လတ္ဆတ္တဲ့သစ္သီးေတြကို စားသံုးေပးျခင္းက ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစႏိုင္တဲ့အျပင္ ကိုယ္ခံအားစနစ္ကိုလည္း တုိးတက္ေစႏုိင္ပါတယ္။
႐ွိသင့္တဲ့ ကိုယ္အေလးခ်ိန္ထက္ ပိုေနလို႔ ဝိတ္ခ်ေတာ့မယ္ဆိုတာနဲ႔ ပိန္ေဆးေတြကို အရင္ဆံုးစဥ္းစားမိေနရင္ အဲ့ဒီအေတြးေတြကို ေမ့လိုက္ပါ။ လတ္ဆတ္တဲ့ သစ္သီးေတြန႔ဲ ဟင္းသီးဟင္း႐ြက္ေတြကသာ သင့္ရဲ႕ကိုယ္အေလးခ်ိန္ကို မွန္မွန္ကန္ကန္ ေလွ်ာ့ခ်ေပးႏိုင္ပါလိမ့္မယ္။ ဒီေတာ့ ဝိတ္ခ်မယ္လို႔ စိတ္ကူးေနရင္ ဒီသစ္သီးေတြကို စားေပးဖုိ႔လိုပါတယ္။
၁။ ေထာပတ္သီး
ဝိတ္ခ်ေနတယ္ဆုိရင္ေတာ့ ေထာပတ္သီးကို မစားမျဖစ္ စားေပးရပါမယ္။ Omega 9 fatty acid ေတြ ပါဝင္ေနၿပီး အဆီေတြကို ေလာင္ကၽြမ္းေပးႏိုင္တဲ့အျပင္ ကိုယ္ခံစြမ္းအားကိုပါ ျမႇင့္တင္ေပးႏိုင္လို႔ပါ။
၂။ သံပ႐ိုသီး
သံပ႐ိုနဲ႔ ပ်ားရည္ ေပါင္းစပ္ထားတဲ့ ဝိတ္က်ေဆးထက္ အစြမ္းထက္တာ ဘယ္မွာမွမ႐ွိပါဘူး။ ဗီတာမင္ B နဲ႔ သတၱဳဓာတ္ေတြအျပင္ မဂၢနီစီယံနဲ႔ ေဖာ့စ္ေဖာရပ္တို႔လည္း ပါဝင္ေနပါေသးတယ္။ ဗီတာမင္ C ကေတာ့ အထူးၾကြယ္ဝတဲ့အသီးေပါ့။ ပ်ားသံပ႐ိုကို မနက္တုိင္းေသာက္ေပးရင္ ဝိတ္လည္းက် အသားအရည္လည္းလွၿပီး လူကို ေပါ့ပါးလန္းဆန္းေစႏိုင္ပါတယ္။
၃။ ပန္းသီး
အစားေတြ မ်ားမ်ားမစားမိေအာင္ ပန္းသီးေလးစားထားေပးရင္ အိုေကတာေပါ့။
၄။ ဖရဲသီး
ဗီတာမင္ A၊ B၊ C တို႔ ပါဝင္ၿပီး လိုက္ကိုပိန္းလို႔ေခၚတဲ့ ႏွလံုးေရာဂါနဲ႔ ကင္ဆာကို ကြယ္ႏိုင္တဲ့အရာေတြလည္း ပါဝင္ေနပါတယ္။ သူလည္းပဲ ဝိတ္ခ်ေနသူေတြ မ်ားမ်ားစားရမယ့္ သစ္သီးပါ။
၅။ ငွက္ေပ်ာသီး
ငွက္ေပ်ာသီးေလးစားၿပီး ေရေသာက္လိုက္႐ံုနဲ႔ ဆာေလာင္မႈကို ေလ်ာ့ပါးေစႏိုင္ပါတယ္။ ဒါ့အျပင္ ကိုယ္တြင္းက အဆီေတြကိုလည္း ေလာင္ကၽြမ္းေပးႏိုင္ၿပီး ခႏၶာကိုယ္က လိုအပ္တဲ့စြမ္းအင္ေတြကိုလည္း ရ႐ွိေစပါတယ္။
၆။ ဂရိတ္ဖ႐ုသီး
သုေတသနရလဒ္ေတြအရ ဂရိတ္ဖ႐ုသီးကို ေန႔စဥ္စားေပးရင္ပဲ ဝိတ္က်ေစႏိုင္ေၾကာင္း သိရပါတယ္။
၇။ လိေမၼာ္သီး
ေရဓာတ္ပါဝင္မႈ မ်ားျပားၿပီး ကယ္လီနည္းပါးစြာ ပါဝင္ေနတဲ့သစ္သီးလည္း ျဖစ္ပါတယ္။ ဆာေလာင္မႈကို ထိန္းခ်ဳပ္ေပးႏိုင္ၿပီး နည္းနည္းစား႐ံုနဲ႔ ဗိုက္ျပည့္တဲ့အသီးမုိ႔ ခဲတစ္လံုး ငွက္ႏွစ္ေကာင္ထိသလိုပါပဲ။
၈။ နာနတ္သီး
ဓာတ္တိုးဆန္႔က်င္ဂုဏ္သတၱိေတြ႐ွိေနၿပီး အင္ဇုိင္းနဲ႔ သတၳဳဓာတ္ေတြလည္း ပါဝင္ေနတဲ့ နာနတ္သီးက ခ်ဥ္ခ်ိဳခ်ိဳေလးမုိ႔ စားလို႔လည္းေကာင္းပါတယ္။ ဆြဲေဆာင္အားေကာင္းတဲ့အန႔ံနဲ႔အတူ ဗီတာမင္ေတြအမ်ားႀကီးလည္း ႐ွိေနတာပါ။ အဆီနဲ႔ ကိုလက္စထေရာ လံုးဝမပါဘဲ အမွ်င္ဓာတ္မ်ားမ်ား ပါဝင္ေနလို႔ စားကိုစားေပးသင့္တဲ့အသီးပါ။
Credit: duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
လတ်ဆတ်တဲ့သစ်သီးတွေကို စားသုံးပေးခြင်းက ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း တိုးတက်စေနိုင်ပါတယ်။
ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုနေလို့ ဝိတ်ချတော့မယ်ဆိုတာနဲ့ ပိန်ဆေးတွေကို အရင်ဆုံးစဉ်းစားမိနေရင် အဲ့ဒီအတွေးတွေကို မေ့လိုက်ပါ။ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကသာ သင့်ရဲ့ကိုယ်အလေးချိန်ကို မှန်မှန်ကန်ကန် လျှော့ချပေးနိုင်ပါလိမ့်မယ်။ ဒီတော့ ဝိတ်ချမယ်လို့ စိတ်ကူးနေရင် ဒီသစ်သီးတွေကို စားပေးဖို့လိုပါတယ်။
၁။ ထောပတ်သီး
ဝိတ်ချနေတယ်ဆိုရင်တော့ ထောပတ်သီးကို မစားမဖြစ် စားပေးရပါမယ်။ Omega 9 fatty acid တွေ ပါဝင်နေပြီး အဆီတွေကို လောင်ကျွမ်းပေးနိုင်တဲ့အပြင် ကိုယ်ခံစွမ်းအားကိုပါ မြှင့်တင်ပေးနိုင်လို့ပါ။
၂။ သံပရိုသီး
သံပရိုနဲ့ ပျားရည် ပေါင်းစပ်ထားတဲ့ ဝိတ်ကျဆေးထက် အစွမ်းထက်တာ ဘယ်မှာမှမရှိပါဘူး။ ဗီတာမင် B နဲ့ သတ္တုဓာတ်တွေအပြင် မဂ္ဂနီစီယံနဲ့ ဖော့စ်ဖောရပ်တို့လည်း ပါဝင်နေပါသေးတယ်။ ဗီတာမင် C ကတော့ အထူးကြွယ်ဝတဲ့အသီးပေါ့။ ပျားသံပရိုကို မနက်တိုင်းသောက်ပေးရင် ဝိတ်လည်းကျ အသားအရည်လည်းလှပြီး လူကို ပေါ့ပါးလန်းဆန်းစေနိုင်ပါတယ်။
၃။ ပန်းသီး
အစားတွေ များများမစားမိအောင် ပန်းသီးလေးစားထားပေးရင် အိုကေတာပေါ့။
၄။ ဖရဲသီး
ဗီတာမင် A၊ B၊ C တို့ ပါဝင်ပြီး လိုက်ကိုပိန်းလို့ခေါ်တဲ့ နှလုံးရောဂါနဲ့ ကင်ဆာကို ကွယ်နိုင်တဲ့အရာတွေလည်း ပါဝင်နေပါတယ်။ သူလည်းပဲ ဝိတ်ချနေသူတွေ များများစားရမယ့် သစ်သီးပါ။
၅။ ငှက်ပျောသီး
ငှက်ပျောသီးလေးစားပြီး ရေသောက်လိုက်ရုံနဲ့ ဆာလောင်မှုကို လျော့ပါးစေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်တွင်းက အဆီတွေကိုလည်း လောင်ကျွမ်းပေးနိုင်ပြီး ခန္ဓာကိုယ်က လိုအပ်တဲ့စွမ်းအင်တွေကိုလည်း ရရှိစေပါတယ်။
၆။ ဂရိတ်ဖရုသီး
သုတေသနရလဒ်တွေအရ ဂရိတ်ဖရုသီးကို နေ့စဉ်စားပေးရင်ပဲ ဝိတ်ကျစေနိုင်ကြောင်း သိရပါတယ်။
၇။ လိမ္မော်သီး
ရေဓာတ်ပါဝင်မှု များပြားပြီး ကယ်လီနည်းပါးစွာ ပါဝင်နေတဲ့သစ်သီးလည်း ဖြစ်ပါတယ်။ ဆာလောင်မှုကို ထိန်းချုပ်ပေးနိုင်ပြီး နည်းနည်းစားရုံနဲ့ ဗိုက်ပြည့်တဲ့အသီးမို့ ခဲတစ်လုံး ငှက်နှစ်ကောင်ထိသလိုပါပဲ။
၈။ နာနတ်သီး
ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေရှိနေပြီး အင်ဇိုင်းနဲ့ သတ္ထုဓာတ်တွေလည်း ပါဝင်နေတဲ့ နာနတ်သီးက ချဉ်ချိုချိုလေးမို့ စားလို့လည်းကောင်းပါတယ်။ ဆွဲဆောင်အားကောင်းတဲ့အနံ့နဲ့အတူ ဗီတာမင်တွေအများကြီးလည်း ရှိနေတာပါ။ အဆီနဲ့ ကိုလက်စထရော လုံးဝမပါဘဲ အမျှင်ဓာတ်များများ ပါဝင်နေလို့ စားကိုစားပေးသင့်တဲ့အသီးပါ။
Credit: duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဝိတ္က်လိုသူမ်ား စားရမယ့္ သစ္သီး (၈) မ်ိဳး
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။