iMyanmarHouse.com - Best Property Website for Myanmar
×

က်န္းမာေရးနဲ႔ ညီညြတ္တဲ့အစားအေသာက္ေတြကို စားေပးဖို႔ အေရးႀကီးပါတယ္။ ဒါေၾကာင့္ ေသြးဆံုးခ်ိန္ေရာ ေသြး ဆံုးျပီးခ်ိန္ မွာပါ က်န္းမာရႊင္လန္းျပီး စိတ္ပိုင္းဆိုင္ရာ အားငယ္မႈကင္းေစဖို႔ ေအာက္ပါနည္းေတြကို လိုက္နာ သင့္ပါတယ္။

၁။ ပဲႏို႔မ်ားမ်ား စားပါ

ပဲပိစပ္မွာပါတဲ့ အိုက္ဆိုဖေလဗိုးဟာ အမ်ိဳးသမီးေတြ ေသြးဆံုးခ်ိန္မွာ ျဖစ္တတ္တဲ့ ေခၽြးထြက္လြန္ျပီး တစ္ကိုယ္လံုး ပူေႏြးမႈကို ေလ်ာ့က်ေစတယ္လို႔ အမ်ိဳးသမီးအမ်ားစုက ယံုၾကည္ၾကပါတယ္။ အစားအစာထဲမွာ ပဲပိစပ္ထည့္စားမႈမ်ားတဲ့ အမ်ိဳးသမီးေတြက စားသံုးမႈနည္းတဲ့ အမ်ိဳးသမီးေတြထက္ ေသြးဆံုးခ်ိန္မွာ တစ္ကိုယ္လံုး ေခၽြးထြက္ျပီး ပူေႏြးမႈအျဖစ္နည္းတာကို ေတြ႔ရွိရတယ္လို႔ ေလ့လာမႈအရ သိရပါတယ္။ ပဲပိစပ္မွာ ပရိုတင္းဓာတ္နဲ႔ အိုမီဂါ ၃ ဖက္တီးအက္စစ္ အမ်ားအျပားပါဝင္ေနျပီး ႏွလံုးက်န္းမာေရးအတြက္ အမ်ားအျပားပါဝင္ေနျပီး ႏွလံုးက်န္းမာေရးအတြက္ အေရးပါပါတယ္။

၂။ ဗီတာမင္ အီး မွီဝဲပါ
သုေတသနျပဳထားတဲ့ ေလ့လာမႈေတြအရ အမ်ိဳးသမီးေတြ ေသြးဆံုးခ်ိန္မွာ တစ္ကိုယ္လံုး ေခၽြးထြက္လြန္ျပီး ပူေႏြးတာကို သက္သာဖို႔အတြက္ ဗီတာမင္အီးလည္း အေရးပါေၾကာင္း သိရပါတယ္။ ဗီတာမင္အီး ရရွိေအာင္ အခြံမာသီး၊ အေစ့အဆန္၊ သံလြင္သီး၊ ေျပာင္းနဲ႔ ေရကညြတ္တို႔ကို မ်ားမ်ားစားေပးသင့္ပါတယ္။

၃။ အိုမီဂါ ၃ ဖက္တီးအက္စ္ မွီဝဲပါ

အိုမီဂါ ၃-ဖက္တီးအက္စစ္လို က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အဆီဓာတ္ကို ဆယ္လ္မြန္ငါးနဲ႔ တူနာငါးေတြလို အဆီမ်ားတဲ့ ငါးေတြစားကာ ရယူႏိုင္ပါတယ္။ သီဟိုဠ္ေစ့၊ ပဲပိစပ္၊ ဂ်ံဳေစ့ စတာေတြထဲမွာလည္း အိုမီဂါ ၃-ဖက္တီးအက္စစ္ ပါဝင္ပါတယ္။ အိုမီဂါ ၃-ဖက္တီးအက္စစ္ဟာ ေသြးဆံုးခ်ိန္ ေဝဒနာေတြကို သက္သာေစ တယ္လို႔ ေလ့လာသူတခ်ိဳ႔က ဆိုပါတယ္။

၄။ အမွ်င္ဓာတ္ မ်ားမ်ားစားပါ

အမွ်င္ဓာတ္မ်ားစြာပါတဲ့ အစားအစာေတြက အစာေျခစနစ္ရဲ႔ လုပ္ငန္းေဆာင္တာေတြ က်န္းမာေစဖို႔ အေရး ပါျပီး ႏွလံုးကို က်န္းမာေစကာ ေခၽြးထြက္လြန္ျပီး တစ္ကိုယ္လံုးပူေႏြးတဲ့ ေသြးဆံုးေဝဒနာကို သက္သာေစ ပါတယ္။ ဒါေၾကာင့္ ေန႔စဥ္ သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္ ငါးႀကိမ္၊ အညိဳေရာင္ ေပါင္မုန္႔နဲ႔ ေကြကာတို႔ကို စားေပးဖို႔ လိုပါတယ္။ သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္တို႔မွာ ဗီတာမင္၊ သတၳဳဓာတ္နဲ႔ ဘိုအိုဖေလဗိုးႏိြဳက္တို႔ အျပည့္အဝပါဝင္ေနျပီး က်န္းမာကာ စိတ္ေက်နပ္မႈရေအာင္ အေထာက္အပံ႔ေပးႏိုင္ပါတယ္။

