iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူေတြစံုတြဲေတြ၊ လင္မယားေတြၾကားထဲမွာ တစ္ဦးဦးရဲ႕ ဝၿဖိဳးလာျခင္းဟာ လက္တြဲေဖာ္ရဲ႕ စိတ္အေျခအေနနဲ႔ ဆက္စပ္ေနတယ္လို႔ သုေတသီိေတြက ထုတ္ေဖာ္လုိက္ပါတယ္။

တစ္နည္းေျပာရရင္ လက္တြဲေဖာ္မွာ ႀကံဳေတြ႔ေနရတဲ့ စိတ္ဖိအားေတြ၊ အဆင္မေျပမႈေတြနဲ႔ မိမိကုိယ္အေလးခ်ိန္တက္လာျခင္း ဆက္စပ္မႈ ရွိတယ္လုိ႔ ဆုိတာပါ။ အဆုိပါ သုေတသနကို မီခ်ီဂန္တကၠသိုလ္ရဲ႕ လူမႈေရးရာ သုေတသနလုပ္ငန္းအတြက္ ျပဳလုပ္ခဲ့ရာမွာ ဒီအေျဖထြက္လာခဲ့တာပါ။ ဝိတ္တက္လာရျခင္းရဲ႕ အေၾကာင္းအမ်ိဳးမ်ိဳးရွိပါတယ္။ ကိုယ္တုိင္စိတ္ဖိစီးျခင္း၊ စားေသာက္ပံုမမွန္ျခင္း စတာေတြေၾကာင့္ ျဖစ္ႏိုင္ေခ်မ်ားေပမဲ့ အခုေတြ႔ရွိခ်က္ကေတာ့ အသစ္အဆန္းတစ္ခု ျဖစ္ေနပါတယ္။

လူေပါင္း ႏွစ္ေထာင္ေက်ာ္ကို ေလးႏွစ္ၾကာအခ်ိန္ယူ သုေတသနလုပ္ခဲ့တာပါ။ ပါဝင္ေျဖဆိုသူေတြရဲ႕ စိတ္အေျခအေန၊ စီးပြားေရးအေျခေန၊ ကိုယ္အေလးခ်ိန္ စတာေတြကို မွတ္တမ္းလုပ္ထားၿပီး ပံုမွန္ ေတြ႔ဆံုေမးျမန္းမႈေတြ လုပ္ခဲ့ၾကပါတယ္။

ေလးႏွစ္ၾကာတဲ့အခါ အမ်ိဳးသား ၆၆ ရာခိုင္ႏႈန္းနဲ႔ အမ်ိဳးသမီး ၇၀ ရာခိုင္ႏႈန္းက အရင္ထက္ပိုဝလာၿပီး အဝလြန္ေရာဂါကိုေတာင္ ခံစားရဖို႔ အႏၱရာယ္ျမင့္မားေနခဲ့ပါတယ္။ ေနာက္ဆံုး အေျဖထုတ္လိုက္တဲ့အခါမွာေတာ့ ကိုယ့္ရဲ႕စိတ္ဖိစီးမႈေတြေၾကာင့္လည္း ကုိယ္အေလးခ်ိန္ တိုးလာႏုိင္ေခ်ထက္ ကိုယ့္လက္တြဲေဖာ္ရဲ႕ အဆင္မေျပမႈနဲ႔ စိတ္ဖိစီးမႈေတြက ကိုယ့္ရဲ႕ကိုယ္အေလးခ်ိန္ တိုးလာမႈအေပၚ ပိုၿပီး သက္ေရာက္မႈ ရွိေနတယ္လို႔ သုေတသီေတြက ဆိုပါတယ္။

လက္တြဲေဖာ္ႏွစ္ဦးမွာ တစ္ဦးဦးက အဆင္မေျပမႈ မ်ားခဲ့ရင္ အျခားတစ္ဦးကို ဝိတ္တတ္လာေစတဲ့ဆိုတဲ့ သေဘာျဖစ္ပါတယ္။

Credit : Duwun

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချစ်သူတွေစုံတွဲတွေ၊ လင်မယားတွေကြားထဲမှာ တစ်ဦးဦးရဲ့ ဝဖြိုးလာခြင်းဟာ လက်တွဲဖော်ရဲ့ စိတ်အခြေအနေနဲ့ ဆက်စပ်နေတယ်လို့ သုတေသီတွေက ထုတ်ဖော်လိုက်ပါတယ်။

တစ်နည်းပြောရရင် လက်တွဲဖော်မှာ ကြုံတွေ့နေရတဲ့ စိတ်ဖိအားတွေ၊ အဆင်မပြေမှုတွေနဲ့ မိမိကိုယ်အလေးချိန်တက်လာခြင်း ဆက်စပ်မှု ရှိတယ်လို့ ဆိုတာပါ။ အဆိုပါ သုတေသနကို မီချီဂန်တက္ကသိုလ်ရဲ့ လူမှုရေးရာ သုတေသနလုပ်ငန်းအတွက် ပြုလုပ်ခဲ့ရာမှာ ဒီအဖြေထွက်လာခဲ့တာပါ။ ဝိတ်တက်လာရခြင်းရဲ့ အကြောင်းအမျိုးမျိုးရှိပါတယ်။ ကိုယ်တိုင်စိတ်ဖိစီးခြင်း၊ စားသောက်ပုံမမှန်ခြင်း စတာတွေကြောင့် ဖြစ်နိုင်ချေများပေမဲ့ အခုတွေ့ရှိချက်ကတော့ အသစ်အဆန်းတစ်ခု ဖြစ်နေပါတယ်။

လူပေါင်း နှစ်ထောင်ကျော်ကို လေးနှစ်ကြာအချိန်ယူ သုတေသနလုပ်ခဲ့တာပါ။ ပါဝင်ဖြေဆိုသူတွေရဲ့ စိတ်အခြေအနေ၊ စီးပွားရေးအခြေနေ၊ ကိုယ်အလေးချိန် စတာတွေကို မှတ်တမ်းလုပ်ထားပြီး ပုံမှန် တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ကြပါတယ်။

လေးနှစ်ကြာတဲ့အခါ အမျိုးသား ၆၆ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၇၀ ရာခိုင်နှုန်းက အရင်ထက်ပိုဝလာပြီး အဝလွန်ရောဂါကိုတောင် ခံစားရဖို့ အန္တရာယ်မြင့်မားနေခဲ့ပါတယ်။ နောက်ဆုံး အဖြေထုတ်လိုက်တဲ့အခါမှာတော့ ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကြောင့်လည်း ကိုယ်အလေးချိန် တိုးလာနိုင်ချေထက် ကိုယ့်လက်တွဲဖော်ရဲ့ အဆင်မပြေမှုနဲ့ စိတ်ဖိစီးမှုတွေက ကိုယ့်ရဲ့ကိုယ်အလေးချိန် တိုးလာမှုအပေါ် ပိုပြီး သက်ရောက်မှု ရှိနေတယ်လို့ သုတေသီတွေက ဆိုပါတယ်။

လက်တွဲဖော်နှစ်ဦးမှာ တစ်ဦးဦးက အဆင်မပြေမှု များခဲ့ရင် အခြားတစ်ဦးကို ဝိတ်တတ်လာစေတဲ့ဆိုတဲ့ သဘောဖြစ်ပါတယ်။

Credit : Duwun



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top