iMyanmarHouse.com - Best Property Website for Myanmar
×

အပန္းေျဖခရီးထြက္တာပဲျဖစ္ျဖစ္၊ အလုပ္အတြက္ ခရီးသြားတဲ့အခါပဲျဖစ္ျဖစ္ ဘယ္လိုအေၾကာင္းမ်ိဳးနဲ႕ တည္းခိုခန္းမွာတည္းတည္း သင့္အေနနဲ႕ လံုး၀မလုပ္သင့္တဲ့ အရာေတြ ရွိပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက ကိုယ့္အိမ္ကုိယ္ရာကေန ဟိုတယ္တစ္ခုကို ေရာက္ျပီဆုိတာနဲ႕ ေန႕စဥ္လုပ္ေဆာင္ေနရတဲ့ အိမ္မႈကိစၥေတြ၊ လုပ္ငန္းေဆာင္တာေတြ ကင္းလြတ္ျပီဆုိတဲ့ စိတ္နဲ႕ လြတ္လြတ္လပ္လပ္ ေနခ်င္သလို ေနတတ္ၾကပါတယ္။ ဒါေပမယ့္ ဟိုတယ္ဆုိတာ ဘယ္ေလာက္ပဲ လြတ္လပ္ လြပ္လပ္၊ ဘယ္ေလာက္ပဲ သန္႕ရွင္း သန္႕ရွင္း ကိုယ့္အိမ္လုိေတာ့ စိတ္လြတ္ကိုယ္လြတ္မေနသင့္တဲ့ ေနရာပါ။ ဒီေတာ့ ဟိုတယ္တစ္ခုမွာ တည္းျပီဆုိတာနဲ႕ ဒီအခ်က္ေလးေတြ မလုပ္ေဆာင္မိဖုိ႕ သတိျပဳပါ။

၁။ ဟိုတယ္ခန္းထဲက Remote ေတြ၊ မီးခလုတ္ေတြကို ကိုင္ျပီးတာနဲ႕ လက္ကိုေရနဲ႕ ေသခ်ာေဆးပါ။

သင္တည္းတဲ့ ဟိုတယ္ခန္းက သန္႕ရွင္းေမႊးၾကိဳင္ေနတာမုိ႕ အထဲက ပစၥည္းအားလံုးကလညး္ သန္႕ရွင္းေနလိမ့္မယ္လို႕ တထစ္ခ်ေျပာလို႕ေတာ့ မရပါဘူး။ အထူးသျဖင့္ လက္ေပါင္းမ်ားစြာနဲ႕ ကိုင္ထားခဲ့တဲ့ Remote နဲ႕ မီးခလုတ္ေတြပါပဲ။ သန္႕ရွင္းေရး ၀န္ထမ္းေတြက အခန္းတြင္း အသစ္လဲစရာရွိတာေတြလဲ၊ သန္႕ရွင္းေရးေတြ လုပ္ခဲ့သည့္တုိင္ remoteေတြ၊ မီးခလုတ္ေတြ ကိုေတာ့ သူတုိ႕ သုတ္ေပးသြားတာမ်ိဳး၊ သန္႕ရွင္းေပးသြားတာမ်ိဳး လုပ္ျဖစ္မယ္ မထင္ပါဘူး။ ဒီေတာ့ အဲ့ဒီ remote ေတြ၊ မီးခလုတ္ေတြဟာ ဘယ္ေလာက္ညစ္ပတ္ေနမလဲ စဥ္းစားၾကည့္ပါ။ မျဖစ္မေန ကိုင္ျပီးသြားရင္လည္း သင့္လက္ကို ေသခ်ာေဆးေၾကာဖုိ႕ လိုအပ္ပါတယ္။

၂။ ဟိုတယ္အခန္းအတြင္းက ေစာင္ေတြကိုလည္း သတိထားသင့္ပါတယ္။

အခန္းထဲက အိပ္ယာေလးက ျဖဴေဖြးျပီး ပစ္လွဲခ်ခ်င္စရာ ေကာင္းတယ္လုိ႕ ခံစားရတယ္ဆိုရင္ေတာင္ အဲ့ဒီ အိပ္ယာေပၚက ေစာင္ကေတာ့ ျခံဳခ်င္စရာ သိပ္မေကာင္းလွပါဘူး။ ဟိုတယ္ေတာ္ေတာ္မ်ားမ်ားမွာ ေစာင္ေတြကို ဧည့္သည္တစ္ခါသံုးျပီး တစ္ခါေလ်ွာ္တာမ်ိဳး ရွားပါတယ္။ ဧည့္သည္ေလးဦးေျပာင္းမွ တစ္ခါ ေလ်ွာ္တာမ်ိဳးေတြ လုပ္တတ္တာေၾကာင့္ ေမြ႕ယာေပၚက ေစာင္ေတြကို အထူးသတိထားျခံဳပါ။ စိတ္မသန္႕ရင္ မျခံဳပါနဲ႕။

