွိဘူး။ ကိုယ့္ရဲ႕ ေန႔စဥ္ဘ၀ေလးကို ေက်နပ္ေနတယ္လို႔ ခံစားမိရင္ ကေလးယူခါနီး စဥ္းစားပါ။ ကေလးယူလိုက္မယ္ဆုိရင္ ဒါေတြဟာ ေျပာင္းလဲသြားႏိုင္တယ္ဆိုတာကို စဥ္းစားပါ။

၄။ကေလးယူဖုိ႔အတြက္ ကိုယ့္အမ်ိဳးသားကလြဲၿပီး တျခားသူေတြ ဖိအားေပးျခင္းမ်ိဳး လက္မခံပါနဲ႔။

ကိုယ္န႔ဲကိုယ္ခင္ပြန္း ႏွစ္ေယာက္ၾကား ညွိထားတာက တစ္မ်ိဳး၊ ဒါေပမယ့္ တစ္ျခားအျပင္လူတစ္ေယာက္ရဲ႕ ဖိအားေၾကာင့္ ကေလးမျဖစ္မေန ယူလိုက္ရတာမ်ိဳးဆုိ၇င္ ကေလးရလာတဲ့အခါ စိတ္မတည္ၿငိမ္ေတာ့တာမ်ိဳး၊ ကိုယ့္ဆံုးျဖတ္ခ်က္ေၾကာင့္ မဟုတ္ဘဲ တစ္ျခားတစ္ဦးတစ္ေယာက္ေၾကာင့္ ဆိုတဲ့ အသိေၾကာင့္ပါ စိတ္ညစ္စရာေတြ ႀကံဳလာႏိုင္ပါတယ္။

၅။ကေလးမေမြးတာေၾကာင့္ လူရာမ၀င္ဘူးလုိ႔ ထင္စရာ မလိုပါဘူး။

ေယာက်ၤားယူထားၿပီး ကေလးမေမြးတာေၾကာင့္ လူေတြက ကိုယ့္ကို ထင္ခ်င္သလို ထင္ၾကပါေစ။ ဒါဟာကိုယ့္ဘ၀မုိ႔ ကိုယ့္စိတ္ထဲရွိတဲ့အတုိင္း ေနထုိင္တာ အေကာင္းဆံုးပါပဲ။

၆။သင္ဟာ အဆင္သင့္မျဖစ္ေသးဘူးဆိုရင္ ကေလးမယူသင့္ေသးပါဘူး။

ကိုယ့္အသက္က ငယ္လြန္းေနတယ္။ ဒါမွမဟုတ္ ကေလးတစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ဖုိ႔ အစစအရာရာ လုိအပ္ခ်က္ေတြ ရွိေနေသးတယ္လုိ႔ ယူဆရင္ မ်က္လံုးစံုမွိတ္ၿပီး ကေလးယူလုိက္တာမ်ိဳးေတြဘာေတြ မလုပ္ပါနဲ႔။

၇။ကေလးတစ္ေယာက္ေမြးေတာ့မယ္ဆိုရင္ ကုန္က်စရိတ္ေတြနဲ႔ အနာဂတ္ကိုပါ ထည့္တြက္ပါ။

ကေလးယူခ်င္တာပဲ သိတယ္။ ကေလးေမြးၿပီးတဲ့အခါ ဘယ္လုိ ျပဳစုပ်ိဳးေထာင္ရမယ္ဆုိတာလည္း မသိဘူး။ ၀င္ေငြဆိုတာကလည္း ေလာက္ေလာက္ငွငွ မရွိေသးဘူးဆိုပါေတာ့။ ဒီလိုအခ်ိန္မ်ိဳးမွာ ကေလးယူဖုိ႔ မစဥ္းစားသင့္ေသးပါဘူး။


Credit:trend myanmar

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ယောကျၤားယူပြီး ကလေးမွေးကိုမွေးရမယ်ဆိုတဲ့ ကိစ္စဟာ တယူသန်ဆန်လွန်းပါတယ်။ နှစ်ဦးစလုံးက ကလေးလိုချင်တာမျိုး မဟုတ်ပဲ အိမ်ကမိဘတွေကြောင့် စီးပွားရေးအဆင်မပြေပဲ ကလေးယူလိုက်ရတယ်ဆိုတာမျိုး၊ ဒါမှမဟုတ် ကိုယ်က ကလေးမယူချင်ပဲ ယောကျၤားကအတင်းယူမယ်ဆိုလို့ ယူလိုက်ရတာမျိုးတွေဟာ ခုလို ခေတ်ကြီးထဲမှာ မရှိသင့်တော့ပါဘူး။ ကိုယ်က လိုလိုလားလားမရှိပဲ၊ ဒါမှမဟုတ် ကလေးယူဖို့အတွက်တောင် အချိန်မပေးနိုင်လို့၊ စသဖြင့် အခက်အခဲတွေ ရှိနေတယ်ဆိုရင်တော့ ကလေးမယူပဲ အိမ်ထောင်ရေးကို ပိုအဆင်ပြေအောင် ညှိုနှိုင်းနေထိုင်သင့်ပါတယ်။ ကိုယ့်သဘောမပါပဲ တစ်ဦးတစ်ယောက်ကြောင့် ကလေးယူရတဲ့အဖြစ်မျိုးတော့ အရောက်မခံပါနဲ့။ ဒီတော့ ကလေးမယူတာဟာ အပြစ်တစ်ခုမဟုတ်သလို အောက်မှာဖော်ပြထားတဲ့အချက်တွေအတိုင်းဆိုရင်တော့ ကလေးယူဖို့ကိစ္စကို သေချာစဉ်းစားသင့်ပါပြီ။

