iMyanmarHouse.com - Best Property Website for Myanmar
×

ကုန္ပစၥည္းထားသိုႏိုင္တဲ့ သက္တမ္းနဲ႔ပတ္သက္လာရင္ အစားအစာကိုပဲ လူအမ်ားစု ေျပးျမင္တတ္ၾကပါတယ္။ တခ်ဳိ႕လူေတြ ကုန္ပစၥည္းေပၚ ကပ္ထားတဲ့ ရက္စြဲကို ခုိင္မာစြာ ဆုပ္ကိုင္ထားၾကပါတယ္။ တျခားလူေတြက်ျပန္ေတာ့ ကုန္ပစၥည္းေပၚ ကပ္ထားတဲ့ ေနာက္ဆုံးထားေရာင္းခ်မယ့္ ရက္စြဲကို အဓိကထားျပီး ဆက္သိမ္းသင့္ သုိ႔မဟုတ္ လႊင့္ပစ္သင့္ တြက္ခ်က္ၾကပါတယ္။ တကယ္ေတာ့ အစားအေသာက္မွာ သက္တမ္းကုန္ဆုံးရက္ ထပ္တုိးလုိ႔မရပါဘူး။ ဒီေတာ့ စားေသာက္ကုန္အတြက္ မဟုတ္တဲ့ ကုန္ပစၥည္းေတြကိုေရာ သက္တမ္းကုန္၊ မကုန္ဘယ္လုိ သိရမလဲ။

၁။ တဘက္ (သက္တမ္း ၁ - ၃ ႏွစ္) - ဘယ္ေလာက္ပဲ ေဆးေၾကာသန္႔စင္ေနပါေစ။ တဘက္ေတြမွာ အခ်ိန္ကာလၾကာလာတာနဲ႔အမွ် ဘက္တီးရီးယားေတြ ဝင္ေရာက္ေနရာယူပါတယ္။

၂။ ေရေမႊး -  ေရးေမႊးနံ႔အမ်ဳိးမ်ဳိးက လူတစ္ဦးခ်င္းစီကို မတူညီကြဲျပားတဲ့ ရနံ႔တစ္မ်ဳိးစီထုတ္ေပးတယ္ဆိုေပမယ့္ ႏွစ္လုိဖြယ္ေကာင္းပါတယ္။ သက္တမ္းေက်ာ္လြန္ေၾကာင္း သိႏုိင္တဲ့လကၡတစ္ရပ္က အနံ႔ေဟာင္လာတဲ့အခ်ိန္ပဲ ျဖစ္ပါတယ္။

၃။ သြားတုိက္တံ (ပွ်မ္းမွ် သက္တမ္း ၃ လ) - သြားတုိက္သံအေမြးအမွ်င္ေလးေတြ မျပတ္ထြက္မခ်င္း မေစာင့္ပါနဲ႔။ ဘက္တီးရီးတြယ္ကပ္ႏုိင္ေျခ အရမ္းမ်ားေနလုိ႔ပါ။

၄။ ေခါင္းအုံး (သက္တမ္း ၂ - ၃ ႏွစ္) -  မိမိအၾကိဳက္ႏွစ္သက္ဆုံး ေခါင္းအုံးကို ေရြးခ်ယ္သုံးစြဲထားတယ္ဆုိေပမယ့္လုိ႔ ေခါင္းအုံးေတြမွာ ဖုန္မႈန္႔ကျဖစ္တဲ့ ပိုးမႊားေလးေတြ ရွင္သန္ေပါက္ဖြားရာေနရာတစ္ခုျဖစ္တာမို႔ ၂ ႏွစ္ သု႔ိမဟုတ္ ၃ ႏွစ္ တစ္ၾကိမ္အသစ္လဲေပးသင့္တယ္လုိ႔ နားလည္ကြ်မ္းက်င္သူေတြက ဆုိပါတယ္။

၅။ ဆုိင္ကယ္ဦးထုပ္ (၂ - ၃ ႏွစ္) -  ဒီသတ္မွတ္အခ်ိန္ ေက်ာ္သြားရင္ ကာကြယ္ေပးႏုိင္မႈဆုံးရႈံးသြားတာေၾကာင့္ ဒီကာလထက္ ေနာက္မက်ဘဲ လဲလွယ္ဖုိ႔ ဦးထုပ္ျပဳလုပ္သူေတြ အၾကံျပဳထားပါတယ္။

၆။ မိတ္ကပ္/အလွျပင္ပစၥည္းေတြ (၆ လၾကာျပီးေနာက္ လြင့္ပစ္ရန္) -  ပါးနီနဲ႔ မ်က္ႏွာလိမ္းျခယ္ေဆးေတြက ယုိယြင္းတတ္ပါတယ္။ အေၾကာင္းက အလွျပင္ပစၥည္းေတြ ပုံမွန္သုံးစြဲရင္းျဖင့္ ဘက္တီးရီးယားေတြ ခုိေအာင္းႏုိင္လုိ႔ပဲ ျဖစ္ပါတယ္။ ေနာက္ဆက္တြဲအေနနဲ႔ အသားေရပ်က္စီးမႈ၊ ဆားဝက္ျခံ၊ ဝက္ ျခံ ေတြနဲ႔ အျခားျပသနာေတြ ေပၚေပါက္မႈအႏၱရာယ္ ရိွပါတယ္။

၇။ ဘရာစီယာ (အသုံးျပဳကာလ ၁ - ၂ ႏွစ္အတြင္း) -  တကယ္လုိ႔ သင္ဟာ မိမိအသည္းစြဲဘရာစီယာကို တစ္သက္လုံး သိမ္းထားတတ္သူျဖစ္ပါက ရပ္တန္႔ပါ။ ေကာင္းက်ဳိးထက္ ဆိုးက်ဳိးပိုမ်ားပါတယ္။

Credit: Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကုန်ပစ္စည်းထားသိုနိုင်တဲ့ သက်တမ်းနဲ့ပတ်သက်လာရင် အစားအစာကိုပဲ လူအများစု ပြေးမြင်တတ်ကြပါတယ်။ တချို့လူတွေ ကုန်ပစ္စည်းပေါ် ကပ်ထားတဲ့ ရက်စွဲကို ခိုင်မာစွာ ဆုပ်ကိုင်ထားကြပါတယ်။ တခြားလူတွေကျပြန်တော့ ကုန်ပစ္စည်းပေါ် ကပ်ထားတဲ့ နောက်ဆုံးထားရောင်းချမယ့် ရက်စွဲကို အဓိကထားပြီး ဆက်သိမ်းသင့် သို့မဟုတ် လွှင့်ပစ်သင့် တွက်ချက်ကြပါတယ်။ တကယ်တော့ အစားအသောက်မှာ သက်တမ်းကုန်ဆုံးရက် ထပ်တိုးလို့မရပါဘူး။ ဒီတော့ စားသောက်ကုန်အတွက် မဟုတ်တဲ့ ကုန်ပစ္စည်းတွေကိုရော သက်တမ်းကုန်၊ မကုန်ဘယ်လို သိရမလဲ။

၁။ တဘက် (သက်တမ်း ၁ - ၃ နှစ်) - ဘယ်လောက်ပဲ ဆေးကြောသန့်စင်နေပါစေ။ တဘက်တွေမှာ အချိန်ကာလကြာလာတာနဲ့အမျှ ဘက်တီးရီးယားတွေ ဝင်ရောက်နေရာယူပါတယ်။

၂။ ရေမွှေး -  ရေးမွှေးနံ့အမျိုးမျိုးက လူတစ်ဦးချင်းစီကို မတူညီကွဲပြားတဲ့ ရနံ့တစ်မျိုးစီထုတ်ပေးတယ်ဆိုပေမယ့် နှစ်လိုဖွယ်ကောင်းပါတယ်။ သက်တမ်းကျော်လွန်ကြောင်း သိနိုင်တဲ့လက္ခတစ်ရပ်က အနံ့ဟောင်လာတဲ့အချိန်ပဲ ဖြစ်ပါတယ်။

၃။ သွားတိုက်တံ (ပျှမ်းမျှ သက်တမ်း ၃ လ) - သွားတိုက်သံအမွေးအမျှင်လေးတွေ မပြတ်ထွက်မချင်း မစောင့်ပါနဲ့။ ဘက်တီးရီးတွယ်ကပ်နိုင်ခြေ အရမ်းများနေလို့ပါ။

၄။ ခေါင်းအုံး (သက်တမ်း ၂ - ၃ နှစ်) -  မိမိအကြိုက်နှစ်သက်ဆုံး ခေါင်းအုံးကို ရွေးချယ်သုံးစွဲထားတယ်ဆိုပေမယ့်လို့ ခေါင်းအုံးတွေမှာ ဖုန်မှုန့်ကဖြစ်တဲ့ ပိုးမွှားလေးတွေ ရှင်သန်ပေါက်ဖွားရာနေရာတစ်ခုဖြစ်တာမို့ ၂ နှစ် သု့ိမဟုတ် ၃ နှစ် တစ်ကြိမ်အသစ်လဲပေးသင့်တယ်လို့ နားလည်ကျွမ်းကျင်သူတွေက ဆိုပါတယ်။

၅။ ဆိုင်ကယ်ဦးထုပ် (၂ - ၃ နှစ်) -  ဒီသတ်မှတ်အချိန် ကျော်သွားရင် ကာကွယ်ပေးနိုင်မှုဆုံးရှုံးသွားတာကြောင့် ဒီကာလထက် နောက်မကျဘဲ လဲလှယ်ဖို့ ဦးထုပ်ပြုလုပ်သူတွေ အကြံပြုထားပါတယ်။

၆။ မိတ်ကပ်/အလှပြင်ပစ္စည်းတွေ (၆ လကြာပြီးနောက် လွင့်ပစ်ရန်) -  ပါးနီနဲ့ မျက်နှာလိမ်းခြယ်ဆေးတွေက ယိုယွင်းတတ်ပါတယ်။ အကြောင်းက အလှပြင်ပစ္စည်းတွေ ပုံမှန်သုံးစွဲရင်းဖြင့် ဘက်တီးရီးယားတွေ ခိုအောင်းနိုင်လို့ပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အသားရေပျက်စီးမှု၊ ဆားဝက်ခြံ၊ ဝက် ခြံ တွေနဲ့ အခြားပြသနာတွေ ပေါ်ပေါက်မှုအန္တရာယ် ရှိပါတယ်။

၇။ ဘရာစီယာ (အသုံးပြုကာလ ၁ - ၂ နှစ်အတွင်း) -  တကယ်လို့ သင်ဟာ မိမိအသည်းစွဲဘရာစီယာကို တစ်သက်လုံး သိမ်းထားတတ်သူဖြစ်ပါက ရပ်တန့်ပါ။ ကောင်းကျိုးထက် ဆိုးကျိုးပိုများပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top