iMyanmarHouse.com - Best Property Website for Myanmar
×

အၿပံဳးဆုိတာ လူတစ္ေယာက္အတြက္ အလြန္တန္ဖုိးရွိတဲ့အရာပါ။ ဒီလိုအရာကို ကိုယ္က လူတစ္ေယာက္ကို လက္ေဆာင္ေပးလိုက္ႏိုင္တယ္ဆုိရင္ ကိုယ့္ရ႕ဲတစ္ေန႔စာဟာလည္း အဓိပၸါယ္ရွိသြားမွာျဖစ္ၿပီး လူခ်စ္လူခင္လည္း မ်ားလာပါလိမ့္ မယ္။ ကိုယ့္ပတ္၀န္းက်င္က လူေတြၿပံဳးသြားေအာင္ လုပ္ဖုိ႔ ကိုယ္က လူရႊင္ေတာ္တစ္ေယာက္ ျဖစ္ေနဖုိ႔ မလိုပါဘူး။ သူတုိ႔ကို ၿပံဳးေပ်ာ္ေအာင္ လုပ္တဲ့အခါ ကိုယ္ကပါ ၿပံဳးၿပီးသားျဖစ္ေနၿပီမုိ႔ ဘယ္လိုျဖစ္ျဖစ္ တန္ပါတယ္။ ဒီနည္းေလးေတြက သူတုိ႔ကို ၿပံဳးေပ်ာ္သြားေစမွာမုိ႔ စမ္းၾကည့္လိုက္ပါဦး။

၁။ဓာတ္ေလွကားတံခါးအ၀င္ကို တစ္ပါးသူ၀င္လာႏိုင္ေအာင္ ရပ္တန္႔ေပးထားျခင္း။

ကိုယ့္အထပ္ ျမန္ျမန္ေရာက္ၿပီးေရာဆုိၿပီး လုပ္မယ့္အစား တစ္ျခားတစ္ေယာက္ လိုက္မယ့္သူရွိရင္ သူ႕ကို ဓာတ္ေလွကားတံခါးကိုဖြင့္ေပးထားရင္း ေစာင့္ေနေပးလိုက္ပါ။ ဒါဆို သူက ကိုယ့္ကို အၿပံဳးတစ္ပြင့္ လက္ေဆာင္ေပးလိုက္ပါလိမ့္မယ္။

၂။စားပြဲထိုးကေလးတစ္ေယာက္ကို ျပန္အမ္းေငြနည္းနည္းေပးလိုက္ျခင္း။

ကိုယ္သြားထုိင္ေနက် ေကာ္ဖီဆုိင္၊ လက္ဖက္ရည္ဆုိင္က စားပြဲထိုး၊ ၀ိတ္တာေတြကို က်သင့္ေငြ ျပန္အမ္းတဲ့အခါ ပိုတာကို ေပးခဲ့လို္က္ပါ။ ဒါဟာ ကုိယ့္အတြက္ေတာ့ အပန္းမႀကီးေပမယ့္ သူတုိ႔အတြက္ေတာ့ အမွတ္တရျဖစ္သြားေစပါလိမ့္ မယ္။

၃။လူမ်ားေနတဲ့ေနရာမွာ ထုိင္ခုံကို ကိုယ္မထုိင္ပဲ သူမ်ားကို ေပးထုိင္လိုက္ျခင္း။

လိုင္းကားေပၚမွာ၊ ဒါမွမဟုတ္ လူသူအျပည့္နဲ႔ ထုိင္ခံုတစ္ခံုရဖုိ႔ ခက္ခဲေနတဲ့ ေနရာတစ္ခုမွာ ကိုယ္ထုိင္ရမယ့္ ထုိင္ခံုကို ကိုယ့္ေဘးက တစ္ေယာက္ကို ေပးထုိင္လုိက္ျခင္းကလည္း သူ႕အတြက္ ေပ်ာ္ရႊင္သြားေစမယ့္အရာပါပဲ။