၁။ဒါကိုယ့်ခန္ဓာကိုယ်၊ ဒါကိုယ့်ဘဝပါ။

ကိုယ့်စိတ်ဆန္ဒပါမှ ကလေးယူပါ။ ကိုယ့်ဘဝကို ကိုယ့်စိတ်တိုင်းကျ ဖန်တီးပါ။ ဒီကလေးဟာ ကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီး မွေးဖွားရမှာဖြစ်တာမို့ ကိုယ်တကယ်ကို လိုချင်တော့မှ ယူပါ။

၂။သင်ဟာ သိပ်အလုပ်ရှုပ်တဲ့သူလားဆိုတာ စဉ်းစားပါ။

တစ်နေ့တစ်နေ့ မနားရအောင် အလုပ်လုပ်ရတယ်။ နားရတဲ့အချိန်က အိပ်ချိန်လောက်ပဲ ရှိတယ်ဆိုရင် ဒီလိုလူမျိုးဟာ ကလေးယူဖို့ သေသေချာချာကို စဉ်းစားသင့်တဲ့အခြအနေပါ။

၃။သင်ဟာ လက်ရှိဘဝလေးကို ကျေနပ်ပျော်ရွှင်တယ်။

ခုလက်ရှိဘဝလေးဟာ သာယာတယ်။ ဘာအပူအပင်မှ မရှိဘူး။ ကိုယ့်ရဲ့ နေ့စဉ်ဘဝလေးကို ကျေနပ်နေတယ်လို့ ခံစားမိရင် ကလေးယူခါနီး စဉ်းစားပါ။ ကလေးယူလိုက်မယ်ဆိုရင် ဒါတွေဟာ ပြောင်းလဲသွားနိုင်တယ်ဆိုတာကို စဉ်းစားပါ။

၄။ကလေးယူဖို့အတွက် ကိုယ့်အမျိုးသားကလွဲပြီး တခြားသူတွေ ဖိအားပေးခြင်းမျိုး လက်မခံပါနဲ့။

ကိုယ်နဲ့ကိုယ်ခင်ပွန်း နှစ်ယောက်ကြား ညှိထားတာက တစ်မျိုး၊ ဒါပေမယ့် တစ်ခြားအပြင်လူတစ်ယောက်ရဲ့ ဖိအားကြောင့် ကလေးမဖြစ်မနေ ယူလိုက်ရတာမျိုးဆို၇င် ကလေးရလာတဲ့အခါ စိတ်မတည်ငြိမ်တော့တာမျိုး၊ ကိုယ့်ဆုံးဖြတ်ချက်ကြောင့် မဟုတ်ဘဲ တစ်ခြားတစ်ဦးတစ်ယောက်ကြောင့် ဆိုတဲ့ အသိကြောင့်ပါ စိတ်ညစ်စရာတွေ ကြုံလာနိုင်ပါတယ်။

၅။ကလေးမမွေးတာကြောင့် လူရာမဝင်ဘူးလို့ ထင်စရာ မလိုပါဘူး။

ယောကျၤားယူထားပြီး ကလေးမမွေးတာကြောင့် လူတွေက ကိုယ့်ကို ထင်ချင်သလို ထင်ကြပါစေ။ ဒါဟာကိုယ့်ဘဝမို့ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း နေထိုင်တာ အကောင်းဆုံးပါပဲ။

၆။သင်ဟာ အဆင်သင့်မဖြစ်သေးဘူးဆိုရင် ကလေးမယူသင့်သေးပါဘူး။

ကိုယ့်အသက်က ငယ်လွန်းနေတယ်။ ဒါမှမဟုတ် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ အစစအရာရာ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ယူဆရင် မျက်လုံးစုံမှိတ်ပြီး ကလေးယူလိုက်တာမျိုးတွေဘာတွေ မလုပ်ပါနဲ့။

၇။ကလေးတစ်ယောက်မွေးတော့မယ်ဆိုရင် ကုန်ကျစရိတ်တွေနဲ့ အနာဂတ်ကိုပါ ထည့်တွက်ပါ။

ကလေးယူချင်တာပဲ သိတယ်။ ကလေးမွေးပြီးတဲ့အခါ ဘယ်လို ပြုစုပျိုးထောင်ရမယ်ဆိုတာလည်း မသိဘူး။ ဝင်ငွေဆိုတာကလည်း လောက်လောက်ငှငှ မရှိသေးဘူးဆိုပါတော့။ ဒီလိုအချိန်မျိုးမှာ ကလေးယူဖို့ မစဉ်းစားသင့်သေးပါဘူး။


Credit:trend myanmar



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top