iMyanmarHouse.com - Best Property Website for Myanmar
×

အဲလို ေဆးမိရင္ ဘယ္လို နည္းနဲ႔ လြတ္ေအာင္ မိမိကိုယ္မိမိ ကာကြယ္ႏိုင္ေအာင္ ေဆာင္ရြက္သင့္တယ္ဆိုတာ ေရးျပမွ ေဆးေၾကာ္ညာ မျဖစ္မွာပါ ။။

(Date Rape Drugs သတိလစ္ေစရန္ ၿပဳလုပ္နုိင္တဲ့ေဆးဝါးမ်ား ထဲမွာ ေရးထားတာေတြျဖစ္ပါတယ္။)
ကိုယ္နဲ႔မသိသူမ်ားမွ တိုက္ေကၽြးတဲ့ ေဖ်ာ္ရည္၊ ေသာက္ေရစတဲ့ အရည္ေတြ မေသာက္ပါနဲ႔။ အေအးသံဗူးေတြကို ကိုယ္တိုင္ဖြင့္ျပီး ေသာက္ပါ။ ကိုယ္ပိုင္ ေသာက္ရည္နဲ႔ အေအးဗူးေတြကို ကိုယ္နဲ႔မကြာထားျပီး၊ အိမ္သာသြားရင္လဲ ယူသြားပါ။ အေအးနဲ႔ေရကို တျခားသူနဲ႔ မွ်ေဝမေသာက္ပါနဲ႔။ ေဖ်ာ္ရည္ေတြနဲ႔ လူအမ်ား စုေပါင္းေသာက္သံုးတဲ့ ခြက္ေတြ၊ ပုလင္းေတြထဲက အရည္ေတြကို မေသာက္ပါနဲ႔။ ထူးျခားတဲ့ အနံ႔နဲ႔ အရသာရွိတဲ့ ဘယ္အရည္ကိုမွ် မေသာက္ပါနဲ႔။ မ်ားေသာအားျဖင့္ GHB မွာ ငန္တဲ့အရသာ ရွိပါတယ္။ သႀကၤန္လိုအခ်ိန္မ်ဳိး သတိထားၾကပါ။

အကယ္၍ ေဆးခတ္ခံရသည္ သို႔မဟုတ္ အဓမၼက်င့္ခံရသည္ဟုထင္ပါက
• ရဲစခန္း သို႔မဟုတ္ ေဆး႐ုံသို႔ တိုက္႐ိုက္သြားပါ။
• ျဖစ္ႏိုင္သမွ် ခ်က္ျခင္း၊ ဆီးစစ္ေဆးမႈ ခံယူပါ။ ေဆးအာနိသင္သည္အလြန္လွ်င္ျမန္စြာ ပ်ယ္သြားႏိုင္ပါသည္။
• Rohypnol သည္ ခႏၶာကိုယ္အတြင္းတြင္နာရီေပါင္းမ်ားစြာ ေနႏိုင္ၿပီး ေဆးေသာက္သံုးၿပီး ၇၂ နာရီအတြင္းတြင္ ဆီးအတြင္း စစ္ေဆးေတြ႕ရွိႏိုင္ပါသည္။ GHB မွာမူ ၁၂ နာရီအထိသာခႏၶာကိုယ္အတြင္း ေနႏိုင္ပါသည္။
• တစ္စံုတစ္ရာ အကူအညီမရမခ်င္း ဆီးမသြားပါနဲ႔။ ေရေလာင္းေဆးျခင္း၊ ေရခ်ဳိးျခင္း၊ သို႔မဟုတ္ အဝတ္အစားလဲျခင္း၊ မျပဳလုပ္ပါနဲ႔။ ယင္းအရာမ်ားသည္ မုဒိမ္းက်င့္ခံရသည္ဆိုတဲ့ သက္ေသမ်ား ျဖစ္ပါသည္။
• အေရးေပၚဖုန္းနံပါတ္ သို႔မဟုတ္ ရဲဌာနသို႔ ဖုန္းေခၚပါ။ ရွက္ျခင္း၊၊အျပစ္ရွိသလို ခံစားရျခင္း၊၊ ေၾကာက္လန္႔ျခင္း၊နဲ႔ တုန္လႈပ္ျခင္းတို႔သည္ ပံုမွန္ျဖစ္တတ္ေသာ အရာမ်ား ျဖစ္ပါသည္။ ကၽြမ္းက်င္တဲ့ ပညာရွင္မ်ား၏ အႀကံဉာဏ္ ရရွိရန္ အေရးႀကီးပါသည္။
• အရက္ဆိုင္၊ ကလပ္ သို႔မဟုတ္ ပါတီပြဲမ်ားသို႔သြားလွ်င္ တစ္ဦးတည္းမသြားပါနဲ႔။ သူငယ္ခ်င္းမ်ား စုေပါင္း သြားျခင္း၊ျဖင့္ တစ္ဦးကို တစ္ဦးအျပန္အလွန္ ကူညီႏိုင္ပါသည္။
• သင့္စိတ္တြင္ ပံုမွန္မဟုတ္ဟု ခံစားရေသာ အျဖစ္အပ်က္မ်ားနဲ႔ ခပ္ေဝးေဝးတြင္သာေနပါ။
• သင္ အျပည့္အဝ ယံုၾကည္ႏိုင္ျခင္းမရွိသူထံမွ ဘယ္တိုက္ေကၽြးမႈကိုမွ် လက္မခံပါနဲ႔။
• သင္ေသာက္ေနေသာ ခြက္အား စိတ္ခ်ရေသာ ေစာင့္ၾကည့္ေပးမည့္သူမရွိဘဲ အိမ္သာသြားလွ်င္ပင္ ခ်န္မထားခဲ့ပါနဲ႔။
• အထက္ပါ ေဆးမ်ားအား အရက္အျပင္ အခ်ဳိရည္မ်ား၊ လက္ဘက္ရည္၊ ေကာ္ဖီနဲ႔ေခ်ာကလက္ေဖ်ာ္ရည္အပူ စတာထဲမွာ ထည့္ခတ္ႏိုင္ပါတယ္။ ခုခံႏိုင္စြမ္း မရွိေအာင္ ျပဳလုပ္ႏိုင္တဲ့ေဆးဝါး မ်ားစြာရွိၿပီး အမ်ားစုဟာ ေသာက္သံုးတဲ့ အရည္ထဲ အလြယ္တကူ မသိရွိႏိုင္ပါ။
• ပုလင္းအတြင္းမွ အရည္ကို ေသာက္သံုးၿပီး ပုလင္းအဝကို သင့္လက္မနဲ႔ပိတ္ထားျခင္းဟာ အေကာင္းဆံုးနည္းလမ္း ျဖစ္ပါတယ္။ ပုလင္းကို ေစာင့္ၾကည့္ေပးမည့္သူမရွိဘဲ ထားခဲ့ရင္ ပုလင္းအတြင္း ဘယ္သူက ဘာေတြ ထည့္လိုက္တယ္လို႔ သိရွိႏိုင္စြမ္း မရွိေတာ့ေပ။
• အကယ္၍ ထိုသို႔ထားခဲ့မိ၍ ျပန္လာတဲ့အခါ သင္၏ ပုလင္း သို႔မဟုတ္ ခြက္သည္ေနရာ ေရြ႕ေနျခင္း၊၊ ပံုစံေျပာင္းေနျခင္း၊၊ ျပည့္ေအာင္ ထပ္ျဖည့္ထားသည္ဟုထင္ရျခင္း၊ သို႔မဟုတ္ အရသာ ထူးျခားေနျခင္း၊တို႔ ေတြ႕ရွိရပါကဆက္လက္ေသာက္သံုးျခင္း၊ မျပဳပါနဲ႔။
• အရက္ဆိုင္၊ ကလပ္ သို႔မဟုတ္ ပါတီပြဲတြင္ ယခုမွ ေတြ႕ဖူးသူနဲ႔အတူ ျပန္ရမည္ဆိုပါက အထူးစဥ္းစားၿပီးမွ ဆံုးျဖတ္ပါ။
• တစ္ခြက္၊ ႏွစ္ခြက္မွ်နဲ႔ မူးလာသည္ဟု ခံစားလာရပါက ယံုၾကည္ရတဲ့ မိတ္ေဆြ၊ ကလပ္ကလံုၿခံဳေရးဝန္ထမ္း ဒါမွမဟုတ္ အရက္ဆိုင္ အုပ္ခ်ဳပ္သူမ်ားထံကအကူအညီ ရယူပါ။ လံုၿခံဳစိတ္ခ်ရတဲ့ေနရာကို ျဖစ္ႏိုင္သမွ် ျမန္ျမန္ ေရာက္ရွိဘို႔ အေရးႀကီးပါတယ္။
• သင္အကူအညီေတာင္းမည့္သူသည္ မည္မွ်ၾကာေအာင္ပင္ သိရွိေနခဲ့သူ ျဖစ္ေစကာမူလံုးဝယံုၾကည္ရသူ ဟုတ္ မဟုတ္ ေသခ်ာစြာ ဆင္ျခင္သံုးသပ္ပါ။
• က်ားမ မေရြး ေဆးခတ္ခံရႏိုင္ပါတယ္။

ဒါေတြက ေဆးဝါး အသံုးျပဳျပီး လိင္ပိုင္းဆိုင္ရာက်ဴးလြန္ျခင္းအႏၱရာယ္ကို ေလွ်ာ့ခ်ဘို႔ နည္းလမ္းေတြ ျဖစ္ပါတယ္။ သင္အျပင္သြားတဲ့အခါတိုင္း အဲဒီအခ်က္အလက္ေတြကို မွတ္မိႏိုင္လိမ့္မယ္လို႔ မေမွ်ာ္လင့္ပါနဲ႔။ ဒါေၾကာင့္ ဘယ္အခ်ိန္မွာမဆို အထူးဂ႐ုျပဳသင့္ပါေၾကာင္း။

Credit: ေဒါက္တာတင့္ေဆြ

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အဲလို ဆေးမိရင် ဘယ်လို နည်းနဲ့ လွတ်အောင် မိမိကိုယ်မိမိ ကာကွယ်နိုင်အောင် ဆောင်ရွက်သင့်တယ်ဆိုတာ ရေးပြမှ ဆေးကြော်ညာ မဖြစ်မှာပါ ။။

(Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်တဲ့ဆေးဝါးများ ထဲမှာ ရေးထားတာတွေဖြစ်ပါတယ်။)
ကိုယ်နဲ့မသိသူများမှ တိုက်ကျွေးတဲ့ ဖျော်ရည်၊ သောက်ရေစတဲ့ အရည်တွေ မသောက်ပါနဲ့။ အအေးသံဗူးတွေကို ကိုယ်တိုင်ဖွင့်ပြီး သောက်ပါ။ ကိုယ်ပိုင် သောက်ရည်နဲ့ အအေးဗူးတွေကို ကိုယ်နဲ့မကွာထားပြီး၊ အိမ်သာသွားရင်လဲ ယူသွားပါ။ အအေးနဲ့ရေကို တခြားသူနဲ့ မျှဝေမသောက်ပါနဲ့။ ဖျော်ရည်တွေနဲ့ လူအများ စုပေါင်းသောက်သုံးတဲ့ ခွက်တွေ၊ ပုလင်းတွေထဲက အရည်တွေကို မသောက်ပါနဲ့။ ထူးခြားတဲ့ အနံ့နဲ့ အရသာရှိတဲ့ ဘယ်အရည်ကိုမျှ မသောက်ပါနဲ့။ များသောအားဖြင့် GHB မှာ ငန်တဲ့အရသာ ရှိပါတယ်။ သင်္ကြန်လိုအချိန်မျိုး သတိထားကြပါ။

အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် အဓမ္မကျင့်ခံရသည်ဟုထင်ပါက
• ရဲစခန်း သို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။
• ဖြစ်နိုင်သမျှ ချက်ခြင်း၊ ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါသည်။
• Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင် ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ်အတွင်း နေနိုင်ပါသည်။
• တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပါနဲ့။ ရေလောင်းဆေးခြင်း၊ ရေချိုးခြင်း၊ သို့မဟုတ် အဝတ်အစားလဲခြင်း၊ မပြုလုပ်ပါနဲ့။ ယင်းအရာများသည် မုဒိမ်းကျင့်ခံရသည်ဆိုတဲ့ သက်သေများ ဖြစ်ပါသည်။
• အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊၊အပြစ်ရှိသလို ခံစားရခြင်း၊၊ ကြောက်လန့်ခြင်း၊နဲ့ တုန်လှုပ်ခြင်းတို့သည် ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်တဲ့ ပညာရှင်များ၏ အကြံဉာဏ် ရရှိရန် အရေးကြီးပါသည်။
• အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနဲ့။ သူငယ်ချင်းများ စုပေါင်း သွားခြင်း၊ဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။
• သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနဲ့ ခပ်ဝေးဝေးတွင်သာနေပါ။
• သင် အပြည့်အဝ ယုံကြည်နိုင်ခြင်းမရှိသူထံမှ ဘယ်တိုက်ကျွေးမှုကိုမျှ လက်မခံပါနဲ့။
• သင်သောက်နေသော ခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူမရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနဲ့။
• အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနဲ့ချောကလက်ဖျော်ရည်အပူ စတာထဲမှာ ထည့်ခတ်နိုင်ပါတယ်။ ခုခံနိုင်စွမ်း မရှိအောင် ပြုလုပ်နိုင်တဲ့ဆေးဝါး များစွာရှိပြီး အများစုဟာ သောက်သုံးတဲ့ အရည်ထဲ အလွယ်တကူ မသိရှိနိုင်ပါ။
• ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်းအဝကို သင့်လက်မနဲ့ပိတ်ထားခြင်းဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပုလင်းကို စောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့ရင် ပုလင်းအတွင်း ဘယ်သူက ဘာတွေ ထည့်လိုက်တယ်လို့ သိရှိနိုင်စွမ်း မရှိတော့ပေ။
• အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာတဲ့အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊၊ ပုံစံပြောင်းနေခြင်း၊၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း၊ သို့မဟုတ် အရသာ ထူးခြားနေခြင်း၊တို့ တွေ့ရှိရပါကဆက်လက်သောက်သုံးခြင်း၊ မပြုပါနဲ့။
• အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနဲ့အတူ ပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
• တစ်ခွက်၊ နှစ်ခွက်မျှနဲ့ မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရတဲ့ မိတ်ဆွေ၊ ကလပ်ကလုံခြုံရေးဝန်ထမ်း ဒါမှမဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံကအကူအညီ ရယူပါ။ လုံခြုံစိတ်ချရတဲ့နေရာကို ဖြစ်နိုင်သမျှ မြန်မြန် ရောက်ရှိဘို့ အရေးကြီးပါတယ်။
• သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူ ဖြစ်စေကာမူလုံးဝယုံကြည်ရသူ ဟုတ် မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။
• ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါတယ်။

ဒါတွေက ဆေးဝါး အသုံးပြုပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအန္တရာယ်ကို လျှော့ချဘို့ နည်းလမ်းတွေ ဖြစ်ပါတယ်။ သင်အပြင်သွားတဲ့အခါတိုင်း အဲဒီအချက်အလက်တွေကို မှတ်မိနိုင်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ဒါကြောင့် ဘယ်အချိန်မှာမဆို အထူးဂရုပြုသင့်ပါကြောင်း။

Credit: ဒေါက်တာတင့်ဆွေ



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top