၅။ ကယ္လ္စီယမ္ မွီဝဲပါ

ေသြးဆံုးျပီးခ်ိန္မွာ အရိုးသိပ္သည္းဆက ေလ်ာ့က်လာတာေၾကာင့္ အရိုးေတြ သန္စြမ္းက်န္းမာဖို႔အတြက္ ကယ္လ္စီယမ္ကို လိုအပ္ပါတယ္။ ကယ္လ္စီယမ္ဓာတ္ ရရွိဖို႔အတြက္ ေန႔စဥ္အဆီနည္း ႏို႔နဲ႔ ႏို႔ထြက္ပစၥည္း ကို မွီဝဲသင့္ပါတယ္။ ဒိန္ခ်ဥ္ကို လတ္ဆတ္တဲ့ သစ္သီးဝလံေတြ၊ အခြံမာသီးေတြ ထည့္ျပီးစားတာ၊ ဟင္း ရြက္သုပ္ထဲ အဆီမပါ ဒိန္ခဲထည့္စားတာေတြကို လုပ္ေဆာင္ေပးပါ။ အစိမ္းရင့္ေရာင္ အရြက္ေတြထဲမွာ လည္း ကယ္လ္စီယမ္ ပါဝင္ပါတယ္။

၆။ ျဖည့္စြက္ေဆး မွီဝဲပါ

က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအစာကို စားေပးတာက ေန႔စဥ္လိုအပ္တဲ့ ဗီတာမင္နဲ႔ သတၳဳဓာတ္ကို ရရွိဖို႔ အေကာင္းဆံုးနည္းပါ။ တကယ္လို႔ သင္စားတဲ့ အစားအေသာက္က အာဟာရမျပည့္ဝဘူးထင္ရင္
ျဖည့္စြက္ေဆးကို မွီဝဲေပးသင့္ပါတယ္။

၇။ ေအာက္ပါအစာမ်ားကို ေရွာင္ပါ

ကဖင္းဓာတ္၊ အယ္လ္ကိုေဟာ နဲ႔ ဟင္းခတ္အေမႊးအႀကိဳင္ေတြ ပါဝင္တဲ့ တခ်ိဳ႔ အစားအေသာက္ေတြက
ေသြးဆံုးခ်ိန္ေဝဒနာကို ပိုမိုဆိုးရြားေစပါတယ္။ အပူအစပ္ကို ေလွ်ာ့စားပါ။ အရက္ကို လံုးဝမေသာက္ပါနဲ႔။

Credit : lyhealthcare
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

 Unicode Version

ရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေကို စားပေးဖို့ အရေးကြီးပါတယ်။ ဒါကြောင့် သွေးဆုံးချိန်ရော သွေး ဆုံးပြီးချိန် မှာပါ ကျန်းမာရွှင်လန်းပြီး စိတ်ပိုင်းဆိုင်ရာ အားငယ်မှုကင်းစေဖို့ အောက်ပါနည်းတွေကို လိုက်နာ သင့်ပါတယ်။

၁။ ပဲနို့များများ စားပါ

ပဲပိစပ်မှာပါတဲ့ အိုက်ဆိုဖလေဗိုးဟာ အမျိုးသမီးတွေ သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ ချွေးထွက်လွန်ပြီး တစ်ကိုယ်လုံး ပူနွေးမှုကို လျော့ကျစေတယ်လို့ အမျိုးသမီးအများစုက ယုံကြည်ကြပါတယ်။ အစားအစာထဲမှာ ပဲပိစပ်ထည့်စားမှုများတဲ့ အမျိုးသမီးတွေက စားသုံးမှုနည်းတဲ့ အမျိုးသမီးတွေထက် သွေးဆုံးချိန်မှာ တစ်ကိုယ်လုံး ချွေးထွက်ပြီး ပူနွေးမှုအဖြစ်နည်းတာကို တွေ့ရှိရတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ပဲပိစပ်မှာ ပရိုတင်းဓာတ်နဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ် အများအပြားပါဝင်နေပြီး နှလုံးကျန်းမာရေးအတွက် အများအပြားပါဝင်နေပြီး နှလုံးကျန်းမာရေးအတွက် အရေးပါပါတယ်။