၃။ အခန္းထဲ အေရးၾကီးပစၥည္းေတြကို မထားခဲ့ပါနဲ႕။

နာမည္ၾကီး ဟိုတယ္ေတြမွာေတာင္ ပစၥည္းေပ်ာက္တာ၊ ပစၥည္းလဲလွယ္ထားတာမ်ိဳးေတြ မၾကာခဏျဖစ္ပ်က္ေနတာေၾကာင့္ ကိုယ့္အတြက္ အေရးၾကီးတဲ့ ပစၥည္းမွန္သမ်ွကို ဟိုတယ္အခန္းထဲက မထြက္ခင္ ေသခ်ာစစ္ေဆးျပီး ယူသြားတာ အေကာင္းဆံုးပါ။

၄။ အခန္းထဲက ဖန္ခြက္ေတြကို အသံုးမျပဳခင္ ေဆးေၾကာပါ။

ဟိုတယ္အခန္းထဲမွာ ထားေပးထားတဲ့ ဖန္ခြက္ေတြအားလံုးဟာ ေသခ်ာေဆးေၾကာထားတာ ဟုတ္မဟုတ္ ဘယ္သူမွ မသိႏိုင္ပါဘူး။ သန္႕ရွင္းေရး၀န္ထမ္းေတြက ေရေလးနဲ႕က်င္းျပီး ဒီအတုိင္းျပန္ထားထားတာမ်ိဳးေတြ ျဖစ္ႏိုင္တာေၾကာင့္ သံုးမယ္ဆုိရင္ ေသခ်ာေဆးေၾကာသန္႕စင္ျပီးမွသာ သံုးပါ။ ခုေနာက္ပိုင္း ပလတ္စတစ္ေသခ်ာပတ္ထားတဲ့ ဖန္ခြက္ေတြ ထားေပးထားတဲ့ ဟိုတယ္ေတြလည္း ရွိလာျပီမုိ႕ ဒါကေတာ့ နည္းနည္းစိတ္ခ်ရႏိုင္ပါတယ္။

၅။ ဟိုတယ္အခန္းထဲက ပစၥည္းေတြကို မယူပါနဲ႕။

သြားတိုက္တံ၊ သြားတုိက္ေဆး၊ ေခါင္းေလ်ွာ္ရည္ထုပ္ စတဲ့ တစ္ခါသံုးပစၥည္းေတြကို သင္ယူႏိုင္ေပမယ့္ အျခား မ်က္ႏွာသုတ္ပု၀ါတုိ႕၊ တဘက္တုိ႕ဘာတုိ႕ေတြကိုေတာ့ သင္ check-out လုပ္တဲ့အခါ သယ္မသြားသင့္ပါဘူး။ ဒါကို စစ္ေဆးေတြ႕ရွိသြားရင္ ဟိုတယ္က သင့္ကို အသစ္ေစ်းအတုိင္းေတာင္းတာမ်ိဳးေတြ လုပ္ပါလိမ့္မယ္။ ဒီေတာ့ လုိခ်င္တယ္ဆိုရင္ ဟိုတယ္မွာ အပိုေရာင္းေပး၊ မေပးေမးျပီး ၀ယ္လိုက္တာ ေကာင္းပါတယ္။ အခန္းထဲကဟာေတြကိုေတာ့ မယူပါနဲ႕။

၆။ တယ္လီဖုန္းကိုလည္း သန္႕ရွင္ေးပးဖုိ႕ လုိပါတယ္။

ဟိုတယ္အခန္းထဲက တယ္လီဖုန္းေတြကလည္း ေရွ႕မွာ လူေပါင္းမ်ားစြာ ကိုင္ထားဖူးတယ္ဆုိတာ မေမ့ပါနဲ႕။ ဒါေၾကာင့္ သံုးမယ္ဆိုရင္ တစ္ရႈး ဒါမွမဟုတ္ အ၀တ္သန္႕သန္႕တစ္ခုနဲ႕ သုတ္ျပီးေတာ့မွသာ သံုးသင့္ပါတယ္။