၄။သူငယ္ခ်င္းေဟာင္းတစ္ေယာက္ကို အမွတ္မထင္ ဖုန္းဆက္လုိက္ျခင္း။

အဆက္အသြယ္ ျပတ္ေနတာ ၾကာၿပီျဖစ္တဲ့ သူငယ္ခ်င္းေတြရွိရင္ ခုပဲ ဖုန္းဆက္လိုက္ပါ။ သူတုိ႔ေတြရဲ႕ အံ့ၾသ၀မ္းသာေနတဲ့ အသံကို သင္ၾကားလိုက္ရမွာပါ။

၅။လုပ္ေဖာ္ကိုင္ဖက္ေတြကို ကူညီေပးျခင္း။

ကိုယ့္အတြက္လည္း အပန္းမႀကီး၊ သူတုိ႕အတြက္လည္း အက်ိဳးျဖစ္ေစမယ့္ အရာေတြရွိရင္ လုပ္ေဖာ္ကိုင္ဖက္ေတြကို ကူညီေပးမယ္လုိ႔ ကမ္းလွမ္းလိုက္ပါ။ သူတုိ႔ဘက္က သင့္ကို ကူညီတတ္တဲ့သူအျဖစ္ အျမင္ေျပာင္းသြားပါလိမ့္မယ္။

၆။သင္ခ်စ္ရသူတစ္ေယာက္ေယာက္ဆီ sms ပို႕ျခင္း။

ဖုန္းကေနျဖစ္ျဖစ္၊ အင္တာနက္သံုးရင္းျဖစ္ျဖစ္ သင္ခ်စ္သူဆီ ဘယ္ေလာက္သတိရေၾကာင္း စာတုိေလးတစ္ေစာင္ပို႔လိုက္ပါ။ သူေပ်ာ္ရႊင္တဲ့အခါ ကိုယ္လည္းေပ်ာ္ရႊင္ရတာပါပဲ။

၇။သူငယ္ခ်င္းေဟာင္းတစ္ေယာက္ဆီ ပုံအေဟာင္းေလးေတြ ပို႔ျခင္း။

ကိုယ္တကယ္ခင္တဲ့ သူငယ္ခ်င္းတစ္ေယာက္ဆီ အရင္က ႏွစ္ေယာက္အတူတူ ရိုက္ထားတဲ့ ပံုေလးေတြ ျပန္ပို႔ၿပီး ဒါေတြအမွတ္ရေနေသးေၾကာင္း ေပးသိလုိက္ပါ။ သူ ဘယ္လုိခံစားသြားရမလဲဆိုတာ ေျပာျပဖုိ႔ေတာင္ မလိုပါဘူးေနာ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အပြုံးဆိုတာ လူတစ်ယောက်အတွက် အလွန်တန်ဖိုးရှိတဲ့အရာပါ။ ဒီလိုအရာကို ကိုယ်က လူတစ်ယောက်ကို လက်ဆောင်ပေးလိုက်နိုင်တယ်ဆိုရင် ကိုယ့်ရဲ့တစ်နေ့စာဟာလည်း အဓိပ္ပါယ်ရှိသွားမှာဖြစ်ပြီး လူချစ်လူခင်လည်း များလာပါလိမ့် မယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေပြုံးသွားအောင် လုပ်ဖို့ ကိုယ်က လူရွှင်တော်တစ်ယောက် ဖြစ်နေဖို့ မလိုပါဘူး။ သူတို့ကို ပြုံးပျော်အောင် လုပ်တဲ့အခါ ကိုယ်ကပါ ပြုံးပြီးသားဖြစ်နေပြီမို့ ဘယ်လိုဖြစ်ဖြစ် တန်ပါတယ်။ ဒီနည်းလေးတွေက သူတို့ကို ပြုံးပျော်သွားစေမှာမို့ စမ်းကြည့်လိုက်ပါဦး။

၁။ဓာတ်လှေကားတံခါးအဝင်ကို တစ်ပါးသူဝင်လာနိုင်အောင် ရပ်တန့်ပေးထားခြင်း။

ကိုယ့်အထပ် မြန်မြန်ရောက်ပြီးရောဆိုပြီး လုပ်မယ့်အစား တစ်ခြားတစ်ယောက် လိုက်မယ့်သူရှိရင် သူ့ကို ဓာတ်လှေကားတံခါးကိုဖွင့်ပေးထားရင်း စောင့်နေပေးလိုက်ပါ။ ဒါဆို သူက ကိုယ့်ကို အပြုံးတစ်ပွင့် လက်ဆောင်ပေးလိုက်ပါလိမ့်မယ်။