၂။ ဗီတာမင် အီး မှီဝဲပါ
သုတေသနပြုထားတဲ့ လေ့လာမှုတွေအရ အမျိုးသမီးတွေ သွေးဆုံးချိန်မှာ တစ်ကိုယ်လုံး ချွေးထွက်လွန်ပြီး ပူနွေးတာကို သက်သာဖို့အတွက် ဗီတာမင်အီးလည်း အရေးပါကြောင်း သိရပါတယ်။ ဗီတာမင်အီး ရရှိအောင် အခွံမာသီး၊ အစေ့အဆန်၊ သံလွင်သီး၊ ပြောင်းနဲ့ ရေကညွတ်တို့ကို များများစားပေးသင့်ပါတယ်။

၃။ အိုမီဂါ ၃ ဖက်တီးအက်စ် မှီဝဲပါ

အိုမီဂါ ၃-ဖက်တီးအက်စစ်လို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်ကို ဆယ်လ်မွန်ငါးနဲ့ တူနာငါးတွေလို အဆီများတဲ့ ငါးတွေစားကာ ရယူနိုင်ပါတယ်။ သီဟိုဠ်စေ့၊ ပဲပိစပ်၊ ဂျုံစေ့ စတာတွေထဲမှာလည်း အိုမီဂါ ၃-ဖက်တီးအက်စစ် ပါဝင်ပါတယ်။ အိုမီဂါ ၃-ဖက်တီးအက်စစ်ဟာ သွေးဆုံးချိန် ဝေဒနာတွေကို သက်သာစေ တယ်လို့ လေ့လာသူတချို့က ဆိုပါတယ်။

၄။ အမျှင်ဓာတ် များများစားပါ

အမျှင်ဓာတ်များစွာပါတဲ့ အစားအစာတွေက အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကျန်းမာစေဖို့ အရေး ပါပြီး နှလုံးကို ကျန်းမာစေကာ ချွေးထွက်လွန်ပြီး တစ်ကိုယ်လုံးပူနွေးတဲ့ သွေးဆုံးဝေဒနာကို သက်သာစေ ပါတယ်။ ဒါကြောင့် နေ့စဉ် သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ငါးကြိမ်၊ အညိုရောင် ပေါင်မုန့်နဲ့ ကွေကာတို့ကို စားပေးဖို့ လိုပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တို့မှာ ဗီတာမင်၊ သတ္ထုဓာတ်နဲ့ ဘိုအိုဖလေဗိုးနွိုက်တို့ အပြည့်အဝပါဝင်နေပြီး ကျန်းမာကာ စိတ်ကျေနပ်မှုရအောင် အထောက်အပံ့ပေးနိုင်ပါတယ်။

၅။ ကယ်လ်စီယမ် မှီဝဲပါ

သွေးဆုံးပြီးချိန်မှာ အရိုးသိပ်သည်းဆက လျော့ကျလာတာကြောင့် အရိုးတွေ သန်စွမ်းကျန်းမာဖို့အတွက် ကယ်လ်စီယမ်ကို လိုအပ်ပါတယ်။ ကယ်လ်စီယမ်ဓာတ် ရရှိဖို့အတွက် နေ့စဉ်အဆီနည်း နို့နဲ့ နို့ထွက်ပစ္စည်း ကို မှီဝဲသင့်ပါတယ်။ ဒိန်ချဉ်ကို လတ်ဆတ်တဲ့ သစ်သီးဝလံတွေ၊ အခွံမာသီးတွေ ထည့်ပြီးစားတာ၊ ဟင်း ရွက်သုပ်ထဲ အဆီမပါ ဒိန်ခဲထည့်စားတာတွေကို လုပ်ဆောင်ပေးပါ။ အစိမ်းရင့်ရောင် အရွက်တွေထဲမှာ လည်း ကယ်လ်စီယမ် ပါဝင်ပါတယ်။

၆။ ဖြည့်စွက်ဆေး မှီဝဲပါ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို စားပေးတာက နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်ကို ရရှိဖို့ အကောင်းဆုံးနည်းပါ။ တကယ်လို့ သင်စားတဲ့ အစားအသောက်က အာဟာရမပြည့်ဝဘူးထင်ရင်
ဖြည့်စွက်ဆေးကို မှီဝဲပေးသင့်ပါတယ်။

၇။ အောက်ပါအစာများကို ရှောင်ပါ

ကဖင်းဓာတ်၊ အယ်လ်ကိုဟော နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ပါဝင်တဲ့ တချို့ အစားအသောက်တွေက
သွေးဆုံးချိန်ဝေဒနာကို ပိုမိုဆိုးရွားစေပါတယ်။ အပူအစပ်ကို လျှော့စားပါ။ အရက်ကို လုံးဝမသောက်ပါနဲ့။

Credit : lyhealthcare

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top