၇။ အခန္းနံပါတ္ကုိ ဘယ္သူ႕ကိုမွ မေျပာပါနဲ႕။

သင္တည္းတဲ့ ဟိုတယ္ကို သူစိမ္းသိသြားတာ ကိစၥမရွိေသးေပမယ့္ သင့္ရဲ႕အခန္းနံပါတ္ကို သူတစ္ပါး သိတာ ဘယ္လိုမွမေကာင္းပါဘူး။ ျဖစ္ႏိုင္ရင္ သူစိမ္းေတြေရွ႕မွာ သင့္အခန္းနံပါတ္ကို မေျပာမိဖုိ႕ သတိထားပါ။

Credit:Trend Myanmar
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အပန်းဖြေခရီးထွက်တာပဲဖြစ်ဖြစ်၊ အလုပ်အတွက် ခရီးသွားတဲ့အခါပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းမျိုးနဲ့ တည်းခိုခန်းမှာတည်းတည်း သင့်အနေနဲ့ လုံးဝမလုပ်သင့်တဲ့ အရာတွေ ရှိပါတယ်။ လူတော်တော်များများက ကိုယ့်အိမ်ကိုယ်ရာကနေ ဟိုတယ်တစ်ခုကို ရောက်ပြီဆိုတာနဲ့ နေ့စဉ်လုပ်ဆောင်နေရတဲ့ အိမ်မှုကိစ္စတွေ၊ လုပ်ငန်းဆောင်တာတွေ ကင်းလွတ်ပြီဆိုတဲ့ စိတ်နဲ့ လွတ်လွတ်လပ်လပ် နေချင်သလို နေတတ်ကြပါတယ်။ ဒါပေမယ့် ဟိုတယ်ဆိုတာ ဘယ်လောက်ပဲ လွတ်လပ် လွပ်လပ်၊ ဘယ်လောက်ပဲ သန့်ရှင်း သန့်ရှင်း ကိုယ့်အိမ်လိုတော့ စိတ်လွတ်ကိုယ်လွတ်မနေသင့်တဲ့ နေရာပါ။ ဒီတော့ ဟိုတယ်တစ်ခုမှာ တည်းပြီဆိုတာနဲ့ ဒီအချက်လေးတွေ မလုပ်ဆောင်မိဖို့ သတိပြုပါ။

၁။ ဟိုတယ်ခန်းထဲက Remote တွေ၊ မီးခလုတ်တွေကို ကိုင်ပြီးတာနဲ့ လက်ကိုရေနဲ့ သေချာဆေးပါ။

သင်တည်းတဲ့ ဟိုတယ်ခန်းက သန့်ရှင်းမွှေးကြိုင်နေတာမို့ အထဲက ပစ္စည်းအားလုံးကလည်း သန့်ရှင်းနေလိမ့်မယ်လို့ တထစ်ချပြောလို့တော့ မရပါဘူး။ အထူးသဖြင့် လက်ပေါင်းများစွာနဲ့ ကိုင်ထားခဲ့တဲ့ Remote နဲ့ မီးခလုတ်တွေပါပဲ။ သန့်ရှင်းရေး ဝန်ထမ်းတွေက အခန်းတွင်း အသစ်လဲစရာရှိတာတွေလဲ၊ သန့်ရှင်းရေးတွေ လုပ်ခဲ့သည့်တိုင် remoteတွေ၊ မီးခလုတ်တွေ ကိုတော့ သူတို့ သုတ်ပေးသွားတာမျိုး၊ သန့်ရှင်းပေးသွားတာမျိုး လုပ်ဖြစ်မယ် မထင်ပါဘူး။ ဒီတော့ အဲ့ဒီ remote တွေ၊ မီးခလုတ်တွေဟာ ဘယ်လောက်ညစ်ပတ်နေမလဲ စဉ်းစားကြည့်ပါ။ မဖြစ်မနေ ကိုင်ပြီးသွားရင်လည်း သင့်လက်ကို သေချာဆေးကြောဖို့ လိုအပ်ပါတယ်။

၂။ ဟိုတယ်အခန်းအတွင်းက စောင်တွေကိုလည်း သတိထားသင့်ပါတယ်။

အခန်းထဲက အိပ်ယာလေးက ဖြူဖွေးပြီး ပစ်လှဲချချင်စရာ ကောင်းတယ်လို့ ခံစားရတယ်ဆိုရင်တောင် အဲ့ဒီ အိပ်ယာပေါ်က စောင်ကတော့ ခြုံချင်စရာ သိပ်မကောင်းလှပါဘူး။ ဟိုတယ်တော်တော်များများမှာ စောင်တွေကို ဧည့်သည်တစ်ခါသုံးပြီး တစ်ခါလျှော်တာမျိုး ရှားပါတယ်။ ဧည့်သည်လေးဦးပြောင်းမှ တစ်ခါ လျှော်တာမျိုးတွေ လုပ်တတ်တာကြောင့် မွေ့ယာပေါ်က စောင်တွေကို အထူးသတိထားခြုံပါ။ စိတ်မသန့်ရင် မခြုံပါနဲ့။

၃။ အခန်းထဲ အရေးကြီးပစ္စည်းတွေကို မထားခဲ့ပါနဲ့။

နာမည်ကြီး ဟိုတယ်တွေမှာတောင် ပစ္စည်းပျောက်တာ၊ ပစ္စည်းလဲလှယ်ထားတာမျိုးတွေ မကြာခဏဖြစ်ပျက်နေတာကြောင့် ကိုယ့်အတွက် အရေးကြီးတဲ့ ပစ္စည်းမှန်သမျှကို ဟိုတယ်အခန်းထဲက မထွက်ခင် သေချာစစ်ဆေးပြီး ယူသွားတာ အကောင်းဆုံးပါ။

၄။ အခန်းထဲက ဖန်ခွက်တွေကို အသုံးမပြုခင် ဆေးကြောပါ။

ဟိုတယ်အခန်းထဲမှာ ထားပေးထားတဲ့ ဖန်ခွက်တွေအားလုံးဟာ သေချာဆေးကြောထားတာ ဟုတ်မဟုတ် ဘယ်သူမှ မသိနိုင်ပါဘူး။ သန့်ရှင်းရေးဝန်ထမ်းတွေက ရေလေးနဲ့ကျင်းပြီး ဒီအတိုင်းပြန်ထားထားတာမျိုးတွေ ဖြစ်နိုင်တာကြောင့် သုံးမယ်ဆိုရင် သေချာဆေးကြောသန့်စင်ပြီးမှသာ သုံးပါ။ ခုနောက်ပိုင်း ပလတ်စတစ်သေချာပတ်ထားတဲ့ ဖန်ခွက်တွေ ထားပေးထားတဲ့ ဟိုတယ်တွေလည်း ရှိလာပြီမို့ ဒါကတော့ နည်းနည်းစိတ်ချရနိုင်ပါတယ်။

၅။ ဟိုတယ်အခန်းထဲက ပစ္စည်းတွေကို မယူပါနဲ့။

သွားတိုက်တံ၊ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်ထုပ် စတဲ့ တစ်ခါသုံးပစ္စည်းတွေကို သင်ယူနိုင်ပေမယ့် အခြား မျက်နှာသုတ်ပုဝါတို့၊ တဘက်တို့ဘာတို့တွေကိုတော့ သင် check-out လုပ်တဲ့အခါ သယ်မသွားသင့်ပါဘူး။ ဒါကို စစ်ဆေးတွေ့ရှိသွားရင် ဟိုတယ်က သင့်ကို အသစ်ဈေးအတိုင်းတောင်းတာမျိုးတွေ လုပ်ပါလိမ့်မယ်။ ဒီတော့ လိုချင်တယ်ဆိုရင် ဟိုတယ်မှာ အပိုရောင်းပေး၊ မပေးမေးပြီး ဝယ်လိုက်တာ ကောင်းပါတယ်။ အခန်းထဲကဟာတွေကိုတော့ မယူပါနဲ့။

၆။ တယ်လီဖုန်းကိုလည်း သန့်ရှင်ေးပးဖို့ လိုပါတယ်။

ဟိုတယ်အခန်းထဲက တယ်လီဖုန်းတွေကလည်း ရှေ့မှာ လူပေါင်းများစွာ ကိုင်ထားဖူးတယ်ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် သုံးမယ်ဆိုရင် တစ်ရှုး ဒါမှမဟုတ် အဝတ်သန့်သန့်တစ်ခုနဲ့ သုတ်ပြီးတော့မှသာ သုံးသင့်ပါတယ်။

၇။ အခန်းနံပါတ်ကို ဘယ်သူ့ကိုမှ မပြောပါနဲ့။

သင်တည်းတဲ့ ဟိုတယ်ကို သူစိမ်းသိသွားတာ ကိစ္စမရှိသေးပေမယ့် သင့်ရဲ့အခန်းနံပါတ်ကို သူတစ်ပါး သိတာ ဘယ်လိုမှမကောင်းပါဘူး။ ဖြစ်နိုင်ရင် သူစိမ်းတွေရှေ့မှာ သင့်အခန်းနံပါတ်ကို မပြောမိဖို့ သတိထားပါ။

Credit:Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top