၂။စားပွဲထိုးကလေးတစ်ယောက်ကို ပြန်အမ်းငွေနည်းနည်းပေးလိုက်ခြင်း။

ကိုယ်သွားထိုင်နေကျ ကော်ဖီဆိုင်၊ လက်ဖက်ရည်ဆိုင်က စားပွဲထိုး၊ ဝိတ်တာတွေကို ကျသင့်ငွေ ပြန်အမ်းတဲ့အခါ ပိုတာကို ပေးခဲ့လိုက်ပါ။ ဒါဟာ ကိုယ့်အတွက်တော့ အပန်းမကြီးပေမယ့် သူတို့အတွက်တော့ အမှတ်တရဖြစ်သွားစေပါလိမ့် မယ်။

၃။လူများနေတဲ့နေရာမှာ ထိုင်ခုံကို ကိုယ်မထိုင်ပဲ သူများကို ပေးထိုင်လိုက်ခြင်း။

လိုင်းကားပေါ်မှာ၊ ဒါမှမဟုတ် လူသူအပြည့်နဲ့ ထိုင်ခုံတစ်ခုံရဖို့ ခက်ခဲနေတဲ့ နေရာတစ်ခုမှာ ကိုယ်ထိုင်ရမယ့် ထိုင်ခုံကို ကိုယ့်ဘေးက တစ်ယောက်ကို ပေးထိုင်လိုက်ခြင်းကလည်း သူ့အတွက် ပျော်ရွှင်သွားစေမယ့်အရာပါပဲ။

၄။သူငယ်ချင်းဟောင်းတစ်ယောက်ကို အမှတ်မထင် ဖုန်းဆက်လိုက်ခြင်း။

အဆက်အသွယ် ပြတ်နေတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေရှိရင် ခုပဲ ဖုန်းဆက်လိုက်ပါ။ သူတို့တွေရဲ့ အံ့သြဝမ်းသာနေတဲ့ အသံကို သင်ကြားလိုက်ရမှာပါ။

၅။လုပ်ဖော်ကိုင်ဖက်တွေကို ကူညီပေးခြင်း။

ကိုယ့်အတွက်လည်း အပန်းမကြီး၊ သူတို့အတွက်လည်း အကျိုးဖြစ်စေမယ့် အရာတွေရှိရင် လုပ်ဖော်ကိုင်ဖက်တွေကို ကူညီပေးမယ်လို့ ကမ်းလှမ်းလိုက်ပါ။ သူတို့ဘက်က သင့်ကို ကူညီတတ်တဲ့သူအဖြစ် အမြင်ပြောင်းသွားပါလိမ့်မယ်။

၆။သင်ချစ်ရသူတစ်ယောက်ယောက်ဆီ sms ပို့ခြင်း။

ဖုန်းကနေဖြစ်ဖြစ်၊ အင်တာနက်သုံးရင်းဖြစ်ဖြစ် သင်ချစ်သူဆီ ဘယ်လောက်သတိရကြောင်း စာတိုလေးတစ်စောင်ပို့လိုက်ပါ။ သူပျော်ရွှင်တဲ့အခါ ကိုယ်လည်းပျော်ရွှင်ရတာပါပဲ။

၇။သူငယ်ချင်းဟောင်းတစ်ယောက်ဆီ ပုံအဟောင်းလေးတွေ ပို့ခြင်း။

ကိုယ်တကယ်ခင်တဲ့ သူငယ်ချင်းတစ်ယောက်ဆီ အရင်က နှစ်ယောက်အတူတူ ရိုက်ထားတဲ့ ပုံလေးတွေ ပြန်ပို့ပြီး ဒါတွေအမှတ်ရနေသေးကြောင်း ပေးသိလိုက်ပါ။ သူ ဘယ်လိုခံစားသွားရမလဲဆိုတာ ပြောပြဖို့တောင် မလိုပါဘူးနော